[Zawgyi]

လကုန္ရက္မွာ ဘယ္သြားလည္ၾကမလဲ

ဒီတစ္ပတ္ကေတာ့ လစာထုတ္ၿပီး လက္ထဲမွာလည္း ပိုက္ဆံေလးဘာေလးရွိေနၿပီဆိုေတာ့ အိမ္ထဲမွာပဲေအာင္းမေနပဲ အျပင္ထြက္မယ့္သူေတြ မ်ားေနၿပီထင္တယ္။ ဒါေတြကို ႀကိဳသိေနလို႔ ပြဲေကာင္းေကာင္းေလးေတြရွာေပးထားပါတယ္။ အေပ်ာ္ရွာမလား၊ ဗဟုသုတရွာမလား။ ဒါမွမဟုတ္ ခ်စ္သူေလးနဲ႔ ေလွ်ာက္သြားမလား။ ႀကိဳက္သလိုသြားပါ။ ဒီပြဲေလးေတြကေတာ့ သင္လာမွာကို ေမွ်ာ္ေနပါတယ္ေနာ္။

Seminar and Job Fair at YUFL

YUFL မွာကေတာ့ အခုမွ ဘြဲ႕ရရွိၿပီးတဲ့ YUFL ေက်ာင္းသားေတြ အလုပ္ခြင္၀င္ဖို႔အတြက္ အဆင္သင့္ျဖစ္ေနေအာင္ Seminar နဲ႔ Job Fair ကို ၾသဂုတ္လ ၃၁ရက္ေန႔ကေန စက္တင္ဘာလ ၂ရက္ေန႔အထိ က်င္းပေပးသြားမွာတဲ့ေနာ္။ ၾသဂုတ္လ ၃၁ရက္ေန႔ကေတာ့ YUFL ေက်ာင္းသားေတြအတြက္ျဖစ္ၿပီးေတာ့ က်န္တဲ့ႏွစ္ရက္ကေတာ့ တကၠသိုလ္ေပါင္းစံုကေက်ာင္းသားေတြအတြက္ဆိုေတာ့ လူငယ္ေတြအားလံုးအတြက္ အက်ိဳးရွိတဲ့ပြဲေလးပါ။ အခ်ိန္ကေတာ့ မနက္ ၉နာရီကေန ေန႔လည္ ၁၂နာရီအထိ ရန္ကုန္ႏိုင္ငံျခားဘာသာတကၠသိုလ္မွာေနာ္။ ထိုင္းႏိုင္ငံက ပညာရွင္တစ္ဦးျဖစ္တဲ့ Mr. Chanin Visarubuchanee ကလည္း ပါ၀င္ေဆြးေႏြးေပးသြားမွာဆိုေတာ့ လာေရာက္မယ့္လူေတြကေတာ့ ဒီ Link မွာ Register ၀င္လုပ္ေပးၾကဦးေနာ္။

Seminar and Job Fair at YUFLSeminar and Job Fair at YUFL

Seminar and Job Fair at YUFL

Charles & Keith Up to 70% Off

ေကာင္မေလးေတြကေတာ့ အလုအယက္ျဖစ္ေနၾကဦးမွာ ျမင္ေယာင္ပါေသးတယ္။ ၾသဂုတ္လ ၃၀ရက္ေန႔ကေန စက္တင္ဘာလ ၂ရက္ေန႔အထိ လွည္းတန္းစင္တာမွာ Charles & Keith ပစၥည္းေတြကို ၇၀ရာခိုင္ႏႈန္းအထိ ေလွ်ာ့ေစ်းနဲ႔ေရာင္းေပးေတာ့မွာဆိုေတာ့ လစာထုတ္ရက္ေလးနဲ႔လည္း ကြက္တိပါပဲ။ စင္တာဖြင့္ခ်ိန္အတိုင္း မနက္ ၉နာရီကေန ည ၉နာရီအတြင္း ႀကိဳက္သလိုသြား၀ယ္လို႔ရတယ္ေနာ္။ စိတ္ႀကိဳက္၀ယ္လို႔ရေအာင္ ေစာေစာသြားၾကပါ။

Charles & Keith Up to 70% Off

Charles & Keith Up to 70% Off

Turquoise Mountain Open Workshop

ဒီပြဲေလးကေတာ့ Handmade ေတြဖန္တီးရတာႀကိဳက္တဲ့သူေတြအတြက္ေနာ္။ လက္၀တ္ရတနာေလးေတြဘယ္လုိလုပ္ရလဲဆိုတာကို သိသြားေအာင္ သင္ေပးမယ့္ Workshop ေလးဆိုေတာ့ သြားၿပီးေလ့လာၾကည့္ပါဦး။ လာမယ့္ စက္တင္ဘာလ ၁ရက္ေန႔မွာ မနက္ ၁၀နာရီကေန ညေန ၅နာရီအထိ က်င္းပေပးသြားမွာျဖစ္ၿပီးေတာ့ လာၿပီးေလ့လာခ်င္ရင္ေတာ့ Turquoise Mountain Myanmar ရွိတဲ့ ေရႊေတာင္တန္းလမ္း၊ လမ္းမေတာ္ကို သြားၾကည့္ၾကပါ။ ဒီမွာသြားေလ့လာရင္း သေဘာက်ရင္ ၀ယ္လို႔လည္းရတယ္ဆိုေတာ့ တကယ္မိုက္တဲ့ပြဲေလးျဖစ္ေနမွာပါ။

Turquoise Mountain Open Workshop

Turquoise Mountain Open Workshop

Film Screening & Discussion Night #3

ဒီပြဲေလးကေတာ့ ရုပ္ရွင္နဲ႔ အႏုပညာ၀ါသနာပါသူေတြ လက္မလြတ္သင့္ဘူးလို႔ Recommend ေပးခ်င္ပါတယ္။ ရုပ္ရွင္ဇာတ္ကားတိုေလးေတြကို ဇာတ္လမ္းဖန္တီးသူေတြနဲ႔ အတူတူၾကည့္ၿပီး ရုပ္ရွင္ထဲကအေၾကာင္းအရာေတြကို အျပန္အလွန္ေဆြးေႏြးဖူးပါသလား။ ဒီလိုမလုပ္ဖူးဘူးဆိုရင္ေတာ့ လာမယ့္ စက္တင္ဘာလ ၁ရက္ေန႔ ည ၇နာရီကေန ည ၉နာရီအထိ ပန္သူရိယအႏုပညာဆံုမွတ္မွာ က်င္းပေပးမယ့္ ဒီပြဲေလးကေတာ့ အမွတ္တရေလးျဖစ္ေနမွာပါပဲ။ အဲဒီေန႔ညမွာ အတူတူၾကည့္ၾကမယ့္ Theme ေလးကေတာ့”Something Sweet and Lovely” ပါေနာ္။

Film Screening & Discussion Night #3

Film Screening & Discussion Night #3

ဒီတစ္ပတ္ကေတာ့ ေပ်ာ္စရာေကာင္းပါတယ္။ လစာေလးလည္း ထုတ္ထားတယ္ဆိုေတာ့ ဟိုသြားဒီသြားလုပ္ဖို႔ အသင့္ေတာ္ဆံုးလပါေနာ္။ ဒီပြဲေလးေတြကိုေတာ့ လက္မလႊတ္ပါနဲ႔ေတာ့။

Moethaesay (Akhayar)

[Unicode]

လကုန်ရက်မှာ ဘယ်သွားလည်ကြမလဲ

ဒီတစ်ပတ်ကတော့ လစာထုတ်ပြီး လက်ထဲမှာလည်း ပိုက်ဆံလေးဘာလေးရှိနေပြီဆိုတော့ အိမ်ထဲမှာပဲအောင်းမနေပဲ အပြင်ထွက်မယ့်သူတွေ များနေပြီထင်တယ်။ ဒါတွေကို ကြိုသိနေလို့ ပွဲကောင်းကောင်းလေးတွေရှာပေးထားပါတယ်။ အပျော်ရှာမလား၊ ဗဟုသုတရှာမလား။ ဒါမှမဟုတ် ချစ်သူလေးနဲ့ လျှောက်သွားမလား။ ကြိုက်သလိုသွားပါ။ ဒီပွဲလေးတွေကတော့ သင်လာမှာကို မျှော်နေပါတယ်နော်။

Seminar and Job Fair at YUFL

YUFL မှာကတော့ အခုမှ ဘွဲ့ရရှိပြီးတဲ့ YUFL ကျောင်းသားတွေ အလုပ်ခွင်ဝင်ဖို့အတွက် အဆင်သင့်ဖြစ်နေအောင် Seminar နဲ့ Job Fair ကို သြဂုတ်လ ၃၁ရက်နေ့ကနေ စက်တင်ဘာလ ၂ရက်နေ့အထိ ကျင်းပပေးသွားမှာတဲ့နော်။ သြဂုတ်လ ၃၁ရက်နေ့ကတော့ YUFL ကျောင်းသားတွေအတွက်ဖြစ်ပြီးတော့ ကျန်တဲ့နှစ်ရက်ကတော့ တက္ကသိုလ်ပေါင်းစုံကကျောင်းသားတွေအတွက်ဆိုတော့ လူငယ်တွေအားလုံးအတွက် အကျိုးရှိတဲ့ပွဲလေးပါ။ အချိန်ကတော့ မနက် ၉နာရီကနေ နေ့လည် ၁၂နာရီအထိ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာနော်။ ထိုင်းနိုင်ငံက ပညာရှင်တစ်ဦးဖြစ်တဲ့ Mr. Chanin Visarubuchanee ကလည်း ပါဝင်ဆွေးနွေးပေးသွားမှာဆိုတော့ လာရောက်မယ့်လူတွေကတော့ ဒီ Link မှာ Register ဝင်လုပ်ပေးကြဦးနော်။

Seminar and Job Fair at YUFLSeminar and Job Fair at YUFL

Seminar and Job Fair at YUFL

Charles & Keith Up to 70% Off

ကောင်မလေးတွေကတော့ အလုအယက်ဖြစ်နေကြဦးမှာ မြင်ယောင်ပါသေးတယ်။ သြဂုတ်လ ၃၀ရက်နေ့ကနေ စက်တင်ဘာလ ၂ရက်နေ့အထိ လှည်းတန်းစင်တာမှာ Charles & Keith ပစ္စည်းတွေကို ၇၀ရာခိုင်နှုန်းအထိ လျှော့ဈေးနဲ့ရောင်းပေးတော့မှာဆိုတော့ လစာထုတ်ရက်လေးနဲ့လည်း ကွက်တိပါပဲ။ စင်တာဖွင့်ချိန်အတိုင်း မနက် ၉နာရီကနေ ည ၉နာရီအတွင်း ကြိုက်သလိုသွားဝယ်လို့ရတယ်နော်။ စိတ်ကြိုက်ဝယ်လို့ရအောင် စောစောသွားကြပါ။

Charles & Keith Up to 70% Off

Charles & Keith Up to 70% Off

Turquoise Mountain Open Workshop

ဒီပွဲလေးကတော့ Handmade တွေဖန်တီးရတာကြိုက်တဲ့သူတွေအတွက်နော်။ လက်ဝတ်ရတနာလေးတွေဘယ်လိုလုပ်ရလဲဆိုတာကို သိသွားအောင် သင်ပေးမယ့် Workshop လေးဆိုတော့ သွားပြီးလေ့လာကြည့်ပါဦး။ လာမယ့် စက်တင်ဘာလ ၁ရက်နေ့မှာ မနက် ၁၀နာရီကနေ ညနေ ၅နာရီအထိ ကျင်းပပေးသွားမှာဖြစ်ပြီးတော့ လာပြီးလေ့လာချင်ရင်တော့ Turquoise Mountain Myanmar ရှိတဲ့ ရွှေတောင်တန်းလမ်း၊ လမ်းမတော်ကို သွားကြည့်ကြပါ။ ဒီမှာသွားလေ့လာရင်း သဘောကျရင် ဝယ်လို့လည်းရတယ်ဆိုတော့ တကယ်မိုက်တဲ့ပွဲလေးဖြစ်နေမှာပါ။

Turquoise Mountain Open Workshop

Turquoise Mountain Open Workshop

Film Screening & Discussion Night #3

ဒီပွဲလေးကတော့ ရုပ်ရှင်နဲ့ အနုပညာဝါသနာပါသူတွေ လက်မလွတ်သင့်ဘူးလို့ Recommend ပေးချင်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတိုလေးတွေကို ဇာတ်လမ်းဖန်တီးသူတွေနဲ့ အတူတူကြည့်ပြီး ရုပ်ရှင်ထဲကအကြောင်းအရာတွေကို အပြန်အလှန်ဆွေးနွေးဖူးပါသလား။ ဒီလိုမလုပ်ဖူးဘူးဆိုရင်တော့ လာမယ့် စက်တင်ဘာလ ၁ရက်နေ့ ည ၇နာရီကနေ ည ၉နာရီအထိ ပန်သူရိယအနုပညာဆုံမှတ်မှာ ကျင်းပပေးမယ့် ဒီပွဲလေးကတော့ အမှတ်တရလေးဖြစ်နေမှာပါပဲ။ အဲဒီနေ့ညမှာ အတူတူကြည့်ကြမယ့် Theme လေးကတော့”Something Sweet and Lovely” ပါနော်။

Film Screening & Discussion Night #3

Film Screening & Discussion Night #3

ဒီတစ်ပတ်ကတော့ ပျော်စရာကောင်းပါတယ်။ လစာလေးလည်း ထုတ်ထားတယ်ဆိုတော့ ဟိုသွားဒီသွားလုပ်ဖို့ အသင့်တော်ဆုံးလပါနော်။ ဒီပွဲလေးတွေကိုတော့ လက်မလွှတ်ပါနဲ့တော့။

Moethaesay (Akhayar)