[Zawgyi]

ဒီတစ္ပတ္အတြင္း ဘယ္သြားၾကမလဲ

ဒီတစ္ေခါက္မိတ္ဆက္ေပးမယ့္ပြဲေလးေတြကေတာ့ လူမႈေရး၊ စီးပြားေရး၊ ပညာေရးေတြအျပင္ အႏုပညာေတြပါ ပါ၀င္တဲ့အတြက္ ဒီတစ္ပတ္မွာ ေတာ္ေတာ္စံုတယ္လို႔ ေျပာလို႔ရပါတယ္။ Free ပြဲေလးေတြလည္း မ်ားပါတယ္။ ကၽြန္မတို႔အားလံုး သြားကို သြားသင့္တဲ့ပြဲေလးေတြဆိုရင္လည္း မမွားပါဘူး။ ဒါေၾကာင့္ အခ်ိန္ရရင္ေတာ့ အခုေျပာျပေပးမယ့္ပြဲေလးေတြကို တစ္ခ်က္ေလာက္ သြား Join ၾကည့္လိုက္ပါဦးေနာ္။

Creative Perspective

Creation နယ္ပယ္က ပညာရွင္ေတြနဲ႔ ဖန္တီးတီထြင္ရတာကို စိတ္၀င္စားတဲ့လူငယ္ေတြ သေဘာက်မယ့္ ပြဲေလးတစ္ပြဲပါေနာ္။ ဖန္တီးမႈနယ္ပယ္က အသက္ေမြးမႈအတတ္ပညာေတြအေၾကာင္း အသိပညာဖလွယ္ၾကမွာျဖစ္ၿပီး ေခါင္းစဥ္ကိုေတာ့ “Copy နဲ႔ Content ဆန္းသစ္တီထြင္ျခင္း” လို႔ ေျပာပါတယ္။ ဒီပြဲမွာ Content ဖန္တီးမႈကစၿပီး Copywriting ရဲ႕ အေရးပါတဲ့က႑ေတြအေၾကာင္း ေနာက္ၿပီး လက္ရွိ Content Creation ေလာကရဲ႕ စိတ္ေခၚမႈေတြနဲ႔ အခက္အခဲေတြ၊ အခြင့္အလမ္းေတြအေၾကာင္းကို အေတြ႕အႀကံဳရွိတဲ့ ပညာရွင္ေတြက ေတြ႕ဆံုေဆြးေႏြးေပးသြားမွာလို႔ သိရပါတယ္။ ဒါေၾကာင့္ လက္ရွိ မီဒီယာမွာ အလုပ္လုပ္ကိုင္ေနတဲ့သူေတြေရာ၊ လုပ္ကိုင္ခ်င္တဲ့သူေတြေရာ သြားၾကပါေနာ္။ ၀င္ေၾကး အခမဲ့စီစဥ္ေပးထားၿပီး လာမယ့္ ၾသဂုတ္လ ၁၀ရက္ေန႔ ညေန ၆နာရီခြဲကေန ၈နာရီခြဲအထိ Goethe-Institut Myanmar မွာ ျပဳလုပ္သြားမွာပဲျဖစ္ပါတယ္။

Creative Perspective

Creative Perspective

XIVIX | Everybody Knows

ဒီတစ္ပြဲကေတာ့ လူငယ္ေတြအႀကိဳက္ပါပဲ။ လာမယ့္ ၾသဂုတ္လ ၁၁ရက္ေန႔ ညေန ၅နာရီခြဲကေန ည ၁၁နာရီအထိ ibis Styles Yangon မွာ က်င္းပသြားမယ့္ Hip Hop Show ပြဲေလးပါ။  Lil Z တို႔၊ လန္ဘားတို႔အျပင္ တျခားအမိုက္စား Hip Hop အဆိုေတာ္ေတြက ေဖ်ာ္ေျဖသြားမွာျဖစ္ၿပီး DJ Biggy Wyne က DJ ပိုင္း တာ၀န္ယူထားပါတယ္။ Hip Hop ကို ရူးသြပ္သူေတြကေတာ့ သြားကိုသြားရမယ္ေနာ္။

XIVIX | Everybody Knows

XIVIX | Everybody Knows

Pan Pacific Wedding Fair

မၾကာခင္မွာ သီတင္းကၽြတ္ရင္ မဂၤလာေဆာင္ရာသီျပန္လည္ေရာက္ရွိလာေတာ့မွာဆိုေတာ့ အခုအခ်ိန္ဆိုရင္ လက္ထပ္ေတာ့မယ့္ မဂၤလာေမာင္ႏွံေတြ အလုပ္ေတြရွဳပ္ေနေလာက္ပါၿပီ။ ဒီ၀ါကၽြတ္မွာ လက္ထပ္ၾကမယ့္ မဂၤလာေမာင္ႏွံေတြအတြက္ သြားၾကည့္ရမယ့္ ပြဲေလးတစ္ပြဲေလာက္ ညႊန္းေပးခ်င္ပါတယ္။ ဒီပြဲကိုေတာ့ ၾသဂုတ္လ ၁၁ရက္ေန႔နဲ႔႔ ၁၂ရက္ေန႔ ႏွစ္ရက္ေတာင္ က်င္းပသြားမွာျဖစ္ၿပီးေတာ့ မဂၤလာ၀တ္စံုေတြကိုလည္း ေလ့လာခြင့္ရမွာျဖစ္သလို စိန္နန္းေတာ္ကလည္း ၀င္ေရာက္ျပသမွာျဖစ္တဲ့အတြက္ လက္ထပ္လက္စြပ္နဲ႔ လိုအပ္တဲ့လက္၀တ္ရတနာေတြကိုပါ တစ္ေနရာတည္းမွာ ေလ့လာ၀ယ္ယူခြင့္ရမွာျဖစ္တဲ့အျပင္ ေလွ်ာ့ေစ်းေတြလည္း ရႏိုင္ဦးမွာမို႔လို႔ မဂၤလာေမာင္ႏွံေတြကို သြားေစခ်င္ပါတယ္ေနာ္။ အခ်ိန္ကေတာ့ မနက္ ၉နာရီကေန ညေန၆နာရီအထိျဖစ္ၿပီး ေနရာကေတာ့ Pan Pacific Hotel မွာေနာ္။

Pan Pacific Wedding Fair

Pan Pacific Wedding Fair

JobNet Technology & Engineering Career Conference

ဒီတစ္ပြဲကေတာ့ အလုပ္အကိုင္ရွာေဖြေရးေအဂ်င္စီတစ္ခုျဖစ္တဲ့ JobNet က ဦးစီးက်င္းပတာပါ။ အထူးသျဖင့္ေတာ့ နည္းပညာနဲ႔ အင္ဂ်င္နီယာဆုိင္ရာ အလုပ္အကိုင္ေတြနဲ႔ပတ္သက္လို႔ ထိပ္တန္းကုမၸဏီႀကီးေတြက လိုအပ္ေနတဲ့လစ္လပ္ေနရာေတြကို ၀န္ထမ္းေခၚယူသြားမွာျဖစ္ၿပီးေတာ့ ဒီအလုပ္အကိုင္ေတြနဲ႔ပတ္သက္တဲ့ ေဟာေျပာပြဲေတြကိုလည္း က်င္းပေပးသြားမွာလို႔ သိရပါတယ္။ ဒီပြဲကို လာမယ့္ ၾသဂုတ္လ ၁၂ရက္ေန႔ မနက္ ၉နာရီကေန ညေန ၅နာရီအထိ Sedona Hotel မွာ ျပဳလုပ္သြားမွာပါ။

JobNet Technology & Engineering Career Conference

JobNet Technology & Engineering Career Conference

ကမ္းလွဲ႕ေမတၱာဂီတည

ဒီပြဲေလးကေတာ့ ေရေဘးအႏၱရာယ္ေၾကာင့္ ဒုကၡေရာက္ေနၾကတဲ့ ပဲခူးတိုင္းနဲ႔ ကရင္ျပည္နယ္ ၉ၿမိဳ႕နယ္ကို ေရေဘးျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကို ေဆာင္ရြက္ႏုိင္ဖို႔အတြက္ က်င္းပတဲ့ဂီတေဖ်ာ္ေျဖပြဲေလးပဲျဖစ္ပါတယ္။ Reggae အဆိုေတာ္ ေစာဖိုးခြားအပါအ၀င္ ဂေရဟမ္၊ ရိန္မိုး၊ ေကာင္းေကာင္း၊ ေစာ္လားေထာ္၀ါး၊ ေရဗကၠ၀င္းနဲ႔ လူးလူတို႔က ပူးေပါင္းပါ၀င္သီဆိုတင္ဆက္ၾကမွာပဲျဖစ္ပါတယ္။ ထူးျခားတာက ဒီပြဲေလးဟာ ရန္ပံုေငြပြဲျဖစ္ေပမယ့္လည္း ၀င္ေၾကးအခမဲ့အျဖစ္ သတ္မွတ္ထားတာေၾကာင့္ မိမိ တက္အားသေလာက္ လွဴဒါန္းရင္ ဂီတသံစဥ္မ်ားကို ခံစားခြင့္ရမွာပဲျဖစ္ပါတယ္ေနာ္။ ဒီပြဲေလးကိုေတာ့ လာမည့္ ၾသဂုတ္လ ၁၁ရက္ေန႔ ညေန ၆နာရီခြဲကေန ည ၉နာရီခြဲအထိ က်င္းပသြားမွာျဖစ္ၿပီးေတာ့ MBC Compound မွာ သြားေရာက္ပါ၀င္လွဴဒါန္းရင္း သီခ်င္းေတြနားေထာင္လို႔ရပါၿပီ။

ကမ္းလွဲ႕ေမတၱာဂီတည

ကမ္းလွဲ႕ေမတၱာဂီတည

ဒီတစ္ပတ္ပြဲေလးေတြကေတာ့ လာမယ့္ ၉ရက္ေန႔ကေန ၁၆ရက္ေန႔အတြင္း ေရြးခ်ယ္ေပးထားတဲ့အခမ္းအနားေလးေတြပဲျဖစ္ပါတယ္ေနာ္။ ေရြးခ်ယ္ေပးထားတဲ့ပြဲေတြတုိင္းဟာ အမိုက္စားျဖစ္တာမို႔ လက္မလႊတ္လိုက္ၾကပါနဲ႔ဦး။

Moethaesay (Akhayar)

[Unicode]

ဒီတစ်ပတ်အတွင်း ဘယ်သွားကြမလဲ

ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့်ပွဲလေးတွေကတော့ လူမှုရေး၊ စီးပွားရေး၊ ပညာရေးတွေအပြင် အနုပညာတွေပါ ပါဝင်တဲ့အတွက် ဒီတစ်ပတ်မှာ တော်တော်စုံတယ်လို့ ပြောလို့ရပါတယ်။ Free ပွဲလေးတွေလည်း များပါတယ်။ ကျွန်မတို့အားလုံး သွားကို သွားသင့်တဲ့ပွဲလေးတွေဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် အချိန်ရရင်တော့ အခုပြောပြပေးမယ့်ပွဲလေးတွေကို တစ်ချက်လောက် သွား Join ကြည့်လိုက်ပါဦးနော်။

Creative Perspective

Creation နယ်ပယ်က ပညာရှင်တွေနဲ့ ဖန်တီးတီထွင်ရတာကို စိတ်ဝင်စားတဲ့လူငယ်တွေ သဘောကျမယ့် ပွဲလေးတစ်ပွဲပါနော်။ ဖန်တီးမှုနယ်ပယ်က အသက်မွေးမှုအတတ်ပညာတွေအကြောင်း အသိပညာဖလှယ်ကြမှာဖြစ်ပြီး ခေါင်းစဉ်ကိုတော့ “Copy နဲ့ Content ဆန်းသစ်တီထွင်ခြင်း” လို့ ပြောပါတယ်။ ဒီပွဲမှာ Content ဖန်တီးမှုကစပြီး Copywriting ရဲ့ အရေးပါတဲ့ကဏ္ဍတွေအကြောင်း နောက်ပြီး လက်ရှိ Content Creation လောကရဲ့ စိတ်ခေါ်မှုတွေနဲ့ အခက်အခဲတွေ၊ အခွင့်အလမ်းတွေအကြောင်းကို အတွေ့အကြုံရှိတဲ့ ပညာရှင်တွေက တွေ့ဆုံဆွေးနွေးပေးသွားမှာလို့ သိရပါတယ်။ ဒါကြောင့် လက်ရှိ မီဒီယာမှာ အလုပ်လုပ်ကိုင်နေတဲ့သူတွေရော၊ လုပ်ကိုင်ချင်တဲ့သူတွေရော သွားကြပါနော်။ ဝင်ကြေး အခမဲ့စီစဉ်ပေးထားပြီး လာမယ့် သြဂုတ်လ ၁၀ရက်နေ့ ညနေ ၆နာရီခွဲကနေ ၈နာရီခွဲအထိ Goethe-Institut Myanmar မှာ ပြုလုပ်သွားမှာပဲဖြစ်ပါတယ်။

Creative Perspective

Creative Perspective

XIVIX | Everybody Knows

ဒီတစ်ပွဲကတော့ လူငယ်တွေအကြိုက်ပါပဲ။ လာမယ့် သြဂုတ်လ ၁၁ရက်နေ့ ညနေ ၅နာရီခွဲကနေ ည ၁၁နာရီအထိ ibis Styles Yangon မှာ ကျင်းပသွားမယ့် Hip Hop Show ပွဲလေးပါ။ Lil Z တို့၊ လန်ဘားတို့အပြင် တခြားအမိုက်စား Hip Hop အဆိုတော်တွေက ဖျော်ဖြေသွားမှာဖြစ်ပြီး DJ Biggy Wyne က DJ ပိုင်း တာဝန်ယူထားပါတယ်။ Hip Hop ကို ရူးသွပ်သူတွေကတော့ သွားကိုသွားရမယ်နော်။

XIVIX | Everybody Knows

XIVIX | Everybody Knows

Pan Pacific Wedding Fair

မကြာခင်မှာ သီတင်းကျွတ်ရင် မင်္ဂလာဆောင်ရာသီပြန်လည်ရောက်ရှိလာတော့မှာဆိုတော့ အခုအချိန်ဆိုရင် လက်ထပ်တော့မယ့် မင်္ဂလာမောင်နှံတွေ အလုပ်တွေရှုပ်နေလောက်ပါပြီ။ ဒီဝါကျွတ်မှာ လက်ထပ်ကြမယ့် မင်္ဂလာမောင်နှံတွေအတွက် သွားကြည့်ရမယ့် ပွဲလေးတစ်ပွဲလောက် ညွှန်းပေးချင်ပါတယ်။ ဒီပွဲကိုတော့ သြဂုတ်လ ၁၁ရက်နေ့နဲ့ ၁၂ရက်နေ့ နှစ်ရက်တောင် ကျင်းပသွားမှာဖြစ်ပြီးတော့ မင်္ဂလာဝတ်စုံတွေကိုလည်း လေ့လာခွင့်ရမှာဖြစ်သလို စိန်နန်းတော်ကလည်း ဝင်ရောက်ပြသမှာဖြစ်တဲ့အတွက် လက်ထပ်လက်စွပ်နဲ့ လိုအပ်တဲ့လက်ဝတ်ရတနာတွေကိုပါ တစ်နေရာတည်းမှာ လေ့လာဝယ်ယူခွင့်ရမှာဖြစ်တဲ့အပြင် လျှော့ဈေးတွေလည်း ရနိုင်ဦးမှာမို့လို့ မင်္ဂလာမောင်နှံတွေကို သွားစေချင်ပါတယ်နော်။ အချိန်ကတော့ မနက် ၉နာရီကနေ ညနေ၆နာရီအထိဖြစ်ပြီး နေရာကတော့ Pan Pacific Hotel မှာနော်။

Pan Pacific Wedding Fair

Pan Pacific Wedding Fair

JobNet Technology & Engineering Career Conference

ဒီတစ်ပွဲကတော့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုဖြစ်တဲ့ JobNet က ဦးစီးကျင်းပတာပါ။ အထူးသဖြင့်တော့ နည်းပညာနဲ့ အင်ဂျင်နီယာဆိုင်ရာ အလုပ်အကိုင်တွေနဲ့ပတ်သက်လို့ ထိပ်တန်းကုမ္ပဏီကြီးတွေက လိုအပ်နေတဲ့လစ်လပ်နေရာတွေကို ဝန်ထမ်းခေါ်ယူသွားမှာဖြစ်ပြီးတော့ ဒီအလုပ်အကိုင်တွေနဲ့ပတ်သက်တဲ့ ဟောပြောပွဲတွေကိုလည်း ကျင်းပပေးသွားမှာလို့ သိရပါတယ်။ ဒီပွဲကို လာမယ့် သြဂုတ်လ ၁၂ရက်နေ့ မနက် ၉နာရီကနေ ညနေ ၅နာရီအထိ Sedona Hotel မှာ ပြုလုပ်သွားမှာပါ။

JobNet Technology & Engineering Career Conference

JobNet Technology & Engineering Career Conference

ကမ်းလှဲ့မေတ္တာဂီတည

ဒီပွဲလေးကတော့ ရေဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်နေကြတဲ့ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ် ၉မြို့နယ်ကို ရေဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ဖို့အတွက် ကျင်းပတဲ့ဂီတဖျော်ဖြေပွဲလေးပဲဖြစ်ပါတယ်။ Reggae အဆိုတော် စောဖိုးခွားအပါအဝင် ဂရေဟမ်၊ ရိန်မိုး၊ ကောင်းကောင်း၊ စော်လားထော်ဝါး၊ ရေဗက္ကဝင်းနဲ့ လူးလူတို့က ပူးပေါင်းပါဝင်သီဆိုတင်ဆက်ကြမှာပဲဖြစ်ပါတယ်။ ထူးခြားတာက ဒီပွဲလေးဟာ ရန်ပုံငွေပွဲဖြစ်ပေမယ့်လည်း ဝင်ကြေးအခမဲ့အဖြစ် သတ်မှတ်ထားတာကြောင့် မိမိ တက်အားသလောက် လှူဒါန်းရင် ဂီတသံစဉ်များကို ခံစားခွင့်ရမှာပဲဖြစ်ပါတယ်နော်။ ဒီပွဲလေးကိုတော့ လာမည့် သြဂုတ်လ ၁၁ရက်နေ့ ညနေ ၆နာရီခွဲကနေ ည ၉နာရီခွဲအထိ ကျင်းပသွားမှာဖြစ်ပြီးတော့ MBC Compound မှာ သွားရောက်ပါဝင်လှူဒါန်းရင်း သီချင်းတွေနားထောင်လို့ရပါပြီ။

ကမ်းလှဲ့မေတ္တာဂီတည

ကမ်းလှဲ့မေတ္တာဂီတည

ဒီတစ်ပတ်ပွဲလေးတွေကတော့ လာမယ့် ၉ရက်နေ့ကနေ ၁၆ရက်နေ့အတွင်း ရွေးချယ်ပေးထားတဲ့အခမ်းအနားလေးတွေပဲဖြစ်ပါတယ်နော်။ ရွေးချယ်ပေးထားတဲ့ပွဲတွေတိုင်းဟာ အမိုက်စားဖြစ်တာမို့ လက်မလွှတ်လိုက်ကြပါနဲ့ဦး။

Moethaesay (Akhayar)