[Zawgyi]

ပရိသတ္ေတြ ရင္ထဲမွာ အမွတ္ရေနဆဲျဖစ္တဲ့ ေဘာလုံးေလာကရဲ႕ ဆုိးေပႀကီးမ်ား

ေဘာလုံး အားကစားနည္းဆုိတာက ပရိသတ္ေတြ သိတဲ့အတိုင္း ခႏၶာကုိယ္ ႀကံ့ခုိင္မႈကုိ အားျပဳထားတာျဖစ္လုိ႔ တစ္ဦးကုိတစ္ဦး တြန္းတြန္းတိုက္တိုက္ ကစားရတာေတြ၊ တစ္ခါတေလက်ရင္ စိတ္ေဒါသအေလ်ာက္ ေပါက္ကဲြတာမ်ိဳးေတြကလည္း ေဘာလုံးေလာကမွာ မဆန္းေတာ့တဲ့ ျဖစ္ရပ္ေတြပါ။ တခ်ိဳ႕ နာမည္ေက်ာ္ ေဘာလုံးသမားေတြဆုိရင္ Sportsmanship မဆန္တဲ့ အျပဳအမူေတြ၊ ၾကမ္းၾကမ္းတမ္းတမ္း ကစားတဲ့ပုံစံေၾကာင့္ ေ၀ဖန္ ခံခဲ့ရေပမယ့္လည္း အဲဒီကစားသမားေတြကုိ အခုအခ်ိန္အထိ ပရိသတ္ေတြ ေမ့လုိ႔ မရေသးပါဘူး။ ဘာျဖစ္လုိ႔လဲဆုိေတာ့ အဲဒီကစားသမားေတြဟာ ကုိယ့္အသင္းအႏုိင္ရဖုိ႔ ႏုိင္လုိစိတ္ျပင္းျပင္းနဲ႔ ကစားခဲ့ၾကတာေၾကာင့္ သူတို႔ရဲ႕ အျပဳအမူ၊ ကစားဟန္ေတြက ၾကမ္းတမ္း႐ုိင္းျပေနေပမယ့္ အသင္းအတြက္ အစြမ္းကုန္ ေပးဆပ္ထားတဲ့ Professional ပီသတဲ့ စိတ္ဓာတ္ကုိ ပရိသတ္ေတြက ေလးစား ႏွစ္သက္ၾကလုိ႔ပါပဲ။ တစ္ေခတ္တခါတုနး္က ေဘာလုံးကြင္းထဲမွာ ၾကမ္းရမ္းခဲ့ၾကတဲ့ ေဘာလုံးေလာကရဲ႕ ဆုိးေပႀကီးေတြကုိ ပရိသတ္ေတြ ျပန္လည္ အမွတ္ရဖုိ႔အတြက္ ေဖာ္ျပလုိက္ပါတယ္ . . . .

စတြိဳက္ေကာ့ဗ္ Stoichkov

Stoichkov

Stoichkov

ဘူလ္ေဂးရီးယား ေဘာလုံးေလာကရဲ႕ ထာ၀ရအေကာင္းဆုံး တိုက္စစ္မွဴးလုိ႔ သတ္မွတ္ခံထားရသူ စတြိဳက္ေကာ့ဗ္ဟာ ၿပိဳင္ဘက္ဂုိးဧရိယာအတြင္းမွာ ေၾကာက္စရာအေကာင္းဆုံး ကစားသမားျဖစ္သလုိ ၾကမ္းတဲ့ရမ္းတဲ့ေနရာမွာလည္း ၿပိဳင္ဘက္ကင္းပါပဲ။ ဘာစီလုိနာ ကစားသမားဘ၀ ပထမဆုံးရာသီမွာ ဒုိင္လူႀကီးရဲ႕ ေျခေထာက္ကုိ တမင္တကာ တက္နင္းခဲ့လုိ႔ ပဲြပယ္ခံရဖူးတယ္။ ‘The Dagger’၊ ‘The Gunslinger’ လုိ႔ နာမည္ေျပာင္ သတ္မွတ္ခံခဲ့ရတဲ့အထိ ၾကမ္းရမ္းခဲ့သူပါပဲ။ စတြိဳက္ေကာ့ဗ္နဲ႔ ပတ္သက္ၿပီး နယ္သာလန္နဲ႔ ဘာစီလုိနာ ဂႏၳ၀င္ႀကီး ယုိဟန္ခ႐ုိက္ဖ္ Johan Cruyff က အခုလုိ မွတ္ခ်က္ေပးခဲ့ဖူးတယ္။ “စတြိဳက္ေကာ့ဗ္ဟာ နတ္ဆုိးရဲ႕ ႏုိ႔ရည္ေသာက္သုံးၿပီး ႀကီးျပင္းခဲ့တဲ့သူ တစ္ေယာက္ပါ”တဲ့။

ဂတ္တူဆုိ Gattuso

Gattuso-and-Joe-Jordan-

Gattuso-and-Joe-Jordan-

အီတလီနဲ႔ ေအစီမီလန္ ဂႏၳ၀င္လူဆုိးႀကီး ဂတ္တူဆုိရဲ႕ အေၾကာင္းကေတာ့ အထူးေျပာစရာ မလုိပါဘူး။ ေအစီမီလန္မွာ ကစားတုန္းက ကုိယ့္အသင္းေဖာ္ကုိ ခက္ရင္းခြနဲ႔ ထုိးခဲ့သူ၊ စပါးအသင္းနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပဲြမွာ စပါးအသင္း လက္ေထာက္နည္းျပ ဂ်ိဳးေဂ်ာ္ဒန္ Joe Jordan ကုိ လည္ပင္းညႇစ္ခဲ့သူ၊ ဆီယြန္မွာ ကစားေတာ့လည္း ဒုိင္လူႀကီးဆီက အ၀ါကတ္ကုိ လုယူၿပီး ၿပိဳင္ဘက္ကစားသမားကုိ ျပသခဲ့သူ စတဲ့ ဂုဏ္ပုဒ္ေတြ ပုိင္ဆုိင္ခဲ့တယ္။

ဗီအဲရာ Vieira

Roy-Kane-against-Vieira

Roy-Kane-against-Vieira

အာဆင္နယ္အေၾကာင္းကုိ ေျပာရင္ ဗီအဲရာကေတာ့ မပါမျဖစ္ပါဘဲ။ သူ႔အေၾကာင္းကုိ ေျပာမယ္ဆုိရင္လည္း မန္ယူအသင္းေခါင္းေဆာင္ ရြိဳင္ကိန္း Roy Keane နဲ႔ ျဖစ္ခဲ့တဲ့ ရန္ပဲြေတြကလည္း အခုအခ်ိန္အထိ ေျပစမွတ္ ျဖစ္ေနဆဲပဲ။ အသင္းအႏုိင္ရဖုိ႔ဆုိရင္ ဘာေတြပဲျဖစ္ျဖစ္ လုပ္ရဖုိ႔ ၀န္မေလးတဲ့ ဗီအဲရာလုိ ကစားသမားမ်ိဳးကုိ ပရိသတ္ေတြ အခုအခ်ိန္အထိ အမွတ္ရေနဆဲပါ။

အီဘရာဟီမုိဗစ္ Ibrahimovic

Ibrahimovic-Fight

Ibrahimovic-Fight

ကမၻာ႔အေကာင္းဆုံး တိုက္စစ္မွဴးေတြထဲမွာ တစ္ဦးအပါအ၀င္ျဖစ္တဲ့ အီဘရာဟီမုိဗစ္ကုိလည္း အခု စာရင္းထဲမွာ မပါမျဖစ္ ထည့္သြင္းရမယ့္သူပါ။ အရပ္ (၆’၅”) ျမင့္တဲ့ Monster ႀကီးက ၿပိဳင္ဘက္ေတြ၊ အသင္းေဖာ္ေတြဆုိတာ မသိဘူး၊ စိတ္မထင္ရင္ မထင္သလုိ ထ ဗ်င္းတတ္တဲ့သူႀကီးပါ။ တိုက္ကြမ္ဒုိမွာ ခါးပတ္နက္ ရခဲ့တဲ့သူဆုိေတာ့လည္း ပုိဆုိးသြားတာေပါ့။ ေအစီမီလန္မွာ ကစားတုန္းကဆုိရင္ သူ႔လုိပဲ လူၾကမ္းႀကီး ဂတ္တူဆုိနဲ႔လည္း သတ္ခဲ့ဖူးပါတယ္။ အဲဒီအေၾကာင္းကုိ သီယာဂုိေဆးလ္ဗား Thiago Silva က “Rino (ဂတ္တူဆုိ) နဲ႔ ဇလာတန္တို႔ဟာ ေလ့က်င့္ခန္းလည္းၿပီးေရာ အ၀တ္လဲခန္းထဲမွာ သတ္ၾကေတာ့တာပါပဲ။ အဲဒီတုန္းက အီဘရာဟီမုိဗစ္ဟာ ဂတ္တူဆုိရဲ႕ တစ္ကုိယ္လုံးကုိ ကုိင္ေျမႇာက္ၿပီး အမႈိက္ပုံးထဲကုိ လႊင့္ပစ္ခဲ့ပါတယ္”လုိ႔ ေျပာၾကားခဲ့တယ္။

မာတာရာဇီ Materazzi

Zidane-Headbutt-with-Materazzi

Zidane-Headbutt-with-Materazzi

ေျခစြမ္းေကာင္းသေလာက္ စ႐ုိက္ဆုိးတဲ့ ကစားသမားထဲမွာ မာတာရာဇီလည္း အပါအ၀င္ပါပဲ။ ၿပိဳင္ဘက္ကုိ ေျခေထာက္နဲ႔ တက္နင္းတာ၊ တံေတာင္နဲ႔႐ုိက္တာ၊ အသားလြတ္ ကန္တာေတြက မာတာရာဇီအတြက္ သိပ္မဆန္းပါဘူး။ ေနာက္ဆုံးက်မွ ဇီဒန္း Zidne ရဲ႕ ေခါင္းတိုက္စြမ္းရည္ျပတာကုိ ခံခဲ့ရသူပါ။

ကန္တိုနာ Cantona

Cantona-Famous-Karate-Kicks

Cantona-Famous-Karate-Kicks

တစ္ခ်ိန္က နာမည္ႀကီးခဲ့တဲ့ “ကရာေတးကန္ခ်က္ Karate Kicks” ပုိင္ရွင္ King Eric က မန္ယူပရိသတ္ေတြရဲ႕ အသည္းစဲြ ကစားသမားတစ္ဦးပါ။ ကြင္းထဲမွာ ဘယ္ေလာက္ပဲ ျပႆနာရွာပါေစ၊ မယုံႏုိင္ေလာက္တဲ့ ဂုိးသြင္းစြမ္းရည္၊ ေကာ္လံ အၿမဲေထာင္ထားၿပီး ဂုိးသြင္းၿပီးရင္ မခန္႔ေလးစားပုံစံနဲ႔ ေအာင္ပဲြခံတတ္တဲ့ ကန္တိုနာရဲ႕ ပုံရိပ္ေတြက ဒီေန႔ေခတ္ Modern ေဘာလုံးေလာကအထိ လႊမ္းမုိးထားႏုိင္ဆဲျဖစ္ပါတယ္။

႐ြိဳင္ကိန္း Roy Keane

Roy-Kane-and-Alan-Shearer

Roy-Kane-and-Alan-Shearer

ကန္တိုနာနဲ႔ အၿပိဳင္ ၾကမ္းခဲ့ၿပီး ကန္တိုနာ မရွိေတာ့တဲ့အခ်ိန္မွာ မန္ယူရဲ႕လူၾကမ္းႀကီးဆုိတဲ့ ဂုဏ္ပုဒ္ကုိ လႊဲေျပာင္းရယူခဲ့သူ ျဖစ္ပါတယ္။ ၁၉၉၀ ေက်ာ္ ၀န္းက်င္ကာလေတြမွာ ဗီအဲရာ-႐ြိဳင္ကိန္း အတြဲက ပရိသတ္ေတြရဲ႕ အာ႐ုံကုိ ဖမ္းစားႏုိင္ခဲ့တယ္။ ေနာက္ၿပီး နယူးကာဆယ္ ဂႏၳ၀င္ႀကီး အလန္ရွီးယား Alan Shearer ကုိ ပါးပိတ္႐ုိက္ခဲ့တာ၊ မန္စီးတီးကစားသမား ဟာလန္း Haaland ကုိ ေျခေထာက္က်ိဳးေအာင္ ရည္ရြယ္ခ်က္ရွိရွိ ကန္ခဲ့တာ စတဲ့ျဖစ္ရပ္ေတြကလည္း ရြိဳင္ကိန္းအတြက္ Legacy မွတ္တမ္းေတြပါပဲ။

ဒီကစားသမားေတြကေတာ့ တစ္ေခတ္တခါက နာမည္ႀကီးခဲ့တဲ့ ေဘာလုံးေလာကရဲ႕ ဆုိးေပႀကီးေတြျဖစ္ပါတယ္။ ဒီစာရင္းမွာ မပါ၀င္ေပမယ့္ သူတို႔လုိပဲ ဆုိးသြမ္းရမ္းကားတဲ့ မာရာဒုိနာ Maradona ၊ ႐ုိမာရီယုိ Romario၊ ဂတ္စကြိဳင္း Gascoigne ၊ ရြန္နီ Rooney ၊ ဒီယြန္း De Jong ၊ ပီပီိ Pepe တို႔လုိ ကစားသမားေတြ အမ်ားႀကီးရွိခဲ့ပါတယ္။ ဒါေပမဲ့ ဒီကစားသမားေတြ ဘယ္ေလာက္ပဲ ၾကမ္းရမ္းပါေစ သူတို႔ရဲ႕ ေဘာလုံးစြမ္းရည္၊ ေအာင္ျမင္မႈ မွတ္တမ္းေတြအရ သူတို႔ဟာ အသင္းအတြက္ အေကာင္းဆုံးေပးဆပ္ခဲ့သူေတြ၊ ႏုိင္လုိစိတ္ ျပင္းျပတဲ့သူေတြ ဆုိတာ ဘယ္သူမွ ျငင္းႏုိင္မွာ မဟုတ္ပါဘူး . . . .

REF:Daily Mail
Photo:Goal.com,Twitter,ESPN.com,YouTube,FOOTY FAIR,Extra.ie
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပရိသတ်တွေ ရင်ထဲမှာ အမှတ်ရနေဆဲဖြစ်တဲ့ ဘောလုံးလောကရဲ့ ဆိုးပေကြီးများ

ဘောလုံး အားကစားနည်းဆိုတာက ပရိသတ်တွေ သိတဲ့အတိုင်း ခန္ဓာကိုယ် ကြံ့ခိုင်မှုကို အားပြုထားတာဖြစ်လို့ တစ်ဦးကိုတစ်ဦး တွန်းတွန်းတိုက်တိုက် ကစားရတာတွေ၊ တစ်ခါတလေကျရင် စိတ်ဒေါသအလျောက် ပေါက်ကွဲတာမျိုးတွေကလည်း ဘောလုံးလောကမှာ မဆန်းတော့တဲ့ ဖြစ်ရပ်တွေပါ။ တချို့ နာမည်ကျော် ဘောလုံးသမားတွေဆိုရင် Sportsmanship မဆန်တဲ့ အပြုအမူတွေ၊ ကြမ်းကြမ်းတမ်းတမ်း ကစားတဲ့ပုံစံကြောင့် ဝေဖန် ခံခဲ့ရပေမယ့်လည်း အဲဒီကစားသမားတွေကို အခုအချိန်အထိ ပရိသတ်တွေ မေ့လို့ မရသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီကစားသမားတွေဟာ ကိုယ့်အသင်းအနိုင်ရဖို့ နိုင်လိုစိတ်ပြင်းပြင်းနဲ့ ကစားခဲ့ကြတာကြောင့် သူတို့ရဲ့ အပြုအမူ၊ ကစားဟန်တွေက ကြမ်းတမ်းရိုင်းပြနေပေမယ့် အသင်းအတွက် အစွမ်းကုန် ပေးဆပ်ထားတဲ့ Professional ပီသတဲ့ စိတ်ဓာတ်ကို ပရိသတ်တွေက လေးစား နှစ်သက်ကြလို့ပါပဲ။ တစ်ခေတ်တခါတုန်းက ဘောလုံးကွင်းထဲမှာ ကြမ်းရမ်းခဲ့ကြတဲ့ ဘောလုံးလောကရဲ့ ဆိုးပေကြီးတွေကို ပရိသတ်တွေ ပြန်လည် အမှတ်ရဖို့အတွက် ဖော်ပြလိုက်ပါတယ် . . . .

စတွိုက်ကော့ဗ် Stoichkov

Stoichkov

Stoichkov

ဘူလ်ဂေးရီးယား ဘောလုံးလောကရဲ့ ထာဝရအကောင်းဆုံး တိုက်စစ်မှူးလို့ သတ်မှတ်ခံထားရသူ စတွိုက်ကော့ဗ်ဟာ ပြိုင်ဘက်ဂိုးဧရိယာအတွင်းမှာ ကြောက်စရာအကောင်းဆုံး ကစားသမားဖြစ်သလို ကြမ်းတဲ့ရမ်းတဲ့နေရာမှာလည်း ပြိုင်ဘက်ကင်းပါပဲ။ ဘာစီလိုနာ ကစားသမားဘ၀ ပထမဆုံးရာသီမှာ ဒိုင်လူကြီးရဲ့ ခြေထောက်ကို တမင်တကာ တက်နင်းခဲ့လို့ ပွဲပယ်ခံရဖူးတယ်။ ‘The Dagger’၊ ‘The Gunslinger’ လို့ နာမည်ပြောင် သတ်မှတ်ခံခဲ့ရတဲ့အထိ ကြမ်းရမ်းခဲ့သူပါပဲ။ စတွိုက်ကော့ဗ်နဲ့ ပတ်သက်ပြီး နယ်သာလန်နဲ့ ဘာစီလိုနာ ဂန္ထဝင်ကြီး ယိုဟန်ခရိုက်ဖ် Johan Cruyff က အခုလို မှတ်ချက်ပေးခဲ့ဖူးတယ်။ “စတွိုက်ကော့ဗ်ဟာ နတ်ဆိုးရဲ့ နို့ရည်သောက်သုံးပြီး ကြီးပြင်းခဲ့တဲ့သူ တစ်ယောက်ပါ”တဲ့။

ဂတ်တူဆို Gattuso

Gattuso-and-Joe-Jordan-

Gattuso-and-Joe-Jordan-

အီတလီနဲ့ အေစီမီလန် ဂန္ထဝင်လူဆိုးကြီး ဂတ်တူဆိုရဲ့ အကြောင်းကတော့ အထူးပြောစရာ မလိုပါဘူး။ အေစီမီလန်မှာ ကစားတုန်းက ကိုယ့်အသင်းဖော်ကို ခက်ရင်းခွနဲ့ ထိုးခဲ့သူ၊ စပါးအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ စပါးအသင်း လက်ထောက်နည်းပြ ဂျိုးဂျော်ဒန် Joe Jordan ကို လည်ပင်းညှစ်ခဲ့သူ၊ ဆီယွန်မှာ ကစားတော့လည်း ဒိုင်လူကြီးဆီက အဝါကတ်ကို လုယူပြီး ပြိုင်ဘက်ကစားသမားကို ပြသခဲ့သူ စတဲ့ ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်ခဲ့တယ်။

ဗီအဲရာ Vieira

Roy-Kane-against-Vieira

Roy-Kane-against-Vieira

အာဆင်နယ်အကြောင်းကို ပြောရင် ဗီအဲရာကတော့ မပါမဖြစ်ပါဘဲ။ သူ့အကြောင်းကို ပြောမယ်ဆိုရင်လည်း မန်ယူအသင်းခေါင်းဆောင် ရွိုင်ကိန်း Roy Keane နဲ့ ဖြစ်ခဲ့တဲ့ ရန်ပွဲတွေကလည်း အခုအချိန်အထိ ပြေစမှတ် ဖြစ်နေဆဲပဲ။ အသင်းအနိုင်ရဖို့ဆိုရင် ဘာတွေပဲဖြစ်ဖြစ် လုပ်ရဖို့ ဝန်မလေးတဲ့ ဗီအဲရာလို ကစားသမားမျိုးကို ပရိသတ်တွေ အခုအချိန်အထိ အမှတ်ရနေဆဲပါ။

အီဘရာဟီမိုဗစ် Ibrahimovic

Ibrahimovic-Fight

Ibrahimovic-Fight

ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ အီဘရာဟီမိုဗစ်ကိုလည်း အခု စာရင်းထဲမှာ မပါမဖြစ် ထည့်သွင်းရမယ့်သူပါ။ အရပ် (၆’၅”) မြင့်တဲ့ Monster ကြီးက ပြိုင်ဘက်တွေ၊ အသင်းဖော်တွေဆိုတာ မသိဘူး၊ စိတ်မထင်ရင် မထင်သလို ထ ဗျင်းတတ်တဲ့သူကြီးပါ။ တိုက်ကွမ်ဒိုမှာ ခါးပတ်နက် ရခဲ့တဲ့သူဆိုတော့လည်း ပိုဆိုးသွားတာပေါ့။ အေစီမီလန်မှာ ကစားတုန်းကဆိုရင် သူ့လိုပဲ လူကြမ်းကြီး ဂတ်တူဆိုနဲ့လည်း သတ်ခဲ့ဖူးပါတယ်။ အဲဒီအကြောင်းကို သီယာဂိုဆေးလ်ဗား Thiago Silva က “Rino (ဂတ်တူဆို) နဲ့ ဇလာတန်တို့ဟာ လေ့ကျင့်ခန်းလည်းပြီးရော အဝတ်လဲခန်းထဲမှာ သတ်ကြတော့တာပါပဲ။ အဲဒီတုန်းက အီဘရာဟီမိုဗစ်ဟာ ဂတ်တူဆိုရဲ့ တစ်ကိုယ်လုံးကို ကိုင်မြှောက်ပြီး အမှိုက်ပုံးထဲကို လွှင့်ပစ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့တယ်။

မာတာရာဇီ Materazzi

Zidane-Headbutt-with-Materazzi

Zidane-Headbutt-with-Materazzi

ခြေစွမ်းကောင်းသလောက် စရိုက်ဆိုးတဲ့ ကစားသမားထဲမှာ မာတာရာဇီလည်း အပါအဝင်ပါပဲ။ ပြိုင်ဘက်ကို ခြေထောက်နဲ့ တက်နင်းတာ၊ တံတောင်နဲ့ရိုက်တာ၊ အသားလွတ် ကန်တာတွေက မာတာရာဇီအတွက် သိပ်မဆန်းပါဘူး။ နောက်ဆုံးကျမှ ဇီဒန်း Zidne ရဲ့ ခေါင်းတိုက်စွမ်းရည်ပြတာကို ခံခဲ့ရသူပါ။

ကန်တိုနာ Cantona

Cantona-Famous-Karate-Kicks

Cantona-Famous-Karate-Kicks

တစ်ချိန်က နာမည်ကြီးခဲ့တဲ့ “ကရာတေးကန်ချက် Karate Kicks” ပိုင်ရှင် King Eric က မန်ယူပရိသတ်တွေရဲ့ အသည်းစွဲ ကစားသမားတစ်ဦးပါ။ ကွင်းထဲမှာ ဘယ်လောက်ပဲ ပြဿနာရှာပါစေ၊ မယုံနိုင်လောက်တဲ့ ဂိုးသွင်းစွမ်းရည်၊ ကော်လံ အမြဲထောင်ထားပြီး ဂိုးသွင်းပြီးရင် မခန့်လေးစားပုံစံနဲ့ အောင်ပွဲခံတတ်တဲ့ ကန်တိုနာရဲ့ ပုံရိပ်တွေက ဒီနေ့ခေတ် Modern ဘောလုံးလောကအထိ လွှမ်းမိုးထားနိုင်ဆဲဖြစ်ပါတယ်။

ရွိုင်ကိန်း Roy Keane

Roy-Kane-and-Alan-Shearer

Roy-Kane-and-Alan-Shearer

ကန်တိုနာနဲ့ အပြိုင် ကြမ်းခဲ့ပြီး ကန်တိုနာ မရှိတော့တဲ့အချိန်မှာ မန်ယူရဲ့လူကြမ်းကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို လွှဲပြောင်းရယူခဲ့သူ ဖြစ်ပါတယ်။ ၁၉၉၀ ကျော် ဝန်းကျင်ကာလတွေမှာ ဗီအဲရာ-ရွိုင်ကိန်း အတွဲက ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တယ်။ နောက်ပြီး နယူးကာဆယ် ဂန္ထဝင်ကြီး အလန်ရှီးယား Alan Shearer ကို ပါးပိတ်ရိုက်ခဲ့တာ၊ မန်စီးတီးကစားသမား ဟာလန်း Haaland ကို ခြေထောက်ကျိုးအောင် ရည်ရွယ်ချက်ရှိရှိ ကန်ခဲ့တာ စတဲ့ဖြစ်ရပ်တွေကလည်း ရွိုင်ကိန်းအတွက် Legacy မှတ်တမ်းတွေပါပဲ။

ဒီကစားသမားတွေကတော့ တစ်ခေတ်တခါက နာမည်ကြီးခဲ့တဲ့ ဘောလုံးလောကရဲ့ ဆိုးပေကြီးတွေဖြစ်ပါတယ်။ ဒီစာရင်းမှာ မပါဝင်ပေမယ့် သူတို့လိုပဲ ဆိုးသွမ်းရမ်းကားတဲ့ မာရာဒိုနာ Maradona ၊ ရိုမာရီယို Romario၊ ဂတ်စကွိုင်း Gascoigne ၊ ရွန်နီ Rooney ၊ ဒီယွန်း De Jong ၊ ပီပီ Pepe တို့လို ကစားသမားတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီကစားသမားတွေ ဘယ်လောက်ပဲ ကြမ်းရမ်းပါစေ သူတို့ရဲ့ ဘောလုံးစွမ်းရည်၊ အောင်မြင်မှု မှတ်တမ်းတွေအရ သူတို့ဟာ အသင်းအတွက် အကောင်းဆုံးပေးဆပ်ခဲ့သူတွေ၊ နိုင်လိုစိတ် ပြင်းပြတဲ့သူတွေ ဆိုတာ ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ပါဘူး . . . .

REF:Daily Mail
Photo:Goal.com,Twitter,ESPN.com,YouTube,FOOTY FAIR,Extra.ie
Naing Linn(Akhayar)
www.akhayar.com