This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

လုဇ္နီကီကြင္းသြားခြင့္ လက္မွတ္ရဖုိ႔အတြက္ အၿပိဳင္လုရမယ့္ ဘယ္လ္ဂ်ီယံနဲ႔ ျပင္သစ္

၂၀၁၈ ကမၻာ႔ဖလား ဆီမီးဖုိင္နယ္ပဲြစဥ္အျဖစ္ ဥေရာပထိပ္သီးႏွစ္သငး္ျဖစ္တဲ့ ဘယ္လ္ဂ်ီယံနဲ႔ျပင္သစ္တို႔ ဆုံေတြ႕မယ့္ပဲြက အႀကိတ္အနယ္ရွိမွာအေသအခ်ာပါပဲ။ ၁၉၉၈ ကမၻာ႔ဖလားခ်န္ပီယံေဟာင္း ျပင္သစ္နဲ႔ ကမၻာ႔ဖလားကို ပထမဆုံးအႀကိမ္ ဆြတ္ခူးဖုိ႔ ပစ္မွတ္ထားေနတဲ့ ဘယ္လ္ဂ်ီယံအသင္းတို႔ရဲ႕ ဆုံေတြ႕မႈက ဘယ္လုိရလဒ္ထြက္ေပၚလာမလဲဆုိတာ စိတ္၀င္စားစရာပါ။ ျပင္သစ္အသင္းဟာ ကမၻာ႔ဖလားၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ ဆီမီးဖုိင္နယ္အဆင့္ကုိ (၆)ႀကိမ္တက္ေရာက္ခဲ့ဖူးၿပီး ၁၉၉၈၊ ၂၀၀၆ ခုႏွစ္ေတြမွာ ဗုိလ္လုပဲြတက္ေရာက္ခဲ့ပါတယ္။ ဘယ္လ္ဂ်ီယံအသင္းကေတာ့ ၁၉၈၆ ေနာက္ပုိင္း ဆီမီးဖုိင္နယ္ကုိ ဒုတိယအႀကိမ္ တက္ေရာက္ခဲ့တာျဖစ္ၿပီး ၁၉၈၆ ကမၻာ႔ဖလားတုန္းက အာဂ်င္တီးနားကုိ ႐ႈံးနိမ့္ခဲ့တာေၾကာင့္ ဗုိလ္လုပဲြတက္ခြင့္ ဆုံး႐ႈံးခဲ့ရတယ္။

ဒဏ္ရာနဲ႔ပဲြပယ္ျပႆနာ
ပဲြပယ္ျပစ္ဒဏ္ေၾကာင့္ ဥ႐ုေဂြးကုိ အႏုိင္ရခဲ့တဲ့ ကြာတားဖုိင္နယ္ပဲြကို လဲြေခ်ာ္ခဲ့တဲ့ ျပင္သစ္ကြင္းလယ္လူ မာတီြဒီ Matuidi ဟာ ဒီပဲြမွာ ျပန္လည္ပါ၀င္လာမွာျဖစ္ပါတယ္။ ေပါင္ဒဏ္ရာရေနတဲ့ ေနာက္ခံလူ မန္ဒီ Mendy လည္း အသင္းနဲ႔အတူ ေလ့က်င့္ခန္းဆင္းေနၿပီျဖစ္တာေၾကာင့္ ဒီပဲြမွာ အရန္ကစားသမားအျဖစ္ ပါ၀င္လာဖုိ႔ မ်ားပါတယ္။ ဘယ္လ္ဂ်ီယံအသငး္မွာေတာ့ ညာေနာက္ခံလူ မူနီယာ Meunier ပဲြပယ္ျပစ္ဒဏ္က်ခံရမွာျဖစ္လုိ႔ ဆီမီးဖုိင္နယ္ပဲြကုိ လဲြေခ်ာ္မွာပါ။ အဓိက ကစားသမားေတြ ဒဏ္ရာျပႆနာမရွိလုိ႔ လူစုံတက္စုံ ပါ၀င္လာဖုိ႔ရွိေနတယ္။

France-National-Team

France-National-Team

သုံးသပ္ခ်က္
ျပင္သစ္နဲ႔ ဘယ္လ္ဂ်ီယံအသင္းတို႔ဟာ စုစုေပါင္း(၇၃)ပဲြဆုံေတြ႕ခဲ့ဖူးၿပီး ျပင္သစ္က (၂၄)ပဲြႏုိင္၊ ဘယ္လ္ဂ်ီယံက ပဲြ(၃၀)ႏုိင္၊ (၁၉)ပဲြသေရက်ခဲ့တယ္။ ကမၻာ႔ဖလားၿပိဳင္ပဲြမွာေတာ့ ၁၉၃၈၊ ၁၉၈၆ ၿပိဳင္ပဲြေတြတုန္းက ဆုံေတြ႕ခဲ့ဖူးၿပီး ျပင္သစ္အသင္းက ႏွစ္ပဲြစလုံးအႏုိင္ယူခဲ့တယ္။ ဒါေပမဲ့ ေနာက္ဆုံးဆုံေတြ႕ခဲ့တဲ့ ေျခစမ္းပဲြ (၃)ပဲြမွာေတာ့ ဘယ္လ္ဂ်ီယံအသင္းက အသာရခဲ့ၿပီး (၁)ပဲြႏုိင္၊ (၂)ပဲြသေရနဲ႔ လုံး၀႐ႈံးပဲြမရွိခဲ့ဘူး။ ဒီႏွစ္သင္း ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြျဖတ္သန္းလာမႈကုိ ၾကည့္ရင္ အုပ္စုတြင္းမွာေတာ့ ႏွစ္သင္းစလုံး အခက္အခဲမရွိခဲ့ပါဘူး။ ႐ႈံးထြက္(၁၆)သင္းအဆင့္မွာ ျပင္သစ္က နာမည္ႀကီး အာဂ်င္တီးနားကုိ အသာစီးက ကစားၿပီး အႏုိင္ယူေက်ာ္ျဖတ္ခဲ့ေပမယ့္ ဘယ္လ္ဂ်ီယံအသင္းဟာ ဂ်ပန္ကုိ (၂)ဂုိးအ႐ႈံးနဲ႔အသည္းအသန္ကစားၿပီးမွ (၃-၂) ဂုိးနဲ႔ အႏုိင္ရခဲ့တာပါ။ ကြာတားဖုိင္နယ္အဆင့္မွာေတာ့ ဘယ္လ္ဂ်ီယံက ကမၻာ႔ဖလားၿပိဳင္ပဲြရဲ႕ ေအာင္ျမင္မႈအမ်ားဆုံး ဘရာဇီးလ္အသငး္ကုိ (၂-၁)ဂုိးနဲ႔ ေျခစြမ္းျပအႏုိင္ယူခဲ့သလုိ ျပင္သစ္အသင္းကလည္း ေတာင္အေမရိက ထိပ္သီးအသင္းတစ္သင္းျဖစ္တဲ့ ဥ႐ုေဂြးကုိ (၂)ဂုိးျပတ္အႏုိင္ရခဲ့တယ္။ ႏွစ္သင္းစလုံးမွာ ကမၻာ႔အဆင့္ကစားသမားေတြ ပါ၀င္ေနၿပီး ေပါ့ဘာ၊ ဂရစ္ဇ္မန္း၊ ဘာေပ တို႔ရဲ႕ အစုအဖဲြ႕နဲ႔ လူကာကူ၊ ဒီဘ႐ုိင္းနား၊ ဟာဇက္တို႔ရဲ႕အစုအဖဲြ႕ျခင္း အားၿပိဳင္ၾကမွာပါ။ ေရွ႕၊ လယ္၊ ေနာက္ ေနရာတိုင္းမွာ ကြာျခားမႈ မရွိတာေၾကာင့္ အႏုိင္အရႈံးကို ျပတ္ျပတ္သားသား ခန္႔မွန္းဖုိ႔ ခက္ပါတယ္။ ဗုိလ္လုပဲြတက္မယ့္အသင္းဆုိရင္ေတာ့ ဘယ္လ္ဂ်ီယံကုိ အရဲစြန္႔ေရြးခ်ယ္ခ်င္တယ္။

Belgium-Football-Team1

Belgium-Football-Team1

ျပင္သစ္ – ဘယ္လ္ဂ်ီယံပဲြနဲ႔ပတ္သက္တဲ့ မွတ္တမ္းမ်ား
-၁၉၈၆ ကမၻာ႔ဖလား တတိယေနရာလုပဲြမွာ ဆုံေတြ႕ခဲ့ၿပီးေနာက္ပုိင္း ဒီႏွစ္သင္းဟာ အဓိက ႏုိင္ငံတကာၿပိဳင္ပဲြတစ္ခုမွာ ပထမဆုံးအႀကိမ္ျပန္ဆုံေတြ႕တာျဖစ္ပါတယ္။
– ဘယ္လ္ဂ်ီယံအသင္းဟာ လက္ရွိအခ်ိန္အထိ (၁၄)ဂုိးသြင္းထားၿပီး ၂၀၀၂ ကမၻာ႔ဖလားမွာ ဘရာဇီးလ္ (၁၅ဂုိး) ေနာက္ပုိင္း ကမၻာ႔ဖလားဆီမီးဖုိင္နယ္အဆင့္ေရာက္ရွိခဲ့တဲ့အသင္းေတြထဲမွာ သြင္းဂုိးအမ်ားဆုံးအျဖစ္ မွတ္တမ္း၀င္ခဲ့တယ္။
– OG အပါအ၀င္ ဘယ္လ္ဂ်ီယံအသင္းအတြက္ မတူညီတဲ့ကစားသမား (၉)ဦးက ဂုိးေတြသြင္းယူခဲ့ၿပီး အီတလီ (၂၀၀၆-၁၀ဦး)၊ ျပင္သစ္ (၁၉၈၂-၁၀ဦး)တို႔ေနာက္ပုိင္း ကမၻာ႔ဖလားၿပိဳင္ပဲြတစ္ခုတည္းမွာ မတူညီတဲ့ကစားသမားေတြ ဂုိးသြင္းမႈအမ်ားဆုံးအသင္းျဖစ္ခဲ့တယ္။
– ျပင္သစ္အသင္းတိုက္စစ္မွဴးဂရစ္ဇ္မန္းဟာ ကမၻာ႔ဖလား၊ ယူ႐ုိၿပိဳင္ပဲြႏွစ္ခုရဲ႕ ႐ႈံးထြက္အဆင့္ေနာက္ဆုံး(၆)ပဲြမွာ (၇)ဂုိးအထိ သြင္းယူခဲ့တယ္။

အေလးေပးမႈ
ျပင္သစ္ႏုိင္ – ၆ ေလး /၄ ေလး
ဘယ္လ္ဂ်ီယံ – ၂၁ ေလး / ၁၀ ေလး

Photo:standard.co.uk,Goli Sports
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

လုဇ်နီကီကွင်းသွားခွင့် လက်မှတ်ရဖို့အတွက် အပြိုင်လုရမယ့် ဘယ်လ်ဂျီယံနဲ့ ပြင်သစ်

၂၀၁၈ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဥရောပထိပ်သီးနှစ်သင်းဖြစ်တဲ့ ဘယ်လ်ဂျီယံနဲ့ပြင်သစ်တို့ ဆုံတွေ့မယ့်ပွဲက အကြိတ်အနယ်ရှိမှာအသေအချာပါပဲ။ ၁၉၉၈ ကမ္ဘာ့ဖလားချန်ပီယံဟောင်း ပြင်သစ်နဲ့ ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးဖို့ ပစ်မှတ်ထားနေတဲ့ ဘယ်လ်ဂျီယံအသင်းတို့ရဲ့ ဆုံတွေ့မှုက ဘယ်လိုရလဒ်ထွက်ပေါ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါ။ ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဆီမီးဖိုင်နယ်အဆင့်ကို (၆)ကြိမ်တက်ရောက်ခဲ့ဖူးပြီး ၁၉၉၈၊ ၂၀၀၆ ခုနှစ်တွေမှာ ဗိုလ်လုပွဲတက်ရောက်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံအသင်းကတော့ ၁၉၈၆ နောက်ပိုင်း ဆီမီးဖိုင်နယ်ကို ဒုတိယအကြိမ် တက်ရောက်ခဲ့တာဖြစ်ပြီး ၁၉၈၆ ကမ္ဘာ့ဖလားတုန်းက အာဂျင်တီးနားကို ရှုံးနိမ့်ခဲ့တာကြောင့် ဗိုလ်လုပွဲတက်ခွင့် ဆုံးရှုံးခဲ့ရတယ်။

ဒဏ်ရာနဲ့ပွဲပယ်ပြဿနာ
ပွဲပယ်ပြစ်ဒဏ်ကြောင့် ဥရုဂွေးကို အနိုင်ရခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲကို လွဲချော်ခဲ့တဲ့ ပြင်သစ်ကွင်းလယ်လူ မာတွီဒီ Matuidi ဟာ ဒီပွဲမှာ ပြန်လည်ပါဝင်လာမှာဖြစ်ပါတယ်။ ပေါင်ဒဏ်ရာရနေတဲ့ နောက်ခံလူ မန်ဒီ Mendy လည်း အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေပြီဖြစ်တာကြောင့် ဒီပွဲမှာ အရန်ကစားသမားအဖြစ် ပါဝင်လာဖို့ များပါတယ်။ ဘယ်လ်ဂျီယံအသင်းမှာတော့ ညာနောက်ခံလူ မူနီယာ Meunier ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်လို့ ဆီမီးဖိုင်နယ်ပွဲကို လွဲချော်မှာပါ။ အဓိက ကစားသမားတွေ ဒဏ်ရာပြဿနာမရှိလို့ လူစုံတက်စုံ ပါဝင်လာဖို့ရှိနေတယ်။

France-National-Team

France-National-Team

သုံးသပ်ချက်
ပြင်သစ်နဲ့ ဘယ်လ်ဂျီယံအသင်းတို့ဟာ စုစုပေါင်း(၇၃)ပွဲဆုံတွေ့ခဲ့ဖူးပြီး ပြင်သစ်က (၂၄)ပွဲနိုင်၊ ဘယ်လ်ဂျီယံက ပွဲ(၃၀)နိုင်၊ (၁၉)ပွဲသရေကျခဲ့တယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ၁၉၃၈၊ ၁၉၈၆ ပြိုင်ပွဲတွေတုန်းက ဆုံတွေ့ခဲ့ဖူးပြီး ပြင်သစ်အသင်းက နှစ်ပွဲစလုံးအနိုင်ယူခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးဆုံတွေ့ခဲ့တဲ့ ခြေစမ်းပွဲ (၃)ပွဲမှာတော့ ဘယ်လ်ဂျီယံအသင်းက အသာရခဲ့ပြီး (၁)ပွဲနိုင်၊ (၂)ပွဲသရေနဲ့ လုံးဝရှုံးပွဲမရှိခဲ့ဘူး။ ဒီနှစ်သင်း ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဖြတ်သန်းလာမှုကို ကြည့်ရင် အုပ်စုတွင်းမှာတော့ နှစ်သင်းစလုံး အခက်အခဲမရှိခဲ့ပါဘူး။ ရှုံးထွက်(၁၆)သင်းအဆင့်မှာ ပြင်သစ်က နာမည်ကြီး အာဂျင်တီးနားကို အသာစီးက ကစားပြီး အနိုင်ယူကျော်ဖြတ်ခဲ့ပေမယ့် ဘယ်လ်ဂျီယံအသင်းဟာ ဂျပန်ကို (၂)ဂိုးအရှုံးနဲ့အသည်းအသန်ကစားပြီးမှ (၃-၂) ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ ကွာတားဖိုင်နယ်အဆင့်မှာတော့ ဘယ်လ်ဂျီယံက ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အောင်မြင်မှုအများဆုံး ဘရာဇီးလ်အသင်းကို (၂-၁)ဂိုးနဲ့ ခြေစွမ်းပြအနိုင်ယူခဲ့သလို ပြင်သစ်အသင်းကလည်း တောင်အမေရိက ထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ ဥရုဂွေးကို (၂)ဂိုးပြတ်အနိုင်ရခဲ့တယ်။ နှစ်သင်းစလုံးမှာ ကမ္ဘာ့အဆင့်ကစားသမားတွေ ပါဝင်နေပြီး ပေါ့ဘာ၊ ဂရစ်ဇ်မန်း၊ ဘာပေ တို့ရဲ့ အစုအဖွဲ့နဲ့ လူကာကူ၊ ဒီဘရိုင်းနား၊ ဟာဇက်တို့ရဲ့အစုအဖွဲ့ခြင်း အားပြိုင်ကြမှာပါ။ ရှေ့၊ လယ်၊ နောက် နေရာတိုင်းမှာ ကွာခြားမှု မရှိတာကြောင့် အနိုင်အရှုံးကို ပြတ်ပြတ်သားသား ခန့်မှန်းဖို့ ခက်ပါတယ်။ ဗိုလ်လုပွဲတက်မယ့်အသင်းဆိုရင်တော့ ဘယ်လ်ဂျီယံကို အရဲစွန့်ရွေးချယ်ချင်တယ်။

Belgium-Football-Team1

Belgium-Football-Team1

ပြင်သစ် – ဘယ်လ်ဂျီယံပွဲနဲ့ပတ်သက်တဲ့ မှတ်တမ်းများ
-၁၉၈၆ ကမ္ဘာ့ဖလား တတိယနေရာလုပွဲမှာ ဆုံတွေ့ခဲ့ပြီးနောက်ပိုင်း ဒီနှစ်သင်းဟာ အဓိက နိုင်ငံတကာပြိုင်ပွဲတစ်ခုမှာ ပထမဆုံးအကြိမ်ပြန်ဆုံတွေ့တာဖြစ်ပါတယ်။
– ဘယ်လ်ဂျီယံအသင်းဟာ လက်ရှိအချိန်အထိ (၁၄)ဂိုးသွင်းထားပြီး ၂၀၀၂ ကမ္ဘာ့ဖလားမှာ ဘရာဇီးလ် (၁၅ဂိုး) နောက်ပိုင်း ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်ရောက်ရှိခဲ့တဲ့အသင်းတွေထဲမှာ သွင်းဂိုးအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။
– OG အပါအဝင် ဘယ်လ်ဂျီယံအသင်းအတွက် မတူညီတဲ့ကစားသမား (၉)ဦးက ဂိုးတွေသွင်းယူခဲ့ပြီး အီတလီ (၂၀၀၆-၁၀ဦး)၊ ပြင်သစ် (၁၉၈၂-၁၀ဦး)တို့နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုတည်းမှာ မတူညီတဲ့ကစားသမားတွေ ဂိုးသွင်းမှုအများဆုံးအသင်းဖြစ်ခဲ့တယ်။
– ပြင်သစ်အသင်းတိုက်စစ်မှူးဂရစ်ဇ်မန်းဟာ ကမ္ဘာ့ဖလား၊ ယူရိုပြိုင်ပွဲနှစ်ခုရဲ့ ရှုံးထွက်အဆင့်နောက်ဆုံး(၆)ပွဲမှာ (၇)ဂိုးအထိ သွင်းယူခဲ့တယ်။

အလေးပေးမှု
ပြင်သစ်နိုင် – ၆ လေး /၄ လေး
ဘယ်လ်ဂျီယံ – ၂၁ လေး / ၁၀ လေး

Photo:standard.co.uk,Goli Sports
Naing Linn(Akhayar)
www.akhayar.com