[Zawgyi]

ဥေရာပထိပ္သီးလိဂ္(၅)ခုမွာ ၀င္ေငြအေကာင္းဆံုးျဖစ္ေနတဲ့ ပရီးမီးယားလိဂ္

နာမည္ေက်ာ္ စီးပြားေရးကုမၸဏီတစ္ခုျဖစ္တဲ့ Deloitte ရဲ႕ထုတ္ျပန္ခ်က္အရ ၿပီးခဲ့တဲ့ ၂၀၁၆-၁၇ ရာသီမွာ ဥေရာပ ထိပ္သီးလိဂ္(၅)ခုရဲ႕ စုစုေပါင္း၀င္ေငြက ေပါင္ ၂၁.၉ ဘီလီယံ (ယူ႐ုိ ၂၅.၅ဘီလီယံ) အထိရွိခဲ့ၿပီး ပရီးမီးယားလိဂ္ၿပိဳင္ပဲြက စံခ်ိန္တင္၀င္ေငြအျဖစ္ ေပါင္(၄.၅)ဘီလီယံရရွိခဲ့တာေၾကာင့္ ဥေရာပထိပ္သီးလိဂ္(၅)ခုမွာ အမ်ားဆုံးျဖစ္ခဲ့တယ္။ အခုေနာက္ပုိင္းႏွစ္ေတြမွာ ဥေရာပထိပ္သီးလိဂ္(၅)ခုမွာ ၀င္ေငြရရွိမႈ အပုိင္းက ျမင့္တက္လာၿပီး ၂၀၁၆-၁၇ ရာသီက ရရွိခဲ့တ့ဲ ၀င္ေငြပမာဏက ၂၀၁၅-၁၆ ရာသီကထက္ ေပါင္(၁၂.၆)ဘီလီယံအထိ ပုိမ်ားခဲ့သလုိ ရာခုိင္ႏႈန္းအရ ၉ ရာခုိင္ႏႈန္းအထိ ျမင့္တက္ခဲ့တာပါ။

Top-Five-League-Revenue

Top-Five-League-Revenue

၂၀၁၆-၁၇ ရာသီမွာ ခ်ယ္လ္ဆီးအသင္း ပရီးမီးယားလိဂ္ခ်န္ပီယံဆုကုိ ဆြတ္ခူးခဲ့ၿပီး ပရီးမီးယားလိဂ္ေဘာလုံးအဖဲြ႕ခ်ဳပ္ဟာ BT နဲ႔ Sky တို႔လုိ နာမည္ေက်ာ္ ႐ုပ္သံဌာနေတြနဲ႔ ခ်ဳပ္ဆုိခဲ့တဲ့ စာခ်ဳပ္ေတြအရ ႐ုပ္သံ၀င္ေငြကလည္း ျမင့္တက္လာတာေၾကာင့္ အဲဒီရာသီမွာ ပရီးမီးယားလိဂ္ကလပ္တိုင္းက ကလပ္စံခ်ိန္တင္ ၀င္ေငြေတြ အသီးသီးရရွိခဲ့ၾကတယ္။ ဒါေၾကာင့္ ပရီးမီးယားလိဂ္ၿပိဳင္ပဲြရဲ႕၀င္ေငြ အနီးစပ္ဆုံးၿပိဳင္ဘက္ျဖစ္တဲ့ လာလီဂါ ထက္ ၈၆ ရာခုိင္ႏႈန္းအထိ ပုိမ်ားခဲ့ၿပီး ဥေရာပထိပ္သီးလိဂ္(၅)ခုမွာ အမ်ားဆုံးအျဖစ္ ရပ္တည္ႏုိင္ခဲ့တာပါ။ Deloitte ကုမၸဏီရဲ႕ အႀကီးအကဲျဖစ္သူ ဒန္ဂ်ံဳးစ္ Dan Jones က “လြန္ခဲ့တဲ့ (၁၀)စုႏွစ္ တစ္ခုေလာက္တုန္းက ပရီးမီးယားလိဂ္ကလပ္ေတြဟာ အ႐ႈံးျပခဲ့ၾကေပမယ့္ ၂၀၁၆-၁၇ ရာသီမွာေတာ့ ကလပ္အသင္းေတြ အားလုံး အျမတ္ေငြရရွိခဲ့ၾကတယ္။ ေနာက္ထပ္ေျပာရရင္ေတာ့ ၂၀၁၆-၁၇ ရာသီက ပရီးမီးယားလိဂ္အသင္းေတြရဲ႕ ၀င္ေငြက လြန္ခဲ့တဲ့ (၁၀)ႏွစ္တာကာလအတြင္း ရရွိခဲ့တ့ဲ ၀င္ေငြစုစုေပါင္းထက္ လ်င္လ်င္ျမန္ျမန္ ျမင့္တက္လာခဲ့တာပါ။

2015-16-Premier-League-Champion-Leicester

2015-16-Premier-League-Champion-Leicester

၂၀၁၅-၁၆ ရာသီက ပရီးမီးယားလိဂ္ဖလား ခ်န္ပီယံရခဲ့တဲ့ လက္စတာအသင္းဟာ (၁)ႏွစ္အၾကာမွာပဲ စုစုေပါင္း ၀င္ေငြက အခြန္မႏႈတ္ခင္ ေပါင္(၉၂)သန္းအထိရွိခဲ့ၿပီး ဒါဟာ စံခ်ိန္တင္ပမာဏလည္းျဖစ္ပါတယ္။ ပရီးမီးယားလိဂ္အျပင္ အဂၤလန္လိဂ္ခ်န္ပီယံရွစ္ၿပိဳင္ပဲြမွာလည္း ၀င္ေငြရရွိမႈက ျမင့္တက္ခဲ့ၿပီး ေပါင္(၇၂၀) သန္းအထိရွိခဲ့သလုိ ၃၀ ရာခုိင္ႏႈန္းအထိ ပိုမုိမ်ားျပားလာခဲ့တာပါ။

REF:BBC,The Guardian
Photo:Mirror,BBC,DNA India
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဥရောပထိပ်သီးလိဂ်(၅)ခုမှာ ဝင်ငွေအကောင်းဆုံးဖြစ်နေတဲ့ ပရီးမီးယားလိဂ်

နာမည်ကျော် စီးပွားရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Deloitte ရဲ့ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၀၁၆-၁၇ ရာသီမှာ ဥရောပ ထိပ်သီးလိဂ်(၅)ခုရဲ့ စုစုပေါင်းဝင်ငွေက ပေါင် ၂၁.၉ ဘီလီယံ (ယူရို ၂၅.၅ဘီလီယံ) အထိရှိခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲက စံချိန်တင်ဝင်ငွေအဖြစ် ပေါင်(၄.၅)ဘီလီယံရရှိခဲ့တာကြောင့် ဥရောပထိပ်သီးလိဂ်(၅)ခုမှာ အများဆုံးဖြစ်ခဲ့တယ်။ အခုနောက်ပိုင်းနှစ်တွေမှာ ဥရောပထိပ်သီးလိဂ်(၅)ခုမှာ ဝင်ငွေရရှိမှု အပိုင်းက မြင့်တက်လာပြီး ၂၀၁၆-၁၇ ရာသီက ရရှိခဲ့တဲ့ ဝင်ငွေပမာဏက ၂၀၁၅-၁၆ ရာသီကထက် ပေါင်(၁၂.၆)ဘီလီယံအထိ ပိုများခဲ့သလို ရာခိုင်နှုန်းအရ ၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တာပါ။

Top-Five-League-Revenue

Top-Five-League-Revenue

၂၀၁၆-၁၇ ရာသီမှာ ချယ်လ်ဆီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပြီး ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်ဟာ BT နဲ့ Sky တို့လို နာမည်ကျော် ရုပ်သံဌာနတွေနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေအရ ရုပ်သံဝင်ငွေကလည်း မြင့်တက်လာတာကြောင့် အဲဒီရာသီမှာ ပရီးမီးယားလိဂ်ကလပ်တိုင်းက ကလပ်စံချိန်တင် ဝင်ငွေတွေ အသီးသီးရရှိခဲ့ကြတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ဝင်ငွေ အနီးစပ်ဆုံးပြိုင်ဘက်ဖြစ်တဲ့ လာလီဂါ ထက် ၈၆ ရာခိုင်နှုန်းအထိ ပိုများခဲ့ပြီး ဥရောပထိပ်သီးလိဂ်(၅)ခုမှာ အများဆုံးအဖြစ် ရပ်တည်နိုင်ခဲ့တာပါ။ Deloitte ကုမ္ပဏီရဲ့ အကြီးအကဲဖြစ်သူ ဒန်ဂျုံးစ် Dan Jones က “လွန်ခဲ့တဲ့ (၁၀)စုနှစ် တစ်ခုလောက်တုန်းက ပရီးမီးယားလိဂ်ကလပ်တွေဟာ အရှုံးပြခဲ့ကြပေမယ့် ၂၀၁၆-၁၇ ရာသီမှာတော့ ကလပ်အသင်းတွေ အားလုံး အမြတ်ငွေရရှိခဲ့ကြတယ်။ နောက်ထပ်ပြောရရင်တော့ ၂၀၁၆-၁၇ ရာသီက ပရီးမီးယားလိဂ်အသင်းတွေရဲ့ ဝင်ငွေက လွန်ခဲ့တဲ့ (၁၀)နှစ်တာကာလအတွင်း ရရှိခဲ့တဲ့ ဝင်ငွေစုစုပေါင်းထက် လျင်လျင်မြန်မြန် မြင့်တက်လာခဲ့တာပါ။

2015-16-Premier-League-Champion-Leicester

2015-16-Premier-League-Champion-Leicester

၂၀၁၅-၁၆ ရာသီက ပရီးမီးယားလိဂ်ဖလား ချန်ပီယံရခဲ့တဲ့ လက်စတာအသင်းဟာ (၁)နှစ်အကြာမှာပဲ စုစုပေါင်း ဝင်ငွေက အခွန်မနှုတ်ခင် ပေါင်(၉၂)သန်းအထိရှိခဲ့ပြီး ဒါဟာ စံချိန်တင်ပမာဏလည်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အပြင် အင်္ဂလန်လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲမှာလည်း ဝင်ငွေရရှိမှုက မြင့်တက်ခဲ့ပြီး ပေါင်(၇၂၀) သန်းအထိရှိခဲ့သလို ၃၀ ရာခိုင်နှုန်းအထိ ပိုမိုများပြားလာခဲ့တာပါ။

REF:BBC,The Guardian
Photo:Mirror,BBC,DNA India
Naing Linn(Akhayar)
www.akhayar.com