[Zawgyi]
Liverpool 2 – 0 Fulham
Chelsea 0 – 0 Everton
Real-Madrid
Real-Madrid
Getafe 0 – 1 Valencia
Girona 0 – 0 Leganés
Sevilla 2 – 1 Espanyol
AC-Milan-0-2-Juventus
AC-Milan-0-2-Juventus
Torino 1 – 2 Parma
SPAL 2 – 2 Cagliari
Genoa 1 – 2 Napoli
Chievo 2 – 2 Bologna
Empoli 2 – 1 Udinese
Roma 4 – 1 Sampdoria
Sassuolo 1 – 1 Lazio
Milan 0 – 2 Juventus
Dortmund
Dortmund
Freiburg 1 – 3 Mainz 05
Nürnberg 0 – 2 Stuttgart
PSG
PSG
Lille 0 – 0 Strasbourg
Nîmes 0 – 1 Nice
Saint-Étienne 2 – 0 Reims
Toulouse 0 – 1 Amiens SC
Bordeaux 0 – 0 Caen
Rennes 1 – 1 Nantes
Monaco 0 – 4 PSG
Ko Kyue(Akhayar)
www.akhayar.com
[Unicode]
ဥရောပထိပ်တန်းလိဂ်ပွဲစဉ်တွေကို သုံးသပ်ချဉ်းကပ်ကြည့်ခြင်း (၈)
ဒီတစ်ပတ်ရဲ့ ဥရောပထိပ်တန်းလိဂ်ပွဲစဉ်တွေဟာ ပွဲကောင်းတွေဖြစ်ခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ ရင်ခုန်စရာတွေခံစားခဲ့ကြရပါတယ်။
Manchester-City-Beats-Manchester-United
Manchester-City-Beats-Manchester-United
ဒီတစ်ပတ်ရဲ့ ပရီးမီးယားလိဂ်မှာတော့ အသင်းကြီးတွေဖြစ်ကြတဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ဟာ နိုင်ပွဲပျောက်ဆုံးခဲ့ကြပါတယ်။ မန်ချက်စတာဒါဘီပွဲစဉ်မှာတော့ မန်စီးတီးအသင်းဟာ ခြေအသာ ၊ ဂိုးအသာနဲ့ ထိုက်တန်တဲ့နိုင်ပွဲကိုရရှိခဲ့ပါတယ်။ ပေါ့ဘာ Pogba မပါဝင်တဲ့ မန်ယူအသင်းကွင်းလယ်ကတော့ လိုအပ်ချက်တွေများခဲ့ပြီး မန်ယူအသင်းဘက်မှာ ဖယ်လိုင်နီ Fellaini ဟာ လိုတဲ့နေရာတွေကို လိုက်ဖြည့်ကစားနိုင်ခဲ့လို့သာ အခုထက်ဂိုးပိုမပြတ်ခဲ့တာပါ။ မန်ယူအသင်းရဲ့ လက်ရှိအနေအထားတွေအရ ဒီရာသီမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်ကိုသာ မှန်းရမယ့် အခြေအနေဖြစ်သွားခဲ့ပါပြီ။ ဒီတစ်ပတ်မှာလည်း မန်စီးတီး ၊ လီဗာပူးလ် ၊ ချယ်လ်ဆီးအသင်းတွေဟာ ရှုံးပွဲမတွေ့ခဲ့ကြတာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်(၁၂)ပွဲအပြီးမှာ အသင်း(၃)သင်း ရှုံးပွဲမရှိတာဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်လည်းဖြစ်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ်(၁၂)ရလဒ်များ
Cardiff City 2 – 1 Brighton
Huddersfield Town 1 – 1 West Ham United
Leicester City 0 – 0 Burnley
Newcastle United 2 – 1 AFC Bournemouth
Southampton 1 – 1 Watford
Crystal Palace 0 – 1 Tottenham Hotspur
Liverpool 2 – 0 Fulham
Chelsea 0 – 0 Everton
Arsenal 1 – 1 Wolverhampton
Manchester City 3 – 1 Manchester United
Real-Madrid
Real-Madrid
လာလီဂါမှာတော့ ဘာစီလိုနာအသင်းဟာ မထင်မှတ်ပဲ ရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရပါတယ်။ ဒီပွဲမှာလည်း ဘာစီလိုနာအသင်းကို အဓိကဒုက္ခပေးသွားတာက ခံစစ်ပိုင်းဖြစ်ပြီး ဒီရာသီပွဲတော်တောာ်များများမှာ ဘာစီလိုနာအသင်းရဲ့ ခံစစ်ပိုင်းဟာ အားနည်းချက်တွေရှိနေခဲ့တာပါ။ အသင်းအနေနဲ့ ဒါကို အမြန်ဆုံးပြင်ဆင်ဖို့လိုပြီး မဟုတ်ရင်တော့ အခုလိုအခြေအနေမျိုးတွေနဲ့ ထပ်ကြုံရနိုင်ပါတယ်။ ရီးယဲလ်အသင်းဟာတော့ နည်းပြဆိုလာရီ Solari လက်ထက် (၄)ပွဲဆက်အနိုင်ကို ရရှိခဲ့ပြီး လမ်းကြောင်းမှန်ပေါ်ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ဆိုလာရီလက်ထက်မှာ ရီးယဲလ်အသင်းဟာ ခြေစွမ်းပိုင်းအပြင် စိတ်ဓာတ်ပိုင်းပါတိုးတက်လာခဲ့ကိုတွေ့ရပါတယ်။ ဒီရာသီ လာလီဂါပွဲစဉ်တွေဟာ မထင်မှတ်တာတွေ ဖြစ်လေ့ရှိပြီး အရင်ကထက် ပြိုင်ဆိုင်မှုပြင်းထန်လာခဲ့သလို ချန်ပီယံဆုအတွက်လည်း စိတ်ဝင်စားစရာ အကောင်းဆုံးအခြေအနေမှာ ရှိနေခဲ့ပါတယ်။
လာလီဂါပွဲစဉ်(၁၂)ရလဒ်များ
Levante 1 – 3 Real Sociedad
Real Valladolid 0 – 0 Eibar
Getafe 0 – 1 Valencia
Atlético Madrid 3 – 2 Athletic Club
Girona 0 – 0 Leganés
Deportivo Alavés 2 – 1 Huesca
Barcelona 3 – 4 Real Betis
Rayo Vallecano 2 – 2 Villarreal
Sevilla 2 – 1 Espanyol
Celta de Vigo 2 – 4 Real Madrid
AC-Milan-0-2-Juventus
AC-Milan-0-2-Juventus
ဒီတစ်ပတ်ရဲ့ စီးရီးအေမှာတော့ အေစီမီလန် ( ၀ – ၂ ) ဂျူဗင်တပ်စ်ပွဲစဉ်ဟာ အကောင်းဆုံးပွဲစဉ်ဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာတော့ ဟီဂွါအင် Higuaín အကြောင်းကိုပဲ အဓိကပြောရမှာပါ။ ဟီဂွါအင် ဟာ ဂျူဗင်တပ်စ်အသင်းအပေါ် စိတ်နာစရာတွေရှိနေတာကြောင့် ဒီပွဲမှာ တစ်ခုခုလုပ်ပြချင်စိတ်များနေပြီး ဒီစိတ်ကပဲ သူ့အပေါ်ဖိအားဖြစ်စေခဲ့ပါတယ်။ ဒီစိတ်ကြောင့်ပဲ ဟီဂွါအင် ဟာ ပယ်နယ်တီလွဲချော်ခဲ့သလို အနီကတ်လည်းထိခဲ့တာကြောင့် အသင်းဟောင်းနဲ့ ပြန်တွေ့ခဲ့တဲ့ပွဲဟာ သူ့အတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။
စီးရီးအေပွဲစဉ်(၁၂)ရလဒ်များ
Frosinone 1 – 1 Fiorentina
Torino 1 – 2 Parma
SPAL 2 – 2 Cagliari
Genoa 1 – 2 Napoli
Atalanta 4 – 1 Internazionale
Chievo 2 – 2 Bologna
Empoli 2 – 1 Udinese
Roma 4 – 1 Sampdoria
Sassuolo 1 – 1 Lazio
Milan 0 – 2 Juventus
Dortmund
Dortmund
ဒီတစ်ပတ်ရဲ့ ဘွန်ဒစ်လီဂါမှာတော့ ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ်ပွဲစဉ်ဟာ ရင်ခုန်စရာဖြစ်ခဲ့ပါတယ်။ အပြန်အလှန်သွင်းဂိုးတွေနဲ့ ပွဲဟာ စိတ်လှုပ်ရှားဖို့ကောင်းခဲ့ပြီး နောက်ဆုံးမှာတော့ အနိုင်ရလဒ်ဟာ ဒီရာသီမှာ ပုံစံကောင်းပြနေတဲ့ ဒေါ့မွန်အသင်းအတွက်ပဲဖြစ်ခဲ့ပါတယ်။ ဒီရှုံးပွဲကြောင့် ဘိုင်ယန်မြူးနစ်နည်းပြ ကိုဗက် Kovač ဟာ ဖိအားထပ်တိုးသွားတယ်လို့ပဲ ပြောရပါလိမ့်မယ်။
ဘွန်ဒစ်လီဂါပွဲစဉ်(၁၁)ရလဒ်များ
Hannover 96 2 – 1 Wolfsburg
Hoffenheim 2 – 1 Augsburg
Werder Bremen 1 – 3 Monchengladbach
Freiburg 1 – 3 Mainz 05
Fortuna Düsseldorf 4 – 1 Hertha BSC
Nürnberg 0 – 2 Stuttgart
Borussia Dortmund 3 – 2 Bayern München
RB Leipzig 3 – 0 Bayer Leverkusen
Frankfurt 3 – 0 Schalke 04
PSG
PSG
လီဂူးမှာတော့ PSG အသင်းဟာ မိုနာကိုအသင်းကို အဝေးကွင်းမှာ ( ၀ – ၄ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ PSG အသင်းအတွက်တော့ ပုံမှန်အနေအထားပဲဖြစ်ပေမယ့် မိုနာကိူအသင်းအတွက် အခြေအနေတွေဆိုးပြီးရင်း ဆိုးနေတဲ့ အခြေအနေကိုရောက်ခဲ့ရပါတယ်။ ဒီရှုံးပွဲကြောင့် အွန်နရီ Henry ရဲ့ နည်းပြဘ၀ အနာဂတ်ဟာလည်း စောင့်ကြည့်ချင်စရာဖြစ်လာခဲ့ပါပြီ။
ပြင်သစ်လီဂူးပွဲစဉ်(၁၃)ရလဒ်များ
Lille 0 – 0 Strasbourg
Guingamp 2 – 4 Olympique Lyonnais
Angers SCO 1 – 0 Montpellier
Nîmes 0 – 1 Nice
Saint-Étienne 2 – 0 Reims
Toulouse 0 – 1 Amiens SC
Bordeaux 0 – 0 Caen
Olympique Marseille 2 – 0 Dijon
Rennes 1 – 1 Nantes
Monaco 0 – 4 PSG
Photo: Big World News , Boston Herald , Reuters India , Reuters UK
Ko Kyue(Akhayar)
www.akhayar.com