[Zawgyi]

ဥေရာပထိပ္တန္းလိဂ္ပြဲစဥ္ေတြကို သံုးသပ္ခ်ဥ္းကပ္ၾကည္႔ျခင္း (၆)

ဒီတစ္ပတ္ရဲ႕ ဥေရာပထိပ္တန္းလိဂ္ပြဲစဥ္ေတြမွာေတာ႔ ႏိုင္သင္႔ႏိုင္ထိုက္တဲ႔ အသင္းေတြအားလံုးႏိုင္ပြဲရရိွခဲ႔ၾကပါတယ္။ ဘာစီလိုနာနဲ႔ ရီးယဲလ္တို႔ရဲ႕ El Clásico ပြဲစဥ္မွာေတာ႔ ဘာစီလိုနာအသင္းဟာ ဂိုးျပတ္အႏိုင္ရရိွခဲ႔ပါတယ္။

Pogba

Pogba

ဒီတစ္ပတ္ရဲ႕ ပရီးမီးယားလိဂ္ပြဲေတြမွာေတာ႔ ေျပာစရာသိပ္မရိွပါဘူး။ အာဆင္နယ္အသင္းရဲ႕ ႏိုင္ပြဲဆက္စံခ်ိန္ရပ္တန္႔ခဲ႔တာ ၊ ဟာဇက္ Hazard မပါလည္း ခ်ယ္လ္ဆီးဂိုးျပတ္အႏိုင္ရခဲ႔တာတို႔ေလာက္ပဲရိွခဲ႔ပါတယ္။ ဖိအားေတြမ်ားေနတဲ႔ မန္ယူအသင္းဟာလည္း ႏိုင္ပြဲျပန္ရွာႏိုင္ျပီး ဒီပြဲမွာေတာ႔ ေပါ႔ဘာ Pogba ရဲ႕ပယ္နယ္တီကန္သြင္းပံုကေျပာစရာတစ္ခုျဖစ္ခဲ႔ပါတယ္။ ေပါ႔ဘာ ပယ္နယ္တီမကန္ခင္မွာ ဟန္ေရးျပတဲ႔ပံုကေတာ္ေတာ္ကိုၾကာေနျပီး ဒါကိုလည္း ပရိသတ္ေတြအျပင္ ကစားသမားေဟာင္းေတြကပါ ေ၀ဖန္ေနၾကပါတယ္။ ေပါ႔ဘာရဲ႕ ပယ္နယ္တီကန္တဲ႔ ပံုစံေၾကာင္႔ ျပိဳင္ဘက္ဂိုးသမားဟာ ေဘာလံုးလမ္းေၾကာင္းတြက္ဆရပိုလြယ္ေနတာကိုု အားလံုးအသိပါပဲ။ လက္ရိွမွာေတာ႔ ေပါ႔ဘာဟာ သူ႔ရဲ႕ပယ္နယ္တီကန္သြင္းပံုကို ေျပာင္းလဲေတာ႔မယ္လို႔ ေျပာထားတာေၾကာင္႔ အဆိုးထဲကအေကာင္းလို႔ပဲေျပာရပါလိမ္႔မယ္။

ပရီးမီးယားလိဂ္ပြဲစဥ္(၁၀)ရလဒ္မ်ား

Brighton 1 – 0 Wolverhampton
Fulham 0 – 3 AFC Bournemouth
Liverpool 4 – 1 Cardiff City
Southampton 0 – 0 Newcastle United
Watford 3 – 0 Huddersfield Town
Leicester City 1 – 1 West Ham United
Burnley 0 – 4 Chelsea
Crystal Palace 2 – 2 Arsenal
Manchester United 2 – 1 Everton

Suárez

Suárez

လာလီဂါမွာေတာ႔ နာမည္ေက်ာ္ El Clásico ပြဲစဥ္ဟာ ပရိသတ္ေတြအၾကိဳက္ျဖစ္ခဲ႔ျပီး သြင္းဂိုးေတြမ်ားမ်ားျမင္ေတြ႕ခဲ႔ရပါတယ္။ ဒီပြဲမွာ ဘာစီလိုနာေကာင္းထက္တာ ရီးယဲလ္အသင္းက ပိုညံ႕ေနတယ္လို႔ပဲ ေျပာရမွာပါ။ ရီးယဲလ္အသင္းရဲ႕ ကြင္းလယ္နဲ႔ ခံစစ္ကစားပံုဟာ ဆိုးရြားေနဆဲျဖစ္ျပီး တိုက္စစ္မွဴး ဘန္ဇီမာ Benzema ရဲ႕ အဆံုးသတ္စြမ္းရည္ဟာလည္း စိတ္ပ်က္စရာျဖစ္ခဲ႔ရတယ္။ ဆြာရက္ဇ္ Suárez ကေတာ႔ ရရိွခဲ႔တဲ႔ အခြင္႔အေရးေတြကို အေကာင္းဆံုးအသံုးခ်ႏိုင္ခဲ႔ျပီး ဒီပြဲရဲ႕သူရဲေကာင္းျဖစ္ခဲ႔ပါတယ္။ ဘာစီလိုနာအသင္းဟာ သူတို႔နဲ႔ထိုက္တန္တဲ႔ ရလဒ္ကိုရခဲ႔တာျဖစ္သလို ရီးယဲလ္အသင္းဟာလည္း သူတို႔နဲ႔ထိုက္တန္တဲ႔ ရလဒ္ကိုရရိွခဲ႔တာျဖစ္ပါတယ္။ နည္းျပ လိုပယ္တက္ဂီ Lopetegui ရဲ႕ လက္ရိွအေနအထားဟာလည္း ဘယ္အခ်ိန္မွာ ဘာျဖစ္မလဲဆိုတာကိုေစာင္႔ၾကည္႔ေနၾကရျပီပဲျဖစ္ပါတယ္။ လက္ရိွ လာလီဂါမွာ မျဖစ္မေနခ်ီးက်ဴးရမယ္႔ အသင္းကေတာ႔ အလာဗတ္စ္အသင္းပဲျဖစ္ပါတယ္။အလာဗတ္စ္အသင္းဟာ ဒီတစ္ပတ္မွာလည္း ဗီလာရီးယဲလ္ကို အႏိုင္ရရိွခဲ႔ျပီး အမွတ္ေပးဇယားရဲ႕ ဒုတိယေနရာမွာရပ္တည္ေနပါတယ္။

လာလီဂါပြဲစဥ္(၁၀)ရလဒ္မ်ား

Real Valladolid 1 – 1 Espanyol
Girona 2 – 1 Rayo Vallecano
Athletic Club 0 – 0 Valencia
Celta de Vigo 4 – 0 Eibar
Levante 2 – 0 Leganés
Atlético Madrid 2 – 0 Real Sociedad
Getafe 2 – 0 Real Betis
Barcelona 5 – 1 Real Madrid
Deportivo Alavés 2 – 1 Villarreal
Sevilla 2 – 1 Huesca

Cristiano Ronaldo

Cristiano Ronaldo

စီးရီးေအမွာေတာ႔ စီေရာ္နယ္လ္ဒို Cristiano Ronaldo ရဲ႕ အေၾကာင္းကိုပဲေျပာရမွာပါ။ အမ္ပိုလီကို အႏိုင္ရခဲ႔တဲ႔ပြဲမွာ သူရဲ႕ဒုတိယသြင္းဂိုးဟာ အဆင္႔အတန္းျမင္႔မားခဲ႔ျပီး ပြဲအေျဖကို အခ်ိန္မေရြးေျပာင္းလဲႏိုင္တဲ႔ ကစားသမားဆိုတာကို ထပ္ျပီးသက္ေသျပခဲ႔ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ လက္ရိွမွာ ဂ်ဴဗင္တပ္စ္အသင္းအတြက္ ျပိဳင္ပြဲစံု(၁၂)ပြဲကစားထားျပီး (၇)ဂိုးသြင္းယူထားသလို သူ႔ရဲ႕သြင္းဂိုးေတြကိုလည္း ဒီထက္ပိုျပီးျမင္ေတြ႕ရဖို႔ရိွေနပါတယ္။

စီးရီးေအပြဲစဥ္(၁၀)ရလဒ္မ်ား

Atalanta 3 – 0 Parma
Empoli 1 – 2 Juventus
Torino 1 – 1 Fiorentina
Sassuolo 2 – 2 Bologna
Cagliari 2 – 1 Chievo
Genoa 2 – 2 Udinese
SPAL 0 – 3 Frosinone
Milan 3 – 2 Sampdoria
Napoli 1 – 1 Roma

Bayern-Munich

Bayern-Munich

ဘြန္ဒစ္လီဂါမွာေတာ႔ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ျပန္လည္တည္ျငိမ္လာခဲ႔ျပီး ေနာက္ဆံုး(၂)ပြဲဆက္အႏိုင္နဲ႔အတူ အမွတ္ေပးဇယား ဒုတိယေနရာကိုေရာက္ရိွလာခဲ႔ပါျပီ။ လီဂူးမွာေတာ႔ PSG အသင္းဟာ လုပ္သမွ်ျဖစ္ေနျပီး ဒီတစ္ပတ္မွာလည္း(၁၁)ပြဲဆက္ ႏိုင္ပြဲကိုရရိွခဲ႔ပါတယ္။

ဘြန္ဒစ္လီဂါပြဲစဥ္(၉)ရလဒ္မ်ာ

Freiburg 3 – 1 Monchengladbach
Borussia Dortmund 2 – 2 Hertha BSC
Hannover 96 1 – 2 Augsburg
Mainz 05 1 – 2 Bayern München
Fortuna Düsseldorf 0 – 3 Wolfsburg
Hoffenheim 4 – 0 Stuttgart
Nürnberg 1 – 1Frankfurt
RB Leipzig 0 – 0 Schalke 04
Werder Bremen 2 – 6 Bayer Leverkusen

ျပင္သစ္လီဂူးပြဲစဥ္(၁၁)ရလဒ္မ်ာ

Nîmes 1 – 1 Saint-Étienne
Angers SCO 1 – 2 Olympique Lyonnais
Amiens SC 1 – 2 Nantes
Guingamp 1 – 1 Strasbourg
Lille 1 – 0 Caen
Monaco 2 – 2 Dijon
Toulouse 0 – 3 Montpellier
Rennes 0 – 2 Reims
Bordeaux 0 – 1 Nice
Olympique Marseille 0 – 2 PSG

Photo: Juventus Twitter , Barcelona Twitter , FC Bayern , Evening Standard
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဥရောပထိပ်တန်းလိဂ်ပွဲစဉ်တွေကို သုံးသပ်ချဉ်းကပ်ကြည့်ခြင်း (၆)

ဒီတစ်ပတ်ရဲ့ ဥရောပထိပ်တန်းလိဂ်ပွဲစဉ်တွေမှာတော့ နိုင်သင့်နိုင်ထိုက်တဲ့ အသင်းတွေအားလုံးနိုင်ပွဲရရှိခဲ့ကြပါတယ်။ ဘာစီလိုနာနဲ့ ရီးယဲလ်တို့ရဲ့ El Clásico ပွဲစဉ်မှာတော့ ဘာစီလိုနာအသင်းဟာ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

Pogba

Pogba

ဒီတစ်ပတ်ရဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာတော့ ပြောစရာသိပ်မရှိပါဘူး။ အာဆင်နယ်အသင်းရဲ့ နိုင်ပွဲဆက်စံချိန်ရပ်တန့်ခဲ့တာ ၊ ဟာဇက် Hazard မပါလည်း ချယ်လ်ဆီးဂိုးပြတ်အနိုင်ရခဲ့တာတို့လောက်ပဲရှိခဲ့ပါတယ်။ ဖိအားတွေများနေတဲ့ မန်ယူအသင်းဟာလည်း နိုင်ပွဲပြန်ရှာနိုင်ပြီး ဒီပွဲမှာတော့ ပေါ့ဘာ Pogba ရဲ့ပယ်နယ်တီကန်သွင်းပုံကပြောစရာတစ်ခုဖြစ်ခဲ့ပါတယ်။ ပေါ့ဘာ ပယ်နယ်တီမကန်ခင်မှာ ဟန်ရေးပြတဲ့ပုံကတော်တော်ကိုကြာနေပြီး ဒါကိုလည်း ပရိသတ်တွေအပြင် ကစားသမားဟောင်းတွေကပါ ဝေဖန်နေကြပါတယ်။ ပေါ့ဘာရဲ့ ပယ်နယ်တီကန်တဲ့ ပုံစံကြောင့် ပြိုင်ဘက်ဂိုးသမားဟာ ဘောလုံးလမ်းကြောင်းတွက်ဆရပိုလွယ်နေတာကို အားလုံးအသိပါပဲ။ လက်ရှိမှာတော့ ပေါ့ဘာဟာ သူ့ရဲ့ပယ်နယ်တီကန်သွင်းပုံကို ပြောင်းလဲတော့မယ်လို့ ပြောထားတာကြောင့် အဆိုးထဲကအကောင်းလို့ပဲပြောရပါလိမ့်မယ်။

ပရီးမီးယားလိဂ်ပွဲစဉ်(၁၀)ရလဒ်များ

Brighton 1 – 0 Wolverhampton
Fulham 0 – 3 AFC Bournemouth
Liverpool 4 – 1 Cardiff City
Southampton 0 – 0 Newcastle United
Watford 3 – 0 Huddersfield Town
Leicester City 1 – 1 West Ham United
Burnley 0 – 4 Chelsea
Crystal Palace 2 – 2 Arsenal
Manchester United 2 – 1 Everton

Suárez

Suárez

လာလီဂါမှာတော့ နာမည်ကျော် El Clásico ပွဲစဉ်ဟာ ပရိသတ်တွေအကြိုက်ဖြစ်ခဲ့ပြီး သွင်းဂိုးတွေများများမြင်တွေ့ခဲ့ရပါတယ်။ ဒီပွဲမှာ ဘာစီလိုနာကောင်းထက်တာ ရီးယဲလ်အသင်းက ပိုညံ့နေတယ်လို့ပဲ ပြောရမှာပါ။ ရီးယဲလ်အသင်းရဲ့ ကွင်းလယ်နဲ့ ခံစစ်ကစားပုံဟာ ဆိုးရွားနေဆဲဖြစ်ပြီး တိုက်စစ်မှူး ဘန်ဇီမာ Benzema ရဲ့ အဆုံးသတ်စွမ်းရည်ဟာလည်း စိတ်ပျက်စရာဖြစ်ခဲ့ရတယ်။ ဆွာရက်ဇ် Suárez ကတော့ ရရှိခဲ့တဲ့ အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချနိုင်ခဲ့ပြီး ဒီပွဲရဲ့သူရဲကောင်းဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ သူတို့နဲ့ထိုက်တန်တဲ့ ရလဒ်ကိုရခဲ့တာဖြစ်သလို ရီးယဲလ်အသင်းဟာလည်း သူတို့နဲ့ထိုက်တန်တဲ့ ရလဒ်ကိုရရှိခဲ့တာဖြစ်ပါတယ်။ နည်းပြ လိုပယ်တက်ဂီ Lopetegui ရဲ့ လက်ရှိအနေအထားဟာလည်း ဘယ်အချိန်မှာ ဘာဖြစ်မလဲဆိုတာကိုစောင့်ကြည့်နေကြရပြီပဲဖြစ်ပါတယ်။ လက်ရှိ လာလီဂါမှာ မဖြစ်မနေချီးကျူးရမယ့် အသင်းကတော့ အလာဗတ်စ်အသင်းပဲဖြစ်ပါတယ်။အလာဗတ်စ်အသင်းဟာ ဒီတစ်ပတ်မှာလည်း ဗီလာရီးယဲလ်ကို အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာရပ်တည်နေပါတယ်။

လာလီဂါပွဲစဉ်(၁၀)ရလဒ်များ

Real Valladolid 1 – 1 Espanyol
Girona 2 – 1 Rayo Vallecano
Athletic Club 0 – 0 Valencia
Celta de Vigo 4 – 0 Eibar
Levante 2 – 0 Leganés
Atlético Madrid 2 – 0 Real Sociedad
Getafe 2 – 0 Real Betis
Barcelona 5 – 1 Real Madrid
Deportivo Alavés 2 – 1 Villarreal
Sevilla 2 – 1 Huesca

Cristiano Ronaldo

Cristiano Ronaldo

စီးရီးအေမှာတော့ စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့ အကြောင်းကိုပဲပြောရမှာပါ။ အမ်ပိုလီကို အနိုင်ရခဲ့တဲ့ပွဲမှာ သူရဲ့ဒုတိယသွင်းဂိုးဟာ အဆင့်အတန်းမြင့်မားခဲ့ပြီး ပွဲအဖြေကို အချိန်မရွေးပြောင်းလဲနိုင်တဲ့ ကစားသမားဆိုတာကို ထပ်ပြီးသက်သေပြခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ လက်ရှိမှာ ဂျူဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံ(၁၂)ပွဲကစားထားပြီး (၇)ဂိုးသွင်းယူထားသလို သူ့ရဲ့သွင်းဂိုးတွေကိုလည်း ဒီထက်ပိုပြီးမြင်တွေ့ရဖို့ရှိနေပါတယ်။

စီးရီးအေပွဲစဉ်(၁၀)ရလဒ်များ

Atalanta 3 – 0 Parma
Empoli 1 – 2 Juventus
Torino 1 – 1 Fiorentina
Sassuolo 2 – 2 Bologna
Cagliari 2 – 1 Chievo
Genoa 2 – 2 Udinese
SPAL 0 – 3 Frosinone
Milan 3 – 2 Sampdoria
Napoli 1 – 1 Roma

Bayern-Munich

Bayern-Munich

ဘွန်ဒစ်လီဂါမှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ပြန်လည်တည်ငြိမ်လာခဲ့ပြီး နောက်ဆုံး(၂)ပွဲဆက်အနိုင်နဲ့အတူ အမှတ်ပေးဇယား ဒုတိယနေရာကိုရောက်ရှိလာခဲ့ပါပြီ။ လီဂူးမှာတော့ PSG အသင်းဟာ လုပ်သမျှဖြစ်နေပြီး ဒီတစ်ပတ်မှာလည်း(၁၁)ပွဲဆက် နိုင်ပွဲကိုရရှိခဲ့ပါတယ်။

ဘွန်ဒစ်လီဂါပွဲစဉ်(၉)ရလဒ်မျာ

Freiburg 3 – 1 Monchengladbach
Borussia Dortmund 2 – 2 Hertha BSC
Hannover 96 1 – 2 Augsburg
Mainz 05 1 – 2 Bayern München
Fortuna Düsseldorf 0 – 3 Wolfsburg
Hoffenheim 4 – 0 Stuttgart
Nürnberg 1 – 1Frankfurt
RB Leipzig 0 – 0 Schalke 04
Werder Bremen 2 – 6 Bayer Leverkusen

ပြင်သစ်လီဂူးပွဲစဉ်(၁၁)ရလဒ်မျာ

Nîmes 1 – 1 Saint-Étienne
Angers SCO 1 – 2 Olympique Lyonnais
Amiens SC 1 – 2 Nantes
Guingamp 1 – 1 Strasbourg
Lille 1 – 0 Caen
Monaco 2 – 2 Dijon
Toulouse 0 – 3 Montpellier
Rennes 0 – 2 Reims
Bordeaux 0 – 1 Nice
Olympique Marseille 0 – 2 PSG

Photo: Juventus Twitter , Barcelona Twitter , FC Bayern , Evening Standard
Ko Kyue(Akhayar)
www.akhayar.com