[Zawgyi]

ဥေရာပထိပ္တန္းလိဂ္ပြဲစဥ္ေတြကို သံုးသပ္ခ်ဥ္းကပ္ၾကည္႔ျခင္း (၅)

ဒီတစ္ပတ္ရဲ႕ ၾကားရက္ထဲမွာ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြကစားမွာျဖစ္တာေၾကာင္႔ ျပီးခဲ႔တဲ႔ စေနေန႔မွာ အသင္းၾကီးေတြရဲ႕ ပြဲစဥ္ေတြဟာ ဆက္တိုက္ဆိုသလိုျဖစ္ခဲ႔ပါတယ္။ အခုကစားျပီးခဲ႔တဲ႔ ဥေရာပထိပ္တန္းလိဂ္(၅)ခုရဲ႕ ပြဲစဥ္ေတြဟာ ပရိသတ္ေတြကို မတူညီတဲ႔ ခံစားမႈေတြ ေပးစြမ္းႏိုင္ခဲ႔ပါတယ္။

Chelsea-2-2-ManU

Chelsea-2-2-ManU

ပရီးမီးယားလိဂ္မွာေတာ႔ မန္စီးတီး ၊ စပါးနဲ႔ လီဗာပူးလ္အသင္းေတြဟာ ႏိုင္ပြဲေတြရရိွခဲ႔ျပီး ဆာလာ Salah ဂိုးေပါက္ျပန္ေတြ႕ခဲ႔တာကလည္း စိတ္ေက်နပ္စရာပါ။ ခ်ယ္လ္ဆီး – မန္ယူပြဲကေတာ႔ ၾကည္႔ရတာနဲ႔ တန္တဲ႔ပြဲလို႔ေျပာခ်င္ပါတယ္။ ပထမပိုင္းမွာေတာ႔ ခ်ယ္လ္ဆီးဟာ ပိုေကာင္းတဲ႔အသင္းျဖစ္ခဲ႔ျပီး ဒုတိယပိုင္းမွာေတာ႔ မန္ယူအသင္းကပိုေကာင္းတဲ႔ အသင္းျဖစ္ခဲ႔ပါတယ္။ ပြဲရဲ႕ေနာက္ဆံုးမိနစ္မွာ မန္ယူအသင္းဘက္ကို သြင္းယူခဲ႔တဲ႔ ဘာကေလ Barkley ရဲ႕ဂိုးဟာ ဒီပြဲရဲ႕ အရိွန္ကိုျမွင္႔လိုက္သလိုျဖစ္ခဲ႔ျပီး ခ်ယ္လ္ဆီးအသင္းရဲ႕ လက္ေထာက္နည္းျပ မာကုိအီယန္နီ Marco Ianni နဲ႔ မန္ယူနည္းျပေမာ္ရင္ဟို တို႔ရုန္းရင္ဆန္ခတ္ျဖစ္ခဲ႔သလို ကြင္းထဲက ကစားသမားေတြဟာလည္း အခ်င္းမ်ားခဲ႔ၾကပါတယ္။ ေမာ္ရင္ဟိုဟာ သူ႔ကို ႐ိုင္းစိုင္းစြာ ေလွာင္ေျပာင္ခဲ႔တဲ႔ ခ်ယ္လ္ဆီး ပရိသတ္ေတြကို လက္သံုးေခ်ာင္းေထာင္ျပီး ပညာသားပါပါ တုံျပန္ခဲ႔တဲ႔ သူ႕ရဲ႕ပံုစံကလည္း ဒီပြဲရဲ႕ အေကာင္းဆံုး အဆံုးသတ္တစ္ခုျဖစ္ခဲ႔ပါတယ္။

Mourinho

Mourinho

ရီးမီးယားလိဂ္ပြဲစဥ္(၉)ရလဒ္မ်ား

Chelsea 2 – 2 Manchester United
AFC Bournemouth 0 – 0 Southampton
Cardiff City 4 – 2 Fulham
Manchester City 5 – 0 Burnley
Newcastle United 0 – 1 Brighton
West Ham United 0 – 1 Tottenham Hotspur
Wolverhampton 0 – 2 Watford
Huddersfield Town 0 – 1 Liverpool
Everton 2 – 0 Crystal Palace

Real Madrid

Real Madrid

လာလီဂါမွာေတာ႔ ရီးယဲလ္ဟာ ႐ံႈးေကာင္းဆဲျဖစ္ေနျပီး ဘာစီလိုနာအသင္းကေတာ႔ သူ႔တို႔ရဲ႕ အဆင္႔အတန္းကို ျပန္လည္ျပသခဲ႔ပါတယ္။ ရီးယဲလ္အသင္းရဲ႕ လက္ရိွအေျခအေနဆိုးေတြမွာ ေျခစြမ္းအျပင္ ကံတရားကိုလည္း အျပစ္တင္ရပါလိမ္႔မယ္။ ဘာပဲေျပာေျပာနည္းျပလိုပယ္တက္ဂီ Lopetegui ရဲ႕အနာဂတ္ဟာလည္း ရင္ေလးစရာျဖစ္ေနပါျပီ။ ဘာစီလိုနာဟာ ဆီဗီလာကို အႏိုင္ယူျပီး အမွတ္ေပးဇယားကို ျပန္လည္သိမ္းပိုက္ႏိုင္ခဲ႔ေပမယ္႔ မက္ဆီ Messi ဒဏ္ရာရရိွသြားတာေၾကာင္႔ ေပးဆပ္မႈၾကီးမားခဲ႔တယ္လို႔ဆိုရမွာပါ။ ဒီဒဏ္ရာေၾကာင္႔ မက္ဆီဟာ အသင္းရဲ႕ ပြဲစဥ္ေတြကိုလြဲေခ်ာ္မွာျဖစ္တာေၾကာင္႔ မက္ဆီမပါတဲ႔ ဘာစီလိုနာဟာ ဘယ္လိုျဖစ္လာမလဲဆိုတာ စိတ္၀င္စားစရာပါပဲ။ လက္ရိွ လာလီဂါပြဲစဥ္(၉)အျပီးမွာေတာ႔ အက္စပန္ညိဳနဲ႔ အလာဗတ္စ္အသင္းေတြရဲ႕ စြမ္းေဆာင္မႈကို မျဖစ္မေနအသိအမွတ္ျပဳရမွာျဖစ္ျပီး (၂)သင္းလံုးဟာ ရမွတ္(၁၇)မွတ္စီနဲ႔ အမွတ္ေပးဇယားရဲ႕ အဆင္႔(၂)နဲ႔(၃)ေနရာေတြမွာ ရပ္တည္ေနၾကပါတယ္။ လာလီဂါဟာ အရင္ကထက္ ျပိဳင္ဆိုင္မႈပိုျပင္းထန္လာခဲ႔တာကေတာ႔ စိတ္ေက်နပ္စရာလို႔ပဲ ေျပာရမွာပါ။

Lionel-Messi-suffered-an-arm-injury-against-Sevilla1

Lionel-Messi-suffered-an-arm-injury-against-Sevilla

လာလီဂါပြဲစဥ္(၉)ရလဒ္မ်ား

Celta de Vigo 0 – 1 Deportivo Alavés
Real Madrid 1 – 2 Levante
Valencia 1 – 1 Leganés
Villarreal 1 – 1 Atlético Madrid
Barcelona 4 – 2 Sevilla
Rayo Vallecano 1 – 2 Getafe
Eibar 1 – 1 Athletic Club
Huesca 0 – 2 Espanyol
Real Betis 0 – 1 Real Valladolid

Milan-Derby

Milan-Derby

စီးရီးေအမွာေတာ႔ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ႏိုင္ပြဲဆက္စံခ်ိန္ဟာရပ္တန္႔ခဲ႔ရသလို ႐ိုးမားအသင္းကလည္း ႐ံႈးပြဲၾကံဳေတြ႕ခဲ႔ရပါတယ္။ ဒီတစ္ပတ္မွာ ဂ်ဴဗင္တပ္စ္ဟာ ဂ်ီႏိုအာနဲ႔ သေရက်ခဲ႔ျပီး နာပိုလီက အူဒီးနီးစ္ကိုႏိုင္ခဲ႔တာေၾကာင္႔ ဒီႏွစ္သင္းၾကား ရမွတ္ကြာဟမႈဟာ (၄)မွတ္ပဲရိွပါေတာ႔တယ္။ မီလန္ဒါဘီပြဲစဥ္ကေတာ႔ သေရရလဒ္နဲ႔ ပြဲျပီးေတာ႔မယ္လို႔ထင္ခဲ႔ၾကေပမယ္႔ အီကာဒီ Icardi ရဲ႕ ပြဲခ်ိန္(၉၂)မိနစ္သြင္းဂိုးဟာ ေအစီမီလန္အသင္းရဲ႕ အသည္းကိုခြဲခဲ႔ပါတယ္။

စီးရီးေအပြဲစဥ္(၉)ရလဒ္မ်ား

Roma 0 – 2 SPAL
Juventus 1 – 1 Genoa
Udinese 0 – 3 Napoli
Frosinone 3 – 3 Empoli
Bologna 2 – 2 Torino
Chievo 1 – 5 Atalanta
Parma 0 – 2 Lazio
Fiorentina 1 – 1 Cagliari
Internazionale 1 – 0 Milan

Bayern-Munich

Bayern-Munich

ဘြန္ဒစ္လီဂါမွာေတာ႔ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ႏိုင္ပြဲျပန္ရွာေတြ႕ခဲ႔တာေၾကာင္႔ နည္းျပကိုဗက္ Kovač ဟာဖိအား အနည္းငယ္ေလ်ာ႔က်ခဲ႔႔ပါတယ္။ ျပင္သစ္လီဂူးမွာေတာ႔ PSG အသင္းဟာ(၁၀)ပြဲဆက္ႏိုင္ပြဲရရိွခဲ႔ျပီး ပန္းပန္ေနဆဲပါပဲ။

ဘြန္ဒစ္လီဂါပြဲစဥ္(၈)ရလဒ္မ်ား

Frankfurt 7 – 1 Fortuna Düsseldorf
Bayer Leverkusen 2 – 2 Hannover 96
Stuttgart 0 – 4 Borussia Dortmund
Augsburg 0 – 0 RB Leipzig
Wolfsburg 1 – 3 Bayern München
Nürnberg 1 – 3 Hoffenheim
Schalke 04 0 – 2 Werder Bremen
Hertha BSC 1 – 1 Freiburg
Monchengladbach 4 – 0 Mainz 05

ျပင္သစ္လီဂူးပြဲစဥ္(၁၀)ရလဒ္မ်ား

Olympique Lyonnais 2 – 0 Nîmes
PSG 5 – 0 Amiens SC
Caen 0 – 0 Guingamp
Dijon 1 – 2 Lille
Nantes 4 – 0 Toulouse
Reims 1 – 1 Angers SCO
Strasbourg 2 – 1 Monaco
Montpellier 2 – 0 Bordeaux
Saint-Étienne 1 – 1 Rennes
Nice 0 – 1 Olympique Marseille

Photo: Evening Standard , FC Bayern Munich , Inter Milan Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဥရောပထိပ်တန်းလိဂ်ပွဲစဉ်တွေကို သုံးသပ်ချဉ်းကပ်ကြည့်ခြင်း (၅)

ဒီတစ်ပတ်ရဲ့ ကြားရက်ထဲမှာ ချန်ပီယံလိဂ်ပွဲစဉ်တွေကစားမှာဖြစ်တာကြောင့် ပြီးခဲ့တဲ့ စနေနေ့မှာ အသင်းကြီးတွေရဲ့ ပွဲစဉ်တွေဟာ ဆက်တိုက်ဆိုသလိုဖြစ်ခဲ့ပါတယ်။ အခုကစားပြီးခဲ့တဲ့ ဥရောပထိပ်တန်းလိဂ်(၅)ခုရဲ့ ပွဲစဉ်တွေဟာ ပရိသတ်တွေကို မတူညီတဲ့ ခံစားမှုတွေ ပေးစွမ်းနိုင်ခဲ့ပါတယ်။

Chelsea-2-2-ManU

Chelsea-2-2-ManU

ပရီးမီးယားလိဂ်မှာတော့ မန်စီးတီး ၊ စပါးနဲ့ လီဗာပူးလ်အသင်းတွေဟာ နိုင်ပွဲတွေရရှိခဲ့ပြီး ဆာလာ Salah ဂိုးပေါက်ပြန်တွေ့ခဲ့တာကလည်း စိတ်ကျေနပ်စရာပါ။ ချယ်လ်ဆီး – မန်ယူပွဲကတော့ ကြည့်ရတာနဲ့ တန်တဲ့ပွဲလို့ပြောချင်ပါတယ်။ ပထမပိုင်းမှာတော့ ချယ်လ်ဆီးဟာ ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ မန်ယူအသင်းကပိုကောင်းတဲ့ အသင်းဖြစ်ခဲ့ပါတယ်။ ပွဲရဲ့နောက်ဆုံးမိနစ်မှာ မန်ယူအသင်းဘက်ကို သွင်းယူခဲ့တဲ့ ဘာကလေ Barkley ရဲ့ဂိုးဟာ ဒီပွဲရဲ့ အရှိန်ကိုမြှင့်လိုက်သလိုဖြစ်ခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ လက်ထောက်နည်းပြ မာကိုအီယန်နီ Marco Ianni နဲ့ မန်ယူနည်းပြမော်ရင်ဟို တို့ရုန်းရင်ဆန်ခတ်ဖြစ်ခဲ့သလို ကွင်းထဲက ကစားသမားတွေဟာလည်း အချင်းများခဲ့ကြပါတယ်။ မော်ရင်ဟိုဟာ သူ့ကို ရိုင်းစိုင်းစွာ လှောင်ပြောင်ခဲ့တဲ့ ချယ်လ်ဆီး ပရိသတ်တွေကို လက်သုံးချောင်းထောင်ပြီး ပညာသားပါပါ တုံပြန်ခဲ့တဲ့ သူ့ရဲ့ပုံစံကလည်း ဒီပွဲရဲ့ အကောင်းဆုံး အဆုံးသတ်တစ်ခုဖြစ်ခဲ့ပါတယ်။

Mourinho

Mourinho

ရီးမီးယားလိဂ်ပွဲစဉ်(၉)ရလဒ်များ

Chelsea 2 – 2 Manchester United
AFC Bournemouth 0 – 0 Southampton
Cardiff City 4 – 2 Fulham
Manchester City 5 – 0 Burnley
Newcastle United 0 – 1 Brighton
West Ham United 0 – 1 Tottenham Hotspur
Wolverhampton 0 – 2 Watford
Huddersfield Town 0 – 1 Liverpool
Everton 2 – 0 Crystal Palace

Real Madrid

Real Madrid

လာလီဂါမှာတော့ ရီးယဲလ်ဟာ ရှုံးကောင်းဆဲဖြစ်နေပြီး ဘာစီလိုနာအသင်းကတော့ သူ့တို့ရဲ့ အဆင့်အတန်းကို ပြန်လည်ပြသခဲ့ပါတယ်။ ရီးယဲလ်အသင်းရဲ့ လက်ရှိအခြေအနေဆိုးတွေမှာ ခြေစွမ်းအပြင် ကံတရားကိုလည်း အပြစ်တင်ရပါလိမ့်မယ်။ ဘာပဲပြောပြောနည်းပြလိုပယ်တက်ဂီ Lopetegui ရဲ့အနာဂတ်ဟာလည်း ရင်လေးစရာဖြစ်နေပါပြီ။ ဘာစီလိုနာဟာ ဆီဗီလာကို အနိုင်ယူပြီး အမှတ်ပေးဇယားကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပေမယ့် မက်ဆီ Messi ဒဏ်ရာရရှိသွားတာကြောင့် ပေးဆပ်မှုကြီးမားခဲ့တယ်လို့ဆိုရမှာပါ။ ဒီဒဏ်ရာကြောင့် မက်ဆီဟာ အသင်းရဲ့ ပွဲစဉ်တွေကိုလွဲချော်မှာဖြစ်တာကြောင့် မက်ဆီမပါတဲ့ ဘာစီလိုနာဟာ ဘယ်လိုဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ လက်ရှိ လာလီဂါပွဲစဉ်(၉)အပြီးမှာတော့ အက်စပန်ညိုနဲ့ အလာဗတ်စ်အသင်းတွေရဲ့ စွမ်းဆောင်မှုကို မဖြစ်မနေအသိအမှတ်ပြုရမှာဖြစ်ပြီး (၂)သင်းလုံးဟာ ရမှတ်(၁၇)မှတ်စီနဲ့ အမှတ်ပေးဇယားရဲ့ အဆင့်(၂)နဲ့(၃)နေရာတွေမှာ ရပ်တည်နေကြပါတယ်။ လာလီဂါဟာ အရင်ကထက် ပြိုင်ဆိုင်မှုပိုပြင်းထန်လာခဲ့တာကတော့ စိတ်ကျေနပ်စရာလို့ပဲ ပြောရမှာပါ။

Lionel-Messi-suffered-an-arm-injury-against-Sevilla1

Lionel-Messi-suffered-an-arm-injury-against-Sevilla

လာလီဂါပွဲစဉ်(၉)ရလဒ်များ

Celta de Vigo 0 – 1 Deportivo Alavés
Real Madrid 1 – 2 Levante
Valencia 1 – 1 Leganés
Villarreal 1 – 1 Atlético Madrid
Barcelona 4 – 2 Sevilla
Rayo Vallecano 1 – 2 Getafe
Eibar 1 – 1 Athletic Club
Huesca 0 – 2 Espanyol
Real Betis 0 – 1 Real Valladolid

Milan-Derby

Milan-Derby

စီးရီးအေမှာတော့ ဂျူဗင်တပ်စ်အသင်းရဲ့ နိုင်ပွဲဆက်စံချိန်ဟာရပ်တန့်ခဲ့ရသလို ရိုးမားအသင်းကလည်း ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။ ဒီတစ်ပတ်မှာ ဂျူဗင်တပ်စ်ဟာ ဂျီနိုအာနဲ့ သရေကျခဲ့ပြီး နာပိုလီက အူဒီးနီးစ်ကိုနိုင်ခဲ့တာကြောင့် ဒီနှစ်သင်းကြား ရမှတ်ကွာဟမှုဟာ (၄)မှတ်ပဲရှိပါတော့တယ်။ မီလန်ဒါဘီပွဲစဉ်ကတော့ သရေရလဒ်နဲ့ ပွဲပြီးတော့မယ်လို့ထင်ခဲ့ကြပေမယ့် အီကာဒီ Icardi ရဲ့ ပွဲချိန်(၉၂)မိနစ်သွင်းဂိုးဟာ အေစီမီလန်အသင်းရဲ့ အသည်းကိုခွဲခဲ့ပါတယ်။

စီးရီးအေပွဲစဉ်(၉)ရလဒ်များ

Roma 0 – 2 SPAL
Juventus 1 – 1 Genoa
Udinese 0 – 3 Napoli
Frosinone 3 – 3 Empoli
Bologna 2 – 2 Torino
Chievo 1 – 5 Atalanta
Parma 0 – 2 Lazio
Fiorentina 1 – 1 Cagliari
Internazionale 1 – 0 Milan

Bayern-Munich

Bayern-Munich

ဘွန်ဒစ်လီဂါမှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ နိုင်ပွဲပြန်ရှာတွေ့ခဲ့တာကြောင့် နည်းပြကိုဗက် Kovač ဟာဖိအား အနည်းငယ်လျော့ကျခဲ့ပါတယ်။ ပြင်သစ်လီဂူးမှာတော့ PSG အသင်းဟာ(၁၀)ပွဲဆက်နိုင်ပွဲရရှိခဲ့ပြီး ပန်းပန်နေဆဲပါပဲ။

ဘွန်ဒစ်လီဂါပွဲစဉ်(၈)ရလဒ်များ

Frankfurt 7 – 1 Fortuna Düsseldorf
Bayer Leverkusen 2 – 2 Hannover 96
Stuttgart 0 – 4 Borussia Dortmund
Augsburg 0 – 0 RB Leipzig
Wolfsburg 1 – 3 Bayern München
Nürnberg 1 – 3 Hoffenheim
Schalke 04 0 – 2 Werder Bremen
Hertha BSC 1 – 1 Freiburg
Monchengladbach 4 – 0 Mainz 05

ပြင်သစ်လီဂူးပွဲစဉ်(၁၀)ရလဒ်များ

Olympique Lyonnais 2 – 0 Nîmes
PSG 5 – 0 Amiens SC
Caen 0 – 0 Guingamp
Dijon 1 – 2 Lille
Nantes 4 – 0 Toulouse
Reims 1 – 1 Angers SCO
Strasbourg 2 – 1 Monaco
Montpellier 2 – 0 Bordeaux
Saint-Étienne 1 – 1 Rennes
Nice 0 – 1 Olympique Marseille

Photo: Evening Standard , FC Bayern Munich , Inter Milan Twitter
Ko Kyue(Akhayar)
www.akhayar.com