[Zawgyi]

ဥေရာပထိပ္တန္းလိဂ္ပြဲစဥ္ေတြကို သံုးသပ္ခ်ဥ္းကပ္ၾကည္႔ျခင္း (၄)

ျပီၤးခဲ႔တဲ႔ စေန ၊ တနဂၤေႏြေန႔ရက္ေတြမွာ ယွဥ္ျပိဳင္ကစားခဲ႔ၾကတဲ႔ ဥေရာပထိပ္တန္းလိဂ္ပြဲစဥ္ေတြဟာ ပြဲေကာင္းေတြ ေတာ္ေတာ္မ်ားမ်ားပါ၀င္ခဲ႔ပါတယ္။ ဒီတစ္ပတ္မွာေတာ႔ ထိပ္တန္းလိဂ္တစ္ခုခ်င္းစီမွာ ေျပာစရာမ်ိဳးစံုရိွေနခဲ႔ပါတယ္။

Liverpool-0-0-Man-City

Liverpool-0-0-Man-City

ပရီးမီးယားလိဂ္ဟာ အသင္းၾကီးေတြအတြက္ပဲ ျပိဳင္ဆိုင္မႈျပင္းထန္တဲ႔ လိဂ္ျဖစ္လာခဲ႔ပါျပီ။ အသင္းၾကီၤးနဲ႔ အသင္းေလးကြာျခားခ်က္ကၾကီးမားေနတာကို တစ္ပတ္ျပီးတစ္ပတ္ ျမင္ေတြ႕ေနရပါတယ္။ အသင္းၾကီးေတြရဲ႕ ေျခစြမ္းကပဲတိုးတက္လာတာလား ၊ အသင္းငယ္ေတြကပဲ ဆုတ္ယုတ္လာတာလည္းဆိုတာကလည္း စဥ္းစားခ်င္စရာပါ။ ပရီးမီးယားလိဂ္(၆)ပဲြဆက္ အႏုိင္ရခဲ့တဲ့ အာဆင္နယ္ကို မျဖစ္မေနအသိအမွတ္ျပဳရေတာ႔မွာျဖစ္ျပီး ခ်န္ပီယံဆုကို စိန္ေခၚႏိုင္တဲ႔စာရင္းမွာ သူတို႔ကိုထည္႔ရေတာ႔မွာပါ။ လီဗာပူးလ္ – မန္စီးတီးပြဲမွာေတာ႔ မာရက္ဇ္ Mahrez  ပယ္နယ္တီ လဲြေခ်ာ္ခဲ႔တာက ခပ္ေကာင္းေကာင္းလို႔ပဲ ေျပာခ်င္ပါတယ္။ ဘာလို႔လဲဆိုေတာ႔ ဒီပြဲမွာ သေရရလဒ္ထြက္ေပၚခဲ႔တာေၾကာင္႔ လက္ရိွပရီးမီးယားလိဂ္ရဲ႕ အဆင္႔(၁)(၂)(၃)ေနရာေတြမွာရိွေနၾကတဲ႔ မန္စီးတီး ၊ ခ်ယ္လ္ဆီးနဲ႔ လီဗာပူးလ္တို႔ေတြဟာ ရမွတ္(၂၀)စီနဲ႔ အမွတ္တူသြားၾကသလို အဆင္႔(၄)နဲ႔(၅)ေနရာမွာရိွေနတဲ႔ အာဆင္နယ္နဲ႔ စပါးတို႔ဟာလည္း ရမွတ္(၁၈)မွတ္စီ ရရိွထားၾကတာေၾကာင္႔ ခ်န္ပီယံဆုအတြက္ ျပိဳင္ဆိုင္မႈျပင္းထန္ေနၾကျပီး တစ္သင္းသင္းဟာ တစ္ပြဲေလာက္မွားလိုက္တာနဲ႔ အမွတ္ေပးဇယားဟာ အေျပာင္းအလဲျဖစ္သြားႏိုင္တဲ႔ အေျခအေနမွာရိွေနခဲ႔ပါတယ္။ ရလဒ္ေတြဆိုးေနတဲ႔ နည္းျပေမာ္ရင္ဟို Mourinho ရဲ႕မန္ယူအသင္းကေတာ႔ နယူးကာဆယ္ကို အိမ္ကြင္းမွာ ခက္ခက္ခဲခဲ အႏိုင္ကစားခဲ႔ျပီး ( ၃ – ၂ )ဆိုတဲ႔ရလဒ္နဲ႔ အႏိုင္ရရိွခဲ႔ပါတယ္။ ဒီပြဲဟာ မန္ယူပရိသတ္ေတြအတြက္ ႐ိုလာကိုစလာစီးခဲ႔ရသလို ခံစားမႈကိုေပးႏိုင္တဲ႔ပြဲလည္းျဖစ္ခဲ႔ပါတယ္။ ဒီပြဲမွာ နည္းျပေမာ္ရင္ဟိုရဲ႕ ေကာင္းမြန္တဲ႔ လူစားလဲမႈေတြနဲ႔ နည္းဗ်ဴဟာပိုင္း အေျပာင္းအလဲေတြကို ျမင္ေတြ႕ခဲ႔သလို ပြဲရဲ႕ဒုတိယပိုင္းမွာလည္း မန္ယူအသင္းရဲ႕ သရဲနီစိတ္ဓာတ္ကိုျမင္ခဲ႔ရပါတယ္။ ဒီပြဲဟာ မန္ယူအသင္းအတြက္ အေျပာင္းအလဲတစ္ခုျဖစ္လာမလားဆိုတာ မသိေပမယ္႔ နည္းျပေမာ္ရင္ဟို အေနနဲ႔ေတာ႔ အေကာင္းဆံုးကစားကြက္နဲ႔ အေကာင္းဆံုး လူအခင္းအက်င္းပိုင္းကို ျမင္ေလာက္ျပီလို႔ ထင္ပါတယ္။

ပရီးမီးယားလိဂ္ပြဲစဥ္(၈)ရလဒ္မ်ား

Brighton 1 – 0 West Ham
Burnley 1 – 1 Huddersfield Town
Crystal Palace 0 – 1 Wolverhampton
Leicester City 1 – 2 Everton
Tottenham Hotspur 1 – 0 Cardiff City
Watford 0 – 4 Bournemouth
Manchester United 3 – 2 Newcastle
Fulham 1 – 5 Arsenal
Southampton 0 – 3 Chelsea
Liverpool 0 – 0 Manchester City

Real-Madrid

Real-Madrid

လာလီဂါမွာေတာ႔ ရီးယဲလ္နဲ႔ ဘာစီလိုနာတို႔ဟာ အျပိဳင္အဆိုင္ရမွတ္ေတြဆံုး႐ံႈးေနၾကပါတယ္။ ႏွစ္သင္းလံုးဟာ အက်ပိုင္းကို ေရာက္ေနၾကျပီး ကစားသမားအဆင္႔အတန္းကအစ အရင္ကနဲ႔ ကြာျခားလာခဲ႔တာပါ။ ရီးယဲလ္အသင္းဟာလည္း လာလီဂါ(၃)ပြဲဆက္ႏိုင္ပြဲေပ်ာက္ဆံုးခဲ႔ျပီး နည္းျပလိုပယ္တက္ဂီ Lopetegui ရဲ႕အနာဂတ္ဟာလည္း ေန႔လားညလားျဖစ္ေနပါတယ္။ နည္းျပေတြကို အေျပာင္းအလဲလုပ္တဲ႔ေနရာမွာ လက္မရြံတဲ႔ ရီးယဲလ္ဥကၠဌပီရက္ဇ္ Pérez ဟာလည္း လိုပယ္တက္ဂီကို သိပ္ျပီးအခြင္႔အေရးေပးေတာ႔မယ္လို႔ မထင္ပါဘူး။ နည္းျပလိုပယ္တက္ဂီ အေနနဲ႔ ေရွ႕လာမယ္႔ပြဲေတြမွာေတာ႔ လံုး၀မွားခြင္႔မရိွေတာ႔ဘူးလို႔ဘဲ ေျပာရပါလိမ္႔မယ္။ လာလီဂါေနာက္ဆံုး(၄)ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ႔တဲ႔ ဘာစီလိုနာအသင္းကေတာ႔ မက္ဆီ Messi မရိွရင္ဘာမွမဟုတ္သလိုျဖစ္ေနျပီး မက္ဆီရဲ႕ ေျခစြမ္းေတြေၾကာင္႔ အခုေလာက္ထိခံသာေနတာပါ။ ဒီႏွစ္သင္းရဲ႕ က်ဆင္းမႈေတြကို ဆီဗီလာ ၊ အက္သလက္တီကိုအသင္းေတြက အခြင္႔အေရးယူႏိုင္ခဲ႔ၾကျပီး အမွတ္ေပးဇယားကိုေတာ႔ လက္ရိွမွာ ဆီဗီလာအသင္းက ဦးေဆာင္ေနခဲ႔ပါျပီ။ အေကာင္းဘက္ကေန တစ္ခုေတြးရင္ေတာ႔ ရီးယဲလ္နဲ႔ ဘာစီလိုနာတို႔ရဲ႕ က်ဆင္းမႈေၾကာင္႔ လာလီဂါဟာ အရင္ကထက္ ျပိဳင္ဆိုင္မႈပိုျပင္းထန္လာခဲ႔တယ္ဆိုတာပါပဲ။

လာလီဂါပြဲစဥ္(၈)ရလဒ္မ်ား

Athletic Club 1 – 3 Real Sociedad
Girona 2 – 3 Eibar
Getafe 0 – 1 Levante
Deportivo Alavés 1 – 0 Real Madrid
Leganés 1 – 0 Rayo Vallecano
Real Valladolid 1 – 0 Huesca
Atlético Madrid 1 – 0 Real Betis
Espanyol 3 – 1 Villarreal
Sevilla 2 – 1 Celta de Vigo
Valencia 1 – 1 Barcelona

Juventus

Juventus

စီးရီးေအမွာေတာ႔ အသင္းၾကီးေတြအားလံုး ႏိုင္ပြဲကိုယ္စီရရိွခဲ႔ၾကပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းကေတာ႔ စီးရီးေအျပိဳင္ပြဲရဲ႕ တစ္ေကာင္တည္းေျပးတဲ႔ျမင္းျဖစ္ေနခဲ႔ပါျပီ။ ဂ်ဴဗင္တပ္စ္အသင္းဟာ စီးရီးေအ(၈)ပြဲဆက္ ႏိုင္ပြဲရရိွခဲ႔သလို အေကာင္းဆံုးေျခစြမ္းကိုလည္း ပိုင္ဆိုင္ထားျပီး တိုက္စစ္မႈး စီေရာ္နယ္လ္ဒို Cristiano Ronaldo ေၾကာင္႔ အသင္းဟာလည္း တန္းတစ္ခုပိုျမင္႔လာသလိုပါ ျဖစ္လာခဲ႔ပါတယ္။

စီးရီးေအပြဲစဥ္(၈)ရလဒ္မ်ား

Torino 3 – 2 Frosinone
Cagliari 2 – 0 Bologna
Udinese 0 – 2 Juventus
Empoli 0 – 2 Roma
Genoa 1 – 3 Parma
Atalanta 0 – 1 Sampdoria
Lazio 1 – 0 Fiorentina
Milan 3 – 1 Chievo
Napoli 2 – 0 Sassuolo
SPAL 1 – 2 Internazionale

Bayern-München

Bayern-München

ဂ်ာမန္ထိပ္သီး ဘိုင္ယန္ျမဴးနစ္အသင္းကေတာ႔ ခက္ခဲတဲ႔ အေျခအေနမွာ က်ေရာက္ေနခဲ႔ပါတယ္။ နည္းျပကိုဗက္ Kovač ရဲ႕အေနအထားဟာလည္း စိုးရိမ္စရာျဖစ္ေနခဲ႔ျပီး လက္ရိွအေျခအေနဆိုးကေန ဘိုင္ယန္ျမဴးနစ္အေနနဲ႔ အျမန္ဆံုးျပန္လာႏိုင္ဖို႔လိုအပ္ေနပါတယ္။ လက္ရိွမွာေတာ႔ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ဘြန္ဒစ္လီဂါအမွတ္ေပးဇယားရဲ႕ အဆင္႔(၆)ေနရာမွာရပ္တည္ေနပါတယ္။ ျပင္သစ္လီဂူးမွာေတာ႔ ဘာေပ Mbappe ရဲ႕ေျခစြမ္းျပမႈနဲ႔အတူ ထံုးစံအတိုင္း PSG အသင္းဟာ ႏိုင္ပြဲဆက္ခဲ႔ျပီး အမွတ္ေပးဇယားကို ဦးေဆာင္ေနခဲ႔ပါတယ္။ PSG အသင္းဟာ ျပင္သစ္လီဂူး(၉)ပြဲဆက္ အႏိုင္ရရိွထားပါတယ္။

ဘြန္ဒစ္လီဂါပြဲစဥ္(၇)ရလဒ္မ်ား

Werder Bremen 2 – 0 Wolfsburg
Borussia Dortmund 4 – 3 Augsburg
Hannover 96 3 – 1 Stuttgart
Mainz 05 0 – 0 Hertha BSC
Fortuna Düsseldorf 0 – 2 Schalke 04
Bayern München 0 – 3 Monchengladbach
Freiburg 0 – 0 Bayer Leverkusen
Hoffenheim 1 – 2 Frankfurt
RB Leipzig 6 – 0 Nürnberg

ျပင္သစ္လီဂူးပြဲစဥ္(၉)ရလဒ္မ်ား

Toulouse 1 – 1 Nice
Lille 3 – 1 Saint-Étienne
Amiens 1 – 0 Dijon
Angers SCO 2 – 2 Strasbourg
Guingamp 1 – 1 Montpellier
Nîmes 0 – 0 Reims
Bordeaux 3 – 0 Nantes
Olympique Marseille 2 – 0 Caen
Monaco 1 – 2 Rennes
PSG 5 – 0 Olympique Lyonnais

Photo: Real Madrid Twitter , Juventus Twitter , kikigist , Bayern München Twitter , Flipboard
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဥရောပထိပ်တန်းလိဂ်ပွဲစဉ်တွေကို သုံးသပ်ချဉ်းကပ်ကြည့်ခြင်း (၄)

ပြီၤးခဲ့တဲ့ စနေ ၊ တနင်္ဂနွေနေ့ရက်တွေမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဥရောပထိပ်တန်းလိဂ်ပွဲစဉ်တွေဟာ ပွဲကောင်းတွေ တော်တော်များများပါဝင်ခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ထိပ်တန်းလိဂ်တစ်ခုချင်းစီမှာ ပြောစရာမျိုးစုံရှိနေခဲ့ပါတယ်။

Liverpool-0-0-Man-City

Liverpool-0-0-Man-City

ပရီးမီးယားလိဂ်ဟာ အသင်းကြီးတွေအတွက်ပဲ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လိဂ်ဖြစ်လာခဲ့ပါပြီ။ အသင်းကြီၤးနဲ့ အသင်းလေးကွာခြားချက်ကကြီးမားနေတာကို တစ်ပတ်ပြီးတစ်ပတ် မြင်တွေ့နေရပါတယ်။ အသင်းကြီးတွေရဲ့ ခြေစွမ်းကပဲတိုးတက်လာတာလား ၊ အသင်းငယ်တွေကပဲ ဆုတ်ယုတ်လာတာလည်းဆိုတာကလည်း စဉ်းစားချင်စရာပါ။ ပရီးမီးယားလိဂ်(၆)ပွဲဆက် အနိုင်ရခဲ့တဲ့ အာဆင်နယ်ကို မဖြစ်မနေအသိအမှတ်ပြုရတော့မှာဖြစ်ပြီး ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့စာရင်းမှာ သူတို့ကိုထည့်ရတော့မှာပါ။ လီဗာပူးလ် – မန်စီးတီးပွဲမှာတော့ မာရက်ဇ် Mahrez  ပယ်နယ်တီ လွဲချော်ခဲ့တာက ခပ်ကောင်းကောင်းလို့ပဲ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီပွဲမှာ သရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် လက်ရှိပရီးမီးယားလိဂ်ရဲ့ အဆင့်(၁)(၂)(၃)နေရာတွေမှာရှိနေကြတဲ့ မန်စီးတီး ၊ ချယ်လ်ဆီးနဲ့ လီဗာပူးလ်တို့တွေဟာ ရမှတ်(၂၀)စီနဲ့ အမှတ်တူသွားကြသလို အဆင့်(၄)နဲ့(၅)နေရာမှာရှိနေတဲ့ အာဆင်နယ်နဲ့ စပါးတို့ဟာလည်း ရမှတ်(၁၈)မှတ်စီ ရရှိထားကြတာကြောင့် ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုပြင်းထန်နေကြပြီး တစ်သင်းသင်းဟာ တစ်ပွဲလောက်မှားလိုက်တာနဲ့ အမှတ်ပေးဇယားဟာ အပြောင်းအလဲဖြစ်သွားနိုင်တဲ့ အခြေအနေမှာရှိနေခဲ့ပါတယ်။ ရလဒ်တွေဆိုးနေတဲ့ နည်းပြမော်ရင်ဟို Mourinho ရဲ့မန်ယူအသင်းကတော့ နယူးကာဆယ်ကို အိမ်ကွင်းမှာ ခက်ခက်ခဲခဲ အနိုင်ကစားခဲ့ပြီး ( ၃ – ၂ )ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲဟာ မန်ယူပရိသတ်တွေအတွက် ရိုလာကိုစလာစီးခဲ့ရသလို ခံစားမှုကိုပေးနိုင်တဲ့ပွဲလည်းဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ နည်းပြမော်ရင်ဟိုရဲ့ ကောင်းမွန်တဲ့ လူစားလဲမှုတွေနဲ့ နည်းဗျူဟာပိုင်း အပြောင်းအလဲတွေကို မြင်တွေ့ခဲ့သလို ပွဲရဲ့ဒုတိယပိုင်းမှာလည်း မန်ယူအသင်းရဲ့ သရဲနီစိတ်ဓာတ်ကိုမြင်ခဲ့ရပါတယ်။ ဒီပွဲဟာ မန်ယူအသင်းအတွက် အပြောင်းအလဲတစ်ခုဖြစ်လာမလားဆိုတာ မသိပေမယ့် နည်းပြမော်ရင်ဟို အနေနဲ့တော့ အကောင်းဆုံးကစားကွက်နဲ့ အကောင်းဆုံး လူအခင်းအကျင်းပိုင်းကို မြင်လောက်ပြီလို့ ထင်ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်(၈)ရလဒ်များ

Brighton 1 – 0 West Ham
Burnley 1 – 1 Huddersfield Town
Crystal Palace 0 – 1 Wolverhampton
Leicester City 1 – 2 Everton
Tottenham Hotspur 1 – 0 Cardiff City
Watford 0 – 4 Bournemouth
Manchester United 3 – 2 Newcastle
Fulham 1 – 5 Arsenal
Southampton 0 – 3 Chelsea
Liverpool 0 – 0 Manchester City

Real-Madrid

Real-Madrid

လာလီဂါမှာတော့ ရီးယဲလ်နဲ့ ဘာစီလိုနာတို့ဟာ အပြိုင်အဆိုင်ရမှတ်တွေဆုံးရှုံးနေကြပါတယ်။ နှစ်သင်းလုံးဟာ အကျပိုင်းကို ရောက်နေကြပြီး ကစားသမားအဆင့်အတန်းကအစ အရင်ကနဲ့ ကွာခြားလာခဲ့တာပါ။ ရီးယဲလ်အသင်းဟာလည်း လာလီဂါ(၃)ပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့ပြီး နည်းပြလိုပယ်တက်ဂီ Lopetegui ရဲ့အနာဂတ်ဟာလည်း နေ့လားညလားဖြစ်နေပါတယ်။ နည်းပြတွေကို အပြောင်းအလဲလုပ်တဲ့နေရာမှာ လက်မရွံတဲ့ ရီးယဲလ်ဥက္ကဌပီရက်ဇ် Pérez ဟာလည်း လိုပယ်တက်ဂီကို သိပ်ပြီးအခွင့်အရေးပေးတော့မယ်လို့ မထင်ပါဘူး။ နည်းပြလိုပယ်တက်ဂီ အနေနဲ့ ရှေ့လာမယ့်ပွဲတွေမှာတော့ လုံးဝမှားခွင့်မရှိတော့ဘူးလို့ဘဲ ပြောရပါလိမ့်မယ်။ လာလီဂါနောက်ဆုံး(၄)ပွဲဆက်နိုင်ပွဲပျောက်ခဲ့တဲ့ ဘာစီလိုနာအသင်းကတော့ မက်ဆီ Messi မရှိရင်ဘာမှမဟုတ်သလိုဖြစ်နေပြီး မက်ဆီရဲ့ ခြေစွမ်းတွေကြောင့် အခုလောက်ထိခံသာနေတာပါ။ ဒီနှစ်သင်းရဲ့ ကျဆင်းမှုတွေကို ဆီဗီလာ ၊ အက်သလက်တီကိုအသင်းတွေက အခွင့်အရေးယူနိုင်ခဲ့ကြပြီး အမှတ်ပေးဇယားကိုတော့ လက်ရှိမှာ ဆီဗီလာအသင်းက ဦးဆောင်နေခဲ့ပါပြီ။ အကောင်းဘက်ကနေ တစ်ခုတွေးရင်တော့ ရီးယဲလ်နဲ့ ဘာစီလိုနာတို့ရဲ့ ကျဆင်းမှုကြောင့် လာလီဂါဟာ အရင်ကထက် ပြိုင်ဆိုင်မှုပိုပြင်းထန်လာခဲ့တယ်ဆိုတာပါပဲ။

လာလီဂါပွဲစဉ်(၈)ရလဒ်များ

Athletic Club 1 – 3 Real Sociedad
Girona 2 – 3 Eibar
Getafe 0 – 1 Levante
Deportivo Alavés 1 – 0 Real Madrid
Leganés 1 – 0 Rayo Vallecano
Real Valladolid 1 – 0 Huesca
Atlético Madrid 1 – 0 Real Betis
Espanyol 3 – 1 Villarreal
Sevilla 2 – 1 Celta de Vigo
Valencia 1 – 1 Barcelona

Juventus

Juventus

စီးရီးအေမှာတော့ အသင်းကြီးတွေအားလုံး နိုင်ပွဲကိုယ်စီရရှိခဲ့ကြပါတယ်။ ဂျူဗင်တပ်စ်အသင်းကတော့ စီးရီးအေပြိုင်ပွဲရဲ့ တစ်ကောင်တည်းပြေးတဲ့မြင်းဖြစ်နေခဲ့ပါပြီ။ ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေ(၈)ပွဲဆက် နိုင်ပွဲရရှိခဲ့သလို အကောင်းဆုံးခြေစွမ်းကိုလည်း ပိုင်ဆိုင်ထားပြီး တိုက်စစ်မှုး စီရော်နယ်လ်ဒို Cristiano Ronaldo ကြောင့် အသင်းဟာလည်း တန်းတစ်ခုပိုမြင့်လာသလိုပါ ဖြစ်လာခဲ့ပါတယ်။

စီးရီးအေပွဲစဉ်(၈)ရလဒ်များ

Torino 3 – 2 Frosinone
Cagliari 2 – 0 Bologna
Udinese 0 – 2 Juventus
Empoli 0 – 2 Roma
Genoa 1 – 3 Parma
Atalanta 0 – 1 Sampdoria
Lazio 1 – 0 Fiorentina
Milan 3 – 1 Chievo
Napoli 2 – 0 Sassuolo
SPAL 1 – 2 Internazionale

Bayern-München

Bayern-München

ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းကတော့ ခက်ခဲတဲ့ အခြေအနေမှာ ကျရောက်နေခဲ့ပါတယ်။ နည်းပြကိုဗက် Kovač ရဲ့အနေအထားဟာလည်း စိုးရိမ်စရာဖြစ်နေခဲ့ပြီး လက်ရှိအခြေအနေဆိုးကနေ ဘိုင်ယန်မြူးနစ်အနေနဲ့ အမြန်ဆုံးပြန်လာနိုင်ဖို့လိုအပ်နေပါတယ်။ လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒစ်လီဂါအမှတ်ပေးဇယားရဲ့ အဆင့်(၆)နေရာမှာရပ်တည်နေပါတယ်။ ပြင်သစ်လီဂူးမှာတော့ ဘာပေ Mbappe ရဲ့ခြေစွမ်းပြမှုနဲ့အတူ ထုံးစံအတိုင်း PSG အသင်းဟာ နိုင်ပွဲဆက်ခဲ့ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေခဲ့ပါတယ်။ PSG အသင်းဟာ ပြင်သစ်လီဂူး(၉)ပွဲဆက် အနိုင်ရရှိထားပါတယ်။

ဘွန်ဒစ်လီဂါပွဲစဉ်(၇)ရလဒ်များ

Werder Bremen 2 – 0 Wolfsburg
Borussia Dortmund 4 – 3 Augsburg
Hannover 96 3 – 1 Stuttgart
Mainz 05 0 – 0 Hertha BSC
Fortuna Düsseldorf 0 – 2 Schalke 04
Bayern München 0 – 3 Monchengladbach
Freiburg 0 – 0 Bayer Leverkusen
Hoffenheim 1 – 2 Frankfurt
RB Leipzig 6 – 0 Nürnberg

ပြင်သစ်လီဂူးပွဲစဉ်(၉)ရလဒ်များ

Toulouse 1 – 1 Nice
Lille 3 – 1 Saint-Étienne
Amiens 1 – 0 Dijon
Angers SCO 2 – 2 Strasbourg
Guingamp 1 – 1 Montpellier
Nîmes 0 – 0 Reims
Bordeaux 3 – 0 Nantes
Olympique Marseille 2 – 0 Caen
Monaco 1 – 2 Rennes
PSG 5 – 0 Olympique Lyonnais

Photo: Real Madrid Twitter , Juventus Twitter , kikigist , Bayern München Twitter , Flipboard
Ko Kyue(Akhayar)
www.akhayar.com