[Zawgyi]

ဥေရာပထိပ္တန္းလိဂ္ပြဲစဥ္ေတြကို သံုးသပ္ခ်ဥ္းကပ္ၾကည္႔ျခင္း (၉)

ဒီတစ္ပတ္ရဲ႕ ဥေရာပထိပ္တန္းလိဂ္ပြဲစဥ္ေတြမွာေတာ႔ အသင္းၾကီးအမ်ားစုရလဒ္ေကာင္းခဲ႔ၾကျပီး လာလီဂါမွာေတာ႔ အလွည္႔အေျပာင္းေတြကို ထပ္ျမင္ေတြ႕ခဲ႔ရပါတယ္။

Spurs-Breaks-Chelsea-Unbeaten-Record

ဒီတစ္ပတ္ရဲ႕ ပရီးမီးယားလိဂ္မွာေတာ႔ မန္စီးတီး ၊ လီဗာပူးလ္နဲ႔ အာဆင္နယ္အသင္းေတြဟာ ႏိုင္ပြဲေတြနဲ႔ ေရွ႕ဆက္ႏိုင္ခဲ႔ၾကပါတယ္။ စပါး – ခ်ယ္လ္ဆီးပြဲစဥ္မွာေတာ႔ ခ်ယ္လ္ဆီးအသင္းရဲ႕ ရံႈးပြဲမရိွစံခ်ိန္ဟာ က်ိဳးပ်က္ခဲ႔ရတယ္။ ဒီပြဲမွာေတာ႔ စပါး နည္းျပပိုခ်က္တီႏို Pochettino ရဲ႕ နည္းဗ်ဴဟာနဲ႔ ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ဟာ အေကာင္းဆံုးမွာရိွခဲ႔ပါျပီး ထိုက္တန္တဲ႔ ႏိုင္ပြဲတစ္ပြဲကို ပံုေဖာ္ႏိုင္ခဲ႔ၾကတာပါ။ မန္ယူအသင္းကေတာ႔ အိမ္ကြင္းမွာ ခရစၥတယ္ပဲေလ႔စ္အသင္းကို သေရသာ ကစားႏိုင္ခဲ႔တာေၾကာင္႔ ပရီးမီးယားလိဂ္ (၂)ပြဲဆက္ ႏိုင္ပြဲေပ်ာက္ဆံုးခဲ႔ပါတယ္။ အသင္းၾကီးတိုင္းလိုိလို ရလဒ္ေကာင္းေတြနဲ႔ ေရွ႕ဆက္ေနခ်ိန္မွာ မန္ယူအသင္းကေတာ႔ ႏိုင္ပြဲရဖို႔ ႐ုန္းကန္ေနရတာဟာ စိတ္ပ်က္စရာပါပဲ။

ပရီးမီးယားလိဂ္ပြဲစဥ္(၁၃)ရလဒ္မ်ား

Brighton 1 – 1 Leicester City
Everton 1 – 0 Cardiff City
Fulham 3 – 2 Southampton
Manchester United 0 – 0 Crystal Palace
Watford 0 – 3 Liverpool
West Ham United 0 – 4 Manchester City
Tottenham Hotspur 3 – 1 Chelsea
AFC Bournemouth 1 – 2 Arsenal
Wolverhampton 0 – 2 Huddersfield Town

Eibar-3-0-Real-Madrid

Eibar-3-0-Real-Madrid

လာလီဂါျပိဳင္ပြဲဟာ တစ္ပတ္နဲ႔တစ္ပတ္ ဘာျဖစ္မလဲဆိုတာ မွန္းဆရခက္ခဲေနပါျပီ။ ပံုစံေကာင္းေတြ ျပန္ရေနတဲ႔ ရီးယဲလ္အသင္းဟာ အေ၀းကြင္းမွာ အီဘာကို ( ၃ – ၀ )နဲ႔ ရံႈးနိမ္႔ခဲ႔ပါတယ္။ ဒီပြဲမွာ ရီးယဲလ္အသင္းရဲ႕ ခံစစ္ပိုင္းဟာ အားနည္းခ်က္ေတြမ်ားခဲ႔ျပီး အီဘာအသင္းသာ ဂိုးသြင္းေသခ်ာခဲ႔ရင္ အခုထက္ဂိုးပိုျပတ္သြားႏိုင္ပါတယ္။ အက္သလက္တီကို – ဘာစီလိုနာပြဲစဥ္မွာေတာ႔ ဒီေယဂိုေကာ္စတာ Diego Costa ရဲ႕ ဂိုးနဲ႔ အက္သလက္တီကို ႏိုင္ျပီလို႔ထင္ခဲ႔ေပမယ္႔ ပြဲျပီးခါနီးမွာ ဒမ္ဘီလီ Dembélé က ဘာစီလိုနာအသင္းကို ကယ္တင္ခဲ႔ပါတယ္။ ဒီႏွစ္သင္းရဲ႕ သေရပြဲကို အျမတ္ထုတ္ႏိုင္ခဲ႔တာက ဆီဗီလာအသင္းျဖစ္ျပီး ႏိုင္ပြဲရယူႏိုင္ခဲ႔တာေၾကာင္႔ လာလီဂါအမွတ္ေပးဇယားကို ထိပ္ဆံုးက ဦးေဆာင္ေနပါတယ္။ လာလီဂါမွာေတာ႔ ခ်န္ပီယံဆု ျပိဳင္ဆိုင္မႈဟာ ျပင္းထန္ေနျပီး အဆင္႔(၁)ေနရာကအသင္းနဲ႔ အဆင္႔(၄)ေနရာကအသင္းတို႔ဟာ ရမွတ္(၃)မွတ္သာ ကြာဟေနတာပါ။

လာလီဂါပြဲစဥ္(၁၃)ရလဒ္မ်ား

Leganés 1 – 0 Deportivo Alavés
Eibar 3 – 0 Real Madrid
Valencia 3 – 0 Rayo Vallecano
Huesca 2 – 2 Levante
Atlético Madrid 1 – 1 Barcelona
Athletic Club 1 – 1 Getafe
Sevilla 1 – 0 Real Valladolid
Espanyol 1 – 3 Girona
Villarreal 2 – 1 Real Betis

Cristiano-Ronaldo-Celebrate

Cristiano-Ronaldo-Celebrate

စီးရီးေအမွာေတာ႔ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ရဲ႕ စံခ်ိန္ေတြကိုပဲေျပာရမွာပါ။ ျပီးခဲ႔တဲ႔ SPAL ပြဲမွာ တစ္ဂိုးသြင္းယူႏိုင္ခဲ႔တာေၾကာင္႔ ၿပိဳင္ပဲြစုံ (၁၆)ပဲြမွာ (၁၀)ဂုိးသြင္းခဲ့ၿပီး ဂ်ဴဗင္တပ္စ္အသင္းသမုိင္းတစ္ေလွ်ာက္ သြင္းဂုိး(၁၀)ဂုိးကုိ ပဲြအနည္းဆုံးသြင္းယူခဲ့သူအျဖစ္ စံခ်ိန္ေရးထိုးႏိုင္ခဲ႔ပါတယ္။ စီေရာ္နယ္လ္ဒုိ ေၾကာင္႔ ဂ်ဴဗင္တပ္စ္အသင္းဟာလည္း အရင္ကထက္ပိုေကာင္းလာတာျပီး တန္းတစ္ခုျမင္႔လာခဲ႔တယ္လို႔ပဲ ေျပာရပါလိမ္႔မယ္။

စီးရီးေအပြဲစဥ္(၁၃)ရလဒ္မ်ား

Udinese 1 – 0 Roma
Juventus 2 – 0 SPAL
Internazionale 3 – 0 Frosinone
Parma 2 – 1 Sassuolo
Bologna 0 – 0 Fiorentina
Empoli 3 – 2 Atalanta
Napoli 0 – 0 Chievo
Lazio 1 – 1 Milan
Genoa 1 – 1 Sampdoria

Henry

Henry

ဒီတစ္ပတ္ရဲ႕ ဘြန္ဒစ္လီဂါမွာေတာ႔ ေဒါ႔မြန္အသင္းဟာ ႏိုင္ပြဲရရိွခဲ႔ျပီး ဘိုင္ယန္ျမဴးနစ္အသင္းကေတာ႔ သေရရလဒ္နဲ႔သာ ေက်နပ္ခဲ႔ရတာေၾကာင္႔ အမွတ္ေပးဇယားရဲ႕ အဆင္႔(၅)ေနရာကိုေရာက္ခဲ႔ပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္း အေနနဲ႔ အရင္လိုျပန္ျဖစ္ဖို႔ လိုအပ္ေနခဲ႔ပါျပီ။ ဒီတစ္ပတ္ရဲ႕ လီဂူးမွာေတာ႔ မိုနာကိုနည္းျပ အြန္နရီ Henry ဟာ နည္းျပဘ၀ ပထမဆံုးႏိုင္ပြဲရရိွခဲ႔ပါျပီး အေျခအေနေကာင္းတစ္ခုကို စတင္ဆုပ္ကိုင္ႏိုင္ခဲ႔ပါတယ္။

ဘြန္ဒစ္လီဂါပြဲစဥ္(၁၂)ရလဒ္မ်ား

Bayer Leverkusen 2 – 0 Stuttgart
Bayern München 3 – 3 Fortuna Düsseldorf
Hertha BSC 3 – 3 Hoffenheim
Augsburg 1 – 3 Frankfurt
Mainz 05 1 – 2 Borussia Dortmund
Wolfsburg 1 – 0 RB Leipzig
Schalke 04 5 – 2 Nürnberg
Freiburg 1 – 1 Werder Bremen
Monchengladbach 4 – 1 Hannover 96

ျပင္သစ္လီဂူးပြဲစဥ္(၁၄)ရလဒ္မ်ား

Olympique Lyonnais 1 – 0 Saint-Étienne
PSG 1 – 0 Toulouse
Caen 0 – 1 Monaco
Dijon 0 – 0 Bordeaux
Nantes 1 – 1 Angers SCO
Reims 2 – 1 Guingamp
Strasbourg 0 – 1 Nîmes
Montpellier 2 – 2 Rennes
Nice 2 – 0 Lille
Amiens SC 1 – 3 Olympique Marseille

Photo: Sport360 , Evening Express , Spur Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဥရောပထိပ်တန်းလိဂ်ပွဲစဉ်တွေကို သုံးသပ်ချဉ်းကပ်ကြည့်ခြင်း (၉)

ဒီတစ်ပတ်ရဲ့ ဥရောပထိပ်တန်းလိဂ်ပွဲစဉ်တွေမှာတော့ အသင်းကြီးအများစုရလဒ်ကောင်းခဲ့ကြပြီး လာလီဂါမှာတော့ အလှည့်အပြောင်းတွေကို ထပ်မြင်တွေ့ခဲ့ရပါတယ်။

Spurs-Breaks-Chelsea-Unbeaten-Record

ဒီတစ်ပတ်ရဲ့ ပရီးမီးယားလိဂ်မှာတော့ မန်စီးတီး ၊ လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတွေဟာ နိုင်ပွဲတွေနဲ့ ရှေ့ဆက်နိုင်ခဲ့ကြပါတယ်။ စပါး – ချယ်လ်ဆီးပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းရဲ့ ရှုံးပွဲမရှိစံချိန်ဟာ ကျိုးပျက်ခဲ့ရတယ်။ ဒီပွဲမှာတော့ စပါး နည်းပြပိုချက်တီနို Pochettino ရဲ့ နည်းဗျူဟာနဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ဟာ အကောင်းဆုံးမှာရှိခဲ့ပါပြီး ထိုက်တန်တဲ့ နိုင်ပွဲတစ်ပွဲကို ပုံဖော်နိုင်ခဲ့ကြတာပါ။ မန်ယူအသင်းကတော့ အိမ်ကွင်းမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို သရေသာ ကစားနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် (၂)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။ အသင်းကြီးတိုင်းလိုလို ရလဒ်ကောင်းတွေနဲ့ ရှေ့ဆက်နေချိန်မှာ မန်ယူအသင်းကတော့ နိုင်ပွဲရဖို့ ရုန်းကန်နေရတာဟာ စိတ်ပျက်စရာပါပဲ။

ပရီးမီးယားလိဂ်ပွဲစဉ်(၁၃)ရလဒ်များ

Brighton 1 – 1 Leicester City
Everton 1 – 0 Cardiff City
Fulham 3 – 2 Southampton
Manchester United 0 – 0 Crystal Palace
Watford 0 – 3 Liverpool
West Ham United 0 – 4 Manchester City
Tottenham Hotspur 3 – 1 Chelsea
AFC Bournemouth 1 – 2 Arsenal
Wolverhampton 0 – 2 Huddersfield Town

Eibar-3-0-Real-Madrid

Eibar-3-0-Real-Madrid

လာလီဂါပြိုင်ပွဲဟာ တစ်ပတ်နဲ့တစ်ပတ် ဘာဖြစ်မလဲဆိုတာ မှန်းဆရခက်ခဲနေပါပြီ။ ပုံစံကောင်းတွေ ပြန်ရနေတဲ့ ရီးယဲလ်အသင်းဟာ အဝေးကွင်းမှာ အီဘာကို ( ၃ – ၀ )နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲမှာ ရီးယဲလ်အသင်းရဲ့ ခံစစ်ပိုင်းဟာ အားနည်းချက်တွေများခဲ့ပြီး အီဘာအသင်းသာ ဂိုးသွင်းသေချာခဲ့ရင် အခုထက်ဂိုးပိုပြတ်သွားနိုင်ပါတယ်။ အက်သလက်တီကို – ဘာစီလိုနာပွဲစဉ်မှာတော့ ဒီယေဂိုကော်စတာ Diego Costa ရဲ့ ဂိုးနဲ့ အက်သလက်တီကို နိုင်ပြီလို့ထင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ဒမ်ဘီလီ Dembélé က ဘာစီလိုနာအသင်းကို ကယ်တင်ခဲ့ပါတယ်။ ဒီနှစ်သင်းရဲ့ သရေပွဲကို အမြတ်ထုတ်နိုင်ခဲ့တာက ဆီဗီလာအသင်းဖြစ်ပြီး နိုင်ပွဲရယူနိုင်ခဲ့တာကြောင့် လာလီဂါအမှတ်ပေးဇယားကို ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ လာလီဂါမှာတော့ ချန်ပီယံဆု ပြိုင်ဆိုင်မှုဟာ ပြင်းထန်နေပြီး အဆင့်(၁)နေရာကအသင်းနဲ့ အဆင့်(၄)နေရာကအသင်းတို့ဟာ ရမှတ်(၃)မှတ်သာ ကွာဟနေတာပါ။

လာလီဂါပွဲစဉ်(၁၃)ရလဒ်များ

Leganés 1 – 0 Deportivo Alavés
Eibar 3 – 0 Real Madrid
Valencia 3 – 0 Rayo Vallecano
Huesca 2 – 2 Levante
Atlético Madrid 1 – 1 Barcelona
Athletic Club 1 – 1 Getafe
Sevilla 1 – 0 Real Valladolid
Espanyol 1 – 3 Girona
Villarreal 2 – 1 Real Betis

Cristiano-Ronaldo-Celebrate

Cristiano-Ronaldo-Celebrate

စီးရီးအေမှာတော့ စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့ စံချိန်တွေကိုပဲပြောရမှာပါ။ ပြီးခဲ့တဲ့ SPAL ပွဲမှာ တစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ပြိုင်ပွဲစုံ (၁၆)ပွဲမှာ (၁၀)ဂိုးသွင်းခဲ့ပြီး ဂျူဗင်တပ်စ်အသင်းသမိုင်းတစ်လျှောက် သွင်းဂိုး(၁၀)ဂိုးကို ပွဲအနည်းဆုံးသွင်းယူခဲ့သူအဖြစ် စံချိန်ရေးထိုးနိုင်ခဲ့ပါတယ်။ စီရော်နယ်လ်ဒို ကြောင့် ဂျူဗင်တပ်စ်အသင်းဟာလည်း အရင်ကထက်ပိုကောင်းလာတာပြီး တန်းတစ်ခုမြင့်လာခဲ့တယ်လို့ပဲ ပြောရပါလိမ့်မယ်။

စီးရီးအေပွဲစဉ်(၁၃)ရလဒ်များ

Udinese 1 – 0 Roma
Juventus 2 – 0 SPAL
Internazionale 3 – 0 Frosinone
Parma 2 – 1 Sassuolo
Bologna 0 – 0 Fiorentina
Empoli 3 – 2 Atalanta
Napoli 0 – 0 Chievo
Lazio 1 – 1 Milan
Genoa 1 – 1 Sampdoria

Henry

Henry

ဒီတစ်ပတ်ရဲ့ ဘွန်ဒစ်လီဂါမှာတော့ ဒေါ့မွန်အသင်းဟာ နိုင်ပွဲရရှိခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းကတော့ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာကိုရောက်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်း အနေနဲ့ အရင်လိုပြန်ဖြစ်ဖို့ လိုအပ်နေခဲ့ပါပြီ။ ဒီတစ်ပတ်ရဲ့ လီဂူးမှာတော့ မိုနာကိုနည်းပြ အွန်နရီ Henry ဟာ နည်းပြဘ၀ ပထမဆုံးနိုင်ပွဲရရှိခဲ့ပါပြီး အခြေအနေကောင်းတစ်ခုကို စတင်ဆုပ်ကိုင်နိုင်ခဲ့ပါတယ်။

ဘွန်ဒစ်လီဂါပွဲစဉ်(၁၂)ရလဒ်များ

Bayer Leverkusen 2 – 0 Stuttgart
Bayern München 3 – 3 Fortuna Düsseldorf
Hertha BSC 3 – 3 Hoffenheim
Augsburg 1 – 3 Frankfurt
Mainz 05 1 – 2 Borussia Dortmund
Wolfsburg 1 – 0 RB Leipzig
Schalke 04 5 – 2 Nürnberg
Freiburg 1 – 1 Werder Bremen
Monchengladbach 4 – 1 Hannover 96

ပြင်သစ်လီဂူးပွဲစဉ်(၁၄)ရလဒ်များ

Olympique Lyonnais 1 – 0 Saint-Étienne
PSG 1 – 0 Toulouse
Caen 0 – 1 Monaco
Dijon 0 – 0 Bordeaux
Nantes 1 – 1 Angers SCO
Reims 2 – 1 Guingamp
Strasbourg 0 – 1 Nîmes
Montpellier 2 – 2 Rennes
Nice 2 – 0 Lille
Amiens SC 1 – 3 Olympique Marseille

Photo: Sport360 , Evening Express , Spur Twitter
Ko Kyue(Akhayar)
www.akhayar.com