[Zawgyi]

ဥေရာပထိပ္တန္းလိဂ္ပြဲစဥ္ေတြကို သံုးသပ္ခ်ဥ္းကပ္ၾကည္႔ျခင္း (၃)

ဥေရာပထိပ္တန္းလိဂ္ပြဲစဥ္ေတြဟာ တစ္ပတ္နဲ႔ တစ္ပတ္မ႐ိုးရေအာင္ ပရိသတ္ေတြကို ဖမ္းစားႏိုင္ခဲ႔ပါတယ္။ ဒီတစ္ပတ္မွာေတာ႔ ထိပ္တန္းလိဂ္တစ္ခုခ်င္းစီမွာ ေျပာစရာမ်ိဳးစံုရိွေနခဲ႔ပါတယ္။

Liverpool

Liverpool

ပရီးမီးယားလိဂ္ကေတာ႔ အရင္ကေျပာခဲ႔သလိုပါပဲ။ အသင္းၾကီၤးနဲ႔ အသင္းေလးကြာျခားခ်က္ကၾကီးမားေနတာကို တစ္ပတ္ျပီးတစ္ပတ္ ျမင္ေနရပါတယ္။ ပရီးမီးယားလိဂ္ေနာက္ဆံုး(၅)ပြဲဆက္ အႏိုင္ရခဲ႔ျပီး လမ္းေၾကာင္းမွန္ေပၚျပန္ေရာက္လာတဲ႔ အာဆင္နယ္အသင္းကိုလည္း မျဖစ္မေနခ်ီးက်ဴးၾကရပါလိမ္႔မယ္။ ခ်ယ္လ္ဆီး – လီဗာပူးလ္ပြဲကေတာ႔ ဒီတစ္ပတ္ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုးပြဲျဖစ္ခဲ႔ျပီး လိဂ္ဖလားျပိဳင္ပြဲမွာေရာ ပရီးမီးယားလိဂ္မွာပါ ဟာဇက္ Hazard နဲ႔ စတာရစ္ခ်္ Sturridge တို႔က ဂိုးေတြသြင္းယူခဲ႔ၾကတာကေတာ႔ ထူးျခားတဲ႔ တိုက္ဆိုင္မႈတစ္ခု လို႔႔ပဲေျပာရမွာပါ။ စတာရစ္ခ်္ရဲ႕ ဂိုးကေတာ႔ အေကာင္းဆံုးေတြထဲကတစ္ဂိုး ျဖစ္ခဲ႔ပါတယ္။ အသင္းၾကီးေတြအားလံုး ပံုစံေကာင္းနဲ႔ေရွ႕ဆက္ေနခ်ိန္မွာေတာ႔ မန္ယူအသင္းကေတာ႔ သူတို႔ရဲ႕ အေျခအေနဆိုးထဲကေန ႐ုန္းထြက္ႏိုင္ျခင္းမရိွေသးပါဘူး။ နည္းျပေမာ္ရင္ဟို Mourinho ရဲ႕ အသင္းဟာ အရာရာအားလံုးပ်က္စီးေနျပီး ေပါ႔ဘာ Pogba နဲ႔ မာစီယဲလ္ Martial တို႔ရဲ႕ကစားပံုကလည္း ေမးခြန္းထုတ္စရာပါ။ ၀က္စ္ဟမ္းပြဲမွာ ေနာက္တန္း(၅)ေယာက္ထားကစားတဲ႔ ေမာ္ရင္ဟိုရဲ႕ နည္းဗ်ဴဟာပိုင္းကိုလည္း ေ၀ဖန္ရပါလိမ္႔မယ္။ မန္ယူလိုအသင္းမ်ိဳးဟာ ၀က္စ္ဟမ္းလိုအသင္းမ်ိဳးကို ေနာက္တန္း(၅)ေယာက္ထားကစားစရာ ဘာအေၾကာင္းမွမရိွပါဘူး။ ေမာ္ရင္ဟိုဟာ ေၾကာက္စိတ္လြန္ကဲေနတယ္လို႔ ေျပာရမွာျဖစ္ျပီး ေၾကာက္စိတ္လြန္ကဲလြန္းရင္ ဘယ္အရာမွာမွ မေအာင္ျမင္ႏိုင္ဖူးဆိုတာကို သူသိဖို႔လိုပါတယ္။ လက္ရိွ ေမာ္ရင္ဟိုရဲ႕ အေနအထားဟာ ၾကိဳးတန္းေလွ်ာက္ရတဲ႔ အေနအထားထက္ကို ပိုဆိုးေနတာပါ။

ပရီးမီးယားလိဂ္ပြဲစဥ္(၇)ရလဒ္မ်ား

West Ham 3 – 1 Manchester United
Arsenal 2 – 0 Watford
Everton 3 – 0 Fulham
Huddersfield 0 – 2 Tottenham Hotspur
Manchester City 2 – 0 Brighton
Newcastle United 0 – 2 Leicester City
Wolverhampton 2 – 0 Southampton
Chelsea 1 – 1 Liverpool
Cardiff City 1 – 2 Burnley

Madrid-Derby

Madrid-Derby

လာလီဂါမွာေတာ႔ မက္ဒရစ္ဒါဘီပြဲစဥ္ဟာ အနည္းငယ္ ပ်င္းရိစရာေကာင္းခဲ႔ပါတယ္။ ေျခစြမ္းပိုင္းက်ဆင္းမႈေတြရိွေနတဲ႔ ရီးယဲလ္အသင္းဟာ ႏိုင္ပြဲအတြက္ လံုေလာက္တဲ႔ ေျခစြမ္းကိုမျပႏိုင္ခဲ႔သလို အက္သလက္တီကိုအသင္းဟာလည္း သေရရင္ ရျပီဆိုတဲ႔ပံုစံမ်ိဳးနဲ႔ ကစားသြားတာပါ။ ဘာစီလိုနာအသင္းဟာလည္း ဘီလ္ဘာအိုအသင္းကို ေနာက္ကေန သေရလိုက္ကစားခဲ႔ရျပီး ေနာက္ဆံုးကစားခဲ႔တဲ႔ လာလီဂါေနာက္ဆံုး(၃)ပြဲဆက္ ႏိုင္ပြဲေပ်ာက္ဆံုးခဲ႔ပါတယ္။ ဒါဟာ ၂၀၁၅ – ၂၀၁၆ ေဘာလံုးရာသီေနာက္ပိုင္း ပထမဆံုးအၾကိမ္ျဖစ္ခဲ႔ပါတယ္။ ဘာစီလိုနာအသင္းေခါင္းေဆာင္ တိုက္စစ္မႈး မက္ဆီ Messi ကေတာ႔ အသင္းရဲ႕ခံစစ္ကစားပံုကိုေ၀ဖန္ခဲ႔ျပီး တကယ္လည္း ဘာစီလိုနာအသင္းဟာ ေနရာစံုမွာအားနည္းမႈေတြရိွေနခဲ႔ပါတယ္။ မက္ဆီဟာ က်ဆင္းလာတဲ႔ ဘာစီလိုနာအသင္းကို မရမကထမ္းပိုးထားသူလို႔ပဲ ေျပာရမွာပါ။ လာလီဂါမွာေတာ႔ ရီးယဲလ္နဲ႔ ဘာစီလိုနာတို႔ဟာ တစ္သင္းမွားရင္ ေနာက္တစ္သင္းကပါလိုက္မွားသလို ျဖစ္ေနပါတယ္။

လာလီဂါပြဲစဥ္(၇)ရလဒ္မ်ား

Rayo Vallecano 2 – 2 Espanyol
Real Sociedad 0 – 1 Valencia
Barcelona 1 – 1 Athletic Club
Eibar 1 – 3 Sevilla
Real Madrid 0 – 0 Atlético Madrid
Huesca 1 – 1 Girona
Villarreal 0 – 1 Real Valladolid
Levante 2 – 1 Deportivo Alavés
Real Betis 1 – 0 Leganés

Cristiano-Ronaldo

Cristiano-Ronaldo

ဂ်ဴဗင္တပ္စ္အသင္းဟာ အနီးဆံုးျပိဳင္ဘက္ နာပိုလီအသင္းကို အႏိုင္ယူျပီး စီးရီးေအျပိဳင္ပြဲရဲ႕ တစ္ေကာင္တည္းေျပးတဲ႔ျမင္းျဖစ္ခဲ႔ပါတယ္။ နာပိုလီအသင္းဟာ ဂ်ဴဗင္တပ္စ္နဲ႔ ပြဲမွာတစ္ေယာက္ထုတ္ခံခဲ႔ရေပမယ္႔ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ေျခစြမ္းဟာလည္း အေကာင္းဆံုးမွာရိွခဲ႔တာပါ။ စီေရာ္နယ္လ္ဒို Cristiano Ronaldo ဟာလည္းအသင္းရဲ႕ တိုက္စစ္ကို ဦးေဆာင္သူျဖစ္လာခဲ႔ျပီး နာပိုလီနဲ႔ပြဲမွာ ရရိွခဲ႔တဲ႔ဂိုးေတြမွာ သူ႔ရဲ႕စြမ္းေဆာင္ရည္ေတြက အဓိကက်ခဲ႔ပါတယ္။

စီးရီးေအပြဲစဥ္(၇)ရလဒ္မ်ား

Roma 3 – 1 Lazio
Juventus 3 – 1 Napoli
Internazionale 2 – 0 Cagliari
Bologna 2 – 1 Udinese
Chievo 0 – 1 Torino
Fiorentina 2 – 0 Atalanta
Frosinone 1 – 2 Genoa
Parma 1 – 0 Empoli
Sassuolo 1 – 4 Milan

Dortmund

Dortmund

ဒီတစ္ပတ္ရဲ႕ ဘြန္ဒစ္လီဂါျပိဳင္ပြဲမွာေတာ႔ အေျပာင္းအလဲေတြျဖစ္ခဲ႔ပါတယ္။ ဟာသာဘာလင္အသင္းဟာ ဘိုင္ယန္ျမဴးနစ္အသင္းကို ( ၂ – ၀ )နဲ႔ အႏိုင္ရခဲ႔တာျဖစ္ျပီး ဒီရလဒ္ေၾကာင္႔ ဘြန္ဒစ္လီဂါျပိဳင္ပြဲဟာ စိတ္၀င္စားစရာပိုျဖစ္လာခဲ႔ပါတယ္။ လက္ရိွမွာေတာ႔ ေဒါ႔မြန္အသင္းဟာ ရမွတ္(၁၄)မွတ္နဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္ေနျပီး သူရဲ႕ေနာက္မွာေတာ႔ ဟာသာဘာလင္နဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းေတြက ရမွတ္(၁၃)မွတ္စီနဲ႔ရိွေနၾကပါတယ္။ ဘြန္ဒစ္လီဂါရဲ႕ လက္ရိွအေနအထားကိုေတာ႔ မျဖစ္မေနၾကိဳဆိုၾကရမွာပဲ ျဖစ္ပါတယ္။ ျပင္သစ္လီဂူးမွာေတာ႔ ထံုးစံအတိုင္း PSG အသင္းဟာ ႏိုင္ပြဲဆက္ျပီး အမွတ္ေပးဇယားကို ဦးေဆာင္ေနခဲ႔ပါတယ္။ PSG အသင္းဟာ ျပင္သစ္လီဂူး(၈)ပြဲဆက္ အႏိုင္ရရိွထားပါတယ္။

ဘြန္ဒစ္လီဂါပြဲစဥ္(၆)ရလဒ္မ်ား

Hertha BSC 2 – 0 Bayern München
Schalke 04 1 – 0 Mainz 05
Hoffenheim 1 – 2 RB Leipzig
Stuttgart 2 – 1 Werder Bremen
Wolfsburg 2 – 2 Monchengladbach
Nürnberg 3 – 0 Fortuna Düsseldorf
Bayer Leverkusen 2 – 4 Borussia Dortmund
Frankfurt 4 – 1 Hannover 96
Augsburg 4 – 1 Freiburg

ျပင္သစ္လီဂူးပြဲစဥ္(၈)ရလဒ္မ်ား

Saint-Étienne 2 – 0 Monaco
Nice 0 – 3 PSG
Angers SCO 0 – 1 Guingamp
Caen 1 – 0 Amiens SC
Olympique Lyonnais 1 – 1 Nantes
Reims 0 – 0 Bordeaux
Strasbourg 3 – 0 Dijon
Rennes 1 – 1 Toulouse
Montpellier 3 – 0 Nîmes
Lille 3 – 0 Olympique Marseille

Photo: Stadium Astro , The18 , Goal.com 
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဥရောပထိပ်တန်းလိဂ်ပွဲစဉ်တွေကို သုံးသပ်ချဉ်းကပ်ကြည့်ခြင်း (၃)

ဥရောပထိပ်တန်းလိဂ်ပွဲစဉ်တွေဟာ တစ်ပတ်နဲ့ တစ်ပတ်မရိုးရအောင် ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ထိပ်တန်းလိဂ်တစ်ခုချင်းစီမှာ ပြောစရာမျိုးစုံရှိနေခဲ့ပါတယ်။

Liverpool

Liverpool

ပရီးမီးယားလိဂ်ကတော့ အရင်ကပြောခဲ့သလိုပါပဲ။ အသင်းကြီၤးနဲ့ အသင်းလေးကွာခြားချက်ကကြီးမားနေတာကို တစ်ပတ်ပြီးတစ်ပတ် မြင်နေရပါတယ်။ ပရီးမီးယားလိဂ်နောက်ဆုံး(၅)ပွဲဆက် အနိုင်ရခဲ့ပြီး လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာတဲ့ အာဆင်နယ်အသင်းကိုလည်း မဖြစ်မနေချီးကျူးကြရပါလိမ့်မယ်။ ချယ်လ်ဆီး – လီဗာပူးလ်ပွဲကတော့ ဒီတစ်ပတ်ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးပွဲဖြစ်ခဲ့ပြီး လိဂ်ဖလားပြိုင်ပွဲမှာရော ပရီးမီးယားလိဂ်မှာပါ ဟာဇက် Hazard နဲ့ စတာရစ်ချ် Sturridge တို့က ဂိုးတွေသွင်းယူခဲ့ကြတာကတော့ ထူးခြားတဲ့ တိုက်ဆိုင်မှုတစ်ခု လို့ပဲပြောရမှာပါ။ စတာရစ်ချ်ရဲ့ ဂိုးကတော့ အကောင်းဆုံးတွေထဲကတစ်ဂိုး ဖြစ်ခဲ့ပါတယ်။ အသင်းကြီးတွေအားလုံး ပုံစံကောင်းနဲ့ရှေ့ဆက်နေချိန်မှာတော့ မန်ယူအသင်းကတော့ သူတို့ရဲ့ အခြေအနေဆိုးထဲကနေ ရုန်းထွက်နိုင်ခြင်းမရှိသေးပါဘူး။ နည်းပြမော်ရင်ဟို Mourinho ရဲ့ အသင်းဟာ အရာရာအားလုံးပျက်စီးနေပြီး ပေါ့ဘာ Pogba နဲ့ မာစီယဲလ် Martial တို့ရဲ့ကစားပုံကလည်း မေးခွန်းထုတ်စရာပါ။ ဝက်စ်ဟမ်းပွဲမှာ နောက်တန်း(၅)ယောက်ထားကစားတဲ့ မော်ရင်ဟိုရဲ့ နည်းဗျူဟာပိုင်းကိုလည်း ဝေဖန်ရပါလိမ့်မယ်။ မန်ယူလိုအသင်းမျိုးဟာ ဝက်စ်ဟမ်းလိုအသင်းမျိုးကို နောက်တန်း(၅)ယောက်ထားကစားစရာ ဘာအကြောင်းမှမရှိပါဘူး။ မော်ရင်ဟိုဟာ ကြောက်စိတ်လွန်ကဲနေတယ်လို့ ပြောရမှာဖြစ်ပြီး ကြောက်စိတ်လွန်ကဲလွန်းရင် ဘယ်အရာမှာမှ မအောင်မြင်နိုင်ဖူးဆိုတာကို သူသိဖို့လိုပါတယ်။ လက်ရှိ မော်ရင်ဟိုရဲ့ အနေအထားဟာ ကြိုးတန်းလျှောက်ရတဲ့ အနေအထားထက်ကို ပိုဆိုးနေတာပါ။

ပရီးမီးယားလိဂ်ပွဲစဉ်(၇)ရလဒ်များ

West Ham 3 – 1 Manchester United
Arsenal 2 – 0 Watford
Everton 3 – 0 Fulham
Huddersfield 0 – 2 Tottenham Hotspur
Manchester City 2 – 0 Brighton
Newcastle United 0 – 2 Leicester City
Wolverhampton 2 – 0 Southampton
Chelsea 1 – 1 Liverpool
Cardiff City 1 – 2 Burnley

Madrid-Derby

Madrid-Derby

လာလီဂါမှာတော့ မက်ဒရစ်ဒါဘီပွဲစဉ်ဟာ အနည်းငယ် ပျင်းရိစရာကောင်းခဲ့ပါတယ်။ ခြေစွမ်းပိုင်းကျဆင်းမှုတွေရှိနေတဲ့ ရီးယဲလ်အသင်းဟာ နိုင်ပွဲအတွက် လုံလောက်တဲ့ ခြေစွမ်းကိုမပြနိုင်ခဲ့သလို အက်သလက်တီကိုအသင်းဟာလည်း သရေရင် ရပြီဆိုတဲ့ပုံစံမျိုးနဲ့ ကစားသွားတာပါ။ ဘာစီလိုနာအသင်းဟာလည်း ဘီလ်ဘာအိုအသင်းကို နောက်ကနေ သရေလိုက်ကစားခဲ့ရပြီး နောက်ဆုံးကစားခဲ့တဲ့ လာလီဂါနောက်ဆုံး(၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။ ဒါဟာ ၂၀၁၅ – ၂၀၁၆ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းခေါင်းဆောင် တိုက်စစ်မှုး မက်ဆီ Messi ကတော့ အသင်းရဲ့ခံစစ်ကစားပုံကိုဝေဖန်ခဲ့ပြီး တကယ်လည်း ဘာစီလိုနာအသင်းဟာ နေရာစုံမှာအားနည်းမှုတွေရှိနေခဲ့ပါတယ်။ မက်ဆီဟာ ကျဆင်းလာတဲ့ ဘာစီလိုနာအသင်းကို မရမကထမ်းပိုးထားသူလို့ပဲ ပြောရမှာပါ။ လာလီဂါမှာတော့ ရီးယဲလ်နဲ့ ဘာစီလိုနာတို့ဟာ တစ်သင်းမှားရင် နောက်တစ်သင်းကပါလိုက်မှားသလို ဖြစ်နေပါတယ်။

လာလီဂါပွဲစဉ်(၇)ရလဒ်များ

Rayo Vallecano 2 – 2 Espanyol
Real Sociedad 0 – 1 Valencia
Barcelona 1 – 1 Athletic Club
Eibar 1 – 3 Sevilla
Real Madrid 0 – 0 Atlético Madrid
Huesca 1 – 1 Girona
Villarreal 0 – 1 Real Valladolid
Levante 2 – 1 Deportivo Alavés
Real Betis 1 – 0 Leganés

Cristiano-Ronaldo

Cristiano-Ronaldo

ဂျူဗင်တပ်စ်အသင်းဟာ အနီးဆုံးပြိုင်ဘက် နာပိုလီအသင်းကို အနိုင်ယူပြီး စီးရီးအေပြိုင်ပွဲရဲ့ တစ်ကောင်တည်းပြေးတဲ့မြင်းဖြစ်ခဲ့ပါတယ်။ နာပိုလီအသင်းဟာ ဂျူဗင်တပ်စ်နဲ့ ပွဲမှာတစ်ယောက်ထုတ်ခံခဲ့ရပေမယ့် ဂျူဗင်တပ်စ်အသင်းရဲ့ ခြေစွမ်းဟာလည်း အကောင်းဆုံးမှာရှိခဲ့တာပါ။ စီရော်နယ်လ်ဒို Cristiano Ronaldo ဟာလည်းအသင်းရဲ့ တိုက်စစ်ကို ဦးဆောင်သူဖြစ်လာခဲ့ပြီး နာပိုလီနဲ့ပွဲမှာ ရရှိခဲ့တဲ့ဂိုးတွေမှာ သူ့ရဲ့စွမ်းဆောင်ရည်တွေက အဓိကကျခဲ့ပါတယ်။

စီးရီးအေပွဲစဉ်(၇)ရလဒ်များ

Roma 3 – 1 Lazio
Juventus 3 – 1 Napoli
Internazionale 2 – 0 Cagliari
Bologna 2 – 1 Udinese
Chievo 0 – 1 Torino
Fiorentina 2 – 0 Atalanta
Frosinone 1 – 2 Genoa
Parma 1 – 0 Empoli
Sassuolo 1 – 4 Milan

Dortmund

Dortmund

ဒီတစ်ပတ်ရဲ့ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာတော့ အပြောင်းအလဲတွေဖြစ်ခဲ့ပါတယ်။ ဟာသာဘာလင်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို ( ၂ – ၀ )နဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဒီရလဒ်ကြောင့် ဘွန်ဒစ်လီဂါပြိုင်ပွဲဟာ စိတ်ဝင်စားစရာပိုဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာတော့ ဒေါ့မွန်အသင်းဟာ ရမှတ်(၁၄)မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး သူရဲ့နောက်မှာတော့ ဟာသာဘာလင်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေက ရမှတ်(၁၃)မှတ်စီနဲ့ရှိနေကြပါတယ်။ ဘွန်ဒစ်လီဂါရဲ့ လက်ရှိအနေအထားကိုတော့ မဖြစ်မနေကြိုဆိုကြရမှာပဲ ဖြစ်ပါတယ်။ ပြင်သစ်လီဂူးမှာတော့ ထုံးစံအတိုင်း PSG အသင်းဟာ နိုင်ပွဲဆက်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေခဲ့ပါတယ်။ PSG အသင်းဟာ ပြင်သစ်လီဂူး(၈)ပွဲဆက် အနိုင်ရရှိထားပါတယ်။

ဘွန်ဒစ်လီဂါပွဲစဉ်(၆)ရလဒ်များ

Hertha BSC 2 – 0 Bayern München
Schalke 04 1 – 0 Mainz 05
Hoffenheim 1 – 2 RB Leipzig
Stuttgart 2 – 1 Werder Bremen
Wolfsburg 2 – 2 Monchengladbach
Nürnberg 3 – 0 Fortuna Düsseldorf
Bayer Leverkusen 2 – 4 Borussia Dortmund
Frankfurt 4 – 1 Hannover 96
Augsburg 4 – 1 Freiburg

ပြင်သစ်လီဂူးပွဲစဉ်(၈)ရလဒ်များ

Saint-Étienne 2 – 0 Monaco
Nice 0 – 3 PSG
Angers SCO 0 – 1 Guingamp
Caen 1 – 0 Amiens SC
Olympique Lyonnais 1 – 1 Nantes
Reims 0 – 0 Bordeaux
Strasbourg 3 – 0 Dijon
Rennes 1 – 1 Toulouse
Montpellier 3 – 0 Nîmes
Lille 3 – 0 Olympique Marseille

Photo: Stadium Astro , The18 , Goal.com 
Ko Kyue(Akhayar)
www.akhayar.com