[Zawgyi]

ယူ႐ိုပါလိဂ္မွာ ဂိုးျပတ္ႏိုင္ပြဲေတြ ရယူခဲ႔ၾကတဲ႔ အာဆင္နယ္ နဲ႔ ခ်ယ္လ္ဆီး

ပရီးမီးယားလိဂ္ ထိပ္တန္းအသင္းေတြျဖစ္ၾကတဲ႔ အာဆင္နယ္ နဲ႔ ခ်ယ္လ္ဆီး တို႔အတြက္ ယူ႐ိုပါလိဂ္အုပ္စုအဆင္႔ ပြဲစဥ္ေတြဟာ လြယ္ကူလြန္းခဲ႔ပါတယ္။ ဒီေန႔မနက္ အေစာပိုင္းက ကစားခဲ႔တဲ႔ ယူ႐ိုပါလိဂ္ပြဲစဥ္(၅)မွာလည္း ႏွစ္သင္းလံုးဟာ ဂိုးျပတ္ႏိုင္ပြဲေတြ ရယူခဲ႔ၾကပါတယ္။

Vorskla ၀ – ၃ အာဆင္နယ္

Arsenal

Arsenal

အာဆင္နယ္ကေတာ႔ ထံုးစံအတိုင္း လူငယ္ေတြကိုပဲ အဓိကထားပြဲထြက္ခဲ႔ပါတယ္။ ဒါေပမယ္႔ အသင္းရဲ႕ ကြင္းလယ္ပိုင္းကိုေတာ႔ ရမ္ေဆး Ramsey ကထိန္းေက်ာင္းကစားျပီး ဦးေဆာင္ခဲ႔ပါတယ္။ ဒီပြဲဟာ အာဆင္နယ္အသင္းအတြက္ အခက္အခဲမရိွခဲ႔တဲ႔ ပြဲျဖစ္ခဲ႔ျပီး အသင္းအတြက္ ပထမဂိုးကိုေတာ႔ ပြဲခ်ိန္(၁၀)မိနစ္မွာပဲ လူငယ္ကစားသမား Smith Rowe ကသြင္းယူေပးခဲ႔တာာပါ။ ဒုတိယဂိုးကိုေတာ႔ ပြဲခ်ိန္(၂၇)မိနစ္မွာ ရမ္ေဆး က ပယ္နယ္တီကေန သြင္းယူခဲ႔ျပီး တတိယဂိုးကိုေတာ႔ ပြဲခ်ိန္(၄၁)မိနစ္ Willock အေကာင္းဆံုး အဆံုးသတ္ကန္သြင္းယူခဲ႔တာပဲျဖစ္ပါတယ္။

ခ်ယ္လ္ဆီး ၄ – ၀ PAOK

Giroud

Giroud

ခ်ယ္လ္ဆီးအသင္းကေတာ႔ အိမ္ကြင္းမွာ ဂိုးျပတ္ႏိုင္ပြဲတစ္ပြဲအတြက္ ဘာအခက္အခဲမွမရိွခဲ႔ပါဘူး။ ပြဲခ်ိန္(၇)မိနစ္မွာပဲ PAOK ေနာက္ခံလူ Khacheridi တိုက္႐ိုက္ အနီနဲ႔ထုတ္ပယ္ခံခဲ႔ရတာေၾကာင္႔လညး္ ခ်ယ္လ္ဆီးအတြက္ ပြဲကပိုလြယ္ကူခဲ႔ပါတယ္။ ဒီပြဲမွာ ခ်ယ္လ္ဆီးအသင္းရဲ႕ တိုက္စစ္မွဴးေတြျဖစ္ၾကတဲ႔ ဂ်႐ူး Giroud နဲ႔ မိုရာတာ Morata တို႔ဂိုးရခဲ႔တာေၾကာင္႔လည္း အသင္းရဲ႕ တိုက္စစ္ပိုင္းအတြက္ ေက်နပ္စရာ အေနအထားတစ္ခုျဖစ္ခဲ႔ပါတယ္။ ခ်ယ္လ္ဆီးအသင္းအတြက္ ဂိုးေတြကိုေတာ႔ ေကာင္းမြန္တဲ႔ အဆံုးသတ္ကန္ခ်က္ေတြနဲ႔ ပြဲခ်ိန္(၂၇)နဲ႔ (၃၇)မိနစ္ေတြမွာ ဂ်႐ူး က(၂)ဂိုးသြင္းယူခဲ႔ျပီး ပြဲခ်ိန္မိနစ္(၆၀)မွာ လူငယ္ကစားသမား Hudson-Odoi ၊ ပြဲခ်ိန္(၇၈)မိနစ္မွာ မိုရာတာ တို႔ကသြင္းယူခဲ႔ၾကပါတယ္။

ယူ႐ိုပါလိဂ္ပြဲစဥ္ရလဒ္မ်ား

Spartak Moskva 1 – 2 Rapid Wien
Astana 0 – 1 Dynamo Kyiv
Zürich 1 – 2 AEK Larnaca
Bayer Leverkusen 1 – 1 Ludogorets
Salzburg 1 – 0 RB Leipzig
Rosenborg 0 – 1 Celtic
Zenit 1 – 0 København
Bordeaux 2 – 0 Slavia Praha
Anderlecht 0 – 0 Spartak Trnava
Fenerbahçe 0 – 0 Dinamo Zagreb
Qarabağ 1 – 6 Sporting CP
Vorskla 0 – 3 Arsenal
Milan 5 – 2 F91 Dudelange
Real Betis 1 – 0 Olympiakos Piraeus
Krasnodar 2 – 1 Akhisarspor
BATE 2 – 0 Vidi
Rangers 0 – 0 Villarreal
Standard Liège 1 – 0 Sevilla
Apollon 2 – 0 Lazio
Frankfurt 4 – 0 Marseille
Jablonec 0 – 1 Rennes
Sarpsborg 08 2 – 3 Beşiktaş
Malmö FF 2 – 2 Genk
Chelsea 4 – 0 PAOK

Photo: Chelsea Twitter , Arsenal Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ယူရိုပါလိဂ်မှာ ဂိုးပြတ်နိုင်ပွဲတွေ ရယူခဲ့ကြတဲ့ အာဆင်နယ် နဲ့ ချယ်လ်ဆီး

ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေဖြစ်ကြတဲ့ အာဆင်နယ် နဲ့ ချယ်လ်ဆီး တို့အတွက် ယူရိုပါလိဂ်အုပ်စုအဆင့် ပွဲစဉ်တွေဟာ လွယ်ကူလွန်းခဲ့ပါတယ်။ ဒီနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်(၅)မှာလည်း နှစ်သင်းလုံးဟာ ဂိုးပြတ်နိုင်ပွဲတွေ ရယူခဲ့ကြပါတယ်။

Vorskla ၀ – ၃ အာဆင်နယ်

Arsenal

Arsenal

အာဆင်နယ်ကတော့ ထုံးစံအတိုင်း လူငယ်တွေကိုပဲ အဓိကထားပွဲထွက်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းရဲ့ ကွင်းလယ်ပိုင်းကိုတော့ ရမ်ဆေး Ramsey ကထိန်းကျောင်းကစားပြီး ဦးဆောင်ခဲ့ပါတယ်။ ဒီပွဲဟာ အာဆင်နယ်အသင်းအတွက် အခက်အခဲမရှိခဲ့တဲ့ ပွဲဖြစ်ခဲ့ပြီး အသင်းအတွက် ပထမဂိုးကိုတော့ ပွဲချိန်(၁၀)မိနစ်မှာပဲ လူငယ်ကစားသမား Smith Rowe ကသွင်းယူပေးခဲ့တာာပါ။ ဒုတိယဂိုးကိုတော့ ပွဲချိန်(၂၇)မိနစ်မှာ ရမ်ဆေး က ပယ်နယ်တီကနေ သွင်းယူခဲ့ပြီး တတိယဂိုးကိုတော့ ပွဲချိန်(၄၁)မိနစ် Willock အကောင်းဆုံး အဆုံးသတ်ကန်သွင်းယူခဲ့တာပဲဖြစ်ပါတယ်။

ချယ်လ်ဆီး ၄ – ၀ PAOK

Giroud

Giroud

ချယ်လ်ဆီးအသင်းကတော့ အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲတစ်ပွဲအတွက် ဘာအခက်အခဲမှမရှိခဲ့ပါဘူး။ ပွဲချိန်(၇)မိနစ်မှာပဲ PAOK နောက်ခံလူ Khacheridi တိုက်ရိုက် အနီနဲ့ထုတ်ပယ်ခံခဲ့ရတာကြောင့်လည်း ချယ်လ်ဆီးအတွက် ပွဲကပိုလွယ်ကူခဲ့ပါတယ်။ ဒီပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ဂျရူး Giroud နဲ့ မိုရာတာ Morata တို့ဂိုးရခဲ့တာကြောင့်လည်း အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ကျေနပ်စရာ အနေအထားတစ်ခုဖြစ်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းအတွက် ဂိုးတွေကိုတော့ ကောင်းမွန်တဲ့ အဆုံးသတ်ကန်ချက်တွေနဲ့ ပွဲချိန်(၂၇)နဲ့ (၃၇)မိနစ်တွေမှာ ဂျရူး က(၂)ဂိုးသွင်းယူခဲ့ပြီး ပွဲချိန်မိနစ်(၆၀)မှာ လူငယ်ကစားသမား Hudson-Odoi ၊ ပွဲချိန်(၇၈)မိနစ်မှာ မိုရာတာ တို့ကသွင်းယူခဲ့ကြပါတယ်။

ယူရိုပါလိဂ်ပွဲစဉ်ရလဒ်များ

Spartak Moskva 1 – 2 Rapid Wien
Astana 0 – 1 Dynamo Kyiv
Zürich 1 – 2 AEK Larnaca
Bayer Leverkusen 1 – 1 Ludogorets
Salzburg 1 – 0 RB Leipzig
Rosenborg 0 – 1 Celtic
Zenit 1 – 0 København
Bordeaux 2 – 0 Slavia Praha
Anderlecht 0 – 0 Spartak Trnava
Fenerbahçe 0 – 0 Dinamo Zagreb
Qarabağ 1 – 6 Sporting CP
Vorskla 0 – 3 Arsenal
Milan 5 – 2 F91 Dudelange
Real Betis 1 – 0 Olympiakos Piraeus
Krasnodar 2 – 1 Akhisarspor
BATE 2 – 0 Vidi
Rangers 0 – 0 Villarreal
Standard Liège 1 – 0 Sevilla
Apollon 2 – 0 Lazio
Frankfurt 4 – 0 Marseille
Jablonec 0 – 1 Rennes
Sarpsborg 08 2 – 3 Beşiktaş
Malmö FF 2 – 2 Genk
Chelsea 4 – 0 PAOK

Photo: Chelsea Twitter , Arsenal Twitter
Ko Kyue(Akhayar)
www.akhayar.com