[Zawgyi]

ယူ႐ိုပါလိဂ္မွာ (၄)ပြဲဆက္ ႏိုင္ပြဲရရိွခဲ႔တဲ႔ ခ်ယ္လ္ဆီး

ယူ႐ိုပါလိဂ္မွာ ရလဒ္ေကာင္းေနၾကတဲ႔ ခ်ယ္လ္ဆီးနဲ႔ အာဆင္နယ္အသင္းေတြမွာ ခ်ယ္လ္ဆီးအသင္းဟာ ပြဲစဥ္(၄)မွာ ႏိုင္ပြဲရရိွခဲ႔ေပမယ္႔ အာဆင္နယ္အသင္းကေတာ႔ သေရရလဒ္နဲ႔သာ ေက်နပ္ခဲ႔ရပါတယ္။

BATE ၀ – ၁ ခ်ယ္လ္ဆီး

Giroud-Celebrate

Giroud-Celebrate

ခ်ယ္လ္ဆီးအသင္းဟာ ဒီပြဲမွာေတာ႔ အဓိကကစားသမားေတြနဲ႔ အရန္ကစားသမားေတြကို ေရာစပ္ျပီးပြဲထြက္လာခဲ႔တာပါ။ ဒါေပမယ္႔ ခ်ယ္လ္ဆီးအသင္းရဲ႕ ပြဲထြက္လူစာရင္းဟာ ေတာင္တင္းတဲ႔ အေနအထားမွာရိွခဲ႔ပါတယ္။ ျပိဳင္ဘက္အသင္းဟာလည္း ခ်ယ္လ္ဆီးထက္ အဆင္႔မ်ားစြာနိမ္႔တာေၾကာင္႔ ခ်ယ္လ္ဆီးအေနနဲ႔ ဖိအားကင္းကင္းကစားႏိုင္ခဲ႔ပါတယ္။ ခ်ယ္္လ္ဆီးအသင္းအတြက္ တစ္လံုးထဲေသာ အႏိုင္ဂိုးကုိေတာ႔ ပြဲခ်ိန္(၅၂)မိနစ္မွာ အီမာဆင္ Emerson ရဲ႕ျဖတ္တင္ေဘာကို တိုက္စစ္မွဴး ဂ်ရူး Giroud ကေခါင္းတိုက္အဆံုးသတ္ခဲ႔တာပဲျဖစ္ပါတယ္။

အာဆင္နယ္ ၀ – ၀ စပို႔တင္းလစၥဘြန္း

Welbeck-injury

Welbeck-injury

ယူ႐ိုပါလိဂ္ပြဲစဥ္(၄)မွာေတာ႔ အာဆင္နယ္အသင္းဟာ ႏိုင္ပြဲေပ်ာက္ဆံုးခဲ႔ပါတယ္။ စပို႔တင္းလစၥဘြန္းအသင္းအတြက္ ကေတာ႔ အေ၀းကြင္းမွာ အဖိုးတန္သေရတစ္မွတ္ကုိရယူႏိုင္ခဲ႔ပါတယ္။ အာဆင္နယ္အသင္းဟာ ထံုးစံအတိုင္းပြဲကို အသာစီးကစားႏိုင္ခဲ႔ေပမယ္႔ ထိေရာက္တဲ႔ ထိုးေဖာက္မႈေတြကိုေတာ႔ မလုပ္ႏိုင္ခဲ႔ပါဘူး။ ႏွစ္သင္းလံုးအတြက္ သေရရလဒ္ဟာ မွ်တေပမယ္႔ အခုေနာက္ပိုင္းမွာ ေျခစြမ္းျပေနတဲ႔ တိုက္စစ္မွဴး ၀ဲလ္ဘတ္ Welbeck ဒဏ္ရာရရိွခဲ႔တာေၾကာင္႔ အာဆင္နယ္အသင္းအတြက္ နစ္နာခဲ႔ပါတယ္။

ယူ႐ိုပါလိဂ္ပြဲစဥ္ရလဒ္မ်ား

Fenerbahce 2 – 0 Anderlecht
FC Astana 2 – 1 Jablonec
Bayer Leverkusen 1 – 0 FC Zuerich
Ludogorets Razgrad 0 – 0 AEK Larnaca
Celtic 2 – 1 RasenBallsport Leipzig
Rosenborg 2 – 5 Salzburg
Bordeaux 1 – 1 Zenit St. Petersburg
Slavia Prague 0 – 0 FC Koebenhavn
Fenerbahce 2 – 0 Anderlecht
Dinamo Zagreb 3 – 1 Spartak Trnava
Arsenal 0 – 0 Sporting CP
FTVorskla 0 – 1 Qarabag FK
Olympiacos 5 – 1 F91 Dudelange
Real Betis 1 – 1 Milan
Rapid Wien 0 – 0 Villarreal
Spartak Moscow 4 – 3 Rangers
Apollon Limassol 2 – 3 Eintracht Frankfurt
Lazio 2 – 1 Marseille
Genk 1 – 1 Besiktas
Malmoe FF 1 – 1 Sarpsborg 08
Akhisarspor 2 – 3 Sevilla
FC Krasnodar 2 – 1 Standard Liege
FC Astana 2 – 1 Jablonec
Dynamo Kyiv 3 – 1 Rennes
BATE Borisov 0 – 1 Chelsea
Vidi FC 1 – 0 PAOK Thessaloniki FC

Photo: Evening Standard , 10z Soccer , FOX Sports Philippines
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ယူရိုပါလိဂ်မှာ (၄)ပွဲဆက် နိုင်ပွဲရရှိခဲ့တဲ့ ချယ်လ်ဆီး

ယူရိုပါလိဂ်မှာ ရလဒ်ကောင်းနေကြတဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတွေမှာ ချယ်လ်ဆီးအသင်းဟာ ပွဲစဉ်(၄)မှာ နိုင်ပွဲရရှိခဲ့ပေမယ့် အာဆင်နယ်အသင်းကတော့ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

BATE ၀ – ၁ ချယ်လ်ဆီး

Giroud-Celebrate

Giroud-Celebrate

ချယ်လ်ဆီးအသင်းဟာ ဒီပွဲမှာတော့ အဓိကကစားသမားတွေနဲ့ အရန်ကစားသမားတွေကို ရောစပ်ပြီးပွဲထွက်လာခဲ့တာပါ။ ဒါပေမယ့် ချယ်လ်ဆီးအသင်းရဲ့ ပွဲထွက်လူစာရင်းဟာ တောင်တင်းတဲ့ အနေအထားမှာရှိခဲ့ပါတယ်။ ပြိုင်ဘက်အသင်းဟာလည်း ချယ်လ်ဆီးထက် အဆင့်များစွာနိမ့်တာကြောင့် ချယ်လ်ဆီးအနေနဲ့ ဖိအားကင်းကင်းကစားနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းအတွက် တစ်လုံးထဲသော အနိုင်ဂိုးကိုတော့ ပွဲချိန်(၅၂)မိနစ်မှာ အီမာဆင် Emerson ရဲ့ဖြတ်တင်ဘောကို တိုက်စစ်မှူး ဂျရူး Giroud ကခေါင်းတိုက်အဆုံးသတ်ခဲ့တာပဲဖြစ်ပါတယ်။

အာဆင်နယ် ၀ – ၀ စပို့တင်းလစ္စဘွန်း

Welbeck-injury

Welbeck-injury

ယူရိုပါလိဂ်ပွဲစဉ်(၄)မှာတော့ အာဆင်နယ်အသင်းဟာ နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။ စပို့တင်းလစ္စဘွန်းအသင်းအတွက် ကတော့ အဝေးကွင်းမှာ အဖိုးတန်သရေတစ်မှတ်ကိုရယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ထုံးစံအတိုင်းပွဲကို အသာစီးကစားနိုင်ခဲ့ပေမယ့် ထိရောက်တဲ့ ထိုးဖောက်မှုတွေကိုတော့ မလုပ်နိုင်ခဲ့ပါဘူး။ နှစ်သင်းလုံးအတွက် သရေရလဒ်ဟာ မျှတပေမယ့် အခုနောက်ပိုင်းမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ဝဲလ်ဘတ် Welbeck ဒဏ်ရာရရှိခဲ့တာကြောင့် အာဆင်နယ်အသင်းအတွက် နစ်နာခဲ့ပါတယ်။

ယူရိုပါလိဂ်ပွဲစဉ်ရလဒ်များ

Fenerbahce 2 – 0 Anderlecht
FC Astana 2 – 1 Jablonec
Bayer Leverkusen 1 – 0 FC Zuerich
Ludogorets Razgrad 0 – 0 AEK Larnaca
Celtic 2 – 1 RasenBallsport Leipzig
Rosenborg 2 – 5 Salzburg
Bordeaux 1 – 1 Zenit St. Petersburg
Slavia Prague 0 – 0 FC Koebenhavn
Fenerbahce 2 – 0 Anderlecht
Dinamo Zagreb 3 – 1 Spartak Trnava
Arsenal 0 – 0 Sporting CP
FTVorskla 0 – 1 Qarabag FK
Olympiacos 5 – 1 F91 Dudelange
Real Betis 1 – 1 Milan
Rapid Wien 0 – 0 Villarreal
Spartak Moscow 4 – 3 Rangers
Apollon Limassol 2 – 3 Eintracht Frankfurt
Lazio 2 – 1 Marseille
Genk 1 – 1 Besiktas
Malmoe FF 1 – 1 Sarpsborg 08
Akhisarspor 2 – 3 Sevilla
FC Krasnodar 2 – 1 Standard Liege
FC Astana 2 – 1 Jablonec
Dynamo Kyiv 3 – 1 Rennes
BATE Borisov 0 – 1 Chelsea
Vidi FC 1 – 0 PAOK Thessaloniki FC

Photo: Evening Standard , 10z Soccer , FOX Sports Philippines
Ko Kyue(Akhayar)
www.akhayar.com