[Zawgyi]

ယူ႐ိုပါလိဂ္မွာ ရာႏႈန္းျပည္႔ႏိုင္ပြဲေတြရယူေနတဲ႔ အာဆင္နယ္နဲ႔ ခ်ယ္လ္ဆီး

ပရီးမီးယားလိဂ္ကလပ္အသင္းေတြ ျဖစ္ၾကတဲ႔ အာဆင္နယ္နဲ႔ ခ်ယ္လ္ဆီး အသင္းေတြဟာ ယူ႐ိုပါလိဂ္မွာ အေျခအေနေကာင္းေနၾကျပီး ရာႏႈန္းျပည္႔ႏိုင္ပြဲေတြရယူေနၾကပါတယ္။ႏွစ္သင္းလံုးဟာ ယူ႐ိုပါလိဂ္(၃)ပြဲကစားအျပီးမွာ ရမွတ္(၉)မွတ္ရရိွထားၾကပါတယ္။

စပို႔တင္းလစၥဘြန္း ၀ – ၁ အာဆင္နယ္

Welbeck-Score

Welbeck-Score

ရလဒ္ေကာင္းေတြဆက္တိုက္ရယူေနတဲ႔ နည္းျပအမ္မရီ Emery ရဲ႕ အာဆင္နယ္အသင္းဟာ ဒီပြဲမွာ အရန္ကစားသမားေတြနဲ႔ အဓိကကစားသမားေတြကို ေရာစပ္ျပီးပြဲထြက္လာခဲ႔ပါတယ္။ စပို႔တင္းလစၥဘြန္းအသင္းဟာလည္း မာေက်ာတဲ႔အသင္းျဖစ္တာေၾကာင္႔ အာဆင္နယ္အေနနဲ႔ ကစားရအနည္းငယ္ခက္ခဲခဲ႔ပါတယ္။ နာနီ Nani ဦးေဆာင္လာတဲ႔ စပို႔တင္းလစၥဘြန္းအသင္းဟာ အာဆင္နယ္အသင္းကို ဖိအားေပးမႈေတြလည္းျပဳလုပ္ႏိုင္ခဲ႔ပါတယ္။ ဒုတိယပိုင္းမွာေတာ႔ အာဆင္နယ္အသင္းဟာဂိုးရဖို႔ အတြက္ ပိုမိုတိုက္စစ္ဆင္ကစားလာခဲ႔ျပီး ပြဲခ်ိန္(၇၇)မိနစ္မွာေတာ႔ အႏိုင္ဂိုးရရိွခဲ႔ပါတယ္။ ဒီဂိုးကို စပို႔တင္းလစၥဘြန္းေနာက္ခံလူ ကိုအာတက္စ္ Coates ရဲ႕တားဆီးပံုမေသသပ္တာကေန ၀ဲလ္ဘတ္ Welbeck ကဆြဲထြက္ျပီး ကန္သြင္းယူခဲ႔တာပဲျဖစ္ပါတယ္။

ခ်ယ္လ္ဆီး ၃ – ၁ BATE

Chelsea

Chelsea

ခ်ယ္လ္ဆီးအသင္းဟာ အရန္ကစားသမားအမ်ားစုနဲ႔ ပြဲကိုရင္ဆိုင္ခဲ႔ေပမယ္႔ BATE အသင္းဟာ ယွဥ္ကစားႏိုင္စြမ္းမရိွတာေၾကာင္႔ ခ်ယ္လ္ဆီးအသင္းအတြက္ပြဲဟာလြယ္ကူခဲ႔ပါတယ္။ ဒီပြဲမွာေတာ႔ ခ်ယ္လ္ဆီးကြင္းလယ္လူ ေလာဖ္႔တပ္ခ်ိခ္ Loftus-Cheek ဟာ ေျခစြမ္းျပကစားႏိုင္ခဲ႔ျပီး ဟက္ထရစ္သြင္းယူႏိုင္ခဲ႔ပါတယ္။ ေလာဖ္႔တပ္ခ်ိခ္ဟာ ခ်ယ္လ္ဆီးအသင္းအတြက္ သြင္းဂိုးေတြကို ပြဲခ်ိန္(၂)မိနစ္ ၊ (၈)မိနစ္နဲ႔ (၅၃)မိနစ္ေတြမွာ သြင္းယူေပးခဲ႔တာျဖစ္ျပီး BATE အသင္းအတြက္ ေခ်ပဂိုးကိုေတာ႔ ပြဲခ်ိန္(၇၉)မိနစ္မွာ Rios ကသြင္းယူခဲ႔ပါတယ္။

ယူ႐ိုပါလိဂ္ပြဲစဥ္ ရလဒ္မ်ား

Zürich 3 – 2 Bayer Leverkusen
AEK Larnaca 1 – 1 Ludogorets
Salzburg 3 – 0 Rosenborg
RB Leipzig 2 – 0 Celtic
Zenit 2 – 1 Bordeaux
København 0 – 1 Slavia Praha
Anderlecht 2 – 2 Fenerbahçe
Spartak Trnava 1 – 2 Dinamo Zagreb
Qarabağ 0 – 1 Vorskla
Sporting CP 0 – 1 Arsenal
Milan 1 – 2 Real Betis
F91 Dudelange 0 – 2 Olympiakos Piraeus
Rangers 0 – 0 Spartak Moskva
Villarreal 5 – 0 Rapid Wien
Standard Liège 2 – 1 Krasnodar
Sevilla 6 – 0 Akhisarspor
Frankfurt 2 – 0 Apollon
Marseille 1 – 3 Lazio
Jablonec 1 – 1 Astana
Rennes 1 – 2 Dynamo Kyiv
Sarpsborg 08 1 – 1 Malmö FF
Beşiktaş 2 – 4 Genk
Chelsea 3 – 1 BATE
PAOK 0 – 2 Vidi

Photo: Chelsea Twitter , The Independent , Evening Standard
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ယူရိုပါလိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲတွေရယူနေတဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီး

ပရီးမီးယားလိဂ်ကလပ်အသင်းတွေ ဖြစ်ကြတဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီး အသင်းတွေဟာ ယူရိုပါလိဂ်မှာ အခြေအနေကောင်းနေကြပြီး ရာနှုန်းပြည့်နိုင်ပွဲတွေရယူနေကြပါတယ်။နှစ်သင်းလုံးဟာ ယူရိုပါလိဂ်(၃)ပွဲကစားအပြီးမှာ ရမှတ်(၉)မှတ်ရရှိထားကြပါတယ်။

စပို့တင်းလစ္စဘွန်း ၀ – ၁ အာဆင်နယ်

Welbeck-Score

Welbeck-Score

ရလဒ်ကောင်းတွေဆက်တိုက်ရယူနေတဲ့ နည်းပြအမ်မရီ Emery ရဲ့ အာဆင်နယ်အသင်းဟာ ဒီပွဲမှာ အရန်ကစားသမားတွေနဲ့ အဓိကကစားသမားတွေကို ရောစပ်ပြီးပွဲထွက်လာခဲ့ပါတယ်။ စပို့တင်းလစ္စဘွန်းအသင်းဟာလည်း မာကျောတဲ့အသင်းဖြစ်တာကြောင့် အာဆင်နယ်အနေနဲ့ ကစားရအနည်းငယ်ခက်ခဲခဲ့ပါတယ်။ နာနီ Nani ဦးဆောင်လာတဲ့ စပို့တင်းလစ္စဘွန်းအသင်းဟာ အာဆင်နယ်အသင်းကို ဖိအားပေးမှုတွေလည်းပြုလုပ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အာဆင်နယ်အသင်းဟာဂိုးရဖို့ အတွက် ပိုမိုတိုက်စစ်ဆင်ကစားလာခဲ့ပြီး ပွဲချိန်(၇၇)မိနစ်မှာတော့ အနိုင်ဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးကို စပို့တင်းလစ္စဘွန်းနောက်ခံလူ ကိုအာတက်စ် Coates ရဲ့တားဆီးပုံမသေသပ်တာကနေ ဝဲလ်ဘတ် Welbeck ကဆွဲထွက်ပြီး ကန်သွင်းယူခဲ့တာပဲဖြစ်ပါတယ်။

ချယ်လ်ဆီး ၃ – ၁ BATE

Chelsea

Chelsea

ချယ်လ်ဆီးအသင်းဟာ အရန်ကစားသမားအများစုနဲ့ ပွဲကိုရင်ဆိုင်ခဲ့ပေမယ့် BATE အသင်းဟာ ယှဉ်ကစားနိုင်စွမ်းမရှိတာကြောင့် ချယ်လ်ဆီးအသင်းအတွက်ပွဲဟာလွယ်ကူခဲ့ပါတယ်။ ဒီပွဲမှာတော့ ချယ်လ်ဆီးကွင်းလယ်လူ လောဖ့်တပ်ချိခ် Loftus-Cheek ဟာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ လောဖ့်တပ်ချိခ်ဟာ ချယ်လ်ဆီးအသင်းအတွက် သွင်းဂိုးတွေကို ပွဲချိန်(၂)မိနစ် ၊ (၈)မိနစ်နဲ့ (၅၃)မိနစ်တွေမှာ သွင်းယူပေးခဲ့တာဖြစ်ပြီး BATE အသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန်(၇၉)မိနစ်မှာ Rios ကသွင်းယူခဲ့ပါတယ်။

ယူရိုပါလိဂ်ပွဲစဉ် ရလဒ်များ

Zürich 3 – 2 Bayer Leverkusen
AEK Larnaca 1 – 1 Ludogorets
Salzburg 3 – 0 Rosenborg
RB Leipzig 2 – 0 Celtic
Zenit 2 – 1 Bordeaux
København 0 – 1 Slavia Praha
Anderlecht 2 – 2 Fenerbahçe
Spartak Trnava 1 – 2 Dinamo Zagreb
Qarabağ 0 – 1 Vorskla
Sporting CP 0 – 1 Arsenal
Milan 1 – 2 Real Betis
F91 Dudelange 0 – 2 Olympiakos Piraeus
Rangers 0 – 0 Spartak Moskva
Villarreal 5 – 0 Rapid Wien
Standard Liège 2 – 1 Krasnodar
Sevilla 6 – 0 Akhisarspor
Frankfurt 2 – 0 Apollon
Marseille 1 – 3 Lazio
Jablonec 1 – 1 Astana
Rennes 1 – 2 Dynamo Kyiv
Sarpsborg 08 1 – 1 Malmö FF
Beşiktaş 2 – 4 Genk
Chelsea 3 – 1 BATE
PAOK 0 – 2 Vidi

Photo: Chelsea Twitter , The Independent , Evening Standard
Ko Kyue(Akhayar)
www.akhayar.com