[Zawgyi]


ပွဲမတိုင်ခင် အသင်းပြောင်းတော့မယ်လို့ အသံထွက်နေတဲ့ ဂရစ်ဇ်မန်း Griezmann ကို အသင်းဖော် တိုက်စစ်မှူး ကော်စတာ Costa က နောက်ဆုံးပွဲလို့ သဘောထားပြီး အကောင်းဆုံး ကစားပေးဖို့ တိုက်တွန်းထားတယ်။ ဂရစ်ဇ်မန်းကလည်း အကောင်းဆုံးဆိုတာထက် ပိုအောင် အသင်းအတွက် စွမ်းဆောင်ပေးနိုင်ခဲ့တယ်။ နှစ်သင်းစလုံး ဖလားမျှော်လင့်ချက်အတွက် လူစုံထုတ်လာခဲ့တယ်။ အက်သလက်တီကိုကော မာဆေးလ်ပါ အကောင်းဆုံး ကစားနိုင်ခဲ့ပြီး ဗိုလ်လုပွဲတစ်ပွဲရဲ့ ရသကို ပေးစွမ်းနိုင်ခဲ့တယ်။ ဆီမြွန်နီ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပွဲကြီးကြပ်ခွင့်မရခဲ့ပေမယ့် အက်သလက်တီကိုကို ပုံစံမပျက်သွားအောင် ပွဲကြိုပြင်ဆင်မှုတွေ ပြုလုပ်ပေးနိုင်ခဲ့တယ်။ သူတို့ပုံစံအတိုင်း ခပ်လေးလေးနဲ့ ပွဲကိုစမယ်။ အခွင့်အရေးတစ်ကြိမ်ရရင် တစ်ဂိုးဖြစ်အောင် လုပ်မယ်။ ခံစစ်ကို ပြန်အားပြုမယ် ကောင်တာချောင်းမယ်။ သူတို့ရဲ့ ကစားပုံကို ဟန်မပျက် ထိန်းနိုင်ခဲ့တယ်။ မာဆေးလ်တို့ ပွဲမစခင်ကတည်းက ပွဲကို ဦးဆောင်နိုင်ခဲ့တယ်။ သူတို့ တက်နိုင်တဲ့ စွမ်းဆာင်ရည်ထက်တော့ သာအောင်လုပ်ပြနိုင်ခဲ့တယ်လို့ ပြောရမယ်။ တစ်ပွဲလုံးလည်း ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူနိုင်ခဲ့တယ်။ သူတို့တက်နိုင်တာကို အကောင်းဆုံး လုပ်ပြနိုင်ခဲ့တယ်။

Atletico-Madrid

Atletico-Madrid





REF:BBC Sports
Photo:Daily Mail
Aung Kyaw Wai(Akhayar)
www.akhayar.com

[Unicode]

မာဆေးလ်ကို ဂိုးပြတ်အနိုင်ယူပြီး ယူရိုပါလိဂ် ချန်ပီယံဆုကို (၃)ကြိမ်မြောက် ရယူနိုင်ခဲ့တဲ့ အက်သလက်တီကို

ပြဲမတိုင္ခင် အသင်ျးေပာင်းတော့မယ္လို့ အသံထြက်နေတဲ့ ဂရစ္ဇ္မန်း Griezmann ကို အသင်းဖော် တိုက္စစ္မွူး က္စောတာ Costa က နောက္ဆုံးပြဲလို့ သေဘာထားပြီး အေကာင်းဆုံး ကစားပေးဖို့ တိုက္တြန်းထားတယ်။ ဂရစ္ဇ္မန်းကလည်း အေကာင်းဆုံးဆိုတာထက် ပိုအောင် အသင်းအတြက် စြမ်းဆောင်ပေးနိုင္ခဲ့တယ်။ နွစ်သင်းစလုံး ဖလားမွေ်္လာင့်ခ်က်အတြက် လူစုံထုတ္လာခဲ့တယ်။ အက်သလက္တီကိုကော မာဆေးလ္ပါ အေကာင်းဆုံး ကစားနိုင္ခဲ့ပြီး ဗိုလ္လုပြဲတစ္ပြဲရဲ့ ရသကို ပေးစြမ်းနိုင္ခဲ့တယ်။ ဆျီမြန္နီ ပြဲပယ်ျပစ္ဒဏ်ကြောင့် ပြဲကြီးကြပ္ခြင့်မရခဲ့ပေမယ့် အက်သလက္တီကိုကို ပုံစံမပ်က်သြားအောင် ပြဲကျြိုပင္ဆင္မှုတျြေပုလုပ်ပေးနိုင္ခဲ့တယ်။ သူတို့ပုံစံအတိုင်း ခပ်လေးလေးနဲ့ ပြဲကိုစမယ်။ အခြင့်အေရးတစ်ကြိမ်ရရင် တစ္ဂိုျးဖစ်အောင် လုပ္မယ်။ ခံစစ္ကျိုပန်အာျးပုမယ် ကောင္တာခော်င်းမယ်။ သူတို့ရဲ့ ကစားပုံကို ဟန္မပ်က် ထိန်းနိုင္ခဲ့တယ်။ မာဆေးလ္တို့ ပြဲမစခင္ကတည်းက ပြဲကို ဦးဆောင္နိုင္ခဲ့တယ်။ သူတို့ တက္နိုင္တဲ့ စြမ်းဆာင်ရည္ထက်တော့ သာအောင္လုပ်ျပနိုင္ခဲ့တယ္လို့ျေပာရမယ်။ တစ္ပြဲလုံးလည်း ဘောလုံးပိုင္ဆိုင္မှု အသာစီးရယူနိုင္ခဲ့တယ်။ သူတို့တက္နိုင္တာကို အေကာင်းဆုံး လုပ်ျပနိုင္ခဲ့တယ်။

ပွဲအစပိုင်းမှာရတဲ့ အပိုင်အခွင့်အရေးကိုသာ တိုက်စစ်မှူး ဂျာမိန်း Germain အသုံးချနိုင်ခဲ့မယ်ဆို ပွဲရလဒ် တစ်မျိုးပြောင်းသွားနိုင်ပေမယ့် ဂိုးဘားတန်းပေါ်ကျော်သွားခဲ့လို့ နစ်နာခဲ့ရတယ်။ (၂၁)မိနစ်အရောက်မှာ မာဆေးလ်နောက်ခံလူတွေရဲ့ အမှားကနေ အသင်းခေါင်းဆောင် ဂါဘီ Gabi ဂိုးရှေ့မှာ လွတ်လွတ်ကျွတ်ကျွတ်ရှိနေတဲ့ ဂရစ်ဇ်မန်းက အပိုင်ကန်သွင်းပြီး ဦးဆောင်ဂိုးကို ရယူနိုင်ခဲ့တယ်။ မထင်မှတ်ပဲ ဦးဆောင်ဂိုးပေးလိုက်ရလို့ ပြန်လည် ဖိအားပေးမှုတွေ ပြုလုပ်လာခဲ့ပေမယ့် အသင်းခေါင်းဆောင် ပါယက် Payet ဒဏ်ရာ ရသွားခဲ့လို့ လူစားခဲ့ရတာက မာဆေးလ်အတွက် နစ်နာမှုတစ်ခု ဖြစ်ခဲ့တယ်။ ပထမပိုင်းရဲ့ နောက်ပိုင်း ပွဲချိန်တွေမှာတော့ နှစ်သင်းစလုံး ကွင်းလယ် အားပြိုင်မှုတွေ ပြုလုပ်နေတာနဲ့ အချိန်ကုန်နေခဲ့လို့ (၁-ဝ)ဂိုး ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့တယ်။

Atletico-Players-goal-celebrates

Atletico-Players-goal-celebrates

ဒုတိယပိုင်းအစမှာလည်း တီကိုက သူတို့ ပုံစံအတိုင်း မာဆေးလ်နောက်တန်း အမှားကို ချောင်းကစားနေခဲ့လို့ ပွဲအရှိန်ကတော့ အနည်းငယ်လျော့နေခဲ့တယ်။ ပါယက် မရှိတော့တဲ့ နောက်ပိုင်း မာဆေးလ်တို့ တိုက်စစ်အသက်မဲ့နေသလို ဖြစ်သွားခဲ့တာကလည်း တီကိုအတွက် ပိုမို အသာရဖို့ ဖြစ်လာခဲ့တယ်။ ပွဲချိန် (၄၉)မိနစ်အရောက်မှာတော့ တီကိုအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို ဂရစ်ဇ်မန်းက သူ့ရဲ့ ပုံစံအတိုင်း မာဆေးလ် နောက်ခံလူတွေကို ကျော်ဖြတ်ပြီး ဂိုးသမား မန်ဒန်ဒါ Mandanda ရဲ့ ဘယ်ဘက်ထောင့်ကို လှလှပပ ကျော်သွင်းပြီး ရယူပေးခဲ့တယ်။ (၂)ဂိုး ပေးလိုက်ရပြီးနောက်ပိုင်းမှာတော့ မာဆေးလ်တို့ ပြန်လာနိုင်ဖို့ ခက်ခဲသွားခဲ့ပြီး ကစားကွက်ပါ ပျက်သွားခဲ့တယ်။ တီကိုအတွက် အနိုင်သေချာစေမယ့် ဂိုးကိုတော့ ဒီနေ့ပွဲမှာ ခြေစွမ်းပြနေတဲ့ ဂါဘီ၊ ဂရစ်ဇ်မန်းတွဲလုံးတွေကနေ ဂါဘီက အဆုံးသတ် ကန်သွင်းယူခဲ့တယ်။ ပွဲပြီးဖို့ မိနစ်အနည်းငယ် အလိုမှာတော့ ရာသီကုန်မှာ အသင်းကထွက်ခွာတော့မယ့် ဝါရင့်တိုက်စစ်မှူး တောရက်စ် Torres ဝင်ရောက် ကစားခဲ့တယ်။ ပွဲပြီးဆုံးချိန်မှာတော့ ရေပန်းစားနေတဲ့ အက်သလက်တီကို အသင်းကပဲ မာဆေးလ်အသင်းကို ပြင်သစ်မြေမှာ (၃-ဝ)ဂိုးနဲ့ အနိုင်ရပြီး ယူရိုပါလိဂ်ဖလား (ယခင် UEFA ဖလား)ကို (၃)ကြိမ်မြောက် ရယူနိုင်ခဲ့ပါတယ်။

မာဆေးလ် – အက်သလက်တီကို ပွဲမှ ထူးခြားချက်များ

–  ဗိုလ်လုပွဲရောက်ရှိခဲ့တဲ့ (၃)ကြိမ်စလုံးမှာ ဂိုးသွင်းယူနိုင်ခြင်းမရှိတဲ့ အသင်းအဖြစ် မာဆေးလ်အသင်း မှတ်တမ်းဝင်ခဲ့ပါတယ်။
– တတိယအနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ ဂါဘီကတော့ အေစီမီလန် နောက်ခံလူ မာလ်ဒီနီ Maldini (၂၀၀၅ ချန်ပီယံလိဂ် ဗိုလ်လုပွဲ) နောက်ပိုင်း ဥရောပဖိုင်နယ်ပွဲ (ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်) တွေမှာ ဂိုးသွင်းယူနိုင်တဲ့  အသက်အကြီးဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
– ဖော်လန် Forlan (၂၀၁၀)၊ ဖယ်လ်ကာအို Falcao (၂၀၁၂) နောက်ပိုင် ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ (၂)ဂိုးသွင်းယူနိုင်တဲ့ အက်သလက်တီကို ကစားသမားအဖြစ် ဂရစ်ဇ်မန်းက မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
– အက်သလက်တီကို နည်းပြ ဆီမြွန်နီဟာ ဆီဗီလာ နည်းပြဟောင်း အူနိုင်းအမ်မရီ Unai Emery နောက်ပိုင်း ယူရိုပါလိဂ်ဖလားကို (၂)ကြိမ် ရရှိတဲ့ ဒုတိယမြောက် နည်းပြဖြစ်လာခဲ့ပါတယ်။
– အက်သလက်တီကို ဂိုးသမား အိုဘလက်ခ် Oblak ဟာ အခုနှစ်ဘောလုံးရာသီ ဥရောပပြိုင်ပွဲ အရပ်ရပ်မှာ Clean Sheet (၇)ကြိမ်အထိ ရယူနိုင်ခဲ့ပြီး တခြားဂိုးသမားတွေထက် ကောင်းမွန်တဲ့ မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

REF:BBC Sports
Photo:Daily Mail
Aung Kyaw Wai(Akhayar)
www.akhayar.com