[Zawgyi]

ဒီႏွစ္ ယူရိုပါလိဂ္အုပ္စုအဆင့္မဲခြဲပြဲကို ျပင္သစ္ႏိုင္ငံ၊ မိုနာကုိၿမိဳ႕မွာ ၿပီးခဲ့တဲ့ေသာၾကာေန႔က ျပဳလုပ္သြားခဲ့ပါတယ္။ ဒီပြဲမွာ မဲခြဲပြဲအျပင္ ၿပီးခဲ့တဲ့ရာသီ ယူရိုပါလိဂ္ တစ္ႏွစ္တာအေကာင္းဆံုးကစားသမားဆုကုိလည္း ေပးအပ္သြားခဲ့ၿပီး ဆုအတြက္ ဆန္ကာတင္စာရင္းမွာ မန္ယူကစားသမား၃ ေယာက္အၿပိဳင္ျဖစ္ခဲ႔ၿပီး ကြင္းလယ္လူေပါ့ဘ္ဘာက သူ႕ရဲ႕အသင္းေဖာ္ေတြျဖစ္တဲ့ မက္ခီတာရန္နဲ႔ အီဗရာမိုဗစ္တို႔ကုိ ေက်ာ္ၿပီး ရရွိသြားခဲ့ပါတယ္။ ဒါကေတာ့ ၾကားျဖတ္သတင္းတစ္ပုဒ္ပါ။ မဲခြဲပြဲမွာေတာ႔ ရလဒ္ေတြအရ ပရီးမီးယားလိဂ္အသင္းေတြျဖစ္တဲ့ အဲဗာတန္နဲ႔ အာဆင္နယ္တို႔ စိန္ေခၚမႈအသစ္ေတြကုိ ရင္ဆိုင္သြားရဖြယ္ ရွိေနပါတယ္။

ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာနဲ႔ လြဲေခ်ာ္ခဲ့တဲ့ အာဆင္နယ္ဟာ ယူရိုပါလိဂ္အုပ္စုအဆင့္မွာ ဘီလာရုပ္စ္ကလပ္ ဘိုရီေဆာ့ဗ္၊ ဂ်ာမနီကလပ္ ကိုလံုး၊ ဆားဘီးယားကလပ္ ရက္စတားဘဲလိတ္အသင္းေတြနဲ႔ ရင္ဆိုင္ကစားသြားရမွာပါ။ ဒီရာသီ ပရီးမီးယားလိဂ္ဖလားကုိ ဦးစားေပးပစ္မွတ္ထားေနတဲ့ ဂန္းနားေတြအေနနဲ႔ ယူရိုပါလိဂ္မွာ လူစံုထုတ္သြားဖို႔မရွိဘူးလုိ႔ ထင္မိပါတယ္။ အုိလီဗာ ဂ်ီေရာ့ဒ္ကုိ ဒီပြဲကေန အမ်ားစု အနားေပးသြားဖို႔ရွိေနၿပီး လက္ကာဇက္တီနဲ႔ ဆန္းခ်က္ဇ္တို႔ကုိ အလွည့္က်သံုးၿပီး က်န္တဲ့အရန္ကစားသမားေတြအတြက္ ပြဲထြက္ေျခစြမ္းျပႏုိင္ဖို႔ အခြင့္အေရးျဖစ္လာမွာပါ။

အဲဗာတန္အသင္းကေတာ့ အုပ္စု E ထဲမွာ က်ေရာက္ေနၿပီး ယူရိုပါလိဂ္ကုိ အိမ္ရွင္အျဖစ္ လက္ခံက်င္းပသြားမယ့္ ျပင္သစ္ကလပ္ လိုင္ယြန္၊ အီတလီကလပ္ အတၱလႏၱာ၊ ဆိုက္ပရပ္စ္ ကလပ္ အက္ပိုလြန္ အသင္းေတြနဲ႔ ေတြ႔ဆံုေနပါတယ္။ ယူရိုပါလိဂ္ အုပ္စုပြဲစဥ္ဇယားကုိၾကည့္ရင္ အဂၤလန္ကလပ္ေတြနဲ႔ ရင္ဆိုင္ရတဲ့ ၿပိဳင္ဖက္အသင္းေတြဟာ သက္ဆိုင္ရာ ျပည္တြင္းလိဂ္အသိီးသီးမွာ ေျခစြမ္းျပခဲ့ၾကသူေတြျဖစ္လို႔ ေလွ်ာ႔တြက္လို႔မရတာေတာ႔အမွန္ပါ။

ဒီရာသီ ယူရုိပါလိဂ္ရဲ႕ မွတ္သားစရာအခ်က္တစ္ခုကေတာ့ အာဆင္နယ္ဟာ ႏွစ္ေပါင္း ၂၀ အတြင္း ပထမဆံုးအႀကိမ္ ယူရိုပါလိဂ္ကုိ ယွဥ္ၿပိဳင္သြားမွာပဲျဖစ္ပါတယ္။ ဒါ့အျပင္ ဒီႏွစ္ ယူရိုပါလိဂ္ၿပိဳင္ပြဲဝင္အသင္းေတြရဲ႕နည္းျပေတြထဲမွာ အဂၤလိပ္လူမ်ိဳး နည္းျပတစ္ဦးတည္းသာ ရွိခဲ့ၿပီး ဆြီဒင္ကလပ္ ေအာ့စ္တာလန္နည္းျပ ဂေရဟမ္ေပါ့တာ (Graham Potter) ပဲျဖစ္ပါတယ္။ အုပ္စုအဆင့္ပြဲစဥ္ေတြကုိ လာမယ့္ စက္တင္ဘာ ၁၄ ရက္မွာ စတင္ယွဥ္ၿပိဳင္သြားၾကမွာျဖစ္ပါတယ္။

ယူရိုပါလိဂ္ အုပ္စုအတြဲအဖက္မ်ား

————————————

Group A – ဗီလာရီရဲလ္၊ မကၠဘီတဲလ္အဗစ္၊ အက္စ္တာနာ၊ ဆလားဗီးယားပရက္

Group (B) – ဒိုင္နာမိုကိဗ္၊ ယန္းဘိြဳင္းစ္၊ ပါတီဇန္၊ စကန္ဒါဘီ

Group (C) – ဘရာဂါ ၊ လူဒိုဂိုရက္စ္၊ ေဟာ့ဖန္ဟိန္း၊ ဘာဆက္ဆီယာ၏

Group (D) – ေအစီမီလန္၊ ၾသစႀတီးယား ဗီယင္နာ ၊ ဗြီဂ်ီကာ၊ ေအအီးေက

Group (E) – လယြန္၊ အဲဗာတန္၊ အတၱလႏၱာ၊ အပိုလြန္

Group (F) – ကုိပင္ေဟဂင္၊ လိုကုိမိုးတစ္၊ ရွားရစ္ဖ္၊ ဇယ္လင္

Group (G) – ပယ္လ္ဇန္၊ ဆတူအာဘူခါရက္၊ ဟာပိုးလ္၊ လူဂါႏုိ

Group (H) – အာဆင္နယ္၊ ဘိုရီေဆာ့ဗ္၊ ကိုလံုး၊ ရက္စတား ဘဲလ္ဂရိတ္

Group (I) – ေဆာလ္ဘတ္၊ မာေဆး၊ ဗစ္တိုးရီးယား၊ ကြန္ယာစေပါ

Group (J) – ဘီလ္ဘို၊ ဟာသာဘာလင္၊ ေဇာ္ရာ၊ အိုစတာဆန္း

Group (K) – လာဇီယို၊ ႏိုက္စ္၊ ဗြီလ္တက္စီ၊ ဇယ္လ္တီ

Group (L) – ဆိုစီဒက္၊ ရိုဇင္ေဘာ့၊ ဘာဒါ၊ ဇင္းနစ္

HGID_KV_Ads_Square-42

www.akhayar.com

[Unicode]

ဒီနှစ် ယူရိုပါလိဂ်အုပ်စုအဆင့်မဲခွဲပွဲကို ပြင်သစ်နိုင်ငံ၊ မိုနာကိုမြို့မှာ ပြီးခဲ့တဲ့သောကြာနေ့က ပြုလုပ်သွားခဲ့ပါတယ်။ ဒီပွဲမှာ မဲခွဲပွဲအပြင် ပြီးခဲ့တဲ့ရာသီ ယူရိုပါလိဂ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ပေးအပ်သွားခဲ့ပြီး ဆုအတွက် ဆန်ကာတင်အပြိုင်ဖြစ်ခဲ့တဲ့ မန်ယူကစားသမား၃ ယောက်ထဲမှာ ကွင်းလယ်လူပေါ့ဘ်ဘာက သူ့ရဲ့အသင်းဖော်တွေဖြစ်တဲ့ မက်ခီတာရန်နဲ့ အီဗရာမိုဗစ်တို့ကို ကျော်ပြီး ရရှိသွားခဲ့ပါတယ်။ ဒါကတော့ ကြားဖြတ်သတင်းတစ်ပုဒ်ပါ။ မဲခွဲပွဲမှာတော့ ရလဒ်တွေအရ ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ အဲဗာတန်နဲ့ အာဆင်နယ်တို့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်သွားရဖွယ် ရှိနေပါတယ်။

ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာနဲ့ လွဲချော်ခဲ့တဲ့ အာဆင်နယ်ဟာ ယူရိုပါလိဂ်အုပ်စုအဆင့်မှာ ဘီလာရုပ်စ်ကလပ် ဘိုရီဆော့ဗ်၊ ဂျာမနီကလပ် ကိုလုံး၊ ဆားဘီးယားကလပ် ရက်စတားဘဲလိတ်အသင်းတွေနဲ့ ရင်ဆိုင်ကစားသွားရမှာပါ။ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ဦးစားပေးပစ်မှတ်ထားနေတဲ့ ဂန်းနားတွေအနေနဲ့ ယူရိုပါလိဂ်မှာ လူစုံထုတ်သွားဖို့မရှိဘူးလို့ ထင်မိပါတယ်။ အိုလီဗာ ဂျီရော့ဒ်ကို ဒီပွဲကနေ အများစု အနားပေးသွားဖို့ရှိနေပြီး လက်ကာဇက်တီနဲ့ ဆန်းချက်ဇ်တို့ကို အလှည့်ကျသုံးပြီး ကျန်တဲ့အရန်ကစားသမားတွေအတွက် ပွဲထွက်ခြေစွမ်းပြနိုင်ဖို့ အခွင့်အရေးဖြစ်လာမှာပါ။

အဲဗာတန်အသင်းကတော့ အုပ်စု E ထဲမှာ ကျရောက်နေပြီး ယူရိုပါလိဂ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမယ့် ပြင်သစ်ကလပ် လိုင်ယွန်၊ အီတလီကလပ် အတ္တလန္တာ၊ ဆိုက်ပရပ်စ် ကလပ် အက်ပိုလွန် အသင်းတွေနဲ့ တွေ့ဆုံနေပါတယ်။ ယူရိုပါလိဂ် အုပ်စုပွဲစဉ်ဇယားကိုကြည့်ရင် အင်္ဂလန်ကလပ်တွေနဲ့ ရင်ဆိုင်ရတဲ့ ပြိုင်ဖက်အသင်းတွေဟာ သက်ဆိုင်ရာ ပြည်တွင်းလိဂ်အသီးသီးမှာ ခြေစွမ်းပြခဲ့ကြသူတွေဖြစ်လို့ လျှော့တွက်လို့မရတာတော့အမှန်ပါ။

ဒီရာသီ ယူရိုပါလိဂ်ရဲ့ မှတ်သားစရာအချက်တစ်ခုကတော့ အာဆင်နယ်ဟာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ယူရိုပါလိဂ်ကို ယှဉ်ပြိုင်သွားမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီနှစ် ယူရိုပါလိဂ်ပြိုင်ပွဲဝင်အသင်းတွေရဲ့နည်းပြတွေထဲမှာ အင်္ဂလိပ်လူမျိုး နည်းပြတစ်ဦးတည်းသာ ရှိခဲ့ပြီး ဆွီဒင်ကလပ် အော့စ်တာလန်နည်းပြ ဂရေဟမ်ပေါ့တာ (Graham Potter) ပဲဖြစ်ပါတယ်။ အုပ်စုအဆင့်ပွဲစဉ်တွေကို လာမယ့် စက်တင်ဘာ ၁၄ ရက်မှာ စတင်ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။

ယူရိုပါလိဂ် အုပ်စုအတွဲအဖက်များ

————————————

Group A – ဗီလာရီရဲလ်၊ မက္ကဘီတဲလ်အဗစ်၊ အက်စ်တာနာ၊ ဆလားဗီးယားပရက်

Group (B) – ဒိုင်နာမိုကိဗ်၊ ယန်းဘွိုင်းစ်၊ ပါတီဇန်၊ စကန်ဒါဘီ

Group (C) – ဘရာဂါ ၊ လူဒိုဂိုရက်စ်၊ ဟော့ဖန်ဟိန်း၊ ဘာဆက်ဆီယာ၏

Group (D) – အေစီမီလန်၊ သြစတြီးယား ဗီယင်နာ ၊ ဗွီဂျီကာ၊ အေအီးကေ

Group (E) – လယွန်၊ အဲဗာတန်၊ အတ္တလန္တာ၊ အပိုလွန်

Group (F) – ကိုပင်ဟေဂင်၊ လိုကိုမိုးတစ်၊ ရှားရစ်ဖ်၊ ဇယ်လင်

Group (G) – ပယ်လ်ဇန်၊ ဆတူအာဘူခါရက်၊ ဟာပိုးလ်၊ လူဂါနို

Group (H) – အာဆင်နယ်၊ ဘိုရီဆော့ဗ်၊ ကိုလုံး၊ ရက်စတား ဘဲလ်ဂရိတ်

Group (I) – ဆောလ်ဘတ်၊ မာဆေး၊ ဗစ်တိုးရီးယား၊ ကွန်ယာစပေါ

Group (J) – ဘီလ်ဘို၊ ဟာသာဘာလင်၊ ဇော်ရာ၊ အိုစတာဆန်း

Group (K) – လာဇီယို၊ နိုက်စ်၊ ဗွီလ်တက်စီ၊ ဇယ်လ်တီ

Group (L) – ဆိုစီဒက်၊ ရိုဇင်ဘော့၊ ဘာဒါ၊ ဇင်းနစ်

HGID_KV_Ads_Square-42

www.akhayar.com