[Zawgyi]





www.akhayar.com


[Unicode]

“ထာဝရအမေ”ရုပ်ရှင်ဇာတ်ကားကြီးကို စင်္ကာပူမှာပြသမယ်

ပါမောက္ခ၊ဒေါက်တာခင်မောင်ဝင်း(အသည်းအထူးကု)ရဲ့ ဘဝဖြစ်စဉ်ဇာတ်လမ်းကို ဝါရင့်ဒါရိုက်တာကြီးတစ်ဦးဖြစ်သူ စင်ရော်မောင်မောင်ပုံဖော်ရိုက်ကူးထားတဲ့ “ထာဝရအမေ” ရုပ်ရှင်ဇာတ်ကားကြီးကို ဖေဖော်ဝါရီ ၁၆၊ ၁၇၊ ၁၈ ရက်များတွင် စင်္ကာပူနိုင်ငံရှိ Carnival Cinemas မှာ ပြသသွားမယ်လို့သိရပါတယ်။

ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း(အသည်းအထူးကု)ရဲ့ “အမေနဲ့ကျွန်တော်” စာအုပ်ကို ထာဝရအမေရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ညွန်းမိုးနီလွင်က ရေးသားပေးထားကာ ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ အကယ်ဒမီရဲအောင်၊ အကယ်ဒမီမေသန်းနု၊ အကယ်ဒမီနေတိုး၊ အကယ်ဒမီဝတ်မှုန်ရွှေရည်တို့အပြင် တခြားသောသရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးရာတွင် ဒါရိုက်တာစင်ရော်မောင်မောင်နဲ့အတူ သားဖြစ်သူမင်း သန့်မောင်မောင်ကလည်း တွဲဖက်ဒါရိုက်တာအနေနဲ့ပါဝင်ကူညီပေးထားပြီး၊ အင်္ဂလိပ်စာတန်းထိုးဖြစ် တဲ့အတွက် စင်္ကာပူနိုင်ငံအပြင် တခြားနိုင်ငံများမှာလည်း ပြသဖို့စီစဉ်ထားကြောင်းကို ဒါရိုက်တာစင်ရောင်မောင်မောင်ကပြေပြာခဲ့ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။