[Zawgyi]

“ထာဝရအေမ”ရုပ္ရွင္ဇာတ္ကားကို ဧၿပီ ၂၂ ရက္ေန႔မွာ Los Angeles ၿမိဳ႕တြင္ ျပသမယ္

ထပ္ဆင့္အကယ္ဒမီ ဒါရိုက္တာစင္ေရာ္ေမာင္ေမာင္ ပံုေဖာ္ရုိက္ကူးထားတဲ့ “ထာဝရအေမ”ရုပ္ရွင္ဇာတ္ကားႀကီးကို လာမယ့္ ဧၿပီ ၂၂ ရက္ေန႔တြင္ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕မွာ ျပသသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ အဲဒီဇာတ္ကားႀကီးကို ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕မွာရွိတဲ့ Downtown Independent Theater မွာ ေန႔လယ္ ၃ နာရီအခ်ိန္မွာ ျပသေပးသြားမွာျဖစ္ၿပီး တျခားႏိုင္ငံမ်ားမွာလည္း ဆက္လက္ျပသသြားမွာျဖစ္တယ္လို႔ ရုပ္ရွင္ဇာတ္ကားကို ရုိက္ကူးသူ ဒါရိုက္တာစင္ေရာ္ေမာင္ေမာင္က ေျပာျပခဲ့ဘူးပါတယ္။

ဒီဇာတ္ကားႀကီးဟာဆိုရင္ ပါေမာကၡ ေဒါက္တာခင္ေမာင္ဝင္း(အသည္းအထူးကု)ရဲ႕ “အေမနဲ႔ကၽြန္ေတာ္” စာအုပ္ကို ဝါရင့္ဒါရိုက္တာႀကီးတစ္ဦးျဖစ္သူ စင္ေရာ္ေမာင္ေမာင္က ပံုေဖာ္ရိုက္ကူးထားကာ ၂၀၁၇ ခုႏွစ္ ရုပ္ရွင္ထူးခၽြန္ဆုေပးပြဲမွာလည္း အေကာင္းဆံုးရုပ္ရွင္ဒါရိုက္တာဆု၊ အေကာင္းဆံုးရုပ္ရွင္တည္းျဖတ္ဆုနဲ႔ အေကာင္းဆံုး ရုပ္ရွင္အသံဆုတို႔ကို ဆြတ္ခူးႏိုင္ခဲ့တဲ့ ဇာတ္ကားေကာင္းတစ္ကားအျဖစ္လည္း ပရိသတ္ေတြ အသိအမွတ္ျပဳတာကိုခံခဲ့ရပါတယ္။

“ထာဝရအေမ”ရုပ္ရွင္ဇာတ္ကားကို ဇာတ္ညြန္းမိုးနီလြင္က ေရးသားေပးထားကာ ဝါရင့္သရုပ္ေဆာင္ေတြျဖစ္ၾကတဲ့ အကယ္ဒမီရဲေအာင္၊ အကယ္ဒမီေမသန္းႏု၊ အကယ္ဒမီေနတိုး၊ အကယ္ဒမီဝတ္မႈန္ေရႊရည္တို႔အျပင္ တျခားေသာ သရုပ္ေဆာင္မ်ားစြာက ပါဝင္သရုပ္ေဆာင္ထားၾကကာ ျမန္မာႏိုင္ငံမွာျပသစဥ္ကလည္း ေလးပတ္ဆက္တိုက္ရံုတင္ျပသခဲ့ရတဲ့ မိဘေမတၱာဖြဲ႔ဇာတ္ကားတစ္ကားျဖစ္ပါတယ္။

Photo Credit: Eternal Mother Facebook

www.akhayar.com

[Unicode]

ထာဝရအမေ”ရုပ်ရှင်ဇာတ်ကားကို ဧပြီ ၂၂ ရက်နေ့မှာ Los Angeles မြို့တွင် ပြသမယ်

ထပ်ဆင့်အကယ်ဒမီ ဒါရိုက်တာစင်ရော်မောင်မောင် ပုံဖော်ရိုက်ကူးထားတဲ့ “ထာဝရအမေ”ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဧပြီ ၂၂ ရက်နေ့တွင် လော့စ်အိန်ဂျလိစ်မြို့မှာ ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီဇာတ်ကားကြီးကို လော့စ်အိန်ဂျလိစ်မြို့မှာရှိတဲ့ Downtown Independent Theater မှာ နေ့လယ် ၃ နာရီအချိန်မှာ ပြသပေးသွားမှာဖြစ်ပြီး တခြားနိုင်ငံများမှာလည်း ဆက်လက်ပြသသွားမှာဖြစ်တယ်လို့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးသူ ဒါရိုက်တာစင်ရော်မောင်မောင်က ပြောပြခဲ့ဘူးပါတယ်။

ဒီဇာတ်ကားကြီးဟာဆိုရင် ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း(အသည်းအထူးကု)ရဲ့ “အမေနဲ့ကျွန်တော်” စာအုပ်ကို ဝါရင့်ဒါရိုက်တာကြီးတစ်ဦးဖြစ်သူ စင်ရော်မောင်မောင်က ပုံဖော်ရိုက်ကူးထားကာ ၂၀၁၇ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာလည်း အကောင်းဆုံးရုပ်ရှင်ဒါရိုက်တာဆု၊ အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆုနဲ့ အကောင်းဆုံး ရုပ်ရှင်အသံဆုတို့ကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားအဖြစ်လည်း ပရိသတ်တွေ အသိအမှတ်ပြုတာကိုခံခဲ့ရပါတယ်။

“ထာဝရအမေ”ရုပ်ရှင်ဇာတ်ကားကို ဇာတ်ညွန်းမိုးနီလွင်က ရေးသားပေးထားကာ ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ အကယ်ဒမီရဲအောင်၊ အကယ်ဒမီမေသန်းနု၊ အကယ်ဒမီနေတိုး၊ အကယ်ဒမီဝတ်မှုန်ရွှေရည်တို့အပြင် တခြားသော သရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ထားကြကာ မြန်မာနိုင်ငံမှာပြသစဉ်ကလည်း လေးပတ်ဆက်တိုက်ရုံတင်ပြသခဲ့ရတဲ့ မိဘမေတ္တာဖွဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Photo Credit: Eternal Mother Facebook

www.akhayar.com