[Zawgyi]
အခြေခံ Shortcuts များ
၁။ Ctrl + Z  : Undo
၂။ Ctrl + A : Select All
Texts တွေကို ဖြစ်ြဖစ်၊ Files တွေကို ဖြစ်ဖြစ်၊ Folders တွေထဲက အရာတွေ အားလုံးကို Select မှတ်ချင်ရင် Select All ကို နှိပ်ပြီး မှတ်လို့ ရပါတယ်။
၃။ Ctrl + C : Copy
၎။ Ctrl + V : Paste
၅။ Ctrl + X : Cut
၈။ Alt + F4 : Close App
၉။ Ctrl + F : Find
၁၁။ Ctrn + N, Ctrl + T
၁၃။ Win + L : Lock Screen
၁၄။ Win + D : Show Desktop
၁၆။ Win + I : Open Settings
Yoe Lu (Akhayar)
www.akhayar.com
Source : Lifehack.org
[Unicode]
အလုပ်တွင်ကျယ်စေဖို့ အခြေခံ Windows Keyboard Shortcut များ
Windows တင်ထားတဲ့ Laptop တွေ ၊ Desktop တွေ သုံးနေပြီး တစ်ခါတလေ Shortcuts တွေ သုံးဖို့ မေ့နေတတ်ပါတယ်။ Shortcuts တွေ အသုံးပြုခြင်းဟာ အလုပ်ပိုပြီး တွင်ကျယ်စေပါတယ်။ ဒီ List ထဲမှာတော့ ကိုယ်သိပြီးသား Shortcut လွယ်လွယ်လေးတွေလည်း ပါနိုင်ပေမယ့် ပြန်နွှေးလို့ရအောင် စုစည်းဖော်ပြပေးလိုကပါတယ်။
အခြေခံ Shortcuts များ
၁။ Ctrl + Z  : Undo
Ctrl + Z ဟာ လုပ်ပြီးသမျှဟာကို တစ်ချက်ချင်းစီ ပြန်ဖျက်လို့ ရတဲ့အရာပါ။ နောက်ဆုံး လုပ်ဆောင်ချက်ဆီကို ပြန်ခေါ်သွားပေးမယ့် အသက်ကယ်ဆေးလေးလည်း ဖြစ်ပါတယ်။
၂။ Ctrl + A : Select All
Texts တွေကို ဖြြစ်ဖစ်၊ Files တွေကို ဖြစ်ဖြစ်၊ Folders တွေထဲက အရာတွေ အားလုံးကို Select မှတ်ချင်ရင် Select All ကို နှိပ်ပြီး မှတ်လို့ ရပါတယ်။
၃။ Ctrl + C : Copy
Select မှတ်ထားတဲ့အရာကို Copy ချင်ရင် Ctrl + C နှိပ်ပြီး Copy လုပ်လို့ ရပါတယ်။
၄။ Ctrl + V : Paste
Ctrl + C ရဲ့ အတွဲလေး Ctrl + V ပါပဲ။ Copy ကူးထားတာတွေကို Paste လုပ်ချင်တဲ့အခါ သုံးပါတယ်။ ဒီနေရာမှာ အရင်က ပါလာတဲ့ Format တွေ မလိုချင်ဘဲ Text သီးသန့်လိုချင်ရင်တော့ Ctrl + Shift + V သုံးလို့ ရပါတယ်။
၅။ Ctrl + X : Cut
ဒါကတော့ ကိုယ်မလိုချင်တဲ့ ပုံတွေ၊ စာတွေ၊ Files တွေ ဖြတ်ထုတ်မယ်ဆိုရင် Ctrl + X နဲ့ Cut လို့ ရပါတယ်။
၆။ Alt + Tab : Switch Screen/ Tabs
ကိုယ်က Program တွေ Tab တွေ အများကြီး ဖွင့်ပြီး သုံးတတ်တဲ့သူဆိုရင် Alt + Tab နဲ့ တစ်ခုကနေ တစ်ခုကို အလွယ်တကူ ကူးနိုင်ပါတယ်။
၇။ Ctrl + Alt + Del : Start Task Manager
ဒါလေးကလည်း အသက်ကယ်ဆေးနောက်တစ်ပါးပါပဲ။ Application တစ်ခုကို ဖွင့်လို့ စက်ဟမ်းသွားတာပဲ ဖြစ်ဖြစ်၊ Stops Responding ဖြစ်နေတာမျိုးဆိုရင် Ctrl + Alt + Del ကို နှိပ်ပြီး Task Manager ကို ခေါ်လို့ ရပါတယ်။ Task Manager မှာ ကိုယ့်ကွန်ပျူတာကို နှေးအောင် လုပ်နေတဲ့ Programs/Apps တွေကို ပိတ်ပစ်နိုင်ပါတယ်။
၈။ Alt + F4 : Close App
ဒီ Shortcut ကတော့ ရှင်းပါတယ်။ ကိုယ်သုံးနေတဲ့ Application ကို ပိတ်ပစ်ချင်တယ်ဆိုရင်တော့ Alt +F4 ကို သုံးလို့ ရပါတယ်။
၉။ Ctrl + F : Find
ကိုယ်ရှာချင်တဲ့ Keyword တွေနဲ့ Document တွေကို ရှာဖွေချင်ရင် Ctrl + F နဲ့ Quick Bar လေး ဖွင့်ပြီး ရှာဖွေနိုင်ပါတယ်။
၁၀။ Ctrl + E : Select the search Box
File Explorer ထဲမှာ ဖြစ်ဖြစ်၊ Browser ထဲမှာ ဖြစ်ဖြစ် Ctrl + E နဲ့ Search/Navigation Bar ကို ရောက်နိုင်ပြီး တိုက်ရိုက်ရှာဖွေနိုင်ပါတယ်။
၁၁။ Ctrn + N, Ctrl + T
Ctrn + N ကတော့ New Window ခေါ်တာ ဖြစ်ပြီး Ctrl + T ကတော့ Tab အသစ်ခေါ်တာ ဖြစ်ပါတယ်။
၁၂။ Ctrl + Mouse Scroll Wheel
Text တွေ အရမ်းသေးနေရင် ဖြစ်ဖြစ်၊ Page ကို Zoom In လုပ်ချင်ရင်ဖြစ်ဖြစ် Ctrl + Mouse Scroll Wheel ကို သုံးလို့ ရပါတယ်။
ဒီလို အခြေခံ Shortcuts တွေ အပြင် တခြား အသုံးဝင်တဲ့ ဒီလို Shortcuts လေးတွေလည်း ရှိပါသေးတယ်။
၁၃။ Win + L : Lock Screen
ကိုယ်က ကွန်ပျူတာ ရှေ့ကနေ ခဏထသွားလို့ ၊ စက်ကိုလည်း မပိတ်ခဲ့ချင်ဘူးဆိုရင် Windows Key နဲ့ L (Win + L )နဲ့ Screen ကို Lock ချခဲ့လို့ ရပါတယ်။ ကိုယ့် Password မထည့်မချင်း ဘယ်သူမှ မဖွင့်နိုင်တော့ဘူးပေါ့။ (Password တော့ အစတည်းက ထည့်ထားဖို့ လိုပါတယ်)
၁၄။ Win + D : Show Desktop
Minimize လုပ်ချင်တယ်၊ Desktop ကို Shortcut နဲ့ပဲ ပြန်သွားချင်တယ်ဆိုရင် Win + D နဲ့ သွားလို့ ရပါတယ်။
၁၅။  Win + Tab + (Shift) : Toggle Task View
Alt + Tab နဲ့ လုပ်ဆောင်ပုံချင်း နီးစပ်ပေမယ့် ဒါကတော့ Advanced Level Windows App Navigator ဖြစ်ပါတယ်။ ဒါကို နှိပ်လိုက်ရင် ဖွင့်ထားသမျှ Program တွေရော ၊ အသုံးပြုခဲ့တာ အများဆုံး Programs တွေပါ တွေ့ရမှာ ဖြစ်ပါတယ်။
၁၆။ Win + I : Open Settings
Settings တွေဆီ အလွယ်တကူသွားချင်ရင်တော့ Win +I လေး သုံးရုံပါပဲ။
၁၇။ Win + S : Search for Windows
ဒါကတော့ Search Bar ဆီ သွားတာပါ။
၁၈။ Win + Prtscn : Save Screenshot
ခုမြင်နေရတဲ့ Screen ကို Screenshot အလွယ်တကူရိုက်ချင်ပြီး တစ်ခါတည်း သိမ်းချင်ပါတယ်ဆိုရင် Win + Prtscn ပါ။ သိမ်းထားတဲ့ ပုံတွေကို Screenshot ဆိုတဲ့ Folder မှာ PNG format နဲ့ တွေ့ရမှာ ဖြစ်ပါတယ်။
Windows အတွက် Shocuts လေးတွေ သုံးတာ ပြန်နွှေးပြီးသွားပြီဆိုတော့ တခြား သိထားတဲ့ Shortcuts တွေရှိရင်လည်း ဝေမျှပေးပါဦးဗျာ။
Yoe Lu (Akhayar)
www.akhayar.com
Source : Lifehack.org