အိမ်မှာပါတီလုပ်ဖို့အတွက်ပဲဖြစ်ဖြစ် ကိုယ်တိုင်ကိုယ်ကျ Cocktail လုပ်တော့မယ်လို့ ရည်ရွယ်ထားသူများ ရှိလား။ ကိုယ်ဖျော်စပ်လိုက်တဲ့ Cocktail ကို လူတိုင်းက အကောင်းဆုံးဖြစ်စေချင်ကြတာချည်းပါပဲ။ ဒီတော့ ကိုယ်တိုင် Cocktail လုပ်တော့မယ်ဆိုရင် ဘာတွေသိထားရမလဲဆိုတဲ့ အချက်တွေကို အခရာက ပြောပြပေးမယ်။

အချိုးအစားမှန်ပါစေ

Tutorial တွေ လေ့လာပြီး ဖျော်စပ်တဲ့အခါ သူတို့ပြောတဲ့အချိုးအစားတွေအတိုင်း အတိအကျ လိုက်လုပ်ဖို့ မမေ့ပါနဲ့။ တစ်ခုမှားသွားရင်ပဲ အရသာတစ်ခုခုလိုနေမှာ အမှန်ပါပဲ။ အချိုးအစားမှန်ဖို့အတွက်ဆိုရင် ချိန်တွယ်ခွက်တွေ ဝယ်ထားသင့်ပါတယ်။ ဒီလိုဆိုရင်တော့ အဆင်ပြေမှာပါ။

အမြဲအေးအောင်ထားပါ

စားရင်းသောက်ရင်း၊ ဘော်ဒါတွေနဲ့ စကားကောင်းရင်းနဲ့ Cocktail တွေ မအေးတော့တာမျိုး ကြုံဖူးကြမှာပေါ့။ မအေးတော့ရင် သောက်ရတာ Feeling မလာတော့ဘူးလေ။ ဖျော်ပြီး အများကြီးကျန်နေတဲ့အခါ သွန်လိုက်ရမှာက နှမြောဖို့ကောင်းပါတယ်။ ဒီတော့ ပါတီလုပ်နေတဲ့အချိန်တစ်လျှောက်လုံး အမြဲအေးနေအောင် လုပ်ပေးဖို့လိုပါတယ်နော်။

ပါဝင်ပစ္စည်းကို တသမှတ်တည်း မမှတ်ထားပါနဲ့

ကိုယ်အပြင်မှာ သောက်ဖူးတာက တစ်မျိုး။ ကိုယ်ကြည့်လိုက်မိတဲ့ Tutorial မှာပါတဲ့ ပါဝင်ပစ္စည်းတွေက တစ်မျိုး ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ အချိုးအစားက အရေးကြီးဆုံးဖြစ်တာမို့ ကိုယ်သောက်နေကျမဟုတ်လည်း စမ်းလုပ်ကြည့်ပြီး သောက်ကြည့်ပေါ့။ အရသာကောင်းသွားတော့လည်း အမြတ်မဟုတ်လား။

ပစ္စည်းကိရိယာတွေ အစုံရှိစရာ မလိုပါဘူး

ကိုယ်တိုင်ဖျော်ပြီး အိမ်မှာပဲလုပ်မယ့်ဟာပဲ ပစ္စည်းပစ္စယအစုံရှိနေဖို့ မလိုပါဘူး။ ဆိုင်ဖွင့်ဖို့အထိ ရည်ရွယ်ချက်လည်း မရှိဘူးဆိုရင်တော့ ပိုက်ဆံအကုန်အကျခံပြီး မဝယ်ပါနဲ့။ Shake လုပ်မယ်ဆိုရင် အိမ်မှာရှိပြီးသားဖြစ်တဲ့ ခွက်နှစ်ခုကို သုံးပြီး Shake လို့ရပါတယ်။

အမြင်လှအောင်လုပ်ပေးမယ်ဆိုရင်တော့ Perfect ပဲ

အမြင်လှအောင်လုပ်ရမယ်ဆိုတော့အခါ အဓိကလိုတာက ခွက်ပါပဲ။ အိမ်မှာ သုံးနေကျ ခွက်ဆိုရင်တော့ Cocktail သောက်ရတဲ့ Feeling အပြည့်ရမယ်မထင်ပါဘူး။ အစားအသောက်ဆိုတာ အမြင်လှရင်ပဲ အရသာက တစ်ဝက်ကောင်းနေပြီးသား မဟုတ်လား။ အနည်းဆုံးဖန်ခွက်ကောင်းကောင်းလေးတွေတော့ ဝယ်ထားသင့်ပါတယ်။

ပြီးတော့ ခွက်နှုတ်ခမ်းအဝမှာ အလှဆင်ပေးမယ်ဆိုရင်တော့ Perfect ဖြစ်တဲ့ Cocktail တစ်ခွက် ရပြီပေါ့။

Photo Credit

NSC (Akhayar)

www.akhayar.com