[Zawgyi]

သင့္ ကြန္ပ်ဴတာအတြက္ မရွိမျဖစ္အသံုးဝင္မယ့္ Software မ်ား

1-Browser – Chrome၊ Firefox၊ Opera
Window တင္ၿပီးတာနဲ႔ Default Browser အျဖစ္ Micosoft Edge ကပါဝင္ၿပီးသားပါ။ ဒါေပမယ့္ Font အခက္အခဲ၊ Feature မစံုလင္မႈ အစရွိတဲ့အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ System အစားထိုး အျခား Browser ေတြကိုအသံုးျပဳၾကရပါတယ္။ အဲ့လိုေျပာင္းသံုးမယ္ဆိုရင္ေတာ့ Chrome နဲ႔ Firefox ကအဆင္အေျပဆံုး Browser ေတြအျဖစ္သတ္မွတ္ျခင္းခံထားရပါတယ္။ အကယ္၍ သင့္ရဲ႕ ကြန္ပ်ဴတာဟာ Specification ေတြနိမ့္ၿပီး Performance သိပ္မေကာင္းတဲ့အတြက္ ေပါ့ေပါ့ပါးပါး အသံုးျပဳခ်င္တယ္ဆိုရင္ေတာ့ Opera Browser ကိုေရြးပါ။

2-7 Zip
File ေတြကို Compress /Archive လုပ္ဖို႔အတြက္ Software ေတြ အမ်ားႀကီးေရြးစရာရွိပါတယ္။ ဒါေပမယ့္ Free ထဲမွာမွ ေတာ္ေတာ္ေလးကို ေကာင္းမြန္ျပည့္စံုတ့ဲ Freeware တစ္ခုကိုေရြးရမယ္ဆိုရင္ေတာ့ 7-Zip ေလးကုိညႊန္ေပးခ်င္ပါတယ္။
7 Zip ရဲ႕ Website မွာကိုယ့္စက္နဲ႔ကိုက္ညီမယ့္ Version ကို Click တစ္ခ်က္ႏွိပ္ၿပီ္းေတာ့ Download ရယူႏိုင္ပါတယ္။

3-Libreoffice Office Suite
Window တင္ၿပီးခါစ ကြန္ပ်ဴတာတစ္လံုးမွာ Microsoft Office Site ႀကီး ခ်က္ခ်င္းထည့္ထားဖို႔ဆိုတာ သိပ္ေတာ့မလြယ္ပါဘူး။ File Size ကလည္း 1GB ေလာက္ရွိေနသလို Trial Version အေနနဲ႔သာ အသံုးျပဳရမွာျဖစ္လို႔ ေရရွည္သံုးဖို႔အတြက္ အခက္အခဲေလးေတြရွိႏိုင္ပါတယ္။ အေရးအေၾကာင္းဆို Document ေတြဖြင့္ဖတ္ဖို႔ နဲ႔ အမွားေလေတြ Edit ျပန္လုပ္ဖို႔ဆိုရင္ေတာ့ Microsoft Office Suite မရွိလည္းျဖစ္ပါတယ္။ Libreoffice ကို Microsoft Document ေတြအစား အစားထိုးၿပီးသံုးလို႔ရပါတယ္။ လံုးဝ Free အသံုးျပဳခြင့္ေပးထားတာျဖစ္ၿပီး File Size အေနနဲ႔လည္း 260MB ဝန္းက်င္ပဲရွိပါတယ္။ File Size ဒီေလာက္က အျမန္လိုေနတဲ့အခ်ိန္မွာဆိုရင္ သိပ္ေတာ့ ေျပာပေလာက္တဲ့ ပမာဏမဟုတ္ပါဘူး။ အဆင္ေျပမယ္ထင္ပါတယ္။ Download Libreoffice

4-Screenshot Tool – LightShot
Screenshots လုပ္ဖို႔ Tool ေကာင္းေကာင္းေလး လိုက္ရွာေနတယ္ဆိုရင္ေတာ့ lightShot ရွိပါတယ္။ ကြန္ပ်ဴတာမွာပါတဲ့ Default Tool ထက္ပိုေကာင္းပါတယ္။ Screenshot ရိုက္ၿပီးတာနဲ႔ လိုအပ္တဲ့ Size ကိုတစ္ခါတည္း သတ္မွတ္လို႔ရသလို Label ထိုးတာ Mark ေပးတာ အစရွိတဲ့ လုပ္ေဆာင္ခ်က္ေတြကိုလည္း တစ္ခ်ိန္တည္းမွာလုပ္ေဆာင္ႏိုင္ပါတယ္။ Screenshot ရိုက္ဖို႔အတြက္လည္း ေထြေထြ ထူးထူး Key ေတြ ႏွိပ္စရာမလိုပဲ ပံုမွန္ရိုက္ေနက် Key ျဖစ္တဲ့ PrntScr ကိုပဲ ႏွိပ္ရင္ရပါတယ္။ အကယ္ ၍ မ်က္ႏွာျပင္အျပင့္ Screenshot ရိုက္ခ်င္တယ္ဆိုရင္ေတာ့ Shift Key + PrntScr ကိုတြဲႏွိပ္ေပးရမွာျဖစ္ပါတယ္။ Download LitghtShot

5-Photo Edit Tool – PaintEdit
PhotoShop ကိုအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မထည့္ထားေပမယ့္ ရုတ္တရက္ အသံုးလိုလာတဲ့အခါမွာ Window မွာ Default အေနနဲ႔ Microsoft Paint ရွိပါတယ္။ (Run Box မွာ mspaint လို႔ရိုက္ၿပီးေခၚႏိုင္ပါတယ္) ဒါေပမယ့္ Ms Paint ဟာ ပံု ကို ဆိုဒ္ျပန္ခ်ဳံ႕တာ၊ ဖ်တ္တာ နဲ႔ စာေရးတာတို႔ေလာက္ေတာ့ အသံုးျပဳႏိုင္ပါတယ္။ Photoshop တစ္ခုနီးပါး Feature စံုစံုလင္လင္နဲ႔အသံုးျပဳခ်င္တယ္ဆိုရင္ေတာ့ File Size လည္းမႀကီးသလို Photo Shop UI နဲ႔လည္းဆင္တူတဲ့ Paint.net ကိုထည့္ထားလိုက္ပါ။ Download Paint.net

6-Video Player – VLC၊ K_Lite Code Pack
Window တင္ၿပီးရင္ ဘယ္လို Video၊ Audio Format လာလာ အကုန္လံုးနီးပါးအဆင္ေျပေစဖို႔အတြက္ VLC Player နဲ႔ K_Lite Code Pack တို႔ကိုထည့္သြင္းထားပါ။

7-Format Factory
Video ကို အျခား Format ေျပာင္းခ်င္ရင္ပဲျဖစ္ျဖစ္ Video ကေန MP3, Wav အစရွိတဲ့ Audio Format ေတြေျပာင္းဖို႔ပဲျဖစ္ျဖစ္၊ ဓါတ္ပံုေတြကို File Format ေျပာင္းဖို႔ပဲျဖစ္ျဖစ္ Format Factory တစ္မ်ိဳးတည္းနဲ႔အဆင္ေျပပါတယ္။ သူလည္းပဲ ေဆာင္ထားရင္လံုးဝမမွားတဲ့ Software ျဖစ္လို႔  မရွိမျဖစ္ Software တစ္ခုအေနနဲ႔ထည့္သြင္းေဖာ္ျပလိုက္ရပါတယ္။ Download Format Factory

8-Zawgyi Font & Keyboard Installer
ဒါကေတာ့ ေထြေထြထူးထူးမိတ္ဆက္ေပးဖို႔ မလိုေလာက္ေတာ့ပါဘူး။ Window 7 ကေန Window 10 အထိ Zawgyi Keyboard ေရာ Font ကိုပါလြယ္လြယ္ကူကူနဲ႔ထည့္သြင္းႏိုင္မွာျဖစ္ပါတယ္။ အမ်ိဳးမ်ိဳးေသာ Keyboard & Font Installer ေတြရွိၾကေပမယ့္ တစ္ခုမဟုတ္ တစ္ခုက အဆင္မေျပတာေတြျဖစ္ေနတတ္ပါတယ္။ ဒီေကာင္ေလးကေတာ့ အျခား Font Installer ေတြန႔ဲ မတူပဲ လံုးဝ အဆင္ေျပေအာင္ လုပ္ေဆာင္ေပးႏိုင္ပါလိမ့္မယ္။ Download Zawgyi Font & Keyboard Installer

Phone Hay Ko (Akhayar)
www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

သင့် ကွန်ပျူတာအတွက် မရှိမဖြစ်အသုံးဝင်မယ့် Software များ

1-Browser – Chrome၊ Firefox၊ Opera
Window တင်ပြီးတာနဲ့ Default Browser အဖြစ် Micosoft Edge ကပါဝင်ပြီးသားပါ။ ဒါပေမယ့် Font အခက်အခဲ၊ Feature မစုံလင်မှု အစရှိတဲ့အကြောင်းအမျိုးမျိုးကြောင့် System အစားထိုး အခြား Browser တွေကိုအသုံးပြုကြရပါတယ်။ အဲ့လိုပြောင်းသုံးမယ်ဆိုရင်တော့ Chrome နဲ့ Firefox ကအဆင်အပြေဆုံး Browser တွေအဖြစ်သတ်မှတ်ခြင်းခံထားရပါတယ်။ အကယ်၍ သင့်ရဲ့ ကွန်ပျူတာဟာ Specification တွေနိမ့်ပြီး Performance သိပ်မကောင်းတဲ့အတွက် ပေါ့ပေါ့ပါးပါး အသုံးပြုချင်တယ်ဆိုရင်တော့ Opera Browser ကိုရွေးပါ။

2-7 Zip
File တွေကို Compress /Archive လုပ်ဖို့အတွက် Software တွေ အများကြီးရွေးစရာရှိပါတယ်။ ဒါပေမယ့် Free ထဲမှာမှ တော်တော်လေးကို ကောင်းမွန်ပြည့်စုံတဲ့ Freeware တစ်ခုကိုရွေးရမယ်ဆိုရင်တော့ 7-Zip လေးကိုညွှန်ပေးချင်ပါတယ်။
7 Zip ရဲ့ Website မှာကိုယ့်စက်နဲ့ကိုက်ညီမယ့် Version ကို Click တစ်ချက်နှိပ်ပြီ်းတော့ Download ရယူနိုင်ပါတယ်။

3-Libreoffice Office Suite
Window တင်ပြီးခါစ ကွန်ပျူတာတစ်လုံးမှာ Microsoft Office Site ကြီး ချက်ချင်းထည့်ထားဖို့ဆိုတာ သိပ်တော့မလွယ်ပါဘူး။ File Size ကလည်း 1GB လောက်ရှိနေသလို Trial Version အနေနဲ့သာ အသုံးပြုရမှာဖြစ်လို့ ရေရှည်သုံးဖို့အတွက် အခက်အခဲလေးတွေရှိနိုင်ပါတယ်။ အရေးအကြောင်းဆို Document တွေဖွင့်ဖတ်ဖို့ နဲ့ အမှားလေတွေ Edit ပြန်လုပ်ဖို့ဆိုရင်တော့ Microsoft Office Suite မရှိလည်းဖြစ်ပါတယ်။ Libreoffice ကို Microsoft Document တွေအစား အစားထိုးပြီးသုံးလို့ရပါတယ်။ လုံးဝ Free အသုံးပြုခွင့်ပေးထားတာဖြစ်ပြီး File Size အနေနဲ့လည်း 260MB ဝန်းကျင်ပဲရှိပါတယ်။ File Size ဒီလောက်က အမြန်လိုနေတဲ့အချိန်မှာဆိုရင် သိပ်တော့ ပြောပလောက်တဲ့ ပမာဏမဟုတ်ပါဘူး။ အဆင်ပြေမယ်ထင်ပါတယ်။ Download Libreoffice

4-Screenshot Tool – LightShot
Screenshots လုပ်ဖို့ Tool ကောင်းကောင်းလေး လိုက်ရှာနေတယ်ဆိုရင်တော့ lightShot ရှိပါတယ်။ ကွန်ပျူတာမှာပါတဲ့ Default Tool ထက်ပိုကောင်းပါတယ်။ Screenshot ရိုက်ပြီးတာနဲ့ လိုအပ်တဲ့ Size ကိုတစ်ခါတည်း သတ်မှတ်လို့ရသလို Label ထိုးတာ Mark ပေးတာ အစရှိတဲ့ လုပ်ဆောင်ချက်တွေကိုလည်း တစ်ချိန်တည်းမှာလုပ်ဆောင်နိုင်ပါတယ်။ Screenshot ရိုက်ဖို့အတွက်လည်း ထွေထွေ ထူးထူး Key တွေ နှိပ်စရာမလိုပဲ ပုံမှန်ရိုက်နေကျ Key ဖြစ်တဲ့ PrntScr ကိုပဲ နှိပ်ရင်ရပါတယ်။ အကယ် ၍ မျက်နှာပြင်အပြင့် Screenshot ရိုက်ချင်တယ်ဆိုရင်တော့ Shift Key + PrntScr ကိုတွဲနှိပ်ပေးရမှာဖြစ်ပါတယ်။ Download LitghtShot

5-Photo Edit Tool – PaintEdit
PhotoShop ကိုအကြောင်းအမျိုးမျိုးကြောင့် မထည့်ထားပေမယ့် ရုတ်တရက် အသုံးလိုလာတဲ့အခါမှာ Window မှာ Default အနေနဲ့ Microsoft Paint ရှိပါတယ်။ (Run Box မှာ mspaint လို့ရိုက်ပြီးခေါ်နိုင်ပါတယ်) ဒါပေမယ့် Ms Paint ဟာ ပုံ ကို ဆိုဒ်ပြန်ချုံ့တာ၊ ဖျတ်တာ နဲ့ စာရေးတာတို့လောက်တော့ အသုံးပြုနိုင်ပါတယ်။ Photoshop တစ်ခုနီးပါး Feature စုံစုံလင်လင်နဲ့အသုံးပြုချင်တယ်ဆိုရင်တော့ File Size လည်းမကြီးသလို Photo Shop UI နဲ့လည်းဆင်တူတဲ့ Paint.net ကိုထည့်ထားလိုက်ပါ။ Download Paint.net

6-Video Player – VLC၊ K_Lite Code Pack
Window တင်ပြီးရင် ဘယ်လို Video၊ Audio Format လာလာ အကုန်လုံးနီးပါးအဆင်ပြေစေဖို့အတွက် VLC Player နဲ့ K_Lite Code Pack တို့ကိုထည့်သွင်းထားပါ။

7-Format Factory
Video ကို အခြား Format ပြောင်းချင်ရင်ပဲဖြစ်ဖြစ် Video ကနေ MP3, Wav အစရှိတဲ့ Audio Format တွေပြောင်းဖို့ပဲဖြစ်ဖြစ်၊ ဓါတ်ပုံတွေကို File Format ပြောင်းဖို့ပဲဖြစ်ဖြစ် Format Factory တစ်မျိုးတည်းနဲ့အဆင်ပြေပါတယ်။ သူလည်းပဲ ဆောင်ထားရင်လုံးဝမမှားတဲ့ Software ဖြစ်လို့  မရှိမဖြစ် Software တစ်ခုအနေနဲ့ထည့်သွင်းဖော်ပြလိုက်ရပါတယ်။ Download Format Factory

8-Zawgyi Font & Keyboard Installer
ဒါကတော့ ထွေထွေထူးထူးမိတ်ဆက်ပေးဖို့ မလိုလောက်တော့ပါဘူး။ Window 7 ကနေ Window 10 အထိ Zawgyi Keyboard ရော Font ကိုပါလွယ်လွယ်ကူကူနဲ့ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ အမျိုးမျိုးသော Keyboard & Font Installer တွေရှိကြပေမယ့် တစ်ခုမဟုတ် တစ်ခုက အဆင်မပြေတာတွေဖြစ်နေတတ်ပါတယ်။ ဒီကောင်လေးကတော့ အခြား Font Installer တွေနဲ့ မတူပဲ လုံးဝ အဆင်ပြေအောင် လုပ်ဆောင်ပေးနိုင်ပါလိမ့်မယ်။ Download Zawgyi Font & Keyboard Installer

Phone Hay Ko (Akhayar)
www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။