Android ရဲ႕ ဖခင္ၾကီး Andy Rubin ရဲ႕ Essential PH-1 စမတ္ဖုန္းကို မွတ္မိၾကဦးမွာပါ။ စတင္ထြက္ရွိတုန္းက တကယ္ကို Android စမတ္ဖုန္းေလာကၾကီးကိုေျပာင္းလဲႏုိင္တယ္ဆုိျပီး Essential PH-1 ကို ထုတ္ခဲ့ေပမယ့္ တကယ္တမ္းၾကေတာ့ Essential PH-1 ဖုန္းက ဝယ္ယူတဲ့သူအလြန္နည္းပါးျပီး တျဖည္းျဖည္း ေစ်းမတရားခ်ေရာင္းရတဲ့အဆင့္ထိျဖစ္ခဲ့တာပါ။

Essential PH-1

အခုအခ်ိန္မွာေတာ့ Andy Rubin ရဲ႕ မေရရာေတာ့တဲ့ Essential ရဲ႕ အနာဂတ္ကို ထပ္ျပီး ျမင္ရလာပါျပီ။ အဲ့ဒါကေတာ့ ကုမၸဏီရဲ႕ ဝန္ထမ္း ၃၀ ရာခုိင္ႏႈန္းကို အလုပ္ကေန ရပ္ဆုိင္းျပီး ဝန္ထမ္းအေရအတြက္ကို ေလ်ာ႔ခ်လုိက္တာပါ။ အခုသတင္းကိုလည္း Essential ကိုယ္တုိင္ အတည္ျပဳခဲ့တာျဖစ္ပါတယ္။

အခုလုိမ်ိဳး ေလ်ာ႔ခ်လုိက္တဲ့ ဝန္ထမ္းေတြမွာ အဓိကအေနနဲ႔ Hardware နဲ႔ Sales ဌာနက သူေတြအဓိကပါဝင္မွာျဖစ္ျပီးေတာ့ အခုလုိမ်ိဳးေဆာင္ရြက္ရတာကလည္း တကယ္ကို ခက္ခဲတဲ့ဆံုးျဖတ္ခ်က္တစ္ခုျဖစ္ခဲ့တယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။ “အခုလုိ အလုပ္ကေန ထြက္ခြာသြားရတဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြအတြက္ စိတ္မေကာင္းျဖစ္မိေၾကာင္းနဲ႔ ေနာက္ပိုင္းမွာလည္း သူတို႔ရဲ႕ အနာဂတ္ကို ကူညီေပးႏုိင္တဲ့ကိစၥရွိရင္ ကူညီေပးဖုိ႔ အသင့္ရွိေနပါတယ္။ အခုလည္း တကယ္ကို Consumer ေတြအတြက္ ေျပာင္းလဲႏုိင္မယ့္ Product တစ္ခုကိုထုတ္လုပ္ဖုိ႔ ယံုၾကည္ခ်က္အျပည့္ရွိေနတယ္” လုိ႔ Essential ရဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။

Essential PH-1

Essential က အခုလုိေဆာင္ရြက္တာက ကုမၸဏီရဲ႕ အေျခအေနေတာ္ေတာ္ဆိုးေနျပီလုိ႔ ယူဆရျပီးေတာ့ ျပီးခဲ့တဲ့ ရက္သတၱပတ္ပိုင္းတုန္းက Essential ကုမၸဏီက AI နည္းပညာေတြနဲ႔ ထုတ္လုပ္လာမယ့္ ဖုန္းအသစ္ကို ေဆာင္ရြက္မယ္လုိ႔ သတင္းေတြထြက္ေပၚလာျပီးေနာက္ပိုင္း အခုသတင္းထပ္မံထြက္လာတာျဖစ္ပါတယ္။

အဲ့ဒီအတြက္ Essential က တကယ္ကို အလန္းစား AI ဖုန္းတစ္ခုထုတ္လာႏုိင္မလား… ဒါမွမဟုတ္ ကုမၸဏီပဲ Fail သြားမလားဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Android ရဲ့ ဖခင်ကြီး Andy Rubin ရဲ့ Essential PH-1 စမတ်ဖုန်းကို မှတ်မိကြဦးမှာပါ။ စတင်ထွက်ရှိတုန်းက တကယ်ကို Android စမတ်ဖုန်းလောကကြီးကိုပြောင်းလဲနိုင်တယ်ဆိုပြီး Essential PH-1 ကို ထုတ်ခဲ့ပေမယ့် တကယ်တမ်းကြတော့ Essential PH-1 ဖုန်းက ဝယ်ယူတဲ့သူအလွန်နည်းပါးပြီး တဖြည်းဖြည်း စျေးမတရားချရောင်းရတဲ့အဆင့်ထိဖြစ်ခဲ့တာပါ။

Essential PH-1

အခုအချိန်မှာတော့ Andy Rubin ရဲ့ မရေရာတော့တဲ့ Essential ရဲ့ အနာဂတ်ကို ထပ်ပြီး မြင်ရလာပါပြီ။ အဲ့ဒါကတော့ ကုမ္ပဏီရဲ့ ဝန်ထမ်း ၃၀ ရာခိုင်နှုန်းကို အလုပ်ကနေ ရပ်ဆိုင်းပြီး ဝန်ထမ်းအရေအတွက်ကို လျော့ချလိုက်တာပါ။ အခုသတင်းကိုလည်း Essential ကိုယ်တိုင် အတည်ပြုခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး လျော့ချလိုက်တဲ့ ဝန်ထမ်းတွေမှာ အဓိကအနေနဲ့ Hardware နဲ့ Sales ဌာနက သူတွေအဓိကပါဝင်မှာဖြစ်ပြီးတော့ အခုလိုမျိုးဆောင်ရွက်ရတာကလည်း တကယ်ကို ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ “အခုလို အလုပ်ကနေ ထွက်ခွာသွားရတဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် စိတ်မကောင်းဖြစ်မိကြောင်းနဲ့ နောက်ပိုင်းမှာလည်း သူတို့ရဲ့ အနာဂတ်ကို ကူညီပေးနိုင်တဲ့ကိစ္စရှိရင် ကူညီပေးဖို့ အသင့်ရှိနေပါတယ်။ အခုလည်း တကယ်ကို Consumer တွေအတွက် ပြောင်းလဲနိုင်မယ့် Product တစ်ခုကိုထုတ်လုပ်ဖို့ ယုံကြည်ချက်အပြည့်ရှိနေတယ်” လို့ Essential ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Essential PH-1

Essential က အခုလိုဆောင်ရွက်တာက ကုမ္ပဏီရဲ့ အခြေအနေတော်တော်ဆိုးနေပြီလို့ ယူဆရပြီးတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်ပိုင်းတုန်းက Essential ကုမ္ပဏီက AI နည်းပညာတွေနဲ့ ထုတ်လုပ်လာမယ့် ဖုန်းအသစ်ကို ဆောင်ရွက်မယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက်ပိုင်း အခုသတင်းထပ်မံထွက်လာတာဖြစ်ပါတယ်။

အဲ့ဒီအတွက် Essential က တကယ်ကို အလန်းစား AI ဖုန်းတစ်ခုထုတ်လာနိုင်မလား… ဒါမှမဟုတ် ကုမ္ပဏီပဲ Fail သွားမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com