[Zawgyi]

ေပါင္သန္း (၂၀၀)တန္ ကြက္လပ္၊ မရွိမျဖစ္အဂြဲ႐ိုး(Aguero)

အဂြဲ႐ိုး (Aguero) အေၾကာင္းေျပာရတာ မန္စီးတီးပရိသတ္ေတြအတြက္ အရမ္းအရသာရွိေနမွာပဲ။ သူဟာ မန္စီးတီးရဲ႕ ဂိုးသြင္းစက္ႀကီးအျဖစ္ ႏွလံုးေသြးရင္းၿပီးအေကာင္းဆံုးလည္ပတ္ေနတာမဟုတ္လား။ မန္စီးတီးနည္းျပ ဂြါဒီယိုလာ (Guardiola) ဟာ အဂြဲ႐ိုးအေပၚ ယံုၾကည္မႈသံပတ္ေလ်ာ့ခဲ့ဖူးတယ္။ သူ႕အသင္းတုိက္စစ္အတြက္ ထက္ျမက္ရတနာတစ္ခု လိုအပ္တယ္လုိ႔ အၿမဲလိုလိုေျပာခဲ့ဖူးတယ္။ ေျပာခဲ့တဲ့ အတုိင္းပဲ အသင္းအတြက္တုိက္စစ္မွဴးသစ္ေတြ ေခၚယူဖို႔ျပင္ဆင္တယ္။ ဂြါဒီယိုလာ သြားခ်င္တဲ့တိုက္စစ္စတုိင္က ဘာစီလုိနာလိုမ်ဳိး၊ Good Finisher အရမ္းဆန္တာမ်ဳိးထက္ တုိက္စစ္အခင္းအက်င္းတစ္ခုလံုးမွာ ပါ၀င္ပတ္သက္ႏုိင္ၿပီး Creative ေကာင္းမြန္ရမယ္။ Set Piece ေတြ၊ အထူးသျဖင့္ ဖရီးကစ္ေတြကလည္း ဂိုးသြင္းႏုိင္ရမယ္။ ဒီလိုစ႐ုိက္လကၡဏာမ်ဳိးေတြ ရွိေနတဲ့လူမ်ဳိးကို ဂြါဒီိယုိလာ သေဘာက်တာ၊ ဒါေၾကာင့္လည္း ရာသီအစတုန္းက အဂြဲ႐ုိးထက္ ေဂ်းဆု (Jesus) ကို ဦးစားေပးခဲ့တာ၊ ဆန္းခ်က္ဇ္ (Sanchez)၊ မာရက္ဇ္ (Maherz) တို႔ကို ဂြါဒီယိုလာ ခ်ဥ္းကပ္ခဲ့တာပဲ။ ေဂ်းဆု၊ ဆန္းခ်က္ဇ္၊ မာရက္ဇ္တို႔ဟာ အဂြဲ႐ိုးနဲ႔ မန္စီးတီးၾကားက သံေယာစဥ္ႀကိဳးကို ျပတ္ေတာက္သြားေစမလားဆိုၿပီး မီဒီယာေတြဟာ ဖြခဲ့ဖူးပါတယ္။ ဒါေပမဲ့ အဂြဲ႐ိုးဟာ ကုိယ့္တန္ဖိုးကိုယ္ အေကာင္းဆံုး ထုတ္လႊင့္ေနဆဲပဲ။ ဖိအားဒဏ္ေတြၾကားမွာပဲ သူ႕ဂုဏ္ပုဒ္ကို ထိန္းသိမ္းထားဆဲပဲ။ မန္စီးတီးရဲ႕ သြင္းဂိုးအမ်ားဆံုးကစားသမားျဖစ္လာတယ္။ ႏွစ္သစ္ကူးကာလမွာ ေဂ်းဆုဒဏ္ရာရရွိခဲ့ၿပီးေနာက္ အဂြဲ႐ိုးဟာ မန္စီးတီးတုိက္စစ္ရဲ႕ ေရႊေရာင္မ်က္ႏွာဖံုးပဲ။ (၁၁)ပြဲမွာ (၁၄)ဂိုးသြင္းယူႏုိင္ခဲ့တယ္။ မန္စီးတီးရဲ႕ ဖလား(၄)လံုးလမ္းေၾကာင္းေပၚမွာ အဂြဲ႐ုိုးရဲ႕ သြင္းဂိုးမ်ားဟာ စိန္ပြင့္မ်ားလုိ အဖိုးတန္ခဲ့ပါတယ္။

ဂိုးေတြနဲ႔အတူ ထက္ျမက္ေနဆဲ အဂြဲ႐ိုး (Aguero)

ဂိုးေတြနဲ႔အတူ ထက္ျမက္ေနဆဲ အဂြဲ႐ိုး (Aguero)

အခုဆို ဂြါဒီယုိလာေခတ္ မန္စီးတီးအသင္းမွာ အစားထိုးရအခက္ဆံုးေနရာဟာ အဂြဲ႐ိုးရဲ႕ ေနရာျဖစ္လာပါၿပီ။ အဂြဲ႐ိုးရဲ႕ အားေကာင္းေမာင္းသန္ျဖစ္ထြန္းမႈအတိုင္း တုိက္စစ္ေနရာမွာ ဘယ္သူအစား၀င္ႏုိင္မလဲ။ လက္ရိွကစားသမားေစ်းကြက္ေပါက္ေစ်းအတုိင္းဆုိ အဂြဲ႐ိုးေနရာအစားထိုးဖို႔ မန္စီးတီး ေပါင္သန္း(၂၀၀) ေလာက္သံုးရလိမ့္မယ္လုိ႔ Manchester Evening News သတင္းစာက သံုးသပ္ပါတယ္။ ပရီးမီးယားလိဂ္သီးသန္႔ဆုိရင္ အဂြဲ႐ိုးဟာ ဟာရီိိကိန္း (Harry Kane)၊ ဆာလာ (Salah)၊ ပရီးမီးယားလိဂ္ျပင္ပကို ထြက္ၾကည့္ရင္ စီေရာ္နယ္လ္ဒို (C.Ronaldo) ၊ မက္ဆီ(Messi)၊ ဆြာရက္ဇ္ (Suarez) ၊ ေနမာ (Neymar) တို႔နဲ႔ အတူတူပဲ။ အေတြ႕အႀကံဳရင့္က်က္မႈနဲ႔ ဥေရာပတုိက္စစ္ရပ္၀န္းမွာႏွစ္ကာလမ်ားစြာ အစမ္းသပ္ခံႏုိင္မႈမွာ ဟာရီိကိန္း၊ ဆာလာ၊ ေနမာတုိ႔ထက္ သာပါတယ္။

မန္စီးတီးအတြက္ မရွိမျဖစ္အဂြဲ႐ိုး (Aguero)

မန္စီးတီးအတြက္ မရွိမျဖစ္အဂြဲ႐ိုး (Aguero)

ရာသီအစက မန္စီးတီးမွာ သူေနမေပ်ာ္ခဲ့ပံုရေပမယ့္ လက္ရွိမွာ သူဟာ မန္စီးတီးရဲ႕ Essential Player ပါပဲ။ အဂြဲ႐ိုးရဲ႕ ကစားသမားဘ၀ရာသီဥတုဟာ သာယာလွပေနတယ္။ ၿပီးခဲ့တဲ့ ဇန္န၀ါရီလပရီးမီးယားလိဂ္အေကာင္း ဆံုးကစားသမားဆုကိုလည္း အဂြဲ႐ိုးဆြတ္ခူးႏုိင္ခဲ့ပါတယ္။ ဒါဟာ သူ႕ရဲ႕ ကစားသမားဘ၀တစ္ေလွ်ာက္ (၅)ႀကိမ္ေျမာက္ ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆံုးဆုျဖစ္ၿပီး ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ ဒုတိယေျမာက္အမ်ားဆံုးရရွိသူျဖစ္လာပါၿပီ။ ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆံုးဆုကို (၆)ႀကိမ္စီနဲ႔ အႀကိ္မ္အမ်ားဆံုးရထားသူေတြဟာ ဟာရီကိန္း၊ ဂ်ရတ္ (Gerrard) တို႔ပါပဲ။ ဒီမွတ္တမ္းကို ေက်ာ္ျဖတ္ဖို႔ဟာ အဂြဲ႐ိုးအတြက္ မခက္ဘူးလို႔ ဆုိရမယ္။ ဒဏ္ရာျပႆနာသာ ကင္းရွင္းေနဦးမယ္ဆုိရင္ အဂြဲ႐ိုးရဲ႕ သြင္းဂိုးဇာတ္လမ္းဟာ ပရီးမီးယားလိဂ္မွာ ေမႊးပ်ံ႕ေနပါဦးမယ္။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ပေါင်သန်း (၂၀၀)တန် ကွက်လပ်၊ မရှိမဖြစ်အဂွဲရိုး(Aguero)

အဂွဲရိုး (Aguero) အကြောင်းပြောရတာ မန်စီးတီးပရိသတ်တွေအတွက် အရမ်းအရသာရှိနေမှာပဲ။ သူဟာ မန်စီးတီးရဲ့ ဂိုးသွင်းစက်ကြီးအဖြစ် နှလုံးသွေးရင်းပြီးအကောင်းဆုံးလည်ပတ်နေတာမဟုတ်လား။ မန်စီးတီးနည်းပြ ဂွါဒီယိုလာ (Guardiola) ဟာ အဂွဲရိုးအပေါ် ယုံကြည်မှုသံပတ်လျော့ခဲ့ဖူးတယ်။ သူ့အသင်းတိုက်စစ်အတွက် ထက်မြက်ရတနာတစ်ခု လိုအပ်တယ်လို့ အမြဲလိုလိုပြောခဲ့ဖူးတယ်။ ပြောခဲ့တဲ့ အတိုင်းပဲ အသင်းအတွက်တိုက်စစ်မှူးသစ်တွေ ခေါ်ယူဖို့ပြင်ဆင်တယ်။ ဂွါဒီယိုလာ သွားချင်တဲ့တိုက်စစ်စတိုင်က ဘာစီလိုနာလိုမျိုး၊ Good Finisher အရမ်းဆန်တာမျိုးထက် တိုက်စစ်အခင်းအကျင်းတစ်ခုလုံးမှာ ပါဝင်ပတ်သက်နိုင်ပြီး Creative ကောင်းမွန်ရမယ်။ Set Piece တွေ၊ အထူးသဖြင့် ဖရီးကစ်တွေကလည်း ဂိုးသွင်းနိုင်ရမယ်။ ဒီလိုစရိုက်လက္ခဏာမျိုးတွေ ရှိနေတဲ့လူမျိုးကို ဂွါဒီယိုလာ သဘောကျတာ၊ ဒါကြောင့်လည်း ရာသီအစတုန်းက အဂွဲရိုးထက် ဂျေးဆု (Jesus) ကို ဦးစားပေးခဲ့တာ၊ ဆန်းချက်ဇ် (Sanchez)၊ မာရက်ဇ် (Maherz) တို့ကို ဂွါဒီယိုလာ ချဉ်းကပ်ခဲ့တာပဲ။ ဂျေးဆု၊ ဆန်းချက်ဇ်၊ မာရက်ဇ်တို့ဟာ အဂွဲရိုးနဲ့ မန်စီးတီးကြားက သံယောစဉ်ကြိုးကို ပြတ်တောက်သွားစေမလားဆိုပြီး မီဒီယာတွေဟာ ဖွခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဂွဲရိုးဟာ ကိုယ့်တန်ဖိုးကိုယ် အကောင်းဆုံး ထုတ်လွှင့်နေဆဲပဲ။ ဖိအားဒဏ်တွေကြားမှာပဲ သူ့ဂုဏ်ပုဒ်ကို ထိန်းသိမ်းထားဆဲပဲ။ မန်စီးတီးရဲ့ သွင်းဂိုးအများဆုံးကစားသမားဖြစ်လာတယ်။ နှစ်သစ်ကူးကာလမှာ ဂျေးဆုဒဏ်ရာရရှိခဲ့ပြီးနောက် အဂွဲရိုးဟာ မန်စီးတီးတိုက်စစ်ရဲ့ ရွှေရောင်မျက်နှာဖုံးပဲ။ (၁၁)ပွဲမှာ (၁၄)ဂိုးသွင်းယူနိုင်ခဲ့တယ်။ မန်စီးတီးရဲ့ ဖလား(၄)လုံးလမ်းကြောင်းပေါ်မှာ အဂွဲရိုးရဲ့ သွင်းဂိုးများဟာ စိန်ပွင့်များလို အဖိုးတန်ခဲ့ပါတယ်။

ဂိုးတွေနဲ့အတူ ထက်မြက်နေဆဲ အဂွဲရိုး (Aguero)

ဂိုးတွေနဲ့အတူ ထက်မြက်နေဆဲ အဂွဲရိုး (Aguero)

အခုဆို ဂွါဒီယိုလာခေတ် မန်စီးတီးအသင်းမှာ အစားထိုးရအခက်ဆုံးနေရာဟာ အဂွဲရိုးရဲ့ နေရာဖြစ်လာပါပြီ။ အဂွဲရိုးရဲ့ အားကောင်းမောင်းသန်ဖြစ်ထွန်းမှုအတိုင်း တိုက်စစ်နေရာမှာ ဘယ်သူအစားဝင်နိုင်မလဲ။ လက်ရှိကစားသမားဈေးကွက်ပေါက်ဈေးအတိုင်းဆို အဂွဲရိုးနေရာအစားထိုးဖို့ မန်စီးတီး ပေါင်သန်း(၂၀၀) လောက်သုံးရလိမ့်မယ်လို့ Manchester Evening News သတင်းစာက သုံးသပ်ပါတယ်။ ပရီးမီးယားလိဂ်သီးသန့်ဆိုရင် အဂွဲရိုးဟာ ဟာရီကိန်း (Harry Kane)၊ ဆာလာ (Salah)၊ ပရီးမီးယားလိဂ်ပြင်ပကို ထွက်ကြည့်ရင် စီရော်နယ်လ်ဒို (C.Ronaldo) ၊ မက်ဆီ(Messi)၊ ဆွာရက်ဇ် (Suarez) ၊ နေမာ (Neymar) တို့နဲ့ အတူတူပဲ။ အတွေ့အကြုံရင့်ကျက်မှုနဲ့ ဥရောပတိုက်စစ်ရပ်ဝန်းမှာနှစ်ကာလများစွာ အစမ်းသပ်ခံနိုင်မှုမှာ ဟာရီကိန်း၊ ဆာလာ၊ နေမာတို့ထက် သာပါတယ်။

မန်စီးတီးအတွက် မရှိမဖြစ်အဂွဲရိုး (Aguero)

မန်စီးတီးအတွက် မရှိမဖြစ်အဂွဲရိုး (Aguero)

ရာသီအစက မန်စီးတီးမှာ သူနေမပျော်ခဲ့ပုံရပေမယ့် လက်ရှိမှာ သူဟာ မန်စီးတီးရဲ့ Essential Player ပါပဲ။ အဂွဲရိုးရဲ့ ကစားသမားဘဝရာသီဥတုဟာ သာယာလှပနေတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလပရီးမီးယားလိဂ်အကောင်း ဆုံးကစားသမားဆုကိုလည်း အဂွဲရိုးဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် (၅)ကြိမ်မြောက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဒုတိယမြောက်အများဆုံးရရှိသူဖြစ်လာပါပြီ။ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုကို (၆)ကြိမ်စီနဲ့ အကြိမ်အများဆုံးရထားသူတွေဟာ ဟာရီကိန်း၊ ဂျရတ် (Gerrard) တို့ပါပဲ။ ဒီမှတ်တမ်းကို ကျော်ဖြတ်ဖို့ဟာ အဂွဲရိုးအတွက် မခက်ဘူးလို့ ဆိုရမယ်။ ဒဏ်ရာပြဿနာသာ ကင်းရှင်းနေဦးမယ်ဆိုရင် အဂွဲရိုးရဲ့ သွင်းဂိုးဇာတ်လမ်းဟာ ပရီးမီးယားလိဂ်မှာ မွှေးပျံ့နေပါဦးမယ်။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။