Android ရဲ႕ ဖခင္ၾကီး Andy Rubin က ျပီးခဲ့တဲ့ႏွစ္တုန္းက Essential စမတ္ဖုန္းတစ္ခုကို ထုတ္လုပ္ခဲ့တာကိုမွတ္မိၾကဦးမွာပါ။ ဒါေပမယ့္ေနာက္ပိုင္းမွာ Essential က ဖုန္းေတြေရာင္းအားက်ေနသလုိပဲ ေနာက္ပိုင္းမွာ ဝန္ထမ္းေတြရဲ႕ ၃၀ ရာခုိင္ႏႈန္းကိုပါ ေလ်ာ႔ခ်လုိက္ရတာျဖစ္ပါတယ္။

Essential PH-1

Essential က အခုလိုမ်ိဳး စမတ္ဖုန္းထုတ္လုပ္ေရာင္းခ်မႈေတြ က်ဆင္းေနသလုိပဲ မၾကာေသးခင္တုန္းက Essential က ေနာက္ထပ္ AI ကို အေျခခံထားတဲ့ စမတ္ဖုန္းအသစ္တစ္ခုကို ထုတ္လုပ္ဖုိ႔ စီစဥ္္ေနတယ္လုိ႔လည္း ေျပာၾကားခဲ့ျပန္ပါတယ္။ အဲ့ဒီအတြက္ Essential ရဲ႕ လက္ရွိအေျခအေနကို ခန္႔မွန္းဖုိ႔က ခက္ခဲေနျပန္ပါတယ္။

အခုအခ်ိန္မွာေတာ့ Essential ကေန ကုမၸဏီရွိေသးတယ္ဆုိတာကို ျပသဖုိ႔အတြက္ လက္ရွိ Essential စမတ္ဖုန္းနဲ႔ တြဲဖက္အသံုးျပဳႏုိင္တဲ့ Accessory တစ္ခုကို စတင္ေရာင္းခ်လုိက္ပါတယ္။ ဒါကေတာ့ 3.5mm Earphone Port မပါဝင္တဲ့ Essential ဖုန္းမွာတပ္ဆင္ဖုိ႔ 3.5mm Audio Adapter ပဲျဖစ္ပါတယ္။

ဒါေပမယ့္ Essential ကေန အခု 3.5mm Audio Adapter ကို ေစ်းႏႈန္းအေနနဲ႔ ၁၄၉ ေဒၚလာနဲ႔ ေရာင္းခ်ေနတဲ့အတြက္ လက္ရွိမွာ ေစ်းအၾကီးဆံုးေသာ Audio Adapter လည္းျဖစ္လာပါတယ္။ Essential ကေတာ့ အခုလုိမ်ိဳး ေစ်းၾကီးရတာက Studio Quality Audio Performance ရရွိဖုိ႔အတြက္ Audiophile Grade Amp ကို ထည့္သြင္းေပးထားတာေၾကာင့္ျဖစ္တယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

Essential PH-1 Audio Adapter

ဘာပဲျဖစ္ျဖစ္ Essential ရဲ႕ လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္ စက္တင္ဘာလထဲက ထုတ္ေပးမယ္ဆုိျပီး ကတိေပးခဲ့တဲ့ Accessory တစ္ခုက ၁ ႏွစ္ေက်ာ္ၾကာျပီးမွ ေရာင္းခ်ႏုိင္တာလည္းျဖစ္ပါတယ္။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Android ရဲ့ ဖခင်ကြီး Andy Rubin က ပြီးခဲ့တဲ့နှစ်တုန်းက Essential စမတ်ဖုန်းတစ်ခုကို ထုတ်လုပ်ခဲ့တာကိုမှတ်မိကြဦးမှာပါ။ ဒါပေမယ့်နောက်ပိုင်းမှာ Essential က ဖုန်းတွေရောင်းအားကျနေသလိုပဲ နောက်ပိုင်းမှာ ဝန်ထမ်းတွေရဲ့ ၃၀ ရာခိုင်နှုန်းကိုပါ လျော့ချလိုက်ရတာဖြစ်ပါတယ်။

Essential PH-1

Essential က အခုလိုမျိုး စမတ်ဖုန်းထုတ်လုပ်ရောင်းချမှုတွေ ကျဆင်းနေသလိုပဲ မကြာသေးခင်တုန်းက Essential က နောက်ထပ် AI ကို အခြေခံထားတဲ့ စမတ်ဖုန်းအသစ်တစ်ခုကို ထုတ်လုပ်ဖို့ စီစဉ််နေတယ်လို့လည်း ပြောကြားခဲ့ပြန်ပါတယ်။ အဲ့ဒီအတွက် Essential ရဲ့ လက်ရှိအခြေအနေကို ခန့်မှန်းဖို့က ခက်ခဲနေပြန်ပါတယ်။

အခုအချိန်မှာတော့ Essential ကနေ ကုမ္ပဏီရှိသေးတယ်ဆိုတာကို ပြသဖို့အတွက် လက်ရှိ Essential စမတ်ဖုန်းနဲ့ တွဲဖက်အသုံးပြုနိုင်တဲ့ Accessory တစ်ခုကို စတင်ရောင်းချလိုက်ပါတယ်။ ဒါကတော့ 3.5mm Earphone Port မပါဝင်တဲ့ Essential ဖုန်းမှာတပ်ဆင်ဖို့ 3.5mm Audio Adapter ပဲဖြစ်ပါတယ်။

ဒါပေမယ့် Essential ကနေ အခု 3.5mm Audio Adapter ကို စျေးနှုန်းအနေနဲ့ ၁၄၉ ဒေါ်လာနဲ့ ရောင်းချနေတဲ့အတွက် လက်ရှိမှာ စျေးအကြီးဆုံးသော Audio Adapter လည်းဖြစ်လာပါတယ်။ Essential ကတော့ အခုလိုမျိုး စျေးကြီးရတာက Studio Quality Audio Performance ရရှိဖို့အတွက် Audiophile Grade Amp ကို ထည့်သွင်းပေးထားတာကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Essential PH-1 Audio Adapter

ဘာပဲဖြစ်ဖြစ် Essential ရဲ့ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာလထဲက ထုတ်ပေးမယ်ဆိုပြီး ကတိပေးခဲ့တဲ့ Accessory တစ်ခုက ၁ နှစ်ကျော်ကြာပြီးမှ ရောင်းချနိုင်တာလည်းဖြစ်ပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com