Android OS သံုးစမတ္ဖုန္းေတြမွာ Application ေတြ ဂိမ္းေတြကို Download ျပဳလုပ္ခ်င္တယ္ဆိုရင္ Google Play Store ကေနပဲ Download ျပဳလုပ္ေနရတာျဖစ္ပါတယ္။ ဒါေပမယ့္ Epic Games ကုမၸဏီကေတာ့ သူရဲ႕ လက္ရွိ အေအာင္ျမင္ဆံုးျဖစ္ေနတဲ့ Fortnite ဂိမ္းကို Google Play Store မွာ Download ျပဳလုပ္ႏုိင္ေအာင္ တင္ေပးမွာမဟုတ္ပါဘူး။

Fortnite

အခုသတင္းကို Epic Games ရဲ႕ CEO ျဖစ္တဲ့ Tim Sweeny က အတည္ျပဳခဲ့တာျဖစ္ျပီးေတာ့ အခုလုိမ်ိဳး Play Store မွာ မတင္ေပးတာကလည္း Application ေရာင္းခ်ရတဲ့အခ်ိန္မွာ Google ကေန ၃၀ ရာခုိင္ႏႈန္း ရယူေနတာကို မေပးခ်င္တာေၾကာင့္လုိ႔ သိရပါတယ္။

Fortnite

အခုလုိမ်ိဳး Google Play Store မွာတင္ထားမွာမဟုတ္ေတာ့တဲ့အတြက္ တကယ္လုိ႔ Epic Games က Fortnite ကို Android အတြက္ ထုတ္ေပးလိုက္ျပီဆုိရင္ ေဆာ့ကစားခ်င္တဲ့သူေတြအေနနဲ႔ Google Play Store ကေန အလြယ္တကူ Download ျပဳလုပ္ႏိုင္မွာမဟုတ္ေတာ့ဘဲ Fortnite ရဲ႕ Website ကေန Download ျပဳလုပ္ရမွာျဖစ္ပါတယ္။ အခုလုိမ်ိဳး Website အထိ သြားျပီး Download ျပဳလုပ္ရေတာ့မွာျဖစ္တဲ့အတြက္ Android Devices ေတြမွာ Install From Unknown Sources ကို On ထားဖုိ႔ လုိအပ္သလုိ ပိုျပီးလည္း အလုပ္ရႈပ္သြားျပီျဖစ္ပါတယ္။

Epic Games ရဲ႕ ဆံုးျဖတ္ခ်က္ကေတာ့ Android အတြက္ တမင္ကို Download ျပဳလုပ္ဖုိ႔ခက္ခဲေအာင္ ေဆာင္ရြက္ေနသလားလုိ႔ေတာင္ ထင္ရပါတယ္။ ဘာေၾကာင့္လဲဆိုရင္ Fortnite က လက္ရွိအခ်ိန္မွာ Apple App Store မွာလည္း Download ျပဳလုပ္မႈက စံခ်ိန္တင္ေနျပီး ဝင္ေငြလည္း အမ်ားအျပားရရွိေနတာပဲျဖစ္ပါတယ္။ PC အေနနဲ႔လည္း ေအာင္ျမင္ေနတဲ့အတြက္ အခုမွ Android အတြက္ Play Store မွာ မတင္ေပးဘူးဆုိတာက နားလည္ရခက္ေနပါတယ္။

Fortnite on iOS

ဘာပဲျဖစ္ျဖစ္ Epic Games ရဲ႕ Fortnite ကေတာ့ လာမယ့္ ၾသဂုတ္လ ၉ ရက္ေန႔မွာ Galaxy Note 9 နဲ႔အတူ Exclusive အေနနဲ႔ ထြက္ရွိလာမွာျဖစ္ျပီးေတာ့ တျခားေသာ Android Devices ေတြအေနနဲ႔ကေတာ့ လာမယ့္ စက္တင္ဘာလမွ Download ျပဳလုပ္ႏုိင္ဖုိ႔မ်ားေနပါတယ္။ ဒါေပမယ့္လည္း Google Play Store မွာ Download မျပဳလုပ္ႏုိင္တာကေတာ့ ေတာ္ေတာ္ေလးကို အရဲစြန္႔ထားတဲ့ဆံုးျဖတ္ခ်က္တစ္ခုျဖစ္ေနပါေသးတယ္။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Android OS သုံးစမတ်ဖုန်းတွေမှာ Application တွေ ဂိမ်းတွေကို Download ပြုလုပ်ချင်တယ်ဆိုရင် Google Play Store ကနေပဲ Download ပြုလုပ်နေရတာဖြစ်ပါတယ်။ ဒါပေtမယ့် Epic Games ကတော့ သူရဲ့ လက်ရှိ အအောင်မြင်ဆုံးဖြစ်နေတဲ့ Fortnite ဂိမ်းကို Google Play Store မှာ Download ပြုလုပ်နိုင်အောင် တင်ပေးမှာမဟုတ်ပါဘူး။

Fortnite

အခုသတင်းကို Epic Games ရဲ့ CEO ဖြစ်တဲ့ Tim Sweeny က အတည်ပြုခဲ့တာဖြစ်ပြီးတော့ အခုလိုမျိုး Play Store မှာ မတင်ပေးတာကလည်း Application ရောင်းချရတဲ့အချိန်မှာ Google ကနေ ၃၀ ရာခိုင်နှုန်း ရယူနေတာကို မပေးချင်တာကြောင့်လို့ သိရပါတယ်။

Fortnite

အခုလိုမျိုး Google Play Store မှာတင်ထားမှာမဟုတ်တော့တဲ့အတွက် တကယ်လို့ Epic Games က Fortnite ကို Android အတွက် ထုတ်ပေးလိုက်ပြီဆိုရင် ဆော့ကစားချင်တဲ့သူတွေအနေနဲ့ Google Play Store ကနေ အလွယ်တကူ Download ပြုလုပ်နိုင်မှာမဟုတ်တော့ဘဲ Fortnite ရဲ့ Website ကနေ Download ပြုလုပ်ရမှာဖြစ်ပါတယ်။ အခုလိုမျိုး Website အထိ သွားပြီး Download ပြုလုပ်ရတော့မှာဖြစ်တဲ့အတွက် Android Devices တွေမှာ Install From Unknown Sources ကို On ထားဖို့ လိုအပ်သလို ပိုပြီးလည်း အလုပ်ရှုပ်သွားပြီဖြစ်ပါတယ်။

Epic Games ရဲ့ ဆုံးဖြတ်ချက်ကတော့ Android အတွက် တမင်ကို Download ပြုလုပ်ဖို့ခက်ခဲအောင် ဆောင်ရွက်နေသလားလို့တောင် ထင်ရပါတယ်။ ဘာကြောင့်လဲဆိုရင် Fortnite က လက်ရှိအချိန်မှာ Apple App Store မှာလည်း Download ပြုလုပ်မှုက စံချိန်တင်နေပြီး ဝင်ငွေလည်း အများအပြားရရှိနေတာပဲဖြစ်ပါတယ်။ PC အနေနဲ့လည်း အောင်မြင်နေတဲ့အတွက် အခုမှ Android အတွက် Play Store မှာ မတင်ပေးဘူးဆိုတာက နားလည်ရခက်နေပါတယ်။

Fortnite on iOS

ဘာပဲဖြစ်ဖြစ် Epic Games ရဲ့ Fortnite ကတော့ လာမယ့် သြဂုတ်လ ၉ ရက်နေ့မှာ Galaxy Note 9 နဲ့အတူ Exclusive အနေနဲ့ ထွက်ရှိလာမှာဖြစ်ပြီးတော့ တခြားသော Android Devices တွေအနေနဲ့ကတော့ လာမယ့် စက်တင်ဘာလမှ Download ပြုလုပ်နိုင်ဖို့များနေပါတယ်။ ဒါပေမယ့်လည်း Google Play Store မှာ Download မပြုလုပ်နိုင်တာကတော့ တော်တော်လေးကို အရဲစွန့်ထားတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်နေပါသေးတယ်။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com