[Zawgyi]
Khine Hnin wai ,Supan Htwar, Myo Sandi Kyaw
Stella(Akhayar)
www.Akhayar.com 
[Unicode]
ပန်ပန်တို့ သူငယ်ချင်းတစ်သိုက် ဘာတွေသဘောကျနေပြီး ရယ်နေကြတာလဲ
ပရိသတ်အချစ်တော် အနုပညာရှင်တွေဖြစ်တဲ့ မင်းသမီးချော ဆုပန်ထွာ၊ မျိုးစန္ဒီကျော်နဲ့ ခိုင်နှင်းေ၀ တို့ သူငယ်ချင်းတစ်သိုက်ကတော့ အနုပညာမောင်နှမတချို့နဲ့အတူ ရွှေလီမြို့နဲ့ တရုတ်ပြည်ဘက်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ အနုပညာလောကထဲမှာ ပရိသတ်အခိုင်အမာရရှိခဲ့တဲ့ သူတို့တွေဟာ Thu Kha Diamond ဆိုင်သစ်ဖွင့်ပွဲဖိတ်ကြားမှုကြောင့် မူဆယ်ဘက်ကို လာရောက်ခဲ့တာဖြစ်ပါတယ်။
Khine Hin Wai ,Supan Htwar, Myo Sandi Kyaw
သရုပ်ဆောင် ဆုပန်ထွာ ကတော့ ဆိုင်ဖွင့်ပွဲမှာ သုံးယောက်သားရယ်ရယ်မောမောနဲ့ ကြော်ငြာဓာတ်ပုံရိုက်ကူးဖြစ်ခဲ့ပုံတွေအပြင် သူတို့ရဲ့ အမှတ်တရပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ရက်အကောင့်မှာ မျှဝေထားတာတွေ့ရပါတယ်။ “တရုတ်ပြည်ဖက်ကူးကြ၊ညပြန်လာတော့အနှိပ်ခံကြနဲ့သူငယ်ချင်းသုံးယောက်အဆင်ကိုပြေလို့။
အစစအရာရာအားလုံးပြည့်စုံအောင်ထားပေးတဲ့ “Thu Kha Diamond “ ကအစ်ကိုနဲ့အစ်မ Daw Moe Thida Shwe ကျေးဇူးပါ။ ဆိုင်ခွဲတွေအများကြီးထပ်ဖွင့်နိုင်ပါစေ။” ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။
အသက်(၃၀)ကျော်ပေမယ့် ဆယ်ကျော်သက်ကောင်မလေးတွေလို နုပျိုလန်းဆန်းနေကြတဲ့ နာမည်ကျော်(၃)လက်ကတော့ ပွဲတက်ဝတ်စုံအမိုက်စားတွေနဲ့ အလှကိုယ်စီပိုင်ဆိုင်ထားရတာဖြစ်ပါတယ်။ သူမတို့(၃)ယောက်ဟာ အရင်လိုဇာတ်ကားတွေအများကြီးမရိုက်ကူးဖြစ်ပေမယ့်လည်း ပရိသတ်အားပေးမှုမလျော့သေးဘဲ ဒီနေ့အချိန်အထိ လူကြိုက်များနေဆဲဖြစ်ပါတယ်။
တစ်ခေတ်တစ်ခါက VCD သီချင်းလေးတွေကနေတစ်ဆင့် ပရိသတ်တွေကြွေခဲ့ရတဲ့ ဆုပန်ထွာ၊ ခိုင်နှင်းဝေနဲ့ မျိုးစန္ဒီကျော်တို့ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
Photos Credit –  Supan Htwar facebook
Stella(Akhayar)
www.Akhayar.com