[Zawgyi]

ကေလးအေဖျဖစ္သြားတဲ့ စပိန္အဆုိေတာ္ Enrique Iglesias

ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းေက်ာ္ စပိန္အဆုိေတာ္ Enrique Iglesias ဟာ အခုဆုိရင္ မိဘေနရာကုိ ေရာက္သြားပါၿပီ။ ျမန္မာပရိသတ္ေတြက သူ႕ကုိ “Why Not Me?” သီခ်င္းနဲ႔ သိၾကမယ္ထင္ပါတယ္။ ဟုတ္ပါတယ္။ (၄၂) ႏွစ္အရြယ္ရွိတဲ့ ကုိလူေခ်ာဟာ ရုရွားတင္းနစ္မယ္ေဟာင္း Anna Kournikova န႔ဲ ခ်စ္သူေတြျဖစ္ၾကတာ (၁၅) ႏွစ္ေတာင္ ရွိေနပါၿပီ။ သူ႕ခ်စ္သူကုိ မီဒီယာေရွ႕မွာ တြဲတာေတြ မလုပ္ခဲ့ပါဘူး။ ဒီဇင္ဘာလ (၁၆) ရက္ေန႔ အေမရိကန္ႏုိင္ငံ မုိင္ယာမီေတာင္ပုိင္းေဆးရုံ (South Miami Hospital) မွာ နီးကုိးလက္စ္ (Nicholas) နဲ႔ လူစီ (Lucy) ဆုိတဲ့ အမႊႊာႏွစ္ေယာက္ကုိ ဖြားျမင္လုိက္တာပါ။

Enrique Iglesias နဲ႔ Anna Kournikova

Enrique Iglesias နဲ႔ Anna Kournikova

ခ်စ္သူသက္တမ္းၾကာျမင့္ၿပီျဖစ္ေပမယ့္ ပရိသတ္ေရွ႕မွာ တြဲသြားတြဲလာ မလုပ္ၾကပါဘူး။ သူ႕ရဲ႕လူမႈကြန္ရက္ကလည္း ဓာတ္ပုံေတြ မတင္ခဲ့ပါဘူး။ သတင္းေထာက္ေတြက အပူတျပင္းလုိက္ၾကလြန္းလုိ႔ ၂ဝ၁၆ခုႏွစ္ ႏုိဝင္ဘာလတုန္းက မုိင္ယာမီကမ္းေျခမွာ စက္ေလွစီးေနတဲ့ပုံကုိ ပရိသတ္ေတြ ျမင္ေတြ႕ရတာပါ။ Enrique Iglesias ဟာ အခ်စ္ေရးကုိ လူမႈကြန္ရက္နဲ႔ သီးသန္႔ခြဲထားတဲ့ သေဘာပါပဲ။

Samsung

Samsung

ခရစၥမတ္ ပရုိမုိးရွင္းလက္ေဆာင္

၂ဝဝ၁ခုႏွစ္ကုန္ပုိင္းမွာ ခ်စ္သူေတြျဖစ္ၾကေပမယ့္ ပရိသတ္ေတြမွာေတာ့ သူ႕ရဲ႕အခ်စ္ေရးကုိ ဘယ္သူမွမသိဘဲ ကုိယ္ဝန္သတင္းကုိေတာင္ ကေလးေမြးလာမွ သိရတာပါ။ ဒါေတာင္မွ Enrique Iglesias ဟာ သူ႕ရဲ႕လူမႈကြန္ရက္ကေန တရားဝင္အသိေပးတာမ်ိဳး မလုပ္ပါဘူး။ Enrique Iglesias ရဲ႕ အခ်စ္ေရးခံယူခ်က္ကေတာ့ တစ္မ်ိဳးပါပဲ။ “ခ်စ္တယ္ဆုိတာ သက္ေသျပဖုိ႔ စာရြက္မလုိပါဘူး။ ခ်စ္ေနဖုိ႔ပဲ လုုိတာ” လုိ႔ ကုိလူေခ်ာက အတိအလင္းေျပာသြားပါသတဲ့။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကလေးအဖေဖြစ်သွားတဲ့ စပိန်အဆိုတော် Enrique Iglesias

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် စပိန်အဆိုတော် Enrique Iglesias ဟာ အခုဆိုရင် မိဘနေရာကို ရောက်သွားပါပြီ။ မြန်မာပရိသတ်တွေက သူ့ကို “Why Not Me?” သီချင်းနဲ့ သိကြမယ်ထင်ပါတယ်။ ဟုတ်ပါတယ်။ (၄၂) နှစ်အရွယ်ရှိတဲ့ ကိုလူချောဟာ ရုရှားတင်းနစ်မယ်ဟောင်း Anna Kournikova နဲ့ ချစ်သူတွေဖြစ်ကြတာ (၁၅) နှစ်တောင် ရှိနေပါပြီ။ သူ့ချစ်သူကို မီဒီယာရှေ့မှာ တွဲတာတွေ မလုပ်ခဲ့ပါဘူး။ ဒီဇင်ဘာလ (၁၆) ရက်နေ့ အမေရိကန်နိုင်ငံ မိုင်ယာမီတောင်ပိုင်းဆေးရုံ (South Miami Hospital) မှာ နီးကိုးလက်စ် (Nicholas) နဲ့ လူစီ (Lucy) ဆိုတဲ့ အမွှွှာနှစ်ယောက်ကို ဖွားမြင်လိုက်တာပါ။

Enrique Iglesias နဲ့ Anna Kournikova

Enrique Iglesias နဲ့ Anna Kournikova

ချစ်သူသက်တမ်းကြာမြင့်ပြီဖြစ်ပေမယ့် ပရိသတ်ရှေ့မှာ တွဲသွားတွဲလာ မလုပ်ကြပါဘူး။ သူ့ရဲ့လူမှုကွန်ရက်ကလည်း ဓာတ်ပုံတွေ မတင်ခဲ့ပါဘူး။ သတင်းထောက်တွေက အပူတပြင်းလိုက်ကြလွန်းလို့ ၂ဝ၁၆ခုနှစ် နိုဝင်ဘာလတုန်းက မိုင်ယာမီကမ်းခြေမှာ စက်လှေစီးနေတဲ့ပုံကို ပရိသတ်တွေ မြင်တွေ့ရတာပါ။ Enrique Iglesias ဟာ အချစ်ရေးကို လူမှုကွန်ရက်နဲ့ သီးသန့်ခွဲထားတဲ့ သဘောပါပဲ။

Samsung

Samsung

ခရစ္စမတ် ပရိုမိုးရှင်းလက်ဆောင်

၂ဝဝ၁ခုနှစ်ကုန်ပိုင်းမှာ ချစ်သူတွေဖြစ်ကြပေမယ့် ပရိသတ်တွေမှာတော့ သူ့ရဲ့အချစ်ရေးကို ဘယ်သူမှမသိဘဲ ကိုယ်ဝန်သတင်းကိုတောင် ကလေးမွေးလာမှ သိရတာပါ။ ဒါတောင်မှ Enrique Iglesias ဟာ သူ့ရဲ့လူမှုကွန်ရက်ကနေ တရားဝင်အသိပေးတာမျိုး မလုပ်ပါဘူး။ Enrique Iglesias ရဲ့ အချစ်ရေးခံယူချက်ကတော့ တစ်မျိုးပါပဲ။ “ချစ်တယ်ဆိုတာ သက်သေပြဖို့ စာရွက်မလိုပါဘူး။ ချစ်နေဖို့ပဲ လိုုတာ” လို့ ကိုလူချောက အတိအလင်းပြောသွားပါသတဲ့။

ကျော်စိုးအောင် (အခရာ)

www.akhayar.com 

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။