[Zawgyi]




Aldiko Book Reader









(၂) A Little Princess

A Little Princess


(၃) The Call of The Wild

Call of the Wild


(၄) The Great Gatsby

The Great Gatsby


Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

(၅) Pride and Prejudice

Pride and Prejudice



Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[Unicode]

သင်္ကြန်မှာ ဖတ်လို့ကောင်းတဲ့ အင်္ဂလိပ်ဝတ္ထုစာအုပ်လေးတွေ

သင်္ကြန်ပိတ်ရက်မှာ အိမ်တွင်းအောင်းနေတဲ့သူတွေရှိကြသလား? အခုနောက်ပိုင်းစာအုပ်တွေက ဌားရခက်လာသလို ဖုန်းနဲ့လည်း စာဖတ်ဖို့က ဘယ်ကနေ PDF File တွေ ရှာရမလဲဆိုပြီး အခက်ကြုံလာပါတယ်။ အဲ့ဒီလိုနဲ့ သင်္ကြန်လိုမျိုး နှစ်တစ်နှစ်ရဲ့ အကြာရှည်ဆုံးအားလပ်ရက်ဖြစ်ပေမယ့်လည်း စာမဖတ်ဖြစ်ပဲ အချိန်ကုန်သွားဦးမှာပါ။

အဲ့ဒီအတွက် အခုလိုသင်္ကြန်တွင်းမှာ ကိုယ့်ဖုန်း Tablet တွေနဲ့ပဲ App အသုံးပြုပြီးတော့ အင်္ဂလိပ်ဝတ္ထုစာအုပ်လေးတွေ ဖတ်လို့ရအောင် သုံးရမယ့် App လေးနဲ့ စာအုပ်အချို့ကို ညွှန်းပေးသွားပါမယ်။

Aldiko Book Reader

အရင်ဆုံး သုံးရမယ့် App ကတော့ Aldiko Book Reader App ဖြစ်ပြီးတော့ iOS ရော၊ Android မှာပါ အခမဲ့ Download ရယူနိုင်တဲ့ Application တစ်ခုဖြစ်ပါတယ်။ အခု App ဟာ Apple iTunes Gift Card ၊ Google Play Store Gift Card တွေ Master ၊ Visa Card တွေနဲ့ ချိတ်ထားရင် စာအုပ်တွေကို တရားဝင်ဝယ်ဖတ်လို့ ရပါတယ်။ ဒါပေမယ့် အခုပြောသွားမယ့်စာအုပ်တွေကတော့ Public Domain Books တွေဖြစ်တဲ့အတွက် အခမဲ့ရယူနိုင်မှာဖြစ်ပါတယ်။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

အရင်ဆုံး App ကနေ Get Gooks (Feedbooks) ကနေ Public Domain Books ကို ရွေးချယ်ပြီးတော့ အခုပြောသွားမယ့် Ebooks တွေကို Download ရယူပြီး ဖတ်ရှုလို့ရပါတယ်။

(၁) The Adventures of Tom Sawyer

The Adventures of Tom Sawyer

အခုဝတ္ထုက လွန်ခဲ့တဲ့ ၁၈၇၆ ခုနှစ်က ဝတ္ထုစာအုပ်တစ်အုပ်ဖြစ်ပြီး စာရေးဆရာ Mark Twain ကရေးသားခဲ့တာဖြစ်ပါတယ်။ Sherlock Holmes လောက်တော့မဟုတ်ပေမယ့် Tom Sawyer ဆိုတဲ့ ကောင်လေးတစ်ယောက် ကြုံရတဲ့ အခက်အခဲတွေ၊ အမှုအခင်းတွေကို ဖြေရှင်းပုံတွေက အခုစာအုပ်ကို နာမည်ကြီးစေခဲ့ပြီး နောက်ထပ် Tom Sawyer ပါဝင်တဲ့ စာအုပ် ၃ အုပ်ထပ်မနည်းထပ်ပြီး ရေးခဲ့ရတဲ့အထိ နာမည်ကြီးခဲ့တဲ့ ဇတ်ကောင်တစ်ယောက်ဖြစ်ပါတယ်။

(၂) A Little Princess

A Little Princess

Sara Crewe အမည်ရှိတဲ့ကလေးမလေးက လန်ဒန်မြို့ကြီးမှာရှိတဲ့ ဘော်ဒါကျောင်းတစ်ခုမှာလာတက်ရင်းနဲ့ ကြုံလာရတဲ့ အခက်အခဲတွေကြုံရတာကို သူ့ကိုယ်သူ မင်းသမီးတစ်ယောက်လို စိတ်မှတ်ပြီးတော့ အသက်ရှင်ဖို့ ကြိုးစားတဲ့ ဒီဝတ္ထုလေးကလည်း ဖတ်နေတဲ့သူတွေကို စာအုပ်ထဲရောက်သွားပြီး Sara ကို ကြည့်နေရသလိုကို ခံစားရစေမှာပါ။

(၃) The Call of The Wild

Call of the Wild

အမေရိကန်စာရေးဆရာကြီး Jack London ရဲ့ အအောင်မြင်ဆုံးစာအုပ်တစ်အုပ်ဖြစ်တဲ့ ဒီစာအုပ်က Buck အမည်ရှိတဲ့ ခွေးအကြောင်းကို ရေးဖွဲ့ထားတာဖြစ်ပါတယ်။ ခွေးလေး Buck ကို လူတွေက ယုတ်မာပြီး နှိပ်စက်မှုတွေ၊ မနိုင်ဝန်ထမ်းခိုင်းပြီး နှင်းစီးစွပ်ဖားလှည်းအတင်းဆွဲခိုင်းတာတွေ၊ ဝံပုလွေတွေနဲ့ လူရိုင်းတွေရဲ့ တိုက်ခိုက်မှုတွေကို စွဲနှစ်ဝင်အောင်ဖတ်ရမှာဖြစ်တဲ့အတွက် တချို့ကဆိုရင် အခုစာအုပ်က ကလေးငယ်တွေ ဖတ်ရှုဖို့ မသင့်လျော်ဘူးလို့တောင်ပြောကြားခဲ့ကြတာပါ။

(၄) The Great Gatsby

The Great Gatsby

ဒီစာအုပ်ကတော့ ရုပ်ရှင်အနေနဲ့လည်း နာမည်ကြီးပြီးတော့ ဘယ်ကဘယ်လိုချမ်းသာလာမှန်း ဘယ်သူမှမသိတဲ့ မီလျှံနာသူဌေးကြီး Jay Gatsby နဲ့ ပြိုင်စံရှားအောင် လှပတဲ့ Daisy တို့ရဲ့ အချစ်ဇတ်လမ်းကို ပုံဖော်ထားတာပါ။ Gatsby ညတိုင်း မျှော်ကြည့်နေတဲ့တဖက်ကမ်းက မီးပြတိုက်ရဲ့ မီးစိမ်းလေးက ဘာဖြစ်မလဲ…

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကွောငျး အသေးစိတျစုံစမျးရနျ

(၅) Pride and Prejudice

Pride and Prejudice

၁၈ ရာစုနှစ်ရဲ့ နာမည်အကြီးဆုံး အမျိုးသမီးစာရေးဆရာမတစ်ယောက်ဖြစ်တဲ့ Jane Austen ရဲ့ ဒီစာအုပ်က အချစ်ဝတ္ထုတွေထဲမှာ အခုအချိန်အထိ အကောင်းဆုံးဖြစ်နေဆဲ ဝတ္ထုတစ်ပုဒ်ပါ။ ရုပ်ရှင်အနေနဲ့လည်း မကြာခဏကို ပြန်လည်ရိုက်ကူးကြပြီး အဂိလိပ်တွေရဲ့ မတူညီတဲ့ ဂုဏ်အသိုင်းအဝိုင်း ၂ ခု ကြားက ကွာဟမှုတွေ၊ မှားယွင်းတဲ့ အစွဲတွေ၊ မာန နဲ့ အတ္တအားပြိုင်မှုတွေကို Jane Austen က အလှပဆုံးပုံဖော်သွားခဲ့တာဖြစ်ပါတယ်။

ဒီစာအုပ်လေးတွေကတော့ အရင်ဆုံး ဖတ်ကြည့်စေချင်တဲ့ စာအုပ်လေးတွေဖြစ်ပြီးတော့ တကယ်လို့ တခြားစာအုပ်တွေကို ဖတ်ချင်တယ်ဆိုရင်လည်း အခုနကပြောသွားတဲ့ အခမဲ့ရတဲ့ စာအုပ်တွေအများကြီးရှိသေးတော့ ကိုယ်ကြိုက်နှစ်သက်တဲ့စာအုပ်ကို Download ယူပြီး ဖတ်ရုံပဲနော်။

Redrose (Akhayar)

www.akhayar.com