This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ညဘက္အထိ ေနအလင္းေရာင္ ရွိေနလို႔ အိပ္စက္ဖို႔ ခက္ခဲေနတဲ့ အဂၤလန္သားမ်ား

အဂၤလန္အသင္း တည္းခိုတဲ့ ေဒသဟာ ညဘက္အထိ ေနအလင္းေရာင္ ရွိေနလို႔ ကစားသမားေတြ ေကာင္းမြန္စြာ အိပ္စက္ဖို႔ အခက္အခဲေတြ ျဖစ္ေပၚေနပါတယ္။ စိန္႔ပီတာဘတ္စ္ၿမိဳ႕ကေန (၁၉)မိုင္အကြာမွာရွိတဲ့ ရီပီႏိုေက်းလက္ေဒသမွာ ကမၻာ႔ဖလားၿပိဳင္ပြဲကာလအတြင္း အဂၤလန္အသင္း တည္းခိုေနထိုင္သြားမွာျဖစ္ပါတယ္။ ဒီေဒသဟာ ကမၻာ႔ေျမပံု ေတာင္ဘက္အျခမ္းမွာရွိေနလို႔ ေနအလင္းေရာင္ ေပ်ာက္ကြယ္ခ်ိန္ဟာ အနည္းငယ္ပဲရွိေနၿပီး ည (၁၀)နာရီ မိနစ္ (၂၀)ခန္႔မွာ ေနအလင္းေရာက္ ေပ်ာက္ကြယ္ကာ မနက္ (၃)နာရီအခ်ိန္ခန္႔မွာ ေနအလင္းေရာင္ ျပန္လည္ ထြက္ေပၚေလ့ရွိတဲ့ ေဒသျဖစ္ပါတယ္။ အဂၤလန္ကြင္းလယ္လူ အယ္လီ Alli က “မနက္ (၃)နာရီေလာက္မွာ ကၽြန္ေတာ္ အိပ္ရာက ႏႈိးလာခဲ့တယ္၊ ကၽြန္ေတာ္ထင္တာက အိပ္ရာထရမယ့္ အခ်ိန္ေရာက္ၿပီလို႔ပါ”ဆိုၿပီး သူႀကံဳေတြ႕ခဲ့ရတာကို ေျပာျပခဲ့ပါတယ္။

Englands-national-football-teams-base

Englands-national-football-teams-base

တခ်ိဳ႔ကစားသမားေတြျဖစ္တဲ့ ဂၽြန္စတုန္း John Stones နဲ႔ ေဝၚလ္ကာ Walker တို႔ဟာ ညသန္းေခါင္အထိ အိပ္စက္မရလို႔ Gym ေလ့က်င့္ရံုမွာ ေလ့က်င့္မႈေတြ ျပဳလုပ္ေနပံုေတြကို လူမႈကြန္ရက္စာမ်က္ႏွာေတြထက္မွာ တင္ခဲ့ပါတယ္။ အဂၤလန္အသင္း တာဝန္ရွိသူေတြကေတာ့ အေမွာင္ထုထဲမွာ ေကာင္းမြန္စြာ အိပ္စက္ႏိုင္ဖို႔ ကစားသမားေတြ ေနထိုင္ရာ အခန္းေတြကို လွ်ပ္စစ္မီးဖ်က္ေတာက္မႈေတြ ျပဳလုပ္ေပးထားေၾကာင္း ေျပာၾကားခဲ့ပါတယ္။ အဂၤလန္အသင္းကို ေစာင့္ေရွာက္မႈေတြ ျပဳလုပ္ေပးေနတဲ့ ရဲအရာရွိတစ္ဦးက “သူတို႔က အျဖဴေရာင္ညလို႔ ေခၚၾကတယ္၊ အလင္းေရာင္က ရွိေနလို႔ ကစားသမားေတြ ေကာင္းမြန္တဲ့ အိပ္စက္ျခင္းကို မရပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။ အဂၤလန္အသင္းဟာ လာမယ့္တစ္ပတ္ တနလၤာေန႔မွာ တူနီးရွားအသင္းနဲ႔ ကမၻာ႔ဖလား အဖြင့္ပြဲစဥ္ကို ယွဥ္ၿပိဳင္ ကစားသြားရမွာ ျဖစ္ပါတယ္။

REF:Mirror
Photo:Mirror, Standard UK
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ညဘက်အထိ နေအလင်းရောင် ရှိနေလို့ အိပ်စက်ဖို့ ခက်ခဲနေတဲ့ အင်္ဂလန်သားများ

အင်္ဂလန်အသင်း တည်းခိုတဲ့ ဒေသဟာ ညဘက်အထိ နေအလင်းရောင် ရှိနေလို့ ကစားသမားတွေ ကောင်းမွန်စွာ အိပ်စက်ဖို့ အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။ စိန့်ပီတာဘတ်စ်မြို့ကနေ (၁၉)မိုင်အကွာမှာရှိတဲ့ ရီပီနိုကျေးလက်ဒေသမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း အင်္ဂလန်အသင်း တည်းခိုနေထိုင်သွားမှာဖြစ်ပါတယ်။ ဒီဒေသဟာ ကမ္ဘာ့မြေပုံ တောင်ဘက်အခြမ်းမှာရှိနေလို့ နေအလင်းရောင် ပျောက်ကွယ်ချိန်ဟာ အနည်းငယ်ပဲရှိနေပြီး ည (၁၀)နာရီ မိနစ် (၂၀)ခန့်မှာ နေအလင်းရောက် ပျောက်ကွယ်ကာ မနက် (၃)နာရီအချိန်ခန့်မှာ နေအလင်းရောင် ပြန်လည် ထွက်ပေါ်လေ့ရှိတဲ့ ဒေသဖြစ်ပါတယ်။ အင်္ဂလန်ကွင်းလယ်လူ အယ်လီ Alli က “မနက် (၃)နာရီလောက်မှာ ကျွန်တော် အိပ်ရာက နှိုးလာခဲ့တယ်၊ ကျွန်တော်ထင်တာက အိပ်ရာထရမယ့် အချိန်ရောက်ပြီလို့ပါ”ဆိုပြီး သူကြုံတွေ့ခဲ့ရတာကို ပြောပြခဲ့ပါတယ်။

Englands-national-football-teams-base

Englands-national-football-teams-base

တချို့ကစားသမားတွေဖြစ်တဲ့ ဂျွန်စတုန်း John Stones နဲ့ ဝေါ်လ်ကာ Walker တို့ဟာ ညသန်းခေါင်အထိ အိပ်စက်မရလို့ Gym လေ့ကျင့်ရုံမှာ လေ့ကျင့်မှုတွေ ပြုလုပ်နေပုံတွေကို လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ တင်ခဲ့ပါတယ်။ အင်္ဂလန်အသင်း တာဝန်ရှိသူတွေကတော့ အမှောင်ထုထဲမှာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ ကစားသမားတွေ နေထိုင်ရာ အခန်းတွေကို လျှပ်စစ်မီးဖျက်တောက်မှုတွေ ပြုလုပ်ပေးထားကြောင်း ပြောကြားခဲ့ပါတယ်။ အင်္ဂလန်အသင်းကို စောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေတဲ့ ရဲအရာရှိတစ်ဦးက “သူတို့က အဖြူရောင်ညလို့ ခေါ်ကြတယ်၊ အလင်းရောင်က ရှိနေလို့ ကစားသမားတွေ ကောင်းမွန်တဲ့ အိပ်စက်ခြင်းကို မရပါဘူး”လို့ ပြောကြားခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ လာမယ့်တစ်ပတ် တနင်္လာနေ့မှာ တူနီးရှားအသင်းနဲ့ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်ကို ယှဉ်ပြိုင် ကစားသွားရမှာ ဖြစ်ပါတယ်။

REF:Mirror
Photo:Mirror, Standard UK
Aung Kyaw Wai (Akhayar)
www.akhayar.com