[Zawgyi]







REF:BBC Sport
Photo:BBC Sport, Joe.UK
Aung Kyaw Wai(Akhayar)
www.akhayar.com

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြီးသတ် (၂၃)ဦးစာရင်း ထုတ်ပြန်ခဲ့တဲ့ အင်္ဂလန်အသင်း

ရုရှားနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အင်္ဂလန်အသင်းဟာ အပြီးသတ် (၂၃)ဦးစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ လီဗာပူးလ်အသင်းမှာ ခြေစွမ်းပြနေတဲ့ အသက် (၁၉)နှစ်အရွယ် ညာနောက်ခံလူ အာနိုးလ် Arnold နည်းပြ ဆောက်ဂိတ်ဒ် Southgate ရဲ့ အပြီးသတ် လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ အင်္ဂလန်အသင်းရဲ့ အပြီးသတ် လူစာရင်းဟာ သမိုင်းတစ်လျှောက် တတိယအသက် အငယ်ဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ပရီးမီးယားလိဂ်ကလပ် စပါးအသင်းက ကစားသမား (၅)ဦးအထိ အများဆုံးပါဝင်ခဲ့ပါတယ်။ ကွခ်၊ ဟီလ်တန်၊ လယ်လာနာ၊ လစ်ဗာမိုးနဲ့ တာကောစကီးတို့ကတော့ အပြီးသတ်လူစာရင်းမှာ မပါဝင်ခဲ့ပေမယ့် အပြီးသတ်လူစာရင်းက ကစားသမားတစ်ဦးဦး ဒဏ်ရာရရှိခဲ့ရင် အစားထိုးမယ့် ကစားသမား စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

England-World-Cup-squad

England-World-Cup-squad

အင်္ဂလန်အသင်း အပြီးသတ်လူစာရင်း

ဂိုး – ဘတ်လန်း (စတုတ်)၊ ပစ်ဖို့ဒ် (အဲဗာတန်)၊ နစ်ခ်ပုပ် (ဘန်လေ)
နောက်တန်း – အာနိုးလ် (လီဗာပူးလ်)၊ ကာဟေးလ် (ချယ်လ်ဆီး)၊ ဂျွန်စတုန်း၊ ဝေါ်လ်ကာ၊ ဒဲလ်ဖ် (မန်စီးတီး)၊ အက်ရှ်လေယန်း၊  ဖီးလ်ဂျုံးစ် (မန်ယူ)၊ မက်ဂွိုင်းယေး (လက်စတာ)၊ ထရစ်ပီယာ၊ ဒန်နီရို့စ် (စပါး)
အလယ်တန်း – အယ်လီ၊ ဒိုင်ယာ (စပါး)၊ ဟန်ဒါဆင် (လီဗာပူးလ်)၊ လင်ဂတ်ဒ် (မန်ယူ)၊ လော့ဖ်တပ်ချိခ် (ချယ်လ်ဆီး)
ရှေ့တန်း – ကိန်း (စပါး)၊ ရက်ရှ်ဖို့ဒ် (မန်ယူ)၊ စတာလင် (မန်စီးတီး)၊ ဗာဒီ (လက်စတာ)၊ ဝဲလ်ဘတ် (အာဆင်နယ်)

REF:BBC Sport
Photo:BBC Sport, Joe.UK
Aung Kyaw Wai(Akhayar)
www.akhayar.com