This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဟယ္ရီကိန္းရဲ႕ ေနာက္က်သြင္းဂိုးေၾကာင့္ ႏိုင္ပြဲရခဲ့တဲ့ အဂၤလန္

ေျခစစ္ပြဲမွာ အေကာင္းဆံုး စြမ္းေဆာင္ႏိုင္ခဲ့တဲ့ (၄-၂-၃-၁) အထိုင္ကို ဖ်က္ၿပီး ၿပိဳင္ပြဲမတိုင္ခင္ ကစားခဲ့တဲ့ ေျခစမ္းပြဲေတြမွာ အသံုးျပဳခဲ့တဲ့ (၃-၅-၂) ဆန္ဆန္ ကစားကြက္ပံုစံကို အဂၤလန္အသံုးျပဳခဲ့တယ္။ အဂၤလန္အသင္းနဲ႔ ဘယ္လိုမွ ကိုက္ညီမႈမရွိတဲ့ ကစားကြက္ျဖစ္လို႔ တူနီးရွားလို အသင္းနဲ႔ ပြဲမွာေတာင္ ရုန္းကန္ခဲ့ရၿပီး တိုက္စစ္မွဴး ဟယ္ရီကိန္းရဲ႕ ေနာက္က်သြင္းဂိုးေၾကာင့္ (၂-၁)ဆိုတဲ့ ရလဒ္နဲ႔ အႏိုင္ရခဲ့တယ္။ လင္ဂတ္္လို ေတာင္ပံတိုက္စစ္အားသန္ ကစားသမားကို ကြင္းလယ္တိုက္စစ္ ပံုစံမ်ိဳး ထားေဆာ့ကတည္းက ေဆာက္ဂိတ္ဒ္ရဲ႕ နည္းဗ်ဴဟာေတြက စဥ္းစားစရာ ျဖစ္ခဲ့တယ္။ လင္ဂတ္ဒ္ရဲ႕ ႀကိဳးစားအားထုတ္မႈ တခ်ိဳ႔ကို ျမင္ေတြ႔ခဲ့ရေပမယ့္ ပံုမွန္မဟုတ္တဲ့ ေနရာမွာ ေဆာ့ေနရတာေၾကာင့္ သူ႔အတြက္ အခက္အခဲေတြ ျဖစ္ခဲ့တယ္။ တိုက္စစ္မွာ ဟယ္ရီကိန္းနဲ႔ တြဲကစားခဲ့တဲ့ စတာလင္လည္း သူ႔ရဲ႕ ပံုမွန္ ေျခစြမ္းရဖို႔ေနေနသာ လူစားမလဲခင္အထိ ျဖဳန္းတီးမႈေတြ မ်ားခဲ့ၿပီး ေဘာလံုးေတာင္ ေကာင္းေကာင္း ကိုင္မကစားႏိုင္ခဲ့ဘူး။

Harry-Kane-Celebrations

Harry-Kane-Celebrations

ေဆာက္ဂိတ္ဒ္ရဲ႕ နည္းဗ်ဴဟာေတြက လက္ရွိအခ်ိန္မွာ ကစားသမားေတြကို သတ္ေနသလို ျဖစ္ေနတယ္။ သူတို႔ရဲ႕ ပံုမွန္ မဟုတ္တဲ့ ေနရာေတြမွာ ကစားရတယ္။ ေျခစြမ္းျပဖို႔ ရုန္းကန္ရတယ္။ အပိုင္အခြင့္အေရးေတြေတာင္ လြဲေခ်ာ္တဲ့အထိ ကစားသမားေတြ ရုပ္ပ်က္ ဆင္းပ်က္ျဖစ္ကုန္တယ္။ ခ်ီးက်ဴးရမွာက တူနီးရွား ေနာက္တန္းျဖစ္ၿပီး ဟယ္ရီကိန္းရဲ႕ သြင္းဂိုးေတြကို ခြင့္ျပဳခဲ့ရေပမယ့္ အေကာင္းဆံုး ေျခစြမ္းတစ္ရပ္ကို ျပသႏိုင္ခဲ့တယ္။ သူတို႔ရဲ႕ ပင္ကိုယ္ကစားဟန္ကိုက မာေက်ာမႈကို အသားေပးထားလို႔ အဂၤလန္အတြက္ ခက္ခက္ခဲခဲကို ရင္ဆိုင္ခဲ့ရတယ္။ တူနီးရွားရဲ႕ ညာျခမ္းက ေကာင္းေကာင္းအလုပ္ျဖစ္ခဲ့ၿပီး အဂၤလန္တိုက္စစ္ကို အေကာင္းဆံုး ထိန္းခ်ဳပ္ႏိုင္ခဲ့သလို တိုက္စစ္ျပန္လည္စတင္တဲ့ လမ္းေၾကာင္းလည္း ျဖစ္ခဲ့တယ္။ အဂၤလန္အသင္း အႏိုင္ရခဲ့ေပမယ့္ ရခဲ့တဲ့ သြင္းဂိုးေတြက စြဲမက္ဖြယ္ မေကာင္းဘဲ ကံေကာင္းလို႔ ရရွိခဲ့တဲ့ ပံုစံျဖစ္ခဲ့တယ္။ အဂၤလန္အသင္းရဲ႕ ဦးေဆာင္ဂိုး မတိုင္ခင္ အပိုင္အခြင့္အေရး (၂)ႀကိမ္ေလာက္ ရရွိခဲ့ေပမယ့္ စတာလင္နဲ႔ လင္ဂတ္ဒ္တို႔ အံ့အားသင့္ဖြယ္ ေကာင္းေလာက္ေအာင္ လြဲေခ်ာ္ခဲ့တယ္။

Tunisia-Panelty-Goal

Tunisia-Panelty-Goal

ပဲြကစားခ်ိန္ (၁၁)မိနစ္မွာေတာ့ အဂၤလန္အသင္း အဖြင့္ဂိုး ရရွိခဲ့ၿပီး ဂၽြန္စတုန္းရဲ႕ ေခါင္းတိုက္ခ်က္ ျပန္လွ်ံထြက္လာတာကို (၆)ကိုက္စည္း အစပ္မွာ အသင့္ရွိေနတဲ့ ဟယ္ရီကိန္းက ပိတ္သြင္းယူခဲ့တယ္။ ပြဲကစားခ်ိန္ (၁၆)မိနစ္အေရာက္ အေစာပိုင္းမွာ အဂၤလန္အသင္းရဲ႕ အပိုင္အခြင့္အေရးေတြကို လက္စြမ္းျပ ကာကြယ္ခဲ့တဲ့ ဂိုးသမား ဟတ္ဆန္ ဒဏ္ရာရရွိခဲ့လို႔ အရံဂိုးသမား မတ္စ္တာပါနဲ႔ လူစားလဲခဲ့ရတယ္။ ဦးေဆာင္ဂိုး ေပးလိုက္ရတဲ့ေနာက္ အဂၤလန္အသင္းဘက္ကို တူနီးရွားအသင္း ျပန္လည္ တိုက္စစ္ဆင္မႈေတြ ျပဳလုပ္လာၿပီး ဂိုးေပါက္ ၿခိမ္းေျခာက္မႈေတြ ျပဳလုပ္လာႏိုင္ခဲ့တယ္။ ပြဲကစားခ်ိန္ (၃၂)မိနစ္ အေရာက္မွာေတာ့ တူနီးရွားအသင္းအတြက္ ေျခစြမ္းျပေနတဲ့ ေတာင္ပံတိုက္စစ္ကစားသမား ဘန္ယူဆက္ဖ္ကို အဂၤလန္ေနာက္ခံလူ ေဝၚလ္ကာ ပယ္နယ္တီဧရိယာအတြင္ တံေတာင္စြမ္းျပခဲ့လို႔ ကြင္းလယ္ဒိုင္က ပယ္နယ္တီအျဖစ္ သတ္မွတ္ေပးခဲ့ပါတယ္။ ေဝၚလ္ကာအေနနဲ႔ ၿပိဳင္ဘက္ကစားသမားကို ရည္ရြယ္ခ်က္ရွိရွိ တံေတာင္နဲ႔ ရိုက္ခဲ့တာျဖစ္ၿပီး တိုက္ရိုက္အနီနဲ႔ ထုတ္ပယ္လို႔ရတဲ့ အေနအထားျဖစ္ခဲ့ေပမယ့္ ကြင္းလယ္ဒိုင္က အဝါကတ္သာ ျပသခဲ့တာျဖစ္ပါတယ္။ ရရွိလာတဲ့ ပယ္နယ္တီကို ကြင္းလယ္လူ ဆက္ဆီက ဂိုးသမား ပစ္ဖို႔ဒ္ရဲ႕ ညာဘက္ေထာင့္ကို အပိုင္ ကန္သြင္းခဲ့ၿပီး တူနီးရွားအသင္းအတြက္ ေခ်ပဂိုး ျပန္လည္ သြင္းယူေပးခဲ့တယ္။ ေခ်ပဂိုးရၿပီးေနာက္ပိုင္း တူနီးရွားအသင္း ခံစစ္ကို လံုးဝ အားျပဳသြားခဲ့လို႔ ထိုးေဖာက္ဖို႔ ခက္ခဲခဲ့ၿပီး သေရနဲ႔ ပြဲၿပီးဆံုးေတာ့မယ့္ အေနအထားမွာ ပြဲကစားခ်ိန္ (၉၀+၂)မိနစ္အေရာက္ ဟယ္ရီကိန္းက ေခါင္းတိုက္ သြင္းယူေပးခဲ့လို႔ အဂၤလန္အသင္း အသက္ရႈေခ်ာင္ခဲ့တာ ျဖစ္ပါတယ္။ ေထာင္႔ကန္ေဘာကေန ေနာက္ခံလူ မက္ဂြိဳင္းရဲ႕ ေခါင္းတိုက္ခ်က္က ဂိုးနဲ႔ ကပ္လ်က္အေနအထားမွာ ရွိေနတဲ့ ဟယ္ရီကိန္းေခါင္းေပၚကို တည့္တည့္ေရာက္ခဲ့လို႔ အဂၤလန္အသင္း ေနာက္က်အႏိုင္ဂိုး ရရွိခဲ့တာ ျဖစ္ပါတယ္။

Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဟယ်ရီကိန်းရဲ့ နောက်ကျသွင်းဂိုးကြောင့် နိုင်ပွဲရခဲ့တဲ့ အင်္ဂလန်

ခြေစစ်ပွဲမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့ (၄-၂-၃-၁) အထိုင်ကို ဖျက်ပြီး ပြိုင်ပွဲမတိုင်ခင် ကစားခဲ့တဲ့ ခြေစမ်းပွဲတွေမှာ အသုံးပြုခဲ့တဲ့ (၃-၅-၂) ဆန်ဆန် ကစားကွက်ပုံစံကို အင်္ဂလန်အသုံးပြုခဲ့တယ်။ အင်္ဂလန်အသင်းနဲ့ ဘယ်လိုမှ ကိုက်ညီမှုမရှိတဲ့ ကစားကွက်ဖြစ်လို့ တူနီးရှားလို အသင်းနဲ့ ပွဲမှာတောင် ရုန်းကန်ခဲ့ရပြီး တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ နောက်ကျသွင်းဂိုးကြောင့် (၂-၁)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တယ်။ လင်ဂတ်လို တောင်ပံတိုက်စစ်အားသန် ကစားသမားကို ကွင်းလယ်တိုက်စစ် ပုံစံမျိုး ထားဆော့ကတည်းက ဆောက်ဂိတ်ဒ်ရဲ့ နည်းဗျူဟာတွေက စဉ်းစားစရာ ဖြစ်ခဲ့တယ်။ လင်ဂတ်ဒ်ရဲ့ ကြိုးစားအားထုတ်မှု တချို့ကို မြင်တွေ့ခဲ့ရပေမယ့် ပုံမှန်မဟုတ်တဲ့ နေရာမှာ ဆော့နေရတာကြောင့် သူ့အတွက် အခက်အခဲတွေ ဖြစ်ခဲ့တယ်။ တိုက်စစ်မှာ ဟယ်ရီကိန်းနဲ့ တွဲကစားခဲ့တဲ့ စတာလင်လည်း သူ့ရဲ့ ပုံမှန် ခြေစွမ်းရဖို့နေနေသာ လူစားမလဲခင်အထိ ဖြုန်းတီးမှုတွေ များခဲ့ပြီး ဘောလုံးတောင် ကောင်းကောင်း ကိုင်မကစားနိုင်ခဲ့ဘူး။

Harry-Kane-Celebrations

Harry-Kane-Celebrations

ဆောက်ဂိတ်ဒ်ရဲ့ နည်းဗျူဟာတွေက လက်ရှိအချိန်မှာ ကစားသမားတွေကို သတ်နေသလို ဖြစ်နေတယ်။ သူတို့ရဲ့ ပုံမှန် မဟုတ်တဲ့ နေရာတွေမှာ ကစားရတယ်။ ခြေစွမ်းပြဖို့ ရုန်းကန်ရတယ်။ အပိုင်အခွင့်အရေးတွေတောင် လွဲချော်တဲ့အထိ ကစားသမားတွေ ရုပ်ပျက် ဆင်းပျက်ဖြစ်ကုန်တယ်။ ချီးကျူးရမှာက တူနီးရှား နောက်တန်းဖြစ်ပြီး ဟယ်ရီကိန်းရဲ့ သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရပေမယ့် အကောင်းဆုံး ခြေစွမ်းတစ်ရပ်ကို ပြသနိုင်ခဲ့တယ်။ သူတို့ရဲ့ ပင်ကိုယ်ကစားဟန်ကိုက မာကျောမှုကို အသားပေးထားလို့ အင်္ဂလန်အတွက် ခက်ခက်ခဲခဲကို ရင်ဆိုင်ခဲ့ရတယ်။ တူနီးရှားရဲ့ ညာခြမ်းက ကောင်းကောင်းအလုပ်ဖြစ်ခဲ့ပြီး အင်္ဂလန်တိုက်စစ်ကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့သလို တိုက်စစ်ပြန်လည်စတင်တဲ့ လမ်းကြောင်းလည်း ဖြစ်ခဲ့တယ်။ အင်္ဂလန်အသင်း အနိုင်ရခဲ့ပေမယ့် ရခဲ့တဲ့ သွင်းဂိုးတွေက စွဲမက်ဖွယ် မကောင်းဘဲ ကံကောင်းလို့ ရရှိခဲ့တဲ့ ပုံစံဖြစ်ခဲ့တယ်။ အင်္ဂလန်အသင်းရဲ့ ဦးဆောင်ဂိုး မတိုင်ခင် အပိုင်အခွင့်အရေး (၂)ကြိမ်လောက် ရရှိခဲ့ပေမယ့် စတာလင်နဲ့ လင်ဂတ်ဒ်တို့ အံ့အားသင့်ဖွယ် ကောင်းလောက်အောင် လွဲချော်ခဲ့တယ်။

Tunisia-Panelty-Goal

Tunisia-Panelty-Goal

ပွဲကစားချိန် (၁၁)မိနစ်မှာတော့ အင်္ဂလန်အသင်း အဖွင့်ဂိုး ရရှိခဲ့ပြီး ဂျွန်စတုန်းရဲ့ ခေါင်းတိုက်ချက် ပြန်လျှံထွက်လာတာကို (၆)ကိုက်စည်း အစပ်မှာ အသင့်ရှိနေတဲ့ ဟယ်ရီကိန်းက ပိတ်သွင်းယူခဲ့တယ်။ ပွဲကစားချိန် (၁၆)မိနစ်အရောက် အစောပိုင်းမှာ အင်္ဂလန်အသင်းရဲ့ အပိုင်အခွင့်အရေးတွေကို လက်စွမ်းပြ ကာကွယ်ခဲ့တဲ့ ဂိုးသမား ဟတ်ဆန် ဒဏ်ရာရရှိခဲ့လို့ အရံဂိုးသမား မတ်စ်တာပါနဲ့ လူစားလဲခဲ့ရတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရတဲ့နောက် အင်္ဂလန်အသင်းဘက်ကို တူနီးရှားအသင်း ပြန်လည် တိုက်စစ်ဆင်မှုတွေ ပြုလုပ်လာပြီး ဂိုးပေါက် ခြိမ်းခြောက်မှုတွေ ပြုလုပ်လာနိုင်ခဲ့တယ်။ ပွဲကစားချိန် (၃၂)မိနစ် အရောက်မှာတော့ တူနီးရှားအသင်းအတွက် ခြေစွမ်းပြနေတဲ့ တောင်ပံတိုက်စစ်ကစားသမား ဘန်ယူဆက်ဖ်ကို အင်္ဂလန်နောက်ခံလူ ဝေါ်လ်ကာ ပယ်နယ်တီဧရိယာအတွင် တံတောင်စွမ်းပြခဲ့လို့ ကွင်းလယ်ဒိုင်က ပယ်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ဝေါ်လ်ကာအနေနဲ့ ပြိုင်ဘက်ကစားသမားကို ရည်ရွယ်ချက်ရှိရှိ တံတောင်နဲ့ ရိုက်ခဲ့တာဖြစ်ပြီး တိုက်ရိုက်အနီနဲ့ ထုတ်ပယ်လို့ရတဲ့ အနေအထားဖြစ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က အဝါကတ်သာ ပြသခဲ့တာဖြစ်ပါတယ်။ ရရှိလာတဲ့ ပယ်နယ်တီကို ကွင်းလယ်လူ ဆက်ဆီက ဂိုးသမား ပစ်ဖို့ဒ်ရဲ့ ညာဘက်ထောင့်ကို အပိုင် ကန်သွင်းခဲ့ပြီး တူနီးရှားအသင်းအတွက် ချေပဂိုး ပြန်လည် သွင်းယူပေးခဲ့တယ်။ ချေပဂိုးရပြီးနောက်ပိုင်း တူနီးရှားအသင်း ခံစစ်ကို လုံးဝ အားပြုသွားခဲ့လို့ ထိုးဖောက်ဖို့ ခက်ခဲခဲ့ပြီး သရေနဲ့ ပွဲပြီးဆုံးတော့မယ့် အနေအထားမှာ ပွဲကစားချိန် (၉၀+၂)မိနစ်အရောက် ဟယ်ရီကိန်းက ခေါင်းတိုက် သွင်းယူပေးခဲ့လို့ အင်္ဂလန်အသင်း အသက်ရှုချောင်ခဲ့တာ ဖြစ်ပါတယ်။ ထောင့်ကန်ဘောကနေ နောက်ခံလူ မက်ဂွိုင်းရဲ့ ခေါင်းတိုက်ချက်က ဂိုးနဲ့ ကပ်လျက်အနေအထားမှာ ရှိနေတဲ့ ဟယ်ရီကိန်းခေါင်းပေါ်ကို တည့်တည့်ရောက်ခဲ့လို့ အင်္ဂလန်အသင်း နောက်ကျအနိုင်ဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com