This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ၿဗိတိန္ စံခ်ိန္တင္႐ုပ္သံၾကည့္႐ႈမႈမွတ္တမ္းမွာ ပါ၀င္ခဲ့တဲ့ ပနားမား-အဂၤလန္ပဲြ

ၿပီးခဲ့တဲ့တနဂၤေႏြေန႔က အဂၤလန္(၆-၁)ပနားမားပဲြကုိ ၿဗိတိန္နာမည္ေက်ာ္႐ုပ္သံလုိင္းျဖစ္တဲ့ BBC မွာ ၾကည့္႐ႈတဲ့သူ စုစုေပါင္း(၁၄.၁)သန္းအထိရွိခဲ့ၿပီး ၿဗိတိန္သမုိင္းတစ္ေလွ်ာက္ ႐ုပ္သံၾကည့္႐ႈမႈအမ်ားဆုံးထဲက တစ္ခုအပါအ၀င္အျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။ အဂၤလန္အသင္းဟာ ပနားမားကုိ ဟာရီကိန္း Harry Kane ဟက္ထရစ္၊ ဂၽြန္စတုန္းစ္ John Stones (၂ဂုိး)၊ လင္ဂတ္ Lingard တို႔ရဲ႕သြင္းဂုိးေတြနဲ႔ ဂုိးျပတ္အႏုိင္ရခဲ့တာျဖစ္ၿပီး ႐ႈံးထြက္(၁၆)သင္းအဆင့္ကုိ တက္ေရာက္ႏုိင္ခဲ့ပါၿပီ။

England-VS-Panama

England-VS-Panama

ဒီပဲြကုိ BBC ႐ုပ္သံမွာ ၾကည့္႐ႈခဲ့တဲ့အေရအတြက္က (၁၄.၁)သန္းအထိရွိခဲ့သလုိ လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ Share ခဲ့တာက (၈၂.၉)ရာခုိင္ႏႈန္းအထိရွိခဲ့တယ္။ လန္ဒန္မွာက်င္းပခဲ့တဲ့ ၂၀၁၂ အုိလံပစ္ၿပိဳင္ပဲြဖြင့္ပဲြအခမ္းအနားကုိ လူေပါင္း(၁၄)သန္းအထိ ၾကည့္ခဲ့ၾကၿပီး အခုအေရအတြက္က အဲဒီတုနး္ကပမာဏထက္ ပုိမ်ားခဲ့သလုိ ေတာ္၀င္မဂၤလာေဆာင္ျဖစ္တဲ့ မင္းသားဟယ္ရီ Harry နဲ႔ မီဂန္မာကယ္လ္ Meghan Markle တို႔ရဲ႕ မဂၤလာပဲြကုိ ႐ုပ္သံကေန ၾကည့္႐ႈတဲ့ပမာဏထက္လည္း ပိုမ်ားခဲ့ပါေသးတယ္။ အဂၤလန္အသင္းရဲ႕ အုပ္စုအဖြင့္ပဲြျဖစ္တဲ့ တူနီးရွားနဲ႔ပဲြတုန္းကလည္း BBC နဲ႔ ITV ႐ုပ္သံလုိင္းမွာ ၾကည့္႐ႈခဲ့တဲ့ပရိသတ္အေရအတြက္က (၁၈)သန္းအထိရွိၿပီး အခုေလာေလာဆယ္အထိ ၂၀၁၈ ခုႏွစ္ရဲ႕႐ုပ္သံၾကည့္႐ႈမႈအမ်ားဆုံးပဲြျဖစ္ခဲ့တယ္။

REF:Daily Mail,ghanasoccernet
Photo: Daily Record,telegraph
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဗြိတိန် စံချိန်တင်ရုပ်သံကြည့်ရှုမှုမှတ်တမ်းမှာ ပါဝင်ခဲ့တဲ့ ပနားမား-အင်္ဂလန်ပွဲ

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အင်္ဂလန်(၆-၁)ပနားမားပွဲကို ဗြိတိန်နာမည်ကျော်ရုပ်သံလိုင်းဖြစ်တဲ့ BBC မှာ ကြည့်ရှုတဲ့သူ စုစုပေါင်း(၁၄.၁)သန်းအထိရှိခဲ့ပြီး ဗြိတိန်သမိုင်းတစ်လျှောက် ရုပ်သံကြည့်ရှုမှုအများဆုံးထဲက တစ်ခုအပါအဝင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ပနားမားကို ဟာရီကိန်း Harry Kane ဟက်ထရစ်၊ ဂျွန်စတုန်းစ် John Stones (၂ဂိုး)၊ လင်ဂတ် Lingard တို့ရဲ့သွင်းဂိုးတွေနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပြီး ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါပြီ။

England-VS-Panama

England-VS-Panama

ဒီပွဲကို BBC ရုပ်သံမှာ ကြည့်ရှုခဲ့တဲ့အရေအတွက်က (၁၄.၁)သန်းအထိရှိခဲ့သလို လူမှုကွန်ရက်စာမျက်နှာတွေမှာ Share ခဲ့တာက (၈၂.၉)ရာခိုင်နှုန်းအထိရှိခဲ့တယ်။ လန်ဒန်မှာကျင်းပခဲ့တဲ့ ၂၀၁၂ အိုလံပစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို လူပေါင်း(၁၄)သန်းအထိ ကြည့်ခဲ့ကြပြီး အခုအရေအတွက်က အဲဒီတုန်းကပမာဏထက် ပိုများခဲ့သလို တော်ဝင်မင်္ဂလာဆောင်ဖြစ်တဲ့ မင်းသားဟယ်ရီ Harry နဲ့ မီဂန်မာကယ်လ် Meghan Markle တို့ရဲ့ မင်္ဂလာပွဲကို ရုပ်သံကနေ ကြည့်ရှုတဲ့ပမာဏထက်လည်း ပိုများခဲ့ပါသေးတယ်။ အင်္ဂလန်အသင်းရဲ့ အုပ်စုအဖွင့်ပွဲဖြစ်တဲ့ တူနီးရှားနဲ့ပွဲတုန်းကလည်း BBC နဲ့ ITV ရုပ်သံလိုင်းမှာ ကြည့်ရှုခဲ့တဲ့ပရိသတ်အရေအတွက်က (၁၈)သန်းအထိရှိပြီး အခုလောလောဆယ်အထိ ၂၀၁၈ ခုနှစ်ရဲ့ရုပ်သံကြည့်ရှုမှုအများဆုံးပွဲဖြစ်ခဲ့တယ်။

REF:Daily Mail,ghanasoccernet
Photo: Daily Record,telegraph
Naing Linn(Akhayar)
www.akhayar.com