This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

တတိယေနရာရဖုိ႔ အၿပိဳင္ႀကိဳးပမ္းရမယ့္ အဂၤလန္နဲ႔ ဘယ္လ္ဂ်ီယံ

ဗုိလ္လုပဲြနဲ႔ လဲြေခ်ာ္ခဲ့တဲ့ အဂၤလန္နဲ႔ဘယ္လ္ဂ်ီယံတို႔ဟာ ဒီေန႔(စေန)ျမန္မာစံေတာ္ခ်ိန္ ည ၈း၃၀ အခ်ိန္မွာ တတိယေနရာလုပဲြအျဖစ္ ယွဥ္ၿပိဳင္ၾကေတာ့မွာျဖစ္ပါတယ္။ ၂၀၁၈ ကမၻာ႔ဖလားခ်န္ပီယံဆုကုိ ကုိင္ေျမႇာက္ခြင့္မရွိေတာ့ေပမယ့္ ၿပိဳင္ပဲြကေန ေအာင္ျမင္မႈတစ္ခုခုနဲ႔ ႏႈတ္ဆက္ဖုိ႔အတြက္ ဒီႏွစ္သင္းဟာ တတိယေနရာရဖုိ႔ အၿပိဳင္ႀကိဳးပမ္းသြားၾကမွာပါ။ မ်ားေသာအားျဖင့္ ကမၻာ႔ဖလားၿပိဳင္ပဲြေတြမွာ တတိယေနရာလုပဲြေတြဟာ စိတ္၀င္စားဖုိ႔ သိပ္မေကာင္းေတာ့ေပမယ့္ အခုရင္ဆုိင္ရမွာက ဥေရာပထိပ္သီးႏွစ္သင္းျဖစ္တဲ့ အဂၤလန္နဲ႔ဘယ္လ္ဂ်ီယံျဖစ္ေနတာေၾကာင့္ ဆဲြေဆာင္မႈေတာ့ရွိေနဆဲပါပဲ။ ဒါ့အျပင္ ၂၀၁၈ ကမၻာ႔ဖလား ေရႊဖိနပ္ဆုရဖုိ႔ ႀကိဳးပမ္းရမယ့္ ဟာရီကိန္း Harry Kane ၊ လူကာကူ Lukaku တို႔ကလည္း ဒီပဲြမွာ ဂုိးသြင္းႏုိင္ဖုိ႔ အားထုတ္ၾကရမွာပါ။ အခုေလာေလာဆယ္ေတာ့ (၆)ဂုိးသြင္းထားတဲ့ ဟာရီကိန္းက ေရႊဖိနပ္ဆုဆြတ္ခူးႏုိင္ဖုိ႔ ပုိၿပီးအေျခအေနေကာင္းေနတယ္။

England-Players

England-Players

အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္ Southgate က ဒီပဲြမွာ လူအေျပာင္းအလဲ အနည္းငယ္လုပ္သြားမယ္လုိ႔ ဆုိခဲ့ၿပီး ခ႐ုိေအးရွားနဲ႔ပဲြတုန္းက ေပါင္ၿခံဒဏ္ရာရခဲ့တဲ့ ေနာက္ခံလူ ထရစ္ပီယာ Trippier အခုပဲြကုိ လဲြေခ်ာ္ဖုိ႔ရွိေနသလုိ ဟန္ဒါဆင္ Henderson ၊ ေ၀ါလ္ကာ Walker ၊ အက္ရွ္ေလယန္း Ashley Yong တို႔ကုိလည္း ေဆာက္ဂိတ္က အနားေပးသြားဖုိ႔ရွိေနတယ္။ ဘယ္လ္ဂ်ီယံအသင္းနည္းျပ မာတီနက္ဇ္ Martinez ကေတာ့ ေရႊဖိနပ္ဆုရဖုိ႔ ပစ္မွတ္ထားေနတဲ့ တိုက္စစ္မွဴး လူကာကူကုိ ပဲြထြက္စာရင္းမွာ အသုံးျပဳသြားဖုိ႔ရွိေနၿပီး အုပ္စုတြင္းတုန္းက အဂၤလန္အသင္းကုိ အႏုိင္ဂုိးသြင္းခဲ့တဲ့ ယာႏူဇုိက္ Janujaz လည္း ပါ၀င္လာဖုိ႔ရွိေနတယ္။ ဒါ့အျပင္ မာတင္စ္ Mertens ၊ ကာရက္စ္ကုိ Carrasco စတဲ့ကစားသမားေတြလည္း ပဲြထြက္ကစားသမားစာရင္းမွာ ပါ၀င္လာႏုိင္ေျခရွိတယ္။ ပဲြပယ္ျပစ္ဒဏ္ေၾကာင့္ ဆီမီးဖုိင္နယ္ကုိ လဲြေခ်ာ္ခဲ့တဲ့ ေနာက္ခံလူ မူနီယာ Meunier အခုပဲြမွာ ကစားႏုိင္မွာျဖစ္ပါတယ္။

Belgium-Players2

Belgium-Players2

အဂၤလန္အသင္းဟာ ၁၉၉၀ ကမၻာ႔ဖလားတုန္းကလည္း ဆီမီးဖုိင္နယ္က ထြက္ခဲ့ရၿပီး တတိယေနရာလုပဲြမွာ အီတလီကုိ ႐ႈံးနိမ့္ခဲ့လုိ႔ စတုတၳေနရာနဲ႔သာ ေက်နပ္ခဲ့ရဖူးတဲ့ အစဥ္အလာရွိခဲ့တယ္။ ဘယ္လ္ဂ်ီယံလည္း အဂၤလန္နဲ႔ သိပ္မကြာပါဘူး။ ၁၉၈၆ ကမၻာ႔ဖလားတုန္းက ဆီမီးဖုိင္နယ္အထိေရာက္ခဲ့ၿပီး အာဂ်င္တီးနားကုိ ႐ႈံးနိမ့္ခဲ့သလုိ တတိယေနရာလုပဲြမွာလည္း ျပင္သစ္ကုိ ထပ္မံ႐ႈံးနိမ့္ခဲ့လုိ႔ စတုတၳေနရာနဲ႔ပဲ ေက်နပ္ခဲ့ရတယ္။ ကမၻာ႔ဖလားခ်န္ပီယံဆုကုိ ပစ္မွတ္ထားခဲ့ေပမယ့္ ႐ႈံးပဲြေတြေၾကာင့္ ခ်န္ပီယံ ေမွ်ာ္လင့္ခ်က္အဆုံးသတ္ခဲ့ရေပမယ့္ ဂုဏ္သိကၡာအတြက္ေတာ့ အားထည့္ကစားၾကမွာပါ။ ဆီမီးဖုိင္နယ္ႏွစ္ပဲြက ေျခစြမ္းကုိၾကည့္ရင္ ဘယ္လ္ဂ်ီယံအသင္းထက္ အဂၤလန္အသင္းရဲ႕ေျခစြမ္းက အားနည္းခ်က္ေတြ ပုိမ်ားခဲ့ပါတယ္။ အခုပဲြမွာလည္း လူအေျပာင္းအလဲလုပ္ဖုိ႔ရွိေနတဲ့အတြက္ အသင္းရဲ႕ အထုိင္ပ်က္သြားႏုိင္တယ္။ ကစားသမားစုဖဲြ႕မႈအပုိင္းမွာ ဘယ္လ္ဂ်ီယံ ပုိသာလုိ႔ တတိယေနရာကုိ ဘယ္လ္ဂ်ီယံအသင္းပဲ ပထမဆုံးအႀကိမ္ရယူသြားဖုိ႔ မ်ားပါတယ္။

Photo:Image Gallery Site,.golisports.com,in.reuters.com,shutteronline
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

တတိယနေရာရဖို့ အပြိုင်ကြိုးပမ်းရမယ့် အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံ

ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့တဲ့ အင်္ဂလန်နဲ့ဘယ်လ်ဂျီယံတို့ဟာ ဒီနေ့(စနေ)မြန်မာစံတော်ချိန် ည ၈း၃၀ အချိန်မှာ တတိယနေရာလုပွဲအဖြစ် ယှဉ်ပြိုင်ကြတော့မှာဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဆုကို ကိုင်မြှောက်ခွင့်မရှိတော့ပေမယ့် ပြိုင်ပွဲကနေ အောင်မြင်မှုတစ်ခုခုနဲ့ နှုတ်ဆက်ဖို့အတွက် ဒီနှစ်သင်းဟာ တတိယနေရာရဖို့ အပြိုင်ကြိုးပမ်းသွားကြမှာပါ။ များသောအားဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ တတိယနေရာလုပွဲတွေဟာ စိတ်ဝင်စားဖို့ သိပ်မကောင်းတော့ပေမယ့် အခုရင်ဆိုင်ရမှာက ဥရောပထိပ်သီးနှစ်သင်းဖြစ်တဲ့ အင်္ဂလန်နဲ့ဘယ်လ်ဂျီယံဖြစ်နေတာကြောင့် ဆွဲဆောင်မှုတော့ရှိနေဆဲပါပဲ။ ဒါ့အပြင် ၂၀၁၈ ကမ္ဘာ့ဖလား ရွှေဖိနပ်ဆုရဖို့ ကြိုးပမ်းရမယ့် ဟာရီကိန်း Harry Kane ၊ လူကာကူ Lukaku တို့ကလည်း ဒီပွဲမှာ ဂိုးသွင်းနိုင်ဖို့ အားထုတ်ကြရမှာပါ။ အခုလောလောဆယ်တော့ (၆)ဂိုးသွင်းထားတဲ့ ဟာရီကိန်းက ရွှေဖိနပ်ဆုဆွတ်ခူးနိုင်ဖို့ ပိုပြီးအခြေအနေကောင်းနေတယ်။

England-Players

England-Players

အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ် Southgate က ဒီပွဲမှာ လူအပြောင်းအလဲ အနည်းငယ်လုပ်သွားမယ်လို့ ဆိုခဲ့ပြီး ခရိုအေးရှားနဲ့ပွဲတုန်းက ပေါင်ခြံဒဏ်ရာရခဲ့တဲ့ နောက်ခံလူ ထရစ်ပီယာ Trippier အခုပွဲကို လွဲချော်ဖို့ရှိနေသလို ဟန်ဒါဆင် Henderson ၊ ဝေါလ်ကာ Walker ၊ အက်ရှ်လေယန်း Ashley Yong တို့ကိုလည်း ဆောက်ဂိတ်က အနားပေးသွားဖို့ရှိနေတယ်။ ဘယ်လ်ဂျီယံအသင်းနည်းပြ မာတီနက်ဇ် Martinez ကတော့ ရွှေဖိနပ်ဆုရဖို့ ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှူး လူကာကူကို ပွဲထွက်စာရင်းမှာ အသုံးပြုသွားဖို့ရှိနေပြီး အုပ်စုတွင်းတုန်းက အင်္ဂလန်အသင်းကို အနိုင်ဂိုးသွင်းခဲ့တဲ့ ယာနူဇိုက် Janujaz လည်း ပါဝင်လာဖို့ရှိနေတယ်။ ဒါ့အပြင် မာတင်စ် Mertens ၊ ကာရက်စ်ကို Carrasco စတဲ့ကစားသမားတွေလည်း ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်လာနိုင်ခြေရှိတယ်။ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဆီမီးဖိုင်နယ်ကို လွဲချော်ခဲ့တဲ့ နောက်ခံလူ မူနီယာ Meunier အခုပွဲမှာ ကစားနိုင်မှာဖြစ်ပါတယ်။

Belgium-Players2

Belgium-Players2

အင်္ဂလန်အသင်းဟာ ၁၉၉၀ ကမ္ဘာ့ဖလားတုန်းကလည်း ဆီမီးဖိုင်နယ်က ထွက်ခဲ့ရပြီး တတိယနေရာလုပွဲမှာ အီတလီကို ရှုံးနိမ့်ခဲ့လို့ စတုတ္ထနေရာနဲ့သာ ကျေနပ်ခဲ့ရဖူးတဲ့ အစဉ်အလာရှိခဲ့တယ်။ ဘယ်လ်ဂျီယံလည်း အင်္ဂလန်နဲ့ သိပ်မကွာပါဘူး။ ၁၉၈၆ ကမ္ဘာ့ဖလားတုန်းက ဆီမီးဖိုင်နယ်အထိရောက်ခဲ့ပြီး အာဂျင်တီးနားကို ရှုံးနိမ့်ခဲ့သလို တတိယနေရာလုပွဲမှာလည်း ပြင်သစ်ကို ထပ်မံရှုံးနိမ့်ခဲ့လို့ စတုတ္ထနေရာနဲ့ပဲ ကျေနပ်ခဲ့ရတယ်။ ကမ္ဘာ့ဖလားချန်ပီယံဆုကို ပစ်မှတ်ထားခဲ့ပေမယ့် ရှုံးပွဲတွေကြောင့် ချန်ပီယံ မျှော်လင့်ချက်အဆုံးသတ်ခဲ့ရပေမယ့် ဂုဏ်သိက္ခာအတွက်တော့ အားထည့်ကစားကြမှာပါ။ ဆီမီးဖိုင်နယ်နှစ်ပွဲက ခြေစွမ်းကိုကြည့်ရင် ဘယ်လ်ဂျီယံအသင်းထက် အင်္ဂလန်အသင်းရဲ့ခြေစွမ်းက အားနည်းချက်တွေ ပိုများခဲ့ပါတယ်။ အခုပွဲမှာလည်း လူအပြောင်းအလဲလုပ်ဖို့ရှိနေတဲ့အတွက် အသင်းရဲ့ အထိုင်ပျက်သွားနိုင်တယ်။ ကစားသမားစုဖွဲ့မှုအပိုင်းမှာ ဘယ်လ်ဂျီယံ ပိုသာလို့ တတိယနေရာကို ဘယ်လ်ဂျီယံအသင်းပဲ ပထမဆုံးအကြိမ်ရယူသွားဖို့ များပါတယ်။

Photo:Image Gallery Site,.golisports.com,in.reuters.com,shutteronline
Naing Linn(Akhayar)
www.akhayar.com