This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ယာႏူဇိုက္ရဲ႕ တစ္လံုးတည္းေသာဂိုးနဲ႔ အဂၤလန္ကို အႏိုင္ရခဲ့တဲ့ ဘယ္လ္ဂ်ီယံ

၁၉၃၆ ေနာက္ပိုင္း အဂၤလန္အသင္းကို ပထမဆံုးအႏိုင္ရခဲ့တာျဖစ္ၿပီး ဘယ္လ္ဂ်ီယံအသင္း အုပ္စုတြင္း (၃)ပြဲစလံုးကို အႏိုင္ကစားကာ ရာႏႈန္းျပည့္ႏိုင္ပြဲနဲ႔ အုပ္စုပထမေနရာကို ရရွိခဲ့တယ္။ အုပ္စုပထမေနရာအတြက္ အဆံုးအျဖတ္ ပြဲစဥ္ျဖစ္ေပမယ့္ (၂)သင္းစလံုး အရံကစားသမားေတြကို ပြဲထုတ္ခဲ့ၿပီး အုပ္စုပထမေနရာထက္ အုပ္စုဒုတိယေနရာကို အရယူဖို႔ ပစ္မွတ္ထားခဲ့တဲ့ ပံုစံပါပဲ။ အုပ္စုပထမေနရာရယူႏိုင္တဲ့ အသင္းက ဗိုလ္လုပြဲသြားရာ လမ္းေၾကာင္း ၾကပ္တည္းေနလို႔ (၂)သင္းစလံုးက အုပ္စုပထမေနရာရရွိဖို႔ထက္ အုပ္စုဒုတိယေနရာကို ပိုမိုေမွ်ာ္လင့္ခဲ့သလိုမ်ိဳး ကစားခဲ့ၾကတယ္။ အဓိက ကစားသမားေတြကို (၂)သင္းစလံုး အနားေပးခဲ့ၾကၿပီး အရံကစားသမားအမ်ားစုနဲ႔ ပြဲထြက္လာခဲ့သလို ႏိုင္လိုစိတ္ ကင္းမဲ့တဲ့ ကစားပံုေတြေၾကာင့္ ပြဲေကာင္းတစ္ပြဲျဖစ္လာဖို႔ ေမွ်ာ္လင့္ခဲ့တဲ့ ပရိသတ္ေတြအတြက္ အခ်ည္းႏွီးျဖစ္ခဲ့တယ္။

Januzaj-curls-a-beauty-past-the-outstretched-Jordan-Pickford

Januzaj-curls-a-beauty-past-the-outstretched-Jordan-Pickford

ဘယ္လ္ဂ်ီယံအသင္းက တိုက္စစ္မွာ ဘတ္ရွဴအာယီကို အေထာင္ထားခဲ့ၿပီး သူ႔ရဲ႕ေနာက္မွာ ယာႏူဇိုက္နဲ႔ တိုင္လီမန္စ္တို႔လို႔ လူငယ္ေတြကို တိုက္စစ္မွာ အသံုးျပဳခဲ့တယ္။ ေနာက္ဆံုးကစားခဲ့တဲ့ တူနီးရွားအသင္းနဲ႔ ပြဲက ပြဲထြက္ လူစာရင္းကို (၉)ေနရာအထိ အေျပာင္းအလဲလုပ္ခဲ့ၿပီး (၃-၄-၃)ကစားကြက္နဲ႔ ပြဲထြက္္လာခဲ့တယ္။ အဂၤလန္အသင္းကေတာ့ (၃-၅-၂)ကစားကြက္ကိုပဲ ဆက္လက္အသံုးျပဳခဲ့ၿပီး တိုက္စစ္မွာ ဗာဒီနဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကို ပြဲထြက္ေစခဲ့ၿပီး ပနားမားအသင္းကို ဂိုးျပတ္အႏိုင္ရခဲ့တဲ့ ပြဲက လူစာရင္းကို (၈)ေနရာအထိ အေျပာင္းအလဲ လုပ္ခဲ့တယ္။ ပရီးမီးယားလိဂ္ အေျခစိုက္ ကစားသမားအမ်ားစုကို (၂)သင္းစလံုး အသံုးျပဳခဲ့ၿပီး (၁၅)ေယာက္အထိ ပြဲထြက္ လူစာရင္းမွာ ပါဝင္ခဲ့တယ္။ ပထမပိုင္းမွာ (၂)သင္းစလံုး ကြင္းလယ္မွာ ေဘာလံုးကိုင္ကစားခဲ့လို႔ ဂိုးေပါက္ဖန္တီးမႈ တခ်ိဳ႕သာ ျပဳလုပ္ႏိုင္ခဲ့ၿပီး ဂိုးမရွိသေရရလဒ္နဲ႔ ပြဲၿပီးဆံုးခဲ့တယ္။ (၂)သင္းစလံုးမွာ ပါဝင္ခဲ့တဲ့ လူငယ္ကစားေတြထဲမွာ ဘယ္လ္ဂ်ီယံအသင္းရဲ႕ ကစားသမားေတြက ေျခစြမ္းပိုင္း ပိုမိုသာလြန္ခဲ့ၿပီး ပံုစံေကာင္းတစ္ရပ္ကို ျပသႏိုင္ခဲ့တယ္။

Januzaj-goal-celebrations

Januzaj-goal-celebrations

ဒုတိယပိုင္းမွာေတာ့ ဘယ္လ္ဂ်ီယံအသင္း တိုက္စစ္အနည္းငယ္ျမွင့္တင္လာခဲ့လို႔ အဂၤလန္အသင္း ကစားပံုက ခံစစ္ကို လံုးဝအားျပဳသြားခဲ့တယ္။ ပြဲကစားခ်ိန္ (၅၁)မိနစ္မွာေတာ့ ဒီပြဲရဲ႕ တစ္လံုးတည္းေသာ သြင္းဂိုးျဖစ္သလို ဘယ္လ္ဂ်ီယံအသင္းရဲ႕ အႏိုင္ဂိုးကို ေတာင္ပံတိုက္စစ္ကစားသမား ယာႏူဇိုက္က အဂၤလန္ေနာက္ခံလူ ဒန္နီရို႕စ္ကို လွလွပပလွည့္စားၿပီး ဂိုးသမား ပစ္ဖို႔ဒ္ရဲ႕ အေဝးေထာင့္ကို အေကာင္းဆံုး အဆံုးသတ္ႏိုင္ခဲ့တယ္။ ေနာက္ပိုင္း ပြဲခ်ိန္ေတြမွာ (၂)သင္းစလံုး လူစားလဲမႈေတြ ျပဳလုပ္ခဲ့ေပမယ့္ ပြဲရဲ႕ အရွိန္က တက္မလာခဲ့ပါဘူး။ လက္က်န္ပြဲခ်ိန္ေတြမွာ ဘယ္လ္ဂ်ီယံအသင္းက ဂိုးထပ္မံရရွိဖို႔ မႀကိဳးပမ္းေတာ့သလို အဂၤလန္အသင္းကလည္း ေခ်ပဂိုးရရွိဖို႔ ႀကိဳးပမ္းလာျခင္းမရွိိဘဲ ကြင္းလယ္မွာပဲ ေဘာလံုးကိုင္ကစားခဲ့ၿပီး ပြဲၿပီးဆံုးခဲ့တယ္။ ပြဲၿပီးဆံုးခ်ိန္မွာေတာ့ ဘယ္လ္ဂ်ီယံအသင္းက အဂၤလန္အသင္းကို (၁-၀)ဂိုးနဲ႔ အႏိုင္ရရွိကာ အုပ္စုပထမေနရာကို ရယူႏိုင္ခဲ့ၿပီး ရံႈးထြက္အဆင့္မွာ ဂ်ပန္အသင္းနဲ႔ ရင္ဆိုင္သြားရမွာျဖစ္ပါတယ္။ ဒုတိယေနရာရရွိခဲ့တဲ့ အဂၤလန္အသင္းကေတာ့ ရံႈးထြက္အဆင့္မွာ ကိုလံဘီယာအသင္းနဲ႔ ရင္ဆိုင္သြားရမွာျဖစ္ပါတယ္။

Man Of The Match – Januzaj (Belgium)

Photo:FIFA.com, Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ယာနူဇိုက်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အင်္ဂလန်ကို အနိုင်ရခဲ့တဲ့ ဘယ်လ်ဂျီယံ

၁၉၃၆ နောက်ပိုင်း အင်္ဂလန်အသင်းကို ပထမဆုံးအနိုင်ရခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယံအသင်း အုပ်စုတွင်း (၃)ပွဲစလုံးကို အနိုင်ကစားကာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ အုပ်စုပထမနေရာကို ရရှိခဲ့တယ်။ အုပ်စုပထမနေရာအတွက် အဆုံးအဖြတ် ပွဲစဉ်ဖြစ်ပေမယ့် (၂)သင်းစလုံး အရံကစားသမားတွေကို ပွဲထုတ်ခဲ့ပြီး အုပ်စုပထမနေရာထက် အုပ်စုဒုတိယနေရာကို အရယူဖို့ ပစ်မှတ်ထားခဲ့တဲ့ ပုံစံပါပဲ။ အုပ်စုပထမနေရာရယူနိုင်တဲ့ အသင်းက ဗိုလ်လုပွဲသွားရာ လမ်းကြောင်း ကြပ်တည်းနေလို့ (၂)သင်းစလုံးက အုပ်စုပထမနေရာရရှိဖို့ထက် အုပ်စုဒုတိယနေရာကို ပိုမိုမျှော်လင့်ခဲ့သလိုမျိုး ကစားခဲ့ကြတယ်။ အဓိက ကစားသမားတွေကို (၂)သင်းစလုံး အနားပေးခဲ့ကြပြီး အရံကစားသမားအများစုနဲ့ ပွဲထွက်လာခဲ့သလို နိုင်လိုစိတ် ကင်းမဲ့တဲ့ ကစားပုံတွေကြောင့် ပွဲကောင်းတစ်ပွဲဖြစ်လာဖို့ မျှော်လင့်ခဲ့တဲ့ ပရိသတ်တွေအတွက် အချည်းနှီးဖြစ်ခဲ့တယ်။

Januzaj-curls-a-beauty-past-the-outstretched-Jordan-Pickford

Januzaj-curls-a-beauty-past-the-outstretched-Jordan-Pickford

ဘယ်လ်ဂျီယံအသင်းက တိုက်စစ်မှာ ဘတ်ရှူအာယီကို အထောင်ထားခဲ့ပြီး သူ့ရဲ့နောက်မှာ ယာနူဇိုက်နဲ့ တိုင်လီမန်စ်တို့လို့ လူငယ်တွေကို တိုက်စစ်မှာ အသုံးပြုခဲ့တယ်။ နောက်ဆုံးကစားခဲ့တဲ့ တူနီးရှားအသင်းနဲ့ ပွဲက ပွဲထွက် လူစာရင်းကို (၉)နေရာအထိ အပြောင်းအလဲလုပ်ခဲ့ပြီး (၃-၄-၃)ကစားကွက်နဲ့ ပွဲထွက်လာခဲ့တယ်။ အင်္ဂလန်အသင်းကတော့ (၃-၅-၂)ကစားကွက်ကိုပဲ ဆက်လက်အသုံးပြုခဲ့ပြီး တိုက်စစ်မှာ ဗာဒီနဲ့ ရက်ရှ်ဖို့ဒ်တို့ကို ပွဲထွက်စေခဲ့ပြီး ပနားမားအသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲက လူစာရင်းကို (၈)နေရာအထိ အပြောင်းအလဲ လုပ်ခဲ့တယ်။ ပရီးမီးယားလိဂ် အခြေစိုက် ကစားသမားအများစုကို (၂)သင်းစလုံး အသုံးပြုခဲ့ပြီး (၁၅)ယောက်အထိ ပွဲထွက် လူစာရင်းမှာ ပါဝင်ခဲ့တယ်။ ပထမပိုင်းမှာ (၂)သင်းစလုံး ကွင်းလယ်မှာ ဘောလုံးကိုင်ကစားခဲ့လို့ ဂိုးပေါက်ဖန်တီးမှု တချို့သာ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးမရှိသရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တယ်။ (၂)သင်းစလုံးမှာ ပါဝင်ခဲ့တဲ့ လူငယ်ကစားတွေထဲမှာ ဘယ်လ်ဂျီယံအသင်းရဲ့ ကစားသမားတွေက ခြေစွမ်းပိုင်း ပိုမိုသာလွန်ခဲ့ပြီး ပုံစံကောင်းတစ်ရပ်ကို ပြသနိုင်ခဲ့တယ်။

Januzaj-goal-celebrations

Januzaj-goal-celebrations

ဒုတိယပိုင်းမှာတော့ ဘယ်လ်ဂျီယံအသင်း တိုက်စစ်အနည်းငယ်မြှင့်တင်လာခဲ့လို့ အင်္ဂလန်အသင်း ကစားပုံက ခံစစ်ကို လုံးဝအားပြုသွားခဲ့တယ်။ ပွဲကစားချိန် (၅၁)မိနစ်မှာတော့ ဒီပွဲရဲ့ တစ်လုံးတည်းသော သွင်းဂိုးဖြစ်သလို ဘယ်လ်ဂျီယံအသင်းရဲ့ အနိုင်ဂိုးကို တောင်ပံတိုက်စစ်ကစားသမား ယာနူဇိုက်က အင်္ဂလန်နောက်ခံလူ ဒန်နီရို့စ်ကို လှလှပပလှည့်စားပြီး ဂိုးသမား ပစ်ဖို့ဒ်ရဲ့ အဝေးထောင့်ကို အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့တယ်။ နောက်ပိုင်း ပွဲချိန်တွေမှာ (၂)သင်းစလုံး လူစားလဲမှုတွေ ပြုလုပ်ခဲ့ပေမယ့် ပွဲရဲ့ အရှိန်က တက်မလာခဲ့ပါဘူး။ လက်ကျန်ပွဲချိန်တွေမှာ ဘယ်လ်ဂျီယံအသင်းက ဂိုးထပ်မံရရှိဖို့ မကြိုးပမ်းတော့သလို အင်္ဂလန်အသင်းကလည်း ချေပဂိုးရရှိဖို့ ကြိုးပမ်းလာခြင်းမရှိဘဲ ကွင်းလယ်မှာပဲ ဘောလုံးကိုင်ကစားခဲ့ပြီး ပွဲပြီးဆုံးခဲ့တယ်။ ပွဲပြီးဆုံးချိန်မှာတော့ ဘယ်လ်ဂျီယံအသင်းက အင်္ဂလန်အသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရရှိကာ အုပ်စုပထမနေရာကို ရယူနိုင်ခဲ့ပြီး ရှုံးထွက်အဆင့်မှာ ဂျပန်အသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ ဒုတိယနေရာရရှိခဲ့တဲ့ အင်္ဂလန်အသင်းကတော့ ရှုံးထွက်အဆင့်မှာ ကိုလံဘီယာအသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

Man Of The Match – Januzaj (Belgium)

Photo:FIFA.com, Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com