[Zawgyi]

ကမၻာ႔ဖလားလူစာရင္းမွာ ျပည္တြင္းလိဂ္က ကစားသမားအမ်ားဆုံး ပါ၀င္ေနတဲ့အသင္းအျဖစ္ အဂၤလန္ မွတ္တမ္း၀င္

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြ၀င္ (၃၂)သင္းမွာ ျပည္တြင္းလိဂ္က ကစားသမားအမ်ားဆုံး ပါ၀င္ေနတဲ့အသင္းအျဖစ္ အဂၤလန္အသင္း မွတ္တမ္း၀င္ခဲ့ပါတယ္။ အဂၤလန္အသင္းရဲ႕ အၿပီးသတ္ကစားသမား(၂၃)ဦးစာရင္းမွာ ျပည္ပေရာက္ ကစားသမားတစ္ဦးမွ မပါ၀င္ခဲ့ဘဲ အားလုံးက ပရီးမီးယားလိဂ္အေျခစုိက္ ကစားသမားေတြပဲျဖစ္ပါတယ္။ ျပည္ပကလပ္ေတြမွာ ကစားေနတဲ့ အဂၤလန္ကစားသမား အေရအတြက္က လက္တစ္ဆုပ္ စာေလာက္ပဲ ရွိသလုိ နည္းျပေဆာက္ဂိတ္ Southgate ကလည္း ျပည္ပေရာက္ကစားသမားေတြကုိ ထည့္သြင္း စဥ္းစားျခင္း မရွိခဲ့ပါဘူး။

Domestic-Players-

Domestic-Players-

အဂၤလန္နဲ႔ ဆန္႔က်င္ဘက္က ဆြီဒင္နဲ႔ ဆီနီေဂါအသင္းေတြပါ။ သူတို႔ႏွစ္သင္းရဲ႕ ကမၻာ႔ဖလားလူစာရင္းထဲမွာ ျပည္တြင္းလိဂ္က တစ္ဦးမွ မပါ၀င္ခဲ့ဘူး။ ကမၻာ႔ဖလားၿပိဳင္ပဲြ၀င္ (၃၂)သငး္ထဲက ထက္၀က္ေလာက္ရဲ႕ လူစာရင္းမွာ ျပည္တြင္းလိဂ္ကစားသမား (၃)ဦးနဲ႔ေအာက္သာ ပါ၀င္ခဲ့တာပါ။ ဆြီဒင္နဲ႔ ဆီနီေဂါတို႔ထက္ နည္းနည္းပဲ သာတာက ဘယ္လ္ဂ်ီယံအသင္းပါပဲ။ သူတို႔အသငး္ရဲ႕ ကစားသမား(၂၃)ဦးစာရင္းမွာ ျပည္တြင္းလိဂ္က ကစားသမားဆုိလုိ႔ အန္ဒါလက္ခ်္ ကြင္းလယ္လူ လီယန္ဒါဒန္ဒြန္ကာ Leander Dendoncker တစ္ဦးသာ ပါ၀င္ခဲ့တယ္။ ဒီဘ႐ုိင္းနား De Bruyne၊ ဟာဇက္ Hazard ၊ လူကာကူ Lukaku စတဲ့ ပရီးမီးယားလိဂ္ နာမည္ေက်ာ္ကစားသမားေတြ ျပင္သစ္လီဂူး၊ ဘြန္ဒစ္လီဂါၿပိဳင္ပဲြေတြမွာ ကစားေနသူေတြအျပင္ တ႐ုတ္စူပါလိဂ္မွာ ကစားေနတဲ့သူေတာင္ ပါ၀င္ပါတယ္။

Domestic-Players-1-

Domestic-Players-1-

ကမၻာ႔ဖလားၿပိဳင္ပဲြ၀င္ (၃၂)သင္းမွာ ျပည္တြင္းလိဂ္ကစားသမား ပါ၀င္မႈႏႈန္း

အဂၤလန္ – ၂၃ ဦး၊ ႐ုရွား – ၂၁ ဦး၊ ေဆာ္ဒီအာေရဗ် – ၂၀ ဦး၊ စပိန္ – ၁၉ဦး၊ ဂ်ာမနီ – ၁၅ဦး၊
ေတာင္ကုိရီးယား – ၁၂ ဦး၊ အီရန္ – ၉ဦး၊ ျပင္သစ္ – ၉ဦး၊ မကၠဆီကုိ – ၈ ဦး၊ ဂ်ပန္ – ၈ဦး၊ အီဂ်စ္ – ၈ဦး
ေပၚတူဂီ -၆ဦး၊ ေကာ္စတာရီကာ – ၆ဦး၊ တူနီးရွား – ၅ ဦး၊ ပီ႐ူး – ၅ဦး၊ ပုိလန္ – ၄ ဦး၊ ဆားဘီးယား -၃ဦး၊
ပနားမား -၃ဦး၊ ဒိန္းမတ္ -၃ ဦး၊ ကုိလံဘီယာ -၃ဦး၊ ဘရာဇီးလ္ -၃ဦး၊ ၾသစေၾတးလ် -၃ ဦး၊
အာဂ်င္တီးနား -၃ ဦး၊ ဥ႐ုေဂြး -၂ဦး၊ ေမာ္႐ုိကုိ -၂ဦး၊ ခ႐ုိေအးရွား -၂ဦး၊ ဆြစ္ဇာလန္ – ၁ ဦး၊
ႏုိက္ဂ်ီးရီးယား – ၁ဦး၊ အုိက္စလန္ -၁ဦး၊ ဘယ္လ္ဂ်ီယံ – ၁ဦး၊ ဆြီဒင္ – မရွိ၊ ဆီနီေဂါ – မရွိ

REF:The Sun
Photo:Twitter,The Sun
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ကမ္ဘာ့ဖလားလူစာရင်းမှာ ပြည်တွင်းလိဂ်က ကစားသမားအများဆုံး ပါဝင်နေတဲ့အသင်းအဖြစ် အင်္ဂလန် မှတ်တမ်းဝင်

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် (၃၂)သင်းမှာ ပြည်တွင်းလိဂ်က ကစားသမားအများဆုံး ပါဝင်နေတဲ့အသင်းအဖြစ် အင်္ဂလန်အသင်း မှတ်တမ်းဝင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းရဲ့ အပြီးသတ်ကစားသမား(၂၃)ဦးစာရင်းမှာ ပြည်ပရောက် ကစားသမားတစ်ဦးမှ မပါဝင်ခဲ့ဘဲ အားလုံးက ပရီးမီးယားလိဂ်အခြေစိုက် ကစားသမားတွေပဲဖြစ်ပါတယ်။ ပြည်ပကလပ်တွေမှာ ကစားနေတဲ့ အင်္ဂလန်ကစားသမား အရေအတွက်က လက်တစ်ဆုပ် စာလောက်ပဲ ရှိသလို နည်းပြဆောက်ဂိတ် Southgate ကလည်း ပြည်ပရောက်ကစားသမားတွေကို ထည့်သွင်း စဉ်းစားခြင်း မရှိခဲ့ပါဘူး။

Domestic-Players-

Domestic-Players-

အင်္ဂလန်နဲ့ ဆန့်ကျင်ဘက်က ဆွီဒင်နဲ့ ဆီနီဂေါအသင်းတွေပါ။ သူတို့နှစ်သင်းရဲ့ ကမ္ဘာ့ဖလားလူစာရင်းထဲမှာ ပြည်တွင်းလိဂ်က တစ်ဦးမှ မပါဝင်ခဲ့ဘူး။ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် (၃၂)သင်းထဲက ထက်ဝက်လောက်ရဲ့ လူစာရင်းမှာ ပြည်တွင်းလိဂ်ကစားသမား (၃)ဦးနဲ့အောက်သာ ပါဝင်ခဲ့တာပါ။ ဆွီဒင်နဲ့ ဆီနီဂေါတို့ထက် နည်းနည်းပဲ သာတာက ဘယ်လ်ဂျီယံအသင်းပါပဲ။ သူတို့အသင်းရဲ့ ကစားသမား(၂၃)ဦးစာရင်းမှာ ပြည်တွင်းလိဂ်က ကစားသမားဆိုလို့ အန်ဒါလက်ချ် ကွင်းလယ်လူ လီယန်ဒါဒန်ဒွန်ကာ Leander Dendoncker တစ်ဦးသာ ပါဝင်ခဲ့တယ်။ ဒီဘရိုင်းနား De Bruyne၊ ဟာဇက် Hazard ၊ လူကာကူ Lukaku စတဲ့ ပရီးမီးယားလိဂ် နာမည်ကျော်ကစားသမားတွေ ပြင်သစ်လီဂူး၊ ဘွန်ဒစ်လီဂါပြိုင်ပွဲတွေမှာ ကစားနေသူတွေအပြင် တရုတ်စူပါလိဂ်မှာ ကစားနေတဲ့သူတောင် ပါဝင်ပါတယ်။

Domestic-Players-1-

Domestic-Players-1-

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် (၃၂)သင်းမှာ ပြည်တွင်းလိဂ်ကစားသမား ပါဝင်မှုနှုန်း

အင်္ဂလန် – ၂၃ ဦး၊ ရုရှား – ၂၁ ဦး၊ ဆော်ဒီအာရေဗျ – ၂၀ ဦး၊ စပိန် – ၁၉ဦး၊ ဂျာမနီ – ၁၅ဦး၊
တောင်ကိုရီးယား – ၁၂ ဦး၊ အီရန် – ၉ဦး၊ ပြင်သစ် – ၉ဦး၊ မက္ကဆီကို – ၈ ဦး၊ ဂျပန် – ၈ဦး၊ အီဂျစ် – ၈ဦး
ပေါ်တူဂီ -၆ဦး၊ ကော်စတာရီကာ – ၆ဦး၊ တူနီးရှား – ၅ ဦး၊ ပီရူး – ၅ဦး၊ ပိုလန် – ၄ ဦး၊ ဆားဘီးယား -၃ဦး၊
ပနားမား -၃ဦး၊ ဒိန်းမတ် -၃ ဦး၊ ကိုလံဘီယာ -၃ဦး၊ ဘရာဇီးလ် -၃ဦး၊ သြစတြေးလျ -၃ ဦး၊
အာဂျင်တီးနား -၃ ဦး၊ ဥရုဂွေး -၂ဦး၊ မော်ရိုကို -၂ဦး၊ ခရိုအေးရှား -၂ဦး၊ ဆွစ်ဇာလန် – ၁ ဦး၊
နိုက်ဂျီးရီးယား – ၁ဦး၊ အိုက်စလန် -၁ဦး၊ ဘယ်လ်ဂျီယံ – ၁ဦး၊ ဆွီဒင် – မရှိ၊ ဆီနီဂေါ – မရှိ

REF:The Sun
Photo:Twitter,The Sun
Naing Linn(Akhayar)
www.akhayar.com