[Zawgyi]

၂၀၁၈ ကမၻာ႔ဖလားမွာ ၀တ္ဆင္ကစားမယ့္ အဂၤလန္အသင္း ေက်ာနံပါတ္ေတြ ထြက္ေပၚလာၿပီ

မၾကာခင္ စတင္ေတာ့မယ့္ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ အဂၤလန္ကစားသမားေတြ ၀တ္ဆင္မယ့္ ေက်ာနံပါတ္ေတြ ထြက္ေပၚလာၿပီျဖစ္ၿပီး အသင္းေခါင္းေဆာင္ ဟာရီကိန္း Harry Kane က နံပါတ္ (၉)၊ စတာလင္ Sterling က နံပါတ္(၁၀)၊ ဂုိးသမား ပစ္ဖုိ႔ဒ္ Pickford က နံပါတ္(၁) ေတြ အသီးသီး ၀တ္ဆင္သြားမွာပါ။ ၿပီးခဲ့တဲ့ တနလၤာေန႔က ကမၻာ႔ဖလားၿပိဳင္ပဲြ၀င္ (၃၂)သင္းဟာ သူတို႔ရဲ႕ အၿပီးသတ္ကစားသမား (၂၃)ဦးစာရင္းနဲ႔ ကစားသမားေတြ ၀တ္ဆင္မယ့္ ေက်ာနံပါတ္ကုိ ဖီဖာထံ တင္သြင္းခဲ့ပါတယ္။

လက္စတာအသင္း တိုက္စစ္မွဴး ဗာဒီ Vardy က ေက်ာနံပါတ္(၁၁)ကုိ ၀တ္ဆင္မွာျဖစ္ၿပီး မန္ယူ တိုက္စစ္မွဴး ရပ္ရွ္ဖုိ႔ဒ္ Rashford ကေတာ့ ကလပ္အသင္းမွာ ၀င္ဆင္ေနတဲ့ နံပါတ္(၁၉)ကုိပဲ ဆက္လက္၀တ္ဆင္သြားမွာပါ။ စပါးအသင္းကြင္းလယ္လူ အယ္လီ Alli က နံပါတ္(၂၀)၊ လူငယ္ေနာက္ခံလူ အာႏုိးလ္ Arnold က ေက်ာနံပါတ္(၂၂)ေတြကုိ အသီးသီး၀တ္ဆင္သြားမွာျဖစ္ပါတယ္။ တစ္ခ်ိန္က ေဒးဗစ္ဘက္ခမ္ David Beckham ၀တ္ဆင္ခဲ့တဲ့ နာမည္ေက်ာ္ နံပါတ္(၇)ကုိေတာ့ မန္ယူ ကြင္းလယ္လူ လင္ဂတ္ Lingard က ၀တ္ဆင္ခြင့္ရရွိခဲ့ပါတယ္။

England-World-Cup-Squad-Numbers

England-World-Cup-Squad-Numbers

အဂၤလန္အသင္းကစားသမားမ်ား ၀တ္ဆင္ကစားမည့္ ေက်ာနံပါတ္မ်ား

1 – Jordan Pickford
2 – Kyle Walker
3 – Danny Rose
4 – Eric Dier
5 – John Stones
6 – Harry Maguire
7 – Jesse Lingard
8 – Jordan Henderson
9 – Harry Kane
10 – Raheem Sterling
11 – Jamie Vardy
12 – Kieran Trippier
13 – Jack Butland
14 – Danny Welbeck
15 – Gary Cahill
16 – Phil Jones
17 – Fabian Delph
18 – Ashley Young
19 –  Marcus Rashford
20 – Dele Alli
21 – Ruben Loftus-Cheek
22 – T. Alexander-Arnold
23 – Nick Pope

လာမယ့္ ၂၀၁၈ ကမၻာ႔ဖလား ၿပိဳင္ပဲြ၀င္အသင္းေတြရဲ႕ ကစားသမားေတြထဲမွာ ခႏၶာကုိယ္အေလးခ်ိန္(Weight) အမ်ားဆုံး ကစားသမား ထိပ္ဆုံး(၁၀)ဦးထဲမွာ အဂၤလန္အသင္း ကစားသမား အမ်ားစု ပါ၀င္ေန ပါတယ္။ အဂၤလန္အသင္းမွာ Weight အမ်ားဆုံးကေတာ့ ဟာရီကိန္းျဖစ္သလုိ သူ႔ရဲ႕ခႏၶာကုိယ္အေလး ခ်ိန္က (၉၈)ကီလုိဂရမ္ (၂၁၆ ေပါင္)အထိရွိေနၿပီး Weight အနည္းဆုံးက လင္ဂတ္ (၁၃၂ ေပါင္)ျဖစ္ပါတယ္။ ကမၻာ႔ဖလားၿပိဳင္ပဲြ၀င္ အသင္းေတြရဲ႕ ကစားသမားေတြထဲမွာ ခႏၶာကုိယ္အေလးခ်ိန္ အမ်ားဆုံးက ပနားမား ေနာက္ခံလူ ႐ုိမန္ေတာရက္စ္ Roman Torres ျဖစ္ၿပီး (၉၉)ကီလုိဂရမ္ (၂၁၈ေပါင္)အထိ ရွိတာျဖစ္ပါတယ္။

Harry-Kane-as-one-of-the-heaviest-players-at-World-Cup

Harry-Kane-as-one-of-the-heaviest-players-at-World-Cup

၂၀၁၈ ကမၻာ႔ဖလားမွာ ခႏၶာကုိယ္အေလးခ်ိန္ အမ်ားဆုံး ကစားသမား (၁၀)ဦး

Roman Torres -Panama- 99 Kg

Vestergaard- Denmark- 98 Kg

Harry Kane- England -98 Kg

Harry Maguire- England -98 Kg

Al-Muaiouf -Saudi Arabia -98 Kg

Kim Shinwook -South Korea- 97 Kg

Kalinic- Croatia -96 Kg

Butland -England- 96 Kg

Yerry Mina- Colombia- 95 Kg

Ahmed Hegazy -Egypt -95 Kg
(1 Kg = 2.20462 Pound)

REF:Daily Mail
Photo: England Football Team Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

၂၀၁၈ ကမ္ဘာ့ဖလားမှာ ဝတ်ဆင်ကစားမယ့် အင်္ဂလန်အသင်း ကျောနံပါတ်တွေ ထွက်ပေါ်လာပြီ

မကြာခင် စတင်တော့မယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်ကစားသမားတွေ ဝတ်ဆင်မယ့် ကျောနံပါတ်တွေ ထွက်ပေါ်လာပြီဖြစ်ပြီး အသင်းခေါင်းဆောင် ဟာရီကိန်း Harry Kane က နံပါတ် (၉)၊ စတာလင် Sterling က နံပါတ်(၁၀)၊ ဂိုးသမား ပစ်ဖို့ဒ် Pickford က နံပါတ်(၁) တွေ အသီးသီး ဝတ်ဆင်သွားမှာပါ။ ပြီးခဲ့တဲ့ တနင်္လာနေ့က ကမ္ဘာ့ဖလားပြိုင်ပွဲဝင် (၃၂)သင်းဟာ သူတို့ရဲ့ အပြီးသတ်ကစားသမား (၂၃)ဦးစာရင်းနဲ့ ကစားသမားတွေ ဝတ်ဆင်မယ့် ကျောနံပါတ်ကို ဖီဖာထံ တင်သွင်းခဲ့ပါတယ်။

လက်စတာအသင်း တိုက်စစ်မှူး ဗာဒီ Vardy က ကျောနံပါတ်(၁၁)ကို ဝတ်ဆင်မှာဖြစ်ပြီး မန်ယူ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် Rashford ကတော့ ကလပ်အသင်းမှာ ဝင်ဆင်နေတဲ့ နံပါတ်(၁၉)ကိုပဲ ဆက်လက်ဝတ်ဆင်သွားမှာပါ။ စပါးအသင်းကွင်းလယ်လူ အယ်လီ Alli က နံပါတ်(၂၀)၊ လူငယ်နောက်ခံလူ အာနိုးလ် Arnold က ကျောနံပါတ်(၂၂)တွေကို အသီးသီးဝတ်ဆင်သွားမှာဖြစ်ပါတယ်။ တစ်ချိန်က ဒေးဗစ်ဘက်ခမ် David Beckham ဝတ်ဆင်ခဲ့တဲ့ နာမည်ကျော် နံပါတ်(၇)ကိုတော့ မန်ယူ ကွင်းလယ်လူ လင်ဂတ် Lingard က ဝတ်ဆင်ခွင့်ရရှိခဲ့ပါတယ်။

England-World-Cup-Squad-Numbers

England-World-Cup-Squad-Numbers

အင်္ဂလန်အသင်းကစားသမားများ ဝတ်ဆင်ကစားမည့် ကျောနံပါတ်များ

1 – Jordan Pickford
2 – Kyle Walker
3 – Danny Rose
4 – Eric Dier
5 – John Stones
6 – Harry Maguire
7 – Jesse Lingard
8 – Jordan Henderson
9 – Harry Kane
10 – Raheem Sterling
11 – Jamie Vardy
12 – Kieran Trippier
13 – Jack Butland
14 – Danny Welbeck
15 – Gary Cahill
16 – Phil Jones
17 – Fabian Delph
18 – Ashley Young
19 –  Marcus Rashford
20 – Dele Alli
21 – Ruben Loftus-Cheek
22 – T. Alexander-Arnold
23 – Nick Pope

လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်အသင်းတွေရဲ့ ကစားသမားတွေထဲမှာ ခန္ဓာကိုယ်အလေးချိန်(Weight) အများဆုံး ကစားသမား ထိပ်ဆုံး(၁၀)ဦးထဲမှာ အင်္ဂလန်အသင်း ကစားသမား အများစု ပါဝင်နေ ပါတယ်။ အင်္ဂလန်အသင်းမှာ Weight အများဆုံးကတော့ ဟာရီကိန်းဖြစ်သလို သူ့ရဲ့ခန္ဓာကိုယ်အလေး ချိန်က (၉၈)ကီလိုဂရမ် (၂၁၆ ပေါင်)အထိရှိနေပြီး Weight အနည်းဆုံးက လင်ဂတ် (၁၃၂ ပေါင်)ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းတွေရဲ့ ကစားသမားတွေထဲမှာ ခန္ဓာကိုယ်အလေးချိန် အများဆုံးက ပနားမား နောက်ခံလူ ရိုမန်တောရက်စ် Roman Torres ဖြစ်ပြီး (၉၉)ကီလိုဂရမ် (၂၁၈ပေါင်)အထိ ရှိတာဖြစ်ပါတယ်။

Harry-Kane-as-one-of-the-heaviest-players-at-World-Cup

Harry-Kane-as-one-of-the-heaviest-players-at-World-Cup

၂၀၁၈ ကမ္ဘာ့ဖလားမှာ ခန္ဓာကိုယ်အလေးချိန် အများဆုံး ကစားသမား (၁၀)ဦး

Roman Torres -Panama- 99 Kg

Vestergaard- Denmark- 98 Kg

Harry Kane- England -98 Kg

Harry Maguire- England -98 Kg

Al-Muaiouf -Saudi Arabia -98 Kg

Kim Shinwook -South Korea- 97 Kg

Kalinic- Croatia -96 Kg

Butland -England- 96 Kg

Yerry Mina- Colombia- 95 Kg

Ahmed Hegazy -Egypt -95 Kg
(1 Kg = 2.20462 Pound)

REF:Daily Mail
Photo: England Football Team Twitter
Naing Linn(Akhayar)
www.akhayar.com