ယူရို-၂၀၂၀ ခြေစစ်ပွဲအဖြစ် ဘူလ်ဂေးရီးယား၊ ကိုဆိုဗိုအသင်းတို့နဲ့ကစားမယ့်ပွဲအတွက် အင်္ဂလန်အသင်း လူစာရင်းကို နည်းပြဆောက်ဂိတ် Southgate က ထုတ်ပြန်ကြေညာလိုက်ပြီး မထင်မှတ်တဲ့ ကစားသမားတချို့ပါဝင်လာခဲ့ပါတယ်။ ဒီနွေရာသီမှာ ပဲလေ့စ်အသင်းကနေ မန်ယူကို ပြောင်းရွှေ့ခဲ့တဲ့ ဘစ်ဆာကာ Aaron Wan-Bissaka ဟာ အခုစာရင်းမှာ ပါဝင်ခဲ့ပြီး ပုံမှန်ရွေးချယ်နေကြဖြစ်တဲ့ ညာနောက်ခံလူ ဝေါ်လ်ကာ Kyle Walker ကိုတော့ ဆောက်ဂိတ်က ချန်လှပ်ခဲ့ပါတယ်။ ဘစ်ဆာကာဟာ အင်္ဂလန်အသင်းကြီးအတွက် ပထမဆုံးအကြိမ်ရွေးချယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ ထူးခြားတာကတော့ ဒဏ်ရာကြောင့် ကာလအတော်ကြာ အနားယူခဲ့ရတဲ့ လီဗာပူးလ်ကွင်းလယ်လူ ချိန်ဘာလိန် Alex Oxlade-Chamberlain ကို ပြန်လည်ရွေးချယ်ခဲ့တာဖြစ်ပြီး ချိန်ဘာလိန်ဟာ ဒူးဒဏ်ရာကြောင့် (၁)နှစ်လောက်အနားယူပြီးမှ ဘောလုံးပြန်ကစားနိုင်ခဲ့သူဖြစ်ပါတယ်။

ဒီရာသီ ချယ်လ်ဆီးအသင်းမှာ ခြေစွမ်းပြနေတဲ့ လူငယ်ကွင်းလယ်လူ မေဆင်မောင့် Mason Mount ကလည်း အခုလူစာရင်းမှာ ပါဝင်ခဲ့ပြီး အင်္ဂလန်အသင်းအတွက် ပထမဆုံးပွဲထွက်ခွင့်ရမလားဆိုတာ စောင့်ကြည့်ရမှာပါ။ ဆောက်ဂိတ်ရွေးချယ်ခဲ့တဲ့ လူစာရင်းမှာ အံ့အားသင့်စရာကောင်းတာက ဗီလာနောက်ခံလူ တိုင်ရွန်မင်း Tyrone Mings ကို ရွေးချယ်ခဲ့တာပါပဲ။ တိုင်ရွန်မင်းဟာ ဒီရာသီမှာ အက်စတွန်ဗီလာအသင်း တန်းတက်ခွင့်ရဖို့ အဓိက နေရာက ပါဝင်ခဲ့သူဖြစ်ပြီး ဒါက အင်္ဂလန်အသင်းမှာ ပထမဆုံးရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ အင်္ဂလန်အသင်းလူစာရင်းမှာ ဒဏ်ရာရနေတဲ့ အယ်လီ Dele Alli မပါဝင်ခဲ့ဘဲ လက်စတာအသင်းအတွက် ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ မက်ဒီဆင် James Maddison လည်း ရွေးချယ်ခံခဲ့ရပါတယ် ။ တိုက်စစ်မှာတော့ ဒေါ့မွန်လူငယ်ကြယ်ပွင့် ဆန်ချို Sancho နဲ့အတူ ဟယ်ရီကိန်း Kane ၊ ရပ်ရှ်ဖို့ဒ် Rashford တို့ ရွေးချယ်ခံခဲ့ရပြီး မန်ယူအသင်းမှာ ခြေစွမ်းမပြနိုင်တဲ့ လင်ဂတ် Lingard လည်းရွေးချယ်ခံခဲ့ရပါတယ်။

England squad
Goalkeepers -Pickford, Heaton, Pope
Defenders – Alexander-Arnold, Chilwell, Gomez, Keane, Maguire,
Mings, Rose, Trippier, Wan-Bissaka
Midfielders – Barkley, Henderson, Maddison, Mount,
Oxlade-Chamberlain, Rice, Winks
Forwards – Kane, Lingard, Rashford, Sancho, Sterling, Wilson

REF: The Sun
Photo:The Sun
Naing Linn(Akhayar)
www.akhayar.com