This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဂုိးသမား ပစ္ဖုိ႔ဒ္ Pickford ရဲ႕လက္စြမ္းျပမႈနဲ႔အတူ ဆီမီးဖုိင္နယ္တက္ခဲ့တဲ့ အဂၤလန္

အဂၤလန္အသင္းဟာ ဂုိးသမား ပစ္ဖုိ႔ဒ္ Pickford ရဲ႕ မယုံႏုိင္ေလာက္စရာ ကာကြယ္မႈနဲ႔အတူ ၁၉၉၀ ေနာက္ပုိင္း ပထမဆုံးအႀကိမ္ ကမၻာ႔ဖလားဆီမီးဖုိင္နယ္ကုိ တက္ေရာက္ႏုိင္ခဲ့တယ္။ ဒီပြဲမွာ ႏွစ္သငး္စလုံးရဲ႕ေျခစြမ္းက အေကာင္းဆုံးအေနအထားမရွိဘဲ အႀကိတ္အနယ္သိပ္မရွိခဲ့ဘူး။ ပထမပုိင္းမွာ ႏွစ္သင္းစလုံး ေဘာလုံးပုိင္ဆုိင္မႈကုိပဲ ဦးစားေပးခဲ့ၿပီး ဆြီဒင္အသငး္က Defensive အသားေပးပုံစံနဲ႔ အဂၤလန္ကုိ ရင္ဆုိင္ခဲ့တယ္။ အဂၤလန္အသင္း ေတာင္ပံတိုက္စစ္ကစားသမား စတာလင္ Sterling ပုံမွန္ေျခစြမ္းေအာက္ေရာက္ေနၿပီး ကြင္းလယ္က ေဘာလုံးမထြက္တာေၾကာင့္ အေထာင္တိုက္စစ္အျဖစ္ကစားတဲ့ ဟာရီကိန္း Harry Kane လည္း ႐ုန္းကန္ခဲ့ရတယ္။

Maguire-Celebrate

Maguire-Celebrate

ပထမပုိင္း(၃၁)မိနစ္မွာ အဂၤလန္အသင္း အဖြင့္ဂုိးရခဲ့တယ္။ ေထာင့္ကန္ေဘာကေန အက္ရွ္ေလယန္း Ashley Young တင္ေပးတာကုိ ေနာက္ခံလူ မက္ဂြိဳင္းေယး Maguire က ေခါင္းတိုက္သြင္းခဲ့တာပါ။ ဆြီဒင္အသင္း ေခ်ပဂုိးရဖုိ႔ အခြင့္အေရးေတြရခဲ့ၿပီး အပုိင္ေခါင္းတိုက္ခ်က္ကုိ အဂၤလန္ဂုိးသမား ပစ္ဖုိ႔ဒ္ ကာကြယ္ႏုိင္ခဲ့တဲ့အျပင္ ဂုိးဧရိယာထဲက ကန္သြင္းခ်က္ေတြကုိလည္း အစြမ္းျပကာကြယ္ႏုိင္ခဲ့တယ္။

Alli-Score-Second-Goal

Alli-Score-Second-Goal

(၅၈)မိနစ္မွာ အဂၤလန္အသငး္ ဒုတိယဂုိးရခဲ့ၿပီး လင္ဂတ္ Lingard ရဲ႕ေပးပုိ႔မႈကေန အယ္လီ Alli က ေခါင္းတိုက္သြင္းယူခဲ့တယ္။ လက္က်န္မိနစ္ေတြမွာေတာ့ အဂၤလန္အသင္း အႏုိင္ထိန္းကစားခဲ့ၿပီး ကမၻာ႔ဖလားၿပိဳင္ပဲြ ဆီမီးဖုိင္နယ္အဆင့္ကုိ (၃)ႀကိမ္(၁၉၆၆၊ ၁၉၉၀၊ ၂၀၁၈)ေျမာက္ တက္ေရာက္ခဲ့ပါတယ္။

အဂၤလန္-ဆြီဒင္ပဲြနဲ႔ပတ္သက္တဲ့ ထူးျခားခ်က္မ်ား
– ဒုတိယဂုိးသြင္းယူခဲ့တဲ့ အယ္လီ(၂၂ႏွစ္၊ ၈၇ရက္)ဟာ ၁၉၉၈ ကမၻာ႔ဖလားတုန္းက အုိ၀င္ Owen (၁၈ႏွစ္၊ ၁၉၀ရက္)ေနာက္ပုိင္း ကမၻာ႔ဖလားမွာဂုိးသြင္းခဲ့တဲ့ ဒုတိယေျမာက္အသက္အငယ္ဆုံး အဂၤလန္ကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့တယ္။
– အဂၤလန္အသင္းရဲ႕ ကမၻာ႔ဖလားၿပိဳင္ပဲြတစ္ေလွ်ာက္ ႐ႈံးထြက္အဆင့္ပဲြေတြမွာ လက္ေရြးစင္အသင္းအတြက္ ပထမဆုံးဂုိးသြင္းယူခဲ့တဲ့ (၄)ဦးေျမာက္ကစားသမားအျဖစ္ မက္ဂြိဳင္းေယး မွတ္တမ္း၀င္ခဲ့တယ္။ သူ႔အရင္က အလန္မူလာရီ၊ ေဒးဗစ္ပလတ္၊ ဖာဒီနန္တို႔က အဲဒီလုိမ်ိဳးစြမ္းေဆာင္ခဲ့ပါတယ္။

Photo:FIFA World Cup
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဂိုးသမား ပစ်ဖို့ဒ် Pickford ရဲ့လက်စွမ်းပြမှုနဲ့အတူ ဆီမီးဖိုင်နယ်တက်ခဲ့တဲ့ အင်္ဂလန်

အင်္ဂလန်အသင်းဟာ ဂိုးသမား ပစ်ဖို့ဒ် Pickford ရဲ့ မယုံနိုင်လောက်စရာ ကာကွယ်မှုနဲ့အတူ ၁၉၉၀ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တယ်။ ဒီပွဲမှာ နှစ်သင်းစလုံးရဲ့ခြေစွမ်းက အကောင်းဆုံးအနေအထားမရှိဘဲ အကြိတ်အနယ်သိပ်မရှိခဲ့ဘူး။ ပထမပိုင်းမှာ နှစ်သင်းစလုံး ဘောလုံးပိုင်ဆိုင်မှုကိုပဲ ဦးစားပေးခဲ့ပြီး ဆွီဒင်အသင်းက Defensive အသားပေးပုံစံနဲ့ အင်္ဂလန်ကို ရင်ဆိုင်ခဲ့တယ်။ အင်္ဂလန်အသင်း တောင်ပံတိုက်စစ်ကစားသမား စတာလင် Sterling ပုံမှန်ခြေစွမ်းအောက်ရောက်နေပြီး ကွင်းလယ်က ဘောလုံးမထွက်တာကြောင့် အထောင်တိုက်စစ်အဖြစ်ကစားတဲ့ ဟာရီကိန်း Harry Kane လည်း ရုန်းကန်ခဲ့ရတယ်။

Maguire-Celebrate

Maguire-Celebrate

ပထမပိုင်း(၃၁)မိနစ်မှာ အင်္ဂလန်အသင်း အဖွင့်ဂိုးရခဲ့တယ်။ ထောင့်ကန်ဘောကနေ အက်ရှ်လေယန်း Ashley Young တင်ပေးတာကို နောက်ခံလူ မက်ဂွိုင်းယေး Maguire က ခေါင်းတိုက်သွင်းခဲ့တာပါ။ ဆွီဒင်အသင်း ချေပဂိုးရဖို့ အခွင့်အရေးတွေရခဲ့ပြီး အပိုင်ခေါင်းတိုက်ချက်ကို အင်္ဂလန်ဂိုးသမား ပစ်ဖို့ဒ် ကာကွယ်နိုင်ခဲ့တဲ့အပြင် ဂိုးဧရိယာထဲက ကန်သွင်းချက်တွေကိုလည်း အစွမ်းပြကာကွယ်နိုင်ခဲ့တယ်။

Alli-Score-Second-Goal

Alli-Score-Second-Goal

(၅၈)မိနစ်မှာ အင်္ဂလန်အသင်း ဒုတိယဂိုးရခဲ့ပြီး လင်ဂတ် Lingard ရဲ့ပေးပို့မှုကနေ အယ်လီ Alli က ခေါင်းတိုက်သွင်းယူခဲ့တယ်။ လက်ကျန်မိနစ်တွေမှာတော့ အင်္ဂလန်အသင်း အနိုင်ထိန်းကစားခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်ကို (၃)ကြိမ်(၁၉၆၆၊ ၁၉၉၀၊ ၂၀၁၈)မြောက် တက်ရောက်ခဲ့ပါတယ်။

အင်္ဂလန်-ဆွီဒင်ပွဲနဲ့ပတ်သက်တဲ့ ထူးခြားချက်များ
– ဒုတိယဂိုးသွင်းယူခဲ့တဲ့ အယ်လီ(၂၂နှစ်၊ ၈၇ရက်)ဟာ ၁၉၉၈ ကမ္ဘာ့ဖလားတုန်းက အိုဝင် Owen (၁၈နှစ်၊ ၁၉၀ရက်)နောက်ပိုင်း ကမ္ဘာ့ဖလားမှာဂိုးသွင်းခဲ့တဲ့ ဒုတိယမြောက်အသက်အငယ်ဆုံး အင်္ဂလန်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။
– အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ရှုံးထွက်အဆင့်ပွဲတွေမှာ လက်ရွေးစင်အသင်းအတွက် ပထမဆုံးဂိုးသွင်းယူခဲ့တဲ့ (၄)ဦးမြောက်ကစားသမားအဖြစ် မက်ဂွိုင်းယေး မှတ်တမ်းဝင်ခဲ့တယ်။ သူ့အရင်က အလန်မူလာရီ၊ ဒေးဗစ်ပလတ်၊ ဖာဒီနန်တို့က အဲဒီလိုမျိုးစွမ်းဆောင်ခဲ့ပါတယ်။

Photo:FIFA World Cup
Naing Linn(Akhayar)
www.akhayar.com