This Football update is proudly sponsored by Telenor Myanmar.
[Zawgyi]
Photo:FIFA World Cup
Naing Linn (Akhayar)
www.akhayar.com
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။
[Unicode]
ပယ်နယ်တီ ကြမ္မာဆိုးကို ချေဖျက်နိုင်ခဲ့တဲ့ အင်္ဂလန်
အင်္ဂလန်အသင်းကတော့ ကိုလံဘီယာကို ပယ်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ယူပြီး နှစ်ပေါင်းများစွာ တည်တဲ့နေခဲ့တဲ့ ပယ်နယတီ ကြမ္မာဆိုးကို ရှောင်လွဲှနိုင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းအနေနဲ့ ကိုလံဘီယာကို အနိုင်ရခဲ့ပေမယ့်လည်း ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ပယ်နယ်တီကျမှ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ကိုလံဘီယာအသင်းမှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ် မပါနိုင်လို့ အားလျော့ခဲ့ရပြီး ပထမပိုင်းမှာ အင်္ဂလန်အသင်းက ပိုထိုးဖောက်နိုင်ခဲ့တယ်။ အင်္ဂလန်အသင်းအတွက် အဖွင့်ဂိုးကို ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ဟာရီကိန်းက (၅၇)မိနစ်မှာ ရခဲ့တဲ့ပယ်နယ်တီကနေ သွင်းခဲ့တာဖြစ်ပါတယ်။ ကိုလံဘီယာအသင်းအတွက် ချေပဂိုးကို (၉၃)မိနစ်မှာ ယဲယီမီနာက သွင်းခဲ့တာဖြစ်ပြီး မိနစ်(၉၀)အထိ သရေကျနေတဲ့အတွက် အချိန်ပိုမိနစ်(၃၀)ဆက်ကစားခဲ့ပြီး အဖြေမပေါ်ခဲ့လို့ ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရတယ်။ ပယ်နယ်တီမှာ အင်္ဂလန်အသင်းက (၃-၄)ဂိုးနဲ့အနိုင်ရခဲ့တာကြောင့် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။
Photo:FIFA World Cup
Naing Linn (Akhayar)
www.akhayar.com