This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ခ႐ိုေအးရွားနဲ႔ပဲြမွာ ဥပေဒကုိ လက္တစ္လုံးျခားလုပ္ဖုိ႔ ႀကိဳးစားခဲ့တဲ့ အဂၤလန္ကစားသမားမ်ား

ခ႐ုိေအးရွားကုိ ႐ႈံးနိမ့္ခဲ့တဲ့ ၂၀၁၈ ကမၻာ႔ဖလားဆီမီးဖုိင္နယ္ပဲြမွာ အဂၤလန္ကစားသမားေတြ Cheat လုပ္ဖုိ႔ ႀကိဳးပမ္းခဲ့တာကုိ ပရိသတ္ေတြ သတိထားမိရဲ႕လား။ မိနစ္(၉၀)သေရက်ေနလုိ႔ အခ်ိန္ပုိ ဆက္ကစားခဲ့ၿပီး (၁၀၉)မိနစ္အေရာက္မွာ ခ႐ုိေအးရွားတိုက္စစ္မွဴး မန္ဇူကစ္ Mandžukić က အဂၤလန္တို႔ကုိ အသည္းခဲြဂုိးသြင္းခဲ့တယ္။ ပဲြၿပီးဖုိ႔ကလည္း မိနစ္ပုိင္းေလာက္သာ လုိေတာ့တာေၾကာင့္ အဂၤလန္ကစားသမားေတြဟာ ဥပေဒကုိ လက္တစ္လုံးျခားလုပ္ဖုိ႔ ႀကိဳးပမ္းေတာ့တာပါပဲ။

England-yellow-circle-tried-to-catch-Croatia-off-guard-during-Wednesdays-semi-final-after-going-behind-2-1

England-yellow-circle-tried-to-catch-Croatia-off-guard-during-Wednesdays-semi-final-after-going-behind-2-1

အဲဒါက ခ႐ုိေအးရွားကစားသမားေတြ ဂုိးသြင္းအၿပီး ေအာင္ပဲြခံေနခ်ိန္မွာ အဂၤလန္ကစားသမားႏွစ္ဦးျဖစ္တ့ဲ ရပ္ရွ္ဖုိ႔ဒ္ Rashford နဲ႔ လင္ဂတ္ Lingard တို႔ဟာ စေပးေဘာကုိ ျမန္ျမန္ဆန္ဆန္တည္ၿပီး ၿပိဳင္ဘက္ကုိ ဂုိးသြင္းဖုိ႔ ႀကိဳးပမ္းခဲ့တာပါ။

England-tried-to-use-their-initiative-as-Croatia-celebrated-off-the-pitch-but-the-ref-stopped-it

England-tried-to-use-their-initiative-as-Croatia-celebrated-off-the-pitch-but-the-ref-stopped-it

အဲဒီအခ်ိန္မွာ ခ႐ုိေအးရွားကစားသမားေတြက အဂၤလန္ဂုိးဘက္ျခမ္းမွာ အႀကီးအက်ယ္ေအာင္ပဲြခံေနၾကၿပီး ႐ုပ္သံေတြကလည္း အဲဒီေအာင္ပဲြခံပုံကုိပဲ ေဖာ္ျပေနတာေၾကာင့္ ရပ္ရွ္ဖုိ႔ဒ္နဲ႔ လင္ဂတ္တုိ႔ရဲ႕ လုပ္ရပ္ကုိ ႐ုပ္သံၾကည့္ပရိသတ္ေတြ မျမင္ေတြ႕ခဲ့ရတာပဲျဖစ္ပါတယ္။

England-tried-to-score-during-Croatias-celebration

England-tried-to-score-during-Croatias-celebration

ဒါေပမဲ့ ကြင္းထဲက ပရိသတ္ေတြကေတာ့ ရပ္ရွ္ဖုိ႔ဒ္နဲ႔လင္ဂတ္တို႔ရဲ႕ ဟာသဆန္ဆန္ လုပ္ရပ္ကုိ ဖုန္းကင္မရာေတြနဲ႔ ႐ုိက္ၿပီး လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ ေလွာင္ေျပာင္ေဖာ္ျပခဲ့ရာက မီဒီယာေတြပါ သတိျပဳမိခဲ့ၾကတာျဖစ္ပါတယ္။ ရပ္ရွ္ဖုိ႔ဒ္နဲ႔ လင္ဂတ္တို႔က ဥပေဒကုိ လက္တစ္လုံးျခားလုပ္ဖုိ႔ ႀကိဳးစားခဲ့ေပမယ့္ ကြင္းလယ္ဒုိင္လူႀကီးက ခြင့္မျပဳခဲ့တာေၾကာင့္ အဂၤလန္အသင္းအတြက္ အရွက္ရစရာျဖစ္ခဲ့ရတယ္။ အဂၤလန္အသင္းဟာ ပဲြလည္း႐ႈံး၊ ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္မႈနဲ႔လည္း ရင္ဆုိင္ခဲ့ရလုိ႔ “မိေအး ႏွစ္ခါနာ”ဆုိသလုိ ျဖစ္ခဲ့ရတာပါ . . .

REF:Daily Mail
Photo:Daily Mail Naing Linn(Akhayar)
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ခရိုအေးရှားနဲ့ပွဲမှာ ဥပဒေကို လက်တစ်လုံးခြားလုပ်ဖို့ ကြိုးစားခဲ့တဲ့ အင်္ဂလန်ကစားသမားများ

ခရိုအေးရှားကို ရှုံးနိမ့်ခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲမှာ အင်္ဂလန်ကစားသမားတွေ Cheat လုပ်ဖို့ ကြိုးပမ်းခဲ့တာကို ပရိသတ်တွေ သတိထားမိရဲ့လား။ မိနစ်(၉၀)သရေကျနေလို့ အချိန်ပို ဆက်ကစားခဲ့ပြီး (၁၀၉)မိနစ်အရောက်မှာ ခရိုအေးရှားတိုက်စစ်မှူး မန်ဇူကစ် Mandžukić က အင်္ဂလန်တို့ကို အသည်းခွဲဂိုးသွင်းခဲ့တယ်။ ပွဲပြီးဖို့ကလည်း မိနစ်ပိုင်းလောက်သာ လိုတော့တာကြောင့် အင်္ဂလန်ကစားသမားတွေဟာ ဥပဒေကို လက်တစ်လုံးခြားလုပ်ဖို့ ကြိုးပမ်းတော့တာပါပဲ။

England-yellow-circle-tried-to-catch-Croatia-off-guard-during-Wednesdays-semi-final-after-going-behind-2-1

England-yellow-circle-tried-to-catch-Croatia-off-guard-during-Wednesdays-semi-final-after-going-behind-2-1

အဲဒါက ခရိုအေးရှားကစားသမားတွေ ဂိုးသွင်းအပြီး အောင်ပွဲခံနေချိန်မှာ အင်္ဂလန်ကစားသမားနှစ်ဦးဖြစ်တဲ့ ရပ်ရှ်ဖို့ဒ် Rashford နဲ့ လင်ဂတ် Lingard တို့ဟာ စပေးဘောကို မြန်မြန်ဆန်ဆန်တည်ပြီး ပြိုင်ဘက်ကို ဂိုးသွင်းဖို့ ကြိုးပမ်းခဲ့တာပါ။

England-tried-to-use-their-initiative-as-Croatia-celebrated-off-the-pitch-but-the-ref-stopped-it

England-tried-to-use-their-initiative-as-Croatia-celebrated-off-the-pitch-but-the-ref-stopped-it

အဲဒီအချိန်မှာ ခရိုအေးရှားကစားသမားတွေက အင်္ဂလန်ဂိုးဘက်ခြမ်းမှာ အကြီးအကျယ်အောင်ပွဲခံနေကြပြီး ရုပ်သံတွေကလည်း အဲဒီအောင်ပွဲခံပုံကိုပဲ ဖော်ပြနေတာကြောင့် ရပ်ရှ်ဖို့ဒ်နဲ့ လင်ဂတ်တို့ရဲ့ လုပ်ရပ်ကို ရုပ်သံကြည့်ပရိသတ်တွေ မမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။

England-tried-to-score-during-Croatias-celebration

England-tried-to-score-during-Croatias-celebration

ဒါပေမဲ့ ကွင်းထဲက ပရိသတ်တွေကတော့ ရပ်ရှ်ဖို့ဒ်နဲ့လင်ဂတ်တို့ရဲ့ ဟာသဆန်ဆန် လုပ်ရပ်ကို ဖုန်းကင်မရာတွေနဲ့ ရိုက်ပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ လှောင်ပြောင်ဖော်ပြခဲ့ရာက မီဒီယာတွေပါ သတိပြုမိခဲ့ကြတာဖြစ်ပါတယ်။ ရပ်ရှ်ဖို့ဒ်နဲ့ လင်ဂတ်တို့က ဥပဒေကို လက်တစ်လုံးခြားလုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးက ခွင့်မပြုခဲ့တာကြောင့် အင်္ဂလန်အသင်းအတွက် အရှက်ရစရာဖြစ်ခဲ့ရတယ်။ အင်္ဂလန်အသင်းဟာ ပွဲလည်းရှုံး၊ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့လည်း ရင်ဆိုင်ခဲ့ရလို့ “မိအေး နှစ်ခါနာ”ဆိုသလို ဖြစ်ခဲ့ရတာပါ . . .

REF:Daily Mail
Photo:Daily Mail Naing Linn(Akhayar)
Naing Linn(Akhayar)
www.akhayar.com