[Zawgyi]

အိပ္မက္ေတြ နယ္ခ်ဲ႕ထြန္ယက္ပါ

အိပ္မက္ေတြ နယ္ခ်ဲ႕ထြန္ယက္ပါ၊ မန္စီးတီးအသင္းနည္းျပ ဂြါဒီယိုလာဟာ အဂၤလန္ကစားသမားေတြကို ဒီသေဘာအတုိင္း တုိက္တြန္းလုိက္ပါတယ္။ အဂၤလန္ကစားသမားေတြရဲ႕ ေဘာလံုးသမားဘ၀ရွင္သန္ခြင့္ဟာ ေဘာင္က်ဥ္းတယ္မဟုတ္လား။ ဟာရီကိန္း၊ စတာလင္၊ အယ္လီတို႔ဟာ အဂၤလန္ရဲ႕ ေနာက္ဆံုးလင္းလက္ ၾကယ္မ်ား၊ သူတို႔ဟာ ပရီးမီးယားလိဂ္မွာ အေကာင္းဆံုးအစမ္းသပ္ခံႏုိင္ၾကတယ္။ ေဖ်ာ္ေျဖမႈေပးေနတယ္။ ဒီလိုပဲ အတိတ္မွာလည္း အဂၤလန္ရဲ႕ ေက်ာ္ၾကားၾကယ္ပြင့္မ်ားဟာ ျပည္တြင္းမွာသာ သူတုိ႔ရဲ႕ နာမည္ကို ေမႊးျမေစခဲ့ၿပီး အဂၤလန္ျပင္ပမွာ သူတို႔ရဲ႕ ဂုဏ္သိကၡာကို တည္ေဆာက္ႏိုင္တာမ်ဳိးမရွိခဲ့ဘူး။ ဘက္ခမ္၊ အို၀င္ဟားဂေရ႕ဗ္တို႔ဟာ အဂၤလန္ျပင္ပမွာ သူတို႔ပံုရိပ္ကို တည္ေထာင္ႏုိင္ခဲ့ၿပီး သူတို႔ေနာက္ပိုင္း အဂၤလန္ၾကယ္ပြင့္ေတြရဲ႕ ျပည္ပထြက္ခြာခန္း ဘယ္မွာမ်ားလဲ။ စပိန္၊ ဂ်ာမနီ၊ ျပင္သစ္၊ ဘရာဇီးလ္၊ အာဂ်င္တီးနားတို႔က ေဘာလံုးထုတ္ကုန္မ်ားဟာ ကမၻာရဲ႕ေနရာတုိင္းမွာ တန္ဖိုးႀကီးပံုရိပ္ေတြအျဖစ္ ေခတ္အဆက္ဆက္ေနရာယူႏုိင္ခဲ့ပါတယ္။ ဒါေပမဲ့ အဂၤလန္ကစားသမားေတြရဲ႕ ျပည္ပထြက္ခြာကစားျခင္းဟာ အၿမဲလိုလိုကန္႔သတ္မႈေတြၾကားထဲ၊ အဂၤလန္ကစားသမားေတြဟာ ေရအုိင္ထဲက လရိပ္သာသာပဲလား။

ဂြါဒီယိုလာက ႏုိင္ငံတကာၿပိဳင္ပြဲေတြမွာ အဂၤလန္အသင္းပိုၿပီးေအာင္ျမင္ခ်င္တယ္ဆုိရင္ အဂၤလန္ကစားသမားေတြအေနနဲ႔ အိပ္မက္ေတြကို ျပည္ပအထိ နယ္ခ်ဲ႕ထြန္ယက္ပါလို႔ တုိက္တြန္းခဲ့ပါတယ္။ “ စပိန္ကစားသမားေတြကိုပဲ ၾကည့္ေလ၊ ႏုိင္ငံအသင္းကိုျပန္ေရာက္လာၿပီဆိုရင္ ပိုၿပီးေကာင္းမြန္လာၾကတယ္။ ပိုၿပီးသန္မာလာၾကတယ္။ စပိန္ေဘာလံုးေလာကအတြက္ အေကာင္းဆံုးအရာေတြကို သူတို႔ဖန္တီးေပးပါတယ္။ အဂၤလန္အသင္းေရာ ဒီလိုအက်ဳိးေက်းဇူးမ်ဳိး မရႏုိင္ဘူးလား။ တျခားႏုိင္ငံေတြကို ေျပာင္းေရႊ႕တာဟာ အေတြ႕အႀကံဳေကာင္းတစ္ခုလို႔ ကၽြန္ေတာ္ထင္ပါတယ္။ ကုုိယ့္ကုိယ္ကုိယ္ စစ္မွန္တဲ့ကြဲျပားျခားနားမႈကို ျမင္ရပါလိမ့္မယ္” လို႔ ဂြါဒီယိုလာက သူ႕အျမင္ကို ေျပာခဲ့ပါတယ္။

အဂၤလန္ကစားသမားေတြ ဘာလုိ႔ျပည္တြင္းလိဂ္ကြန္ရက္ထဲက ႐ုန္းမထြက္ႏုိင္တာလဲ။ ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး ဂြါဒီယိုလာက သူ႕အျမင္ကို ေျပာျပခဲ့ပါေသးတယ္။ “ ပရီးမီးယားလိဂ္က ခ်မ္းသာၾကြယ္၀တဲ့လိဂ္တစ္ခု၊ ဒီေတာ့ အဂၤလိပ္ကစားသမားေတြအတြက္ ေနဖို႔သင့္ေတာ္တယ္။ လစာေငြမ်ားစြာ ရတာကလည္း သူတို႔အတြက္ ဆြဲေဆာင္မႈလိုျဖစ္ေနတယ္” လို႔ ဂြါဒီယိုလာက ေျပာခဲ့တာပါပဲ။ ဂြါဒီယိုလာက အဂၤလန္ျပည္တြင္းလူငယ္ေတြေနရာပိုရေစခ်င္တယ္ဆုိရင္ ယူ-၂၃ ကစားသမားေတြအတြက္ ပရီးမီးယားလိဂ္ ၂ ၿပိဳင္ပြဲဆုိၿပီး သီးသန္႔က်င္းပေပးသင့္တယ္လို႔ အႀကံေပးခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ အဂၤလန္လူငယ္ကစားသမားေတြျဖစ္တဲ့ လြတ္ခ္မန္း၊ ေအာက္စ္ဖို႔ဒ္၊ ဆန္ခ်ဳိတို႔ဟာ လုိက္ပ္ဇစ္၊ မိုခ်န္ဂလာဘတ္နဲ႔ ေဒါ့မြန္အသင္းေတြမွာ သြားေရာက္ကစားေနပါတယ္။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အိပ်မက်တွေ နယ်ချဲ့ထွန်ယက်ပါ

အိပ်မက်တွေ နယ်ချဲ့ထွန်ယက်ပါ၊ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာဟာ အင်္ဂလန်ကစားသမားတွေကို ဒီသဘောအတိုင်း တိုက်တွန်းလိုက်ပါတယ်။ အင်္ဂလန်ကစားသမားတွေရဲ့ ဘောလုံးသမားဘဝရှင်သန်ခွင့်ဟာ ဘောင်ကျဉ်းတယ်မဟုတ်လား။ ဟာရီကိန်း၊ စတာလင်၊ အယ်လီတို့ဟာ အင်္ဂလန်ရဲ့ နောက်ဆုံးလင်းလက် ကြယ်များ၊ သူတို့ဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးအစမ်းသပ်ခံနိုင်ကြတယ်။ ဖျော်ဖြေမှုပေးနေတယ်။ ဒီလိုပဲ အတိတ်မှာလည်း အင်္ဂလန်ရဲ့ ကျော်ကြားကြယ်ပွင့်များဟာ ပြည်တွင်းမှာသာ သူတို့ရဲ့ နာမည်ကို မွှေးမြစေခဲ့ပြီး အင်္ဂလန်ပြင်ပမှာ သူတို့ရဲ့ ဂုဏ်သိက္ခာကို တည်ဆောက်နိုင်တာမျိုးမရှိခဲ့ဘူး။ ဘက်ခမ်၊ အိုဝင်ဟားဂရေ့ဗ်တို့ဟာ အင်္ဂလန်ပြင်ပမှာ သူတို့ပုံရိပ်ကို တည်ထောင်နိုင်ခဲ့ပြီး သူတို့နောက်ပိုင်း အင်္ဂလန်ကြယ်ပွင့်တွေရဲ့ ပြည်ပထွက်ခွာခန်း ဘယ်မှာများလဲ။ စပိန်၊ ဂျာမနီ၊ ပြင်သစ်၊ ဘရာဇီးလ်၊ အာဂျင်တီးနားတို့က ဘောလုံးထုတ်ကုန်များဟာ ကမ္ဘာရဲ့နေရာတိုင်းမှာ တန်ဖိုးကြီးပုံရိပ်တွေအဖြစ် ခေတ်အဆက်ဆက်နေရာယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အင်္ဂလန်ကစားသမားတွေရဲ့ ပြည်ပထွက်ခွာကစားခြင်းဟာ အမြဲလိုလိုကန့်သတ်မှုတွေကြားထဲ၊ အင်္ဂလန်ကစားသမားတွေဟာ ရေအိုင်ထဲက လရိပ်သာသာပဲလား။

ဂွါဒီယိုလာက နိုင်ငံတကာပြိုင်ပွဲတွေမှာ အင်္ဂလန်အသင်းပိုပြီးအောင်မြင်ချင်တယ်ဆိုရင် အင်္ဂလန်ကစားသမားတွေအနေနဲ့ အိပ်မက်တွေကို ပြည်ပအထိ နယ်ချဲ့ထွန်ယက်ပါလို့ တိုက်တွန်းခဲ့ပါတယ်။ “ စပိန်ကစားသမားတွေကိုပဲ ကြည့်လေ၊ နိုင်ငံအသင်းကိုပြန်ရောက်လာပြီဆိုရင် ပိုပြီးကောင်းမွန်လာကြတယ်။ ပိုပြီးသန်မာလာကြတယ်။ စပိန်ဘောလုံးလောကအတွက် အကောင်းဆုံးအရာတွေကို သူတို့ဖန်တီးပေးပါတယ်။ အင်္ဂလန်အသင်းရော ဒီလိုအကျိုးကျေးဇူးမျိုး မရနိုင်ဘူးလား။ တခြားနိုင်ငံတွေကို ပြောင်းရွှေ့တာဟာ အတွေ့အကြုံကောင်းတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ကိုုယ့်ကိုယ်ကိုယ် စစ်မှန်တဲ့ကွဲပြားခြားနားမှုကို မြင်ရပါလိမ့်မယ်” လို့ ဂွါဒီယိုလာက သူ့အမြင်ကို ပြောခဲ့ပါတယ်။

အင်္ဂလန်ကစားသမားတွေ ဘာလို့ပြည်တွင်းလိဂ်ကွန်ရက်ထဲက ရုန်းမထွက်နိုင်တာလဲ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဂွါဒီယိုလာက သူ့အမြင်ကို ပြောပြခဲ့ပါသေးတယ်။ “ ပရီးမီးယားလိဂ်က ချမ်းသာကြွယ်ဝတဲ့လိဂ်တစ်ခု၊ ဒီတော့ အင်္ဂလိပ်ကစားသမားတွေအတွက် နေဖို့သင့်တော်တယ်။ လစာငွေများစွာ ရတာကလည်း သူတို့အတွက် ဆွဲဆောင်မှုလိုဖြစ်နေတယ်” လို့ ဂွါဒီယိုလာက ပြောခဲ့တာပါပဲ။ ဂွါဒီယိုလာက အင်္ဂလန်ပြည်တွင်းလူငယ်တွေနေရာပိုရစေချင်တယ်ဆိုရင် ယူ-၂၃ ကစားသမားတွေအတွက် ပရီးမီးယားလိဂ် ၂ ပြိုင်ပွဲဆိုပြီး သီးသန့်ကျင်းပပေးသင့်တယ်လို့ အကြံပေးခဲ့ပါတယ်။ လက်ရှိအချိန်မှာ အင်္ဂလန်လူငယ်ကစားသမားတွေဖြစ်တဲ့ လွတ်ခ်မန်း၊ အောက်စ်ဖို့ဒ်၊ ဆန်ချိုတို့ဟာ လိုက်ပ်ဇစ်၊ မိုချန်ဂလာဘတ်နဲ့ ဒေါ့မွန်အသင်းတွေမှာ သွားရောက်ကစားနေပါတယ်။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။