This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ပယ္နယ္တီ ၾကမၼာဆုိးကုိ ေခ်ဖ်က္ဖုိ႔ႀကိဳးပမ္းရမယ့္ အဂၤလန္အသင္း

၂၀၁၈ ကမၻာ႔ဖလားမတိုင္ခင္ ဗုိလ္စဲြဖုိ႔ေရပန္းစားတဲ့ထိပ္ဆုံးအသင္းစာရငး္မွာ ပါ၀င္ျခင္းမရွိခဲ့တဲ့ အဂၤလန္အသင္းဟာ အခုဆုိရင္ ႐ႈံးထြက္(၁၆)သင္းအဆင့္ကုိ တက္ေရာက္ေနၿပီျဖစ္ၿပီး ေတာင္အေမရိက အင္အားႀကီးအသင္းတစ္သင္းျဖစ္တဲ့ ကုိလံဘီယာနဲ႔ ရင္ဆုိင္ရမွာပါ။ ၿပိဳင္ပဲြႀကီးတစ္ခု မစတင္ခင္ ဗုိလ္စဲြဖုိ႔ အၿမဲလုိလုိေရပန္းစားတတ္ေပမယ့္ ေမွ်ာ္လင့္သေလာက္ျဖစ္မလာခဲ့တဲ့ အဂၤလန္အသင္း ဒီတစ္ႀကိမ္ကမၻာ႔ဖလားမွာ Low Profile အျဖစ္ ယွဥ္ၿပိဳင္ခဲ့ရတာျဖစ္ပါတယ္။ နာမည္ႀကီးကစားသမားေတြ မ်ားမ်ားစားစားမပါဘဲ လူငယ္ကစားသမားေတြနဲ႔ စုဖဲြ႕ထားတဲ့ အဂၤလန္အသင္း ၁၉၆၆ ကမၻာ႔ဖလားေနာက္ပုိင္း ဒုတိယအႀကိမ္ေျမာက္ ကမၻာ႔ဖလားဗုိလ္လုပဲြကုိ တက္ေရာက္ႏုိင္မလားဆုိတာ စိတ္၀င္စားစရာပါပဲ။

Englands-woes-in-penalty-shootouts-continued-

Englands-woes-in-penalty-shootouts-continued-

အဂၤလန္အသင္းအေနနဲ႔ (၅၂)ႏွစ္ၾကာေ၀းကြာေနတဲ့ ကမၻာ႔ဖလားခ်န္ပီယံဆု ဆြတ္ခူးဖုိ႔အတြက္ စိန္ေခၚမႈေတြကုိ ရင္ဆုိင္ရမွာျဖစ္သလုိ သူတို႔အသင္းကုိ ေျခာက္လွန္႔ေနတဲ့ ပယ္နယ္တီ ၾကမၼာဆုိးကုိ ေခ်ဖ်က္ဖုိ႔ ႀကိဳးစားရပါဦးမယ္။ အဂၤလန္အသင္းဟာ ပယ္နယ္တီနဲ႔ အက်ိဳးမေပးတဲ့အသင္းလုိ႔ေတာင္ ဆုိရမွာပါ။ အဓိက ႏုိင္ငံတကာၿပိဳင္ပဲြ ေနာက္ဆုံး(၁၂)ႀကိမ္မွာ အဂၤလန္အသင္း ပယ္နယ္တီအဆုံးအျဖတ္ခံခဲ့ရတဲ့ပဲြက (၆)ပဲြရွိခဲ့ၿပီး တစ္ႀကိမ္သာ အႏုိင္ရခဲ့ဖူးတယ္။ လက္ရွိအဂၤလန္အသငး္နည္းျပေဆာက္ဂိတ္ Southgate ကုိယ္တိုင္ ကစားသမားဘ၀မွာ အဲဒီ ၾကမၼာဆုိးနဲ႔ ရင္ဆုိင္ခဲ့ရဖူးၿပီး ယူ႐ုိ-၁၉၉၆ ဆီမီးဖုိင္နယ္တုန္းက သူ႔ရဲ႕ပယ္နယ္တီလဲြေခ်ာ္မႈေၾကာင့္ ဂ်ာမနီကုိ ႐ႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ အခု ေဆာက္ဂိတ္က ပယ္နယ္တီၾကမၼာဆုိးကုိ ေရွာင္လႊဲႏုိင္ဖုိ႔အတြက္ Selection (၅)ဦးကုိ ေရြးခ်ယ္ၿပီးသြားပါၿပီ။ ဒီညကစားမယ့္ ကုိလံဘီယာနဲ႔ပဲြမွာ ပယ္နယ္တီအဆုံးအျဖတ္ ခံယူရမယ္ဆုိရင္ အရင္ဆုံးကန္မယ့္ Hero (၅)ဦးက ဟာရီကိန္း Harry Kane ၊ ဟန္ဒါဆင္ Henderson ၊ အက္ရွ္ေလယန္း Ashley Young ၊ လင္ဂတ္ Lingard ၊ ထရစ္ပီယာ Trippier တို႔ျဖစ္ၿပီး အက္ရွ္ေလယန္းဟာ ယူ႐ုိ-၂၀၁၂ ၿပိဳင္ပဲြတုန္းက ပယ္နယ္တီ လဲြေခ်ာ္ခဲ့သူျဖစ္ပါတယ္။ အဂၤလန္အသင္းအေနနဲ႔ သူတို႔ရဲ႕ပယ္နယ္တီ က်ိန္စာဆုိးကို ခ်ိဳးျဖတ္ႏုိင္မလားဆုိတာကေတာ့ ရင္ခုန္စြာနဲ႔ ေစာင့္ၾကည့္ရေတာ့မွာပါ။

Ashley-Young-blasts-his-spot-kick-against-the-cross-bar

Ashley-Young-blasts-his-spot-kick-against-the-cross-bar

အဂၤလန္အသင္းရဲ႕ ပယ္နယ္တီၾကမၼာဆုိးမွတ္တမ္း

၁၉၉၀ ကမၻာ႔ဖလား
အဂၤလန္အသင္းရဲ႕ ပယ္နယ္တီ က်ိန္စာဆုိးစတင္ခဲ့တာက ၁၉၉၀ ကမၻာ႔ဖလား ဆီမီးဖုိင္နယ္မွာပါ။ အေနာက္ဂ်ာမနီနဲ႔ ဆုံေတြ႕ခဲ့တာျဖစ္ၿပီး စတူး၀ပ္ပီယာ့စ္ Stuart Pearce နဲ႔ ခရစၥ၀ါဒယ္လ္ Chris Waddle တို႔ လဲြေခ်ာ္ခဲ့တာျဖစ္ပါတယ္။

ယူ႐ုိ-၁၉၉၆
ယူ႐ုိ-၁၉၉၆ ကြာတားဖုိင္နယ္မွာ စပိန္အသင္းကုိ ပယ္နယ္တီအဆုံးအျဖတ္နဲ႔ အႏုိင္ရခဲ့တာေၾကာင့္ အဂၤလန္အသင္းရဲ႕ ပယ္နယ္တီ ၾကမၼာဆုိးက အဆုံးသတ္သြားၿပီလုိ႔ ထင္ခဲ့ၾကတယ္။ ဒါေပမဲ့ ဆီမီးဖုိင္နယ္မွာ အဂၤလန္အတြက္ ကံၾကမၼာဆုိးေတြ စတင္ခဲ့တဲ့ ဂ်ာမနီအသင္းကပဲ အသည္းထပ္ခဲြခဲ့ၿပီး ဒီတစ္ခါ သားေကာင္ျဖစ္ခဲ့ရတာက အခုလက္ရွိနည္းျပေဆာက္ဂိတ္ပါ။

၁၉၉၈ ကမၻာ႔ဖလား
အဂၤလန္အသင္းဟာ ၁၉၉၈ ကမၻာ႔ဖလား ႐ႈံးထြက္(၁၆)သင္းအဆင့္မွာ အာဂ်င္တီးနားအသင္းနဲ႔ ဆုံေတြ႕ခဲ့ၿပီး ပယ္နယ္တီအဆုံးအျဖတ္ခံယူခဲ့တာမွာေတာ့ ေပါလ္အင့္စ္ Paul Ince နဲ႔ ေဒးဗစ္ဘက္တီ David Betty တို႔ လဲြေခ်ာ္ခဲ့တယ္။

ယူ႐ုိ-၂၀၀၄
အဂ္လန္အသင္းဟာ ယူ႐ုိ-၂၀၀၄ ကြာတားဖုိင္နယ္မွာ အိမ္ရွင္ေပၚတူဂီနဲ႔ဆုံေတြ႕ခဲ့ၿပီး ပယ္နယ္တီအဆုံးအျဖတ္ခံယူခဲ့ရပါတယ္။ အဂၤလန္အသင္းဘက္က ဘက္ခမ္ Beckham ၊ ဗက္ဆဲလ္ Vassell တို႔ လဲြေခ်ာ္ခဲ့လုိ႔ ကြာတားဖုိင္နယ္က လွည့္ျပန္ခဲ့ရတယ္။

၂၀၀၆ ကမၻာ႔ဖလား
အဂၤလန္အသင္းရဲ႕ ပယ္နယ္တီၾကမၼာဆုိးေတြကုိ ထပ္ၿပီး ေဆာင္ၾကဥ္းေပးခဲ့တာက ေပၚတူဂီပါပဲ။ ၂၀၀၆ ကမၻာ႔ဖလား ကြာတားဖုိင္နယ္မွာ ေပၚတူဂီကုိ ပယ္နယ္တီနဲ႔ ထပ္မံ႐ႈံးနိမ့္ခဲ့ၿပီး ဒီတစ္ခါကေတာ့ လမ္းပတ္ Lampard ၊ ဂ်ရတ္ Gerrard ၊ ကာေရဂါ Carragher တို႔ ပယ္နယ္တီလဲြေခ်ာ္ခဲ့ၾကတယ္။

ယူ႐ုိ-၂၀၁၂
အဂၤလန္အသင္းဟာ ယူ႐ုိ-၂၀၁၂ ၿပိဳင္ပဲြကြာတားဖုိင္နယ္မွာ အီတလီအသင္းနဲ႔ဆုံေတြ႕ခဲ့ၿပီး ဒီတစ္ခါလည္း ပယ္နယ္တီနဲ႔ပဲ ႐ႈံးနိမ့္ခဲ့သလုိ အက္ရွ္ေလယန္း Ashley Young ၊ အက္ရွ္ေလကုိးလ္ Ashley Cole တို႔ လဲြေခာ်္ခဲ့တယ္။

REF:Daily Mail,Daily Star
Photo:Twitter,ESPN,
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပယ်နယ်တီ ကြမ္မာဆိုးကို ချေဖျက်ဖို့ကြိုးပမ်းရမယ့် အင်္ဂလန်အသင်း

၂၀၁၈ ကမ္ဘာ့ဖလားမတိုင်ခင် ဗိုလ်စွဲဖို့ရေပန်းစားတဲ့ထိပ်ဆုံးအသင်းစာရင်းမှာ ပါဝင်ခြင်းမရှိခဲ့တဲ့ အင်္ဂလန်အသင်းဟာ အခုဆိုရင် ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်နေပြီဖြစ်ပြီး တောင်အမေရိက အင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ ကိုလံဘီယာနဲ့ ရင်ဆိုင်ရမှာပါ။ ပြိုင်ပွဲကြီးတစ်ခု မစတင်ခင် ဗိုလ်စွဲဖို့ အမြဲလိုလိုရေပန်းစားတတ်ပေမယ့် မျှော်လင့်သလောက်ဖြစ်မလာခဲ့တဲ့ အင်္ဂလန်အသင်း ဒီတစ်ကြိမ်ကမ္ဘာ့ဖလားမှာ Low Profile အဖြစ် ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ နာမည်ကြီးကစားသမားတွေ များများစားစားမပါဘဲ လူငယ်ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ အင်္ဂလန်အသင်း ၁၉၆၆ ကမ္ဘာ့ဖလားနောက်ပိုင်း ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

Englands-woes-in-penalty-shootouts-continued-

Englands-woes-in-penalty-shootouts-continued-

အင်္ဂလန်အသင်းအနေနဲ့ (၅၂)နှစ်ကြာဝေးကွာနေတဲ့ ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူးဖို့အတွက် စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာဖြစ်သလို သူတို့အသင်းကို ခြောက်လှန့်နေတဲ့ ပယ်နယ်တီ ကြမ္မာဆိုးကို ချေဖျက်ဖို့ ကြိုးစားရပါဦးမယ်။ အင်္ဂလန်အသင်းဟာ ပယ်နယ်တီနဲ့ အကျိုးမပေးတဲ့အသင်းလို့တောင် ဆိုရမှာပါ။ အဓိက နိုင်ငံတကာပြိုင်ပွဲ နောက်ဆုံး(၁၂)ကြိမ်မှာ အင်္ဂလန်အသင်း ပယ်နယ်တီအဆုံးအဖြတ်ခံခဲ့ရတဲ့ပွဲက (၆)ပွဲရှိခဲ့ပြီး တစ်ကြိမ်သာ အနိုင်ရခဲ့ဖူးတယ်။ လက်ရှိအင်္ဂလန်အသင်းနည်းပြဆောက်ဂိတ် Southgate ကိုယ်တိုင် ကစားသမားဘဝမှာ အဲဒီ ကြမ္မာဆိုးနဲ့ ရင်ဆိုင်ခဲ့ရဖူးပြီး ယူရို-၁၉၉၆ ဆီမီးဖိုင်နယ်တုန်းက သူ့ရဲ့ပယ်နယ်တီလွဲချော်မှုကြောင့် ဂျာမနီကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ အခု ဆောက်ဂိတ်က ပယ်နယ်တီကြမ္မာဆိုးကို ရှောင်လွှဲနိုင်ဖို့အတွက် Selection (၅)ဦးကို ရွေးချယ်ပြီးသွားပါပြီ။ ဒီညကစားမယ့် ကိုလံဘီယာနဲ့ပွဲမှာ ပယ်နယ်တီအဆုံးအဖြတ် ခံယူရမယ်ဆိုရင် အရင်ဆုံးကန်မယ့် Hero (၅)ဦးက ဟာရီကိန်း Harry Kane ၊ ဟန်ဒါဆင် Henderson ၊ အက်ရှ်လေယန်း Ashley Young ၊ လင်ဂတ် Lingard ၊ ထရစ်ပီယာ Trippier တို့ဖြစ်ပြီး အက်ရှ်လေယန်းဟာ ယူရို-၂၀၁၂ ပြိုင်ပွဲတုန်းက ပယ်နယ်တီ လွဲချော်ခဲ့သူဖြစ်ပါတယ်။ အင်္ဂလန်အသင်းအနေနဲ့ သူတို့ရဲ့ပယ်နယ်တီ ကျိန်စာဆိုးကို ချိုးဖြတ်နိုင်မလားဆိုတာကတော့ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရတော့မှာပါ။

Ashley-Young-blasts-his-spot-kick-against-the-cross-bar

Ashley-Young-blasts-his-spot-kick-against-the-cross-bar

အင်္ဂလန်အသင်းရဲ့ ပယ်နယ်တီကြမ္မာဆိုးမှတ်တမ်း

၁၉၉၀ ကမ္ဘာ့ဖလား
အင်္ဂလန်အသင်းရဲ့ ပယ်နယ်တီ ကျိန်စာဆိုးစတင်ခဲ့တာက ၁၉၉၀ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာပါ။ အနောက်ဂျာမနီနဲ့ ဆုံတွေ့ခဲ့တာဖြစ်ပြီး စတူးဝပ်ပီယာ့စ် Stuart Pearce နဲ့ ခရစ္စဝါဒယ်လ် Chris Waddle တို့ လွဲချော်ခဲ့တာဖြစ်ပါတယ်။

ယူရို-၁၉၉၆
ယူရို-၁၉၉၆ ကွာတားဖိုင်နယ်မှာ စပိန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တာကြောင့် အင်္ဂလန်အသင်းရဲ့ ပယ်နယ်တီ ကြမ္မာဆိုးက အဆုံးသတ်သွားပြီလို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ ဆီမီးဖိုင်နယ်မှာ အင်္ဂလန်အတွက် ကံကြမ္မာဆိုးတွေ စတင်ခဲ့တဲ့ ဂျာမနီအသင်းကပဲ အသည်းထပ်ခွဲခဲ့ပြီး ဒီတစ်ခါ သားကောင်ဖြစ်ခဲ့ရတာက အခုလက်ရှိနည်းပြဆောက်ဂိတ်ပါ။

၁၉၉၈ ကမ္ဘာ့ဖလား
အင်္ဂလန်အသင်းဟာ ၁၉၉၈ ကမ္ဘာ့ဖလား ရှုံးထွက်(၁၆)သင်းအဆင့်မှာ အာဂျင်တီးနားအသင်းနဲ့ ဆုံတွေ့ခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့တာမှာတော့ ပေါလ်အင့်စ် Paul Ince နဲ့ ဒေးဗစ်ဘက်တီ David Betty တို့ လွဲချော်ခဲ့တယ်။

ယူရို-၂၀၀၄
အဂ်လန်အသင်းဟာ ယူရို-၂၀၀၄ ကွာတားဖိုင်နယ်မှာ အိမ်ရှင်ပေါ်တူဂီနဲ့ဆုံတွေ့ခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။ အင်္ဂလန်အသင်းဘက်က ဘက်ခမ် Beckham ၊ ဗက်ဆဲလ် Vassell တို့ လွဲချော်ခဲ့လို့ ကွာတားဖိုင်နယ်က လှည့်ပြန်ခဲ့ရတယ်။

၂၀၀၆ ကမ္ဘာ့ဖလား
အင်္ဂလန်အသင်းရဲ့ ပယ်နယ်တီကြမ္မာဆိုးတွေကို ထပ်ပြီး ဆောင်ကြဉ်းပေးခဲ့တာက ပေါ်တူဂီပါပဲ။ ၂၀၀၆ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ ပေါ်တူဂီကို ပယ်နယ်တီနဲ့ ထပ်မံရှုံးနိမ့်ခဲ့ပြီး ဒီတစ်ခါကတော့ လမ်းပတ် Lampard ၊ ဂျရတ် Gerrard ၊ ကာရေဂါ Carragher တို့ ပယ်နယ်တီလွဲချော်ခဲ့ကြတယ်။

ယူရို-၂၀၁၂
အင်္ဂလန်အသင်းဟာ ယူရို-၂၀၁၂ ပြိုင်ပွဲကွာတားဖိုင်နယ်မှာ အီတလီအသင်းနဲ့ဆုံတွေ့ခဲ့ပြီး ဒီတစ်ခါလည်း ပယ်နယ်တီနဲ့ပဲ ရှုံးနိမ့်ခဲ့သလို အက်ရှ်လေယန်း Ashley Young ၊ အက်ရှ်လေကိုးလ် Ashley Cole တို့ လွဲခောျ်ခဲ့တယ်။

REF:Daily Mail,Daily Star
Photo:Twitter,ESPN,
Naing Linn(Akhayar)
www.akhayar.com