[Zawgyi]

၂၀၁၈ ကမၻာ႔ဖလားမွာ အဂၤလန္အသင္း ဗုိလ္စဲြႏုိင္ေျခက ၄ ရာခုိင္ႏႈန္းသာ ရွိပါတယ္

စစ္တမ္းေတြအရ နာမည္ႀကီး အဂၤလန္အသင္းဟာ လာမယ့္ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ခ်န္ပီယံဆုရႏုိင္ေျခက ၄ ရာခုိင္ႏႈန္းသာရွိၿပီး ပီ႐ူးအသငး္ထက္ေတာင္ နည္းပါးေနပါတယ္။ ဒီစစ္တမ္းကုိ အားကစားနဲ႔ပတ္သက္ၿပီး စာရင္းျပဳစုတဲ့ Gracenote အဖြဲ႕က စစ္တမ္းေကာက္ခံခဲ့တာျဖစ္ၿပီး ဖီဖာကမၻာ႔အဆင့္ ရပ္တည္မႈမွာ အဂၤလန္ထက္ (၂)ဆင့္အသာ အဆင့္(၁၁)ေနရာမွာရပ္တည္ေနတဲ့ ပီ႐ူးအသင္းက ကမၻာ႔ဖလားခ်န္ပီယံဆု ရဖုိ႔ ျဖစ္ႏုိင္ေျခက ၅ ရာခုိင္ႏႈန္းရွိခဲ့တာေၾကာင့္ အဂၤလန္အသင္းထက္ အသာရေနတာျဖစ္ပါတယ္။

England-have-4-chance-of-winning-in-Russia

England-have-4-chance-of-winning-in-Russia

Gracenote အဖြဲ႕ဟာ ကမၻာ႔ဖလားၿပိဳင္ပဲြ၀င္ (၃၂)သင္းရဲ႕ ကမၻာ႔အဆင့္သတ္မွတ္ခ်က္အလုိက္ သက္ဆုိင္ရာ အသင္းေတြရဲ႕ အုပ္စုတြင္း ႏုိင္ပဲြ၊ သေရ၊ ႐ႈံးပဲြျဖစ္ႏုိင္ေျခေတြအျပင္ ႐ႈံးထြက္(၁၆)သင္း၊ ကြာတားဖုိင္နယ္၊ ဆီမီးဖုိင္နယ္၊ ဖုိင္နယ္စတဲ့ လမ္းေၾကာင္းေတြ အားလုံးကုိ တြက္ခ်က္ၿပီးမွ ခ်န္ပီယံျဖစ္ႏုိင္ေျခ အမ်ားဆုံးကုိ ခန္႔မွန္းခဲ့တာပါ။ Gracenote အဖြဲ႕ရဲ႕ ခန္႔မွန္းခ်က္အရ အဂၤလန္အသငး္ဟာ အုပ္စုတက္ခဲ့ရင္ ရႈံးထြက္(၁၆) သင္းအဆင့္မွာ အုပ္စု(H)က ပိုလန္၊ ဆီနီေဂါ၊ ကုိလံဘီယာ၊ ဂ်ပန္ တစ္သင္းသင္းနဲ႔ ဆုံေတြ႕မွာျဖစ္ၿပီး ကြာတားဖုိင္နယ္ တက္ဖုိ႔ ၄၁ ရာခုိင္ႏႈန္းရွိပါတယ္။ ကြာတားဖုိင္နယ္ေရာက္ရင္ ဂ်ာမနီ ဒါမွမဟုတ္ ဘရာဇီးလ္ တစ္သင္းသင္းနဲ႔ ဆုံေတြ႕ရဖုိ႔ရွိတာေၾကာင့္ အဂၤလန္အသငး္ရဲ႕ ဆီမီးဖုိင္နယ္ေရာက္ႏုိင္ေျခက ၁၈ % သာရွိေနၿပီး ဗုိလ္လုပဲြေရာက္ဖုိ႔က ၉ ရာခုိင္ႏႈန္းပဲရွိတယ္။

Gracenote အဖြဲ႕က ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ခ်န္ပီယံသစ္ ထြက္ေပၚလာႏုိင္ေျခက ၄၇ ရာခုိင္ႏႈန္းရွိတယ္လုိ႔ ခန္႔မွန္းခဲ့တယ္။ ကမၻာ႔ဖလားၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ ခ်န္ပီယံ(၈)သင္းျဖစ္ခဲ့ၿပီး ဘရာဇီးလ္၊ အီတလီ၊ ဂ်ာမနီ၊ ဥ႐ုေဂြး၊ အာဂ်င္တီးနား၊ အဂၤလန္၊ ျပင္သစ္၊ စပိန္ တို႔ရွိခဲ့တာေၾကာင့္ ဒီအသင္းေတြကုိ ေက်ာ္ျဖတ္ၿပီး ခ်န္ပီယံသစ္အသင္း ထြက္ေပၚလာမလားဆိုတာ စိတ္၀င္စားစရာပါပဲ။ ဒါေပမဲ့ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ဗုိလ္စြဲဖုိ႔ ေရပန္းအစားဆုံးက ဘရာဇီးလ္အသင္းျဖစ္ၿပီး ျဖစ္ႏုိင္ေျခက ၂၁% အထိရွိေနတာပါ။

Chances-of-Winning-2018-FIFA-World-Cup

Chances-of-Winning-2018-FIFA-World-Cup

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြအတြက္ Gracenote အဖြဲ႕ရဲ႕ ခန္႔မွန္းခ်က္မ်ား

– ႐ႈံးထြက္(၁၆)သင္းအဆင့္မွာ လက္တင္အေမရိကနဲ႔ ဥေရာပ အသင္းေတြသာ အမ်ားဆုံးလႊမ္းမုိးထားဖုိ႔ ရွိေနၿပီး (၁၆)ေနရာထဲက (၁၀)ေနရာကုိ ေတာင္အေမရိက(၅)သင္း၊ ကြန္ကာကပ္ဖ္က (၁)သင္း၊ ဥေရာပက (၄)သင္းတက္ေရာက္ဖုိ႔ရွိေနတယ္။
– အုပ္စု(H)မွာ ပါ၀င္ေနတဲ့ ဆီနီေဂါအသင္းဟာ အုပ္စုအဆင့္ကုိ ေက်ာ္ျဖတ္ႏုိင္ဖုိ႔က ၄၅ ရာခုိင္ႏႈန္း ရွိပါတယ္။
– ၁၉၈၂ ခုႏွစ္ေနာက္ပုိင္း ပထမဆုံးအႀကိမ္ ေျခစစ္ပဲြေအာင္ျမင္ခဲ့တဲ့ ပီ႐ူးအသင္းဟာ ဆီမီးဖုိင္နယ္တက္ဖုိ႔ ျဖစ္ႏုိင္ေျခက အ့ံအားသင့္စရာေကာင္းေလာက္ေအာင္ ၂၂ ရာခုိင္ႏႈန္းအထိရွိေနတယ္။
– ကိုလံဘီယာအသင္းရဲ႕ ဆီမီးဖုိင္နယ္ေရာက္ႏုိင္ေျခက ၂၁ ရာခုိင္ႏႈန္းရွိပါတယ္။

Chances-of-Reaching-Knock-Out-Rounds

Chances-of-Reaching-Knock-Out-Rounds

အုပ္စုအလုိက္ ႐ႈံးထြက္(၁၆)သင္းအဆင့္ကုိ တက္ေရာက္ႏုိင္ေျခ ခန္႔မွန္းမႈ

Group A: Uruguay 77%, Russia 60%, Egypt 36%, Saudi Arabia 27%

Group B: Spain 76%, Portugal 58%, Iran 35%, Morocco 30%

Group C: France 69%, Peru 68%, Denmark 35%, Australia 27%

Group D: Argentina 82%, Croatia 57%, Iceland 35%, Nigeria 27%

Group E: Brazil 90%, Switzerland 51%, Serbia 31%, Costa Rica 28%

Group F: Germany 79%, Mexico 60%, Sweden 34%, South Korea 27%

Group G: England 71%, Belgium 71%, Tunisia 32%, Panama 26%

Group H: Colombia 77%, Poland 50%, Senegal 45%, Japan 29%

REF:BBC.co.uk
Photo:BBC,Gracenote,The Independent,Skysports
Naing Linn(Akhayar)
www.akhayar.com

[Unicode]

၂၀၁၈ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်း ဗိုလ်စွဲနိုင်ခြေက ၄ ရာခိုင်နှုန်းသာ ရှိပါတယ်

စစ်တမ်းတွေအရ နာမည်ကြီး အင်္ဂလန်အသင်းဟာ လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရနိုင်ခြေက ၄ ရာခိုင်နှုန်းသာရှိပြီး ပီရူးအသင်းထက်တောင် နည်းပါးနေပါတယ်။ ဒီစစ်တမ်းကို အားကစားနဲ့ပတ်သက်ပြီး စာရင်းပြုစုတဲ့ Gracenote အဖွဲ့က စစ်တမ်းကောက်ခံခဲ့တာဖြစ်ပြီး ဖီဖာကမ္ဘာ့အဆင့် ရပ်တည်မှုမှာ အင်္ဂလန်ထက် (၂)ဆင့်အသာ အဆင့်(၁၁)နေရာမှာရပ်တည်နေတဲ့ ပီရူးအသင်းက ကမ္ဘာ့ဖလားချန်ပီယံဆု ရဖို့ ဖြစ်နိုင်ခြေက ၅ ရာခိုင်နှုန်းရှိခဲ့တာကြောင့် အင်္ဂလန်အသင်းထက် အသာရနေတာဖြစ်ပါတယ်။

England-have-4-chance-of-winning-in-Russia

England-have-4-chance-of-winning-in-Russia

Gracenote အဖွဲ့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် (၃၂)သင်းရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်အလိုက် သက်ဆိုင်ရာ အသင်းတွေရဲ့ အုပ်စုတွင်း နိုင်ပွဲ၊ သရေ၊ ရှုံးပွဲဖြစ်နိုင်ခြေတွေအပြင် ရှုံးထွက်(၁၆)သင်း၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်၊ ဖိုင်နယ်စတဲ့ လမ်းကြောင်းတွေ အားလုံးကို တွက်ချက်ပြီးမှ ချန်ပီယံဖြစ်နိုင်ခြေ အများဆုံးကို ခန့်မှန်းခဲ့တာပါ။ Gracenote အဖွဲ့ရဲ့ ခန့်မှန်းချက်အရ အင်္ဂလန်အသင်းဟာ အုပ်စုတက်ခဲ့ရင် ရှုံးထွက်(၁၆) သင်းအဆင့်မှာ အုပ်စု(H)က ပိုလန်၊ ဆီနီဂေါ၊ ကိုလံဘီယာ၊ ဂျပန် တစ်သင်းသင်းနဲ့ ဆုံတွေ့မှာဖြစ်ပြီး ကွာတားဖိုင်နယ် တက်ဖို့ ၄၁ ရာခိုင်နှုန်းရှိပါတယ်။ ကွာတားဖိုင်နယ်ရောက်ရင် ဂျာမနီ ဒါမှမဟုတ် ဘရာဇီးလ် တစ်သင်းသင်းနဲ့ ဆုံတွေ့ရဖို့ရှိတာကြောင့် အင်္ဂလန်အသင်းရဲ့ ဆီမီးဖိုင်နယ်ရောက်နိုင်ခြေက ၁၈ % သာရှိနေပြီး ဗိုလ်လုပွဲရောက်ဖို့က ၉ ရာခိုင်နှုန်းပဲရှိတယ်။

Gracenote အဖွဲ့က ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံသစ် ထွက်ပေါ်လာနိုင်ခြေက ၄၇ ရာခိုင်နှုန်းရှိတယ်လို့ ခန့်မှန်းခဲ့တယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ချန်ပီယံ(၈)သင်းဖြစ်ခဲ့ပြီး ဘရာဇီးလ်၊ အီတလီ၊ ဂျာမနီ၊ ဥရုဂွေး၊ အာဂျင်တီးနား၊ အင်္ဂလန်၊ ပြင်သစ်၊ စပိန် တို့ရှိခဲ့တာကြောင့် ဒီအသင်းတွေကို ကျော်ဖြတ်ပြီး ချန်ပီယံသစ်အသင်း ထွက်ပေါ်လာမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဒါပေမဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးက ဘရာဇီးလ်အသင်းဖြစ်ပြီး ဖြစ်နိုင်ခြေက ၂၁% အထိရှိနေတာပါ။

Chances-of-Winning-2018-FIFA-World-Cup

Chances-of-Winning-2018-FIFA-World-Cup

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် Gracenote အဖွဲ့ရဲ့ ခန့်မှန်းချက်များ

– ရှုံးထွက်(၁၆)သင်းအဆင့်မှာ လက်တင်အမေရိကနဲ့ ဥရောပ အသင်းတွေသာ အများဆုံးလွှမ်းမိုးထားဖို့ ရှိနေပြီး (၁၆)နေရာထဲက (၁၀)နေရာကို တောင်အမေရိက(၅)သင်း၊ ကွန်ကာကပ်ဖ်က (၁)သင်း၊ ဥရောပက (၄)သင်းတက်ရောက်ဖို့ရှိနေတယ်။
– အုပ်စု(H)မှာ ပါဝင်နေတဲ့ ဆီနီဂေါအသင်းဟာ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့က ၄၅ ရာခိုင်နှုန်း ရှိပါတယ်။
– ၁၉၈၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ ပီရူးအသင်းဟာ ဆီမီးဖိုင်နယ်တက်ဖို့ ဖြစ်နိုင်ခြေက အံ့အားသင့်စရာကောင်းလောက်အောင် ၂၂ ရာခိုင်နှုန်းအထိရှိနေတယ်။
– ကိုလံဘီယာအသင်းရဲ့ ဆီမီးဖိုင်နယ်ရောက်နိုင်ခြေက ၂၁ ရာခိုင်နှုန်းရှိပါတယ်။

Chances-of-Reaching-Knock-Out-Rounds

Chances-of-Reaching-Knock-Out-Rounds

အုပ်စုအလိုက် ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခြေ ခန့်မှန်းမှု

Group A: Uruguay 77%, Russia 60%, Egypt 36%, Saudi Arabia 27%

Group B: Spain 76%, Portugal 58%, Iran 35%, Morocco 30%

Group C: France 69%, Peru 68%, Denmark 35%, Australia 27%

Group D: Argentina 82%, Croatia 57%, Iceland 35%, Nigeria 27%

Group E: Brazil 90%, Switzerland 51%, Serbia 31%, Costa Rica 28%

Group F: Germany 79%, Mexico 60%, Sweden 34%, South Korea 27%

Group G: England 71%, Belgium 71%, Tunisia 32%, Panama 26%

Group H: Colombia 77%, Poland 50%, Senegal 45%, Japan 29%

REF:BBC.co.uk
Photo:BBC,Gracenote,The Independent,Skysports
Naing Linn(Akhayar)
www.akhayar.com