This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ေလ့က်င့္ေရးကြင္း ပတ္လည္မွာ (၁၃)ေပ အျမင့္ရွိ စည္းရိုးေတြ ကာရံခဲ့တဲ့ အဂၤလန္အသင္း

ကမၻာ႔ဖလားၿပိဳင္ပြဲ ကာလအတြင္း အဂၤလန္အသင္း အသံုးျပဳသြားမယ့္ ေလ့က်င့္ေရးကြင္း ေဘးပတ္ပတ္လည္ကို (၁၃)ေပ အျမင့္ရွိ စည္းရိုးေတြ ကာရံခဲ့ပါတယ္။ စတီးလ္တိုင္ေတြနဲ႔ ကြင္းေဘး ပတ္ပတ္လည္မွာ ျမင့္မားတဲ့ အကာအရံေတြကို ျပဳလုပ္ခဲ့တာျဖစ္ၿပီး အတြင္းကို ေဖာက္ထြင္း ျမင္ႏိုင္ဖို႔ေတာင္ မလြယ္ကူေအာင္ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ အဂၤလန္အသင္း ေလ့က်င့္ေရး အစီအစဥ္ေတြ ျပလုပ္သြားမယ့္ Stadium Spartak Zelenogorsk ကြင္းဟာ အသင္းတည္းခိုမယ့္ The ForRestMix Club Hotel နဲ႔ (၆)မိုင္ခန္႔အကြာမွာ တည္ရွိေနပါတယ္။ လူငယ္ၿပိဳင္ပြဲေတြ ပံုမွန္က်င္းပေနၾကျဖစ္တဲ့ Stadium Spartak Zelenogorsk  ကြင္းရဲ႕ ေဘးပတ္ပတ္လည္မွာ (၆)ေပ အျမင့္ရွိတဲ့ စည္းရိုး ကာရံထားေပမယ့္ အဂၤလန္ေဘာလံုးအဖြဲ႔ခ်ဳပ္ (FA) ရဲ႕ ေတာင္းဆိုမႈေၾကာင့္ (၁၃)ေပ အျမင့္ရွိ စည္းရိုးေတြကို ထပ္မံ ကာရံေပးခဲ့ရတာ ျဖစ္ပါတယ္။ အဂၤလန္ ကစားသမားေတြရဲ႕ လံုၿခံဳေရးနဲ႔ အသင္းရဲ႕ နည္းစနစ္ပိုင္းေတြကို ၿပိဳင္ဘက္အသင္း မီဒီယာေတြရဲ႕ ေစာင့္ၾကည့္မႈက ကင္းေဝးေအာင္ ေလ့က်င့္ေရးကြင္း ေဘးပတ္လည္မွာ (၁၃)ေပ အျမင့္ရွိ စည္းရိုး ကာရံေပးဖို႔ ေတာင္းဆိုခဲ့တာျဖစ္ေၾကာင္း အဂၤလန္အသင္း တာဝန္ရွိသူေတြက သတင္းထုတ္ျပန္ခဲ့ပါတယ္။

England-are-replacing-the-six-foot-high-fence-at-the-Stadium-Spartak-Zelenogorsk

England-are-replacing-the-six-foot-high-fence-at-the-Stadium-Spartak-Zelenogorsk

အသင္း ေလ့က်င့္ေရး အစီအစဥ္ေတြကို မီဒီယာသမားေတြ လွ်ိ႕ဝွက္သတင္းယူလို႔ မရေအာင္ CCTV ကင္မရာေပါင္း မ်ားစြာကို တပ္ဆင္ထားၿပီး မ်က္ေခ်မျပတ္ ေစာင့္ၾကည့္မႈေတြ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။ မီဒီယာသမားေတြ ေလ့က်င့္ေရးကြင္းနား ေရာက္လာတာနဲ႔ (၃)မိနစ္အတြင္း ရုရွားရဲကားေတြ ေရာက္ရွိလာမွာျဖစ္ၿပီး မီဒီယာအသိအမွတ္ျပဳကတ္အပါအဝင္ ပတ္စ္ပို႔နဲ႔ ဗီဇာေတြကို ၾကည့္ရႈ စစ္ေဆးမႈခံရမွာ ျဖစ္ပါတယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲ ကာလအတြင္း အဂၤလန္အသင္းဟာ ရုရွားႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ စိန္႔ပီတာစ္ဘတ္ၿမိဳ႕ရဲ႕ အေနာက္ေျမာက္ (၁၉)မိုင္ အကြာက လူဦးေရ (၂၅၀၀)ခန္႔သာရွိတဲ့ ရီပီႏိုၿမိဳ႕မွာ တည္းခိုေနထိုင္သြားမွာ ျဖစ္ပါတယ္။ လာမယ့္ ဗုဒၶဟူးေန႔မွာ အဂၤလန္အသင္းရဲ႕ ရုရွားေျမေပၚက ပထမဆံုး ေလ့က်င့္ေရး အစီအစဥ္ေတြကို စတင္ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

REF:Daily Mail
Photo:Daily Mail, The Sun, Vectors.Pro
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

လေ့ကျင့်ရေးကွင်း ပတ်လည်မှာ (၁၃)ပေ အမြင့်ရှိ စည်းရိုးတွေ ကာရံခဲ့တဲ့ အင်္ဂလန်အသင်း

ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလအတွင်း အင်္ဂလန်အသင်း အသုံးပြုသွားမယ့် လေ့ကျင့်ရေးကွင်း ဘေးပတ်ပတ်လည်ကို (၁၃)ပေ အမြင့်ရှိ စည်းရိုးတွေ ကာရံခဲ့ပါတယ်။ စတီးလ်တိုင်တွေနဲ့ ကွင်းဘေး ပတ်ပတ်လည်မှာ မြင့်မားတဲ့ အကာအရံတွေကို ပြုလုပ်ခဲ့တာဖြစ်ပြီး အတွင်းကို ဖောက်ထွင်း မြင်နိုင်ဖို့တောင် မလွယ်ကူအောင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်း လေ့ကျင့်ရေး အစီအစဉ်တွေ ပြလုပ်သွားမယ့် Stadium Spartak Zelenogorsk ကွင်းဟာ အသင်းတည်းခိုမယ့် The ForRestMix Club Hotel နဲ့ (၆)မိုင်ခန့်အကွာမှာ တည်ရှိနေပါတယ်။ လူငယ်ပြိုင်ပွဲတွေ ပုံမှန်ကျင်းပနေကြဖြစ်တဲ့ Stadium Spartak Zelenogorsk  ကွင်းရဲ့ ဘေးပတ်ပတ်လည်မှာ (၆)ပေ အမြင့်ရှိတဲ့ စည်းရိုး ကာရံထားပေမယ့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ရဲ့ တောင်းဆိုမှုကြောင့် (၁၃)ပေ အမြင့်ရှိ စည်းရိုးတွေကို ထပ်မံ ကာရံပေးခဲ့ရတာ ဖြစ်ပါတယ်။ အင်္ဂလန် ကစားသမားတွေရဲ့ လုံခြုံရေးနဲ့ အသင်းရဲ့ နည်းစနစ်ပိုင်းတွေကို ပြိုင်ဘက်အသင်း မီဒီယာတွေရဲ့ စောင့်ကြည့်မှုက ကင်းဝေးအောင် လေ့ကျင့်ရေးကွင်း ဘေးပတ်လည်မှာ (၁၃)ပေ အမြင့်ရှိ စည်းရိုး ကာရံပေးဖို့ တောင်းဆိုခဲ့တာဖြစ်ကြောင်း အင်္ဂလန်အသင်း တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

England-are-replacing-the-six-foot-high-fence-at-the-Stadium-Spartak-Zelenogorsk

England-are-replacing-the-six-foot-high-fence-at-the-Stadium-Spartak-Zelenogorsk

အသင်း လေ့ကျင့်ရေး အစီအစဉ်တွေကို မီဒီယာသမားတွေ လျှိ့ဝှက်သတင်းယူလို့ မရအောင် CCTV ကင်မရာပေါင်း များစွာကို တပ်ဆင်ထားပြီး မျက်ချေမပြတ် စောင့်ကြည့်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ မီဒီယာသမားတွေ လေ့ကျင့်ရေးကွင်းနား ရောက်လာတာနဲ့ (၃)မိနစ်အတွင်း ရုရှားရဲကားတွေ ရောက်ရှိလာမှာဖြစ်ပြီး မီဒီယာအသိအမှတ်ပြုကတ်အပါအဝင် ပတ်စ်ပို့နဲ့ ဗီဇာတွေကို ကြည့်ရှု စစ်ဆေးမှုခံရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလအတွင်း အင်္ဂလန်အသင်းဟာ ရုရှားနိုင်ငံရဲ့ မြို့တော် စိန့်ပီတာစ်ဘတ်မြို့ရဲ့ အနောက်မြောက် (၁၉)မိုင် အကွာက လူဦးရေ (၂၅၀၀)ခန့်သာရှိတဲ့ ရီပီနိုမြို့မှာ တည်းခိုနေထိုင်သွားမှာ ဖြစ်ပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့မှာ အင်္ဂလန်အသင်းရဲ့ ရုရှားမြေပေါ်က ပထမဆုံး လေ့ကျင့်ရေး အစီအစဉ်တွေကို စတင်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

REF:Daily Mail
Photo:Daily Mail, The Sun, Vectors.Pro
Aung Kyaw Wai (Akhayar)
www.akhayar.com