[Zawgyi]

အေ၀းကြင္းမွာ စပိန္အသင္းကုိ ေျခစြမ္းျပ အႏုိင္ယူခဲ့တ့ဲ အဂၤလန္

ဥေရာပထိပ္သီးအသင္းေတြျဖစ္တဲ့ စပိန္နဲ႔အဂၤလန္အသင္းတို႔ပဲြမွာေတာ့ အဂၤလန္အသင္းက အေ၀းကြင္းမွာ ေျခစြမ္းျပၿပီး (၃-၂)ဂုိးနဲ႔ အႏုိင္ယူခဲ့ပါတယ္။ ပထမအေက်ာ႔က အိမ္ကြင္းမွာ ႐ႈံးနိမ့္ခဲ့တာကုိ အဂၤလန္အသင္း ျပန္လက္စားေခ်ႏုိင္ခဲ့ၿပီလုိ႔လည္း ဆုိရမယ္။ ဒီပဲြမွာ အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္ Southgate ဟာ (၄-၃-၃)ပုံစံနဲ႔ ပဲြထြက္ခဲ့ၿပီး တိုက္စစ္မွာ ဟာရီကိန္း Harry Kane ၊ စတာလင္ Sterling ၊ ရပ္ရွ္ဖုိ႔ဒ္ Rashford တို႔ကုိ တဲြဖက္ကစားေစခဲ့တယ္။ ဒါေပမဲ့ ဟာရီကိန္းက ဂုိးသြင္းဖုိ႔ထက္ ၿပိဳင္ဘက္ဂုိးဧရိယာထဲမွာ Space ေတြရွာဖုိ႔ အဓိက ကစားခဲ့ၿပီး သူ႔ေၾကာင့္ျဖစ္လာတဲ့ Gap ေတြကုိ စတာလင္နဲ႔ ရပ္္ရွ္ဖုိ႔ဒ္တို႔က ေကာင္းေကာင္း အသုံးခ်သြားခဲ့တယ္။

Sterling-Scores

Sterling-Scores

ဒီပဲြ ႐ႈံးခဲ့ေပမယ့္ စပိန္အသင္းရဲ႕ ေျခစြမ္းက အဆုိးရြားႀကီးေတာ့ မဟုတ္ဘူး။ ဒါေပမဲ့ ေနာက္တန္းကစားသမားေတြက ၿပိဳင္ဘက္တိုက္စစ္မွဴးေတြကုိ အခြင့္အေရးေပးလြန္းတယ္။ Center Backs ေတြ ျဖစ္တဲ့ ရာမုိ႔စ္ Ramos ၊ နာခ်ိဳ Nacho တို႔ နားလည္မႈ အားနည္းတာေၾကာင့္လည္း ဂုိးေတြကုိ လြယ္လြယ္ကူကူ ခြင့္ျပဳလုိက္ရတာပါပဲ။ ေနာက္ၿပီး စပိန္ကစားသမားေတြထဲမွာ မာမာထန္ထန္၊ တြန္းတြန္းတိုက္တိုက္ ကစားမယ့္သူ မရွိသလုိပဲ။ ပဲြခ်ိန္အမ်ားစုကုိ အဂၤလန္အသင္း ခံစစ္ဦးစားေပး ကစားခဲ့ေပမယ့္ တိုက္စစ္ျပန္ဆင္လာရင္ ၿပိဳင္ဘက္ကြင္းဖက္ျခမ္းမွာ Off The Ball Movement ေတြက အားရစရာေကာင္းၿပီး ရာမုိ႔စ္နဲ႔ နာခ်ိဳတို႔ၾကားက လြတ္ေနတဲ့ Space ေတြကုိ အသုံးခ်ႏုိင္ခဲ့တယ္။

Rashford-Score

Rashford-Score

အဂၤလန္အသင္းအတြက္ ပထမဂုိးကုိ (၁၆)မိနစ္မွာ ရပ္ရွ္ဖုိ႔ဒ္ရဲ႕ ေပးပုိ႔မႈကေန စတာလင္က ပါးပါးနပ္နပ္ ကန္သြင္းခဲ့ၿပီး ဒုတိယဂုိးကုိေတာ့ ဟာရီကိန္း အကြက္ျမင္ျမင္ ေပးတာကုိ ရပ္ရွ္ဖုိ႔ဒ္က အမွားအယြင္းမရွိ သြင္းယူခဲ့တာပါ။ (၁၁)မိနစ္အၾကာမွာပဲ အဂၤလန္ တတိယဂုိးရခဲ့ၿပီး ရာမုိ႔စ္ရဲ႕ Marking ည့ံဖ်င္းမႈကေန လြတ္ထြက္သြားတဲ့ ဟာရီကိန္း ဖန္တီးေပးတာကုိ စတာလင္ကပဲ ကန္သြင္းခဲ့တာျဖစ္ပါတယ္။ စတာလင္ဟာ အဂၤလန္အသင္းအတြက္ (၃)ႏွစ္ၾကာ ဂုိးေပါက္ေပ်ာက္ဆုံးေနမႈကုိ ရပ္တန္႔ႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

Sterling-Second-Goal

Sterling-Second-Goal

ပထမပုိင္းကတည္းက ဂုိးျပတ္႐ႈံးေနလုိ႔ လူး၀စ္အင္းနရစ္ Luis Enrique ဟာ ကစားသမားအေျပာင္းအလဲေတြ လုပ္ခဲ့ၿပီး ဒုတိယပုိင္းတစ္ပုိင္းလုံး အဂၤလန္ကုိ အသာစီးက ကစားႏုိင္ခဲ့တယ္။ အခုေနာက္ပုိင္းမွာ ေျခစြမ္းျပေနတဲ့ အယ္လ္ကာဆာ Alcácer က (၅၈)မိနစ္၊ ရာမုိ႔စ္က နာက်င္အခ်ိန္ပုိမွာ ေခ်ပဂုိးေတြ သြင္းခဲ့ေပမယ့္ သေရရလဒ္ကုိ မရွာေဖြႏုိင္ခဲ့ဘဲ (၃-၂)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့တယ္။ စပိန္အသင္းဟာ ၂၀၀၃ ခုႏွစ္ေနာက္ပုိင္းကတည္းက အိမ္ကြင္း႐ႈံးပဲြမရွိခဲ့တဲ့ မွတ္တမ္းဟာ (၃၉)ပဲြေျမာက္မွာ ရပ္တန္႔သြားခဲ့သလုိ နည္းျပသစ္ အင္းနရစ္အတြက္ ပထမဆုံး ႐ႈံးပဲြနဲ႔ ရင္ဆုိင္ခဲ့ရတာျဖစ္ပါတယ္။

UEFA Nations League ရလဒ္မ်ား

Iceland 1 – 2 Switzerland
Spain 2 – 3 England
Bosnia and Herzegovina 2 – 0 N.Ireland
Estonia 3 – 3 Hungary
Finland 2 – 0 Greece
Belarus 0 – 0 Moldova
Luxembourg 3 – 0 San Marino

Photo:England Football Team Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အဝေးကွင်းမှာ စပိန်အသင်းကို ခြေစွမ်းပြ အနိုင်ယူခဲ့တဲ့ အင်္ဂလန်

ဥရောပထိပ်သီးအသင်းတွေဖြစ်တဲ့ စပိန်နဲ့အင်္ဂလန်အသင်းတို့ပွဲမှာတော့ အင်္ဂလန်အသင်းက အဝေးကွင်းမှာ ခြေစွမ်းပြပြီး (၃-၂)ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။ ပထမအကျော့က အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာကို အင်္ဂလန်အသင်း ပြန်လက်စားချေနိုင်ခဲ့ပြီလို့လည်း ဆိုရမယ်။ ဒီပွဲမှာ အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ် Southgate ဟာ (၄-၃-၃)ပုံစံနဲ့ ပွဲထွက်ခဲ့ပြီး တိုက်စစ်မှာ ဟာရီကိန်း Harry Kane ၊ စတာလင် Sterling ၊ ရပ်ရှ်ဖို့ဒ် Rashford တို့ကို တွဲဖက်ကစားစေခဲ့တယ်။ ဒါပေမဲ့ ဟာရီကိန်းက ဂိုးသွင်းဖို့ထက် ပြိုင်ဘက်ဂိုးဧရိယာထဲမှာ Space တွေရှာဖို့ အဓိက ကစားခဲ့ပြီး သူ့ကြောင့်ဖြစ်လာတဲ့ Gap တွေကို စတာလင်နဲ့ ရပ်ရှ်ဖို့ဒ်တို့က ကောင်းကောင်း အသုံးချသွားခဲ့တယ်။

Sterling-Scores

Sterling-Scores

ဒီပွဲ ရှုံးခဲ့ပေမယ့် စပိန်အသင်းရဲ့ ခြေစွမ်းက အဆိုးရွားကြီးတော့ မဟုတ်ဘူး။ ဒါပေမဲ့ နောက်တန်းကစားသမားတွေက ပြိုင်ဘက်တိုက်စစ်မှူးတွေကို အခွင့်အရေးပေးလွန်းတယ်။ Center Backs တွေ ဖြစ်တဲ့ ရာမို့စ် Ramos ၊ နာချို Nacho တို့ နားလည်မှု အားနည်းတာကြောင့်လည်း ဂိုးတွေကို လွယ်လွယ်ကူကူ ခွင့်ပြုလိုက်ရတာပါပဲ။ နောက်ပြီး စပိန်ကစားသမားတွေထဲမှာ မာမာထန်ထန်၊ တွန်းတွန်းတိုက်တိုက် ကစားမယ့်သူ မရှိသလိုပဲ။ ပွဲချိန်အများစုကို အင်္ဂလန်အသင်း ခံစစ်ဦးစားပေး ကစားခဲ့ပေမယ့် တိုက်စစ်ပြန်ဆင်လာရင် ပြိုင်ဘက်ကွင်းဖက်ခြမ်းမှာ Off The Ball Movement တွေက အားရစရာကောင်းပြီး ရာမို့စ်နဲ့ နာချိုတို့ကြားက လွတ်နေတဲ့ Space တွေကို အသုံးချနိုင်ခဲ့တယ်။

Rashford-Score

Rashford-Score

အင်္ဂလန်အသင်းအတွက် ပထမဂိုးကို (၁၆)မိနစ်မှာ ရပ်ရှ်ဖို့ဒ်ရဲ့ ပေးပို့မှုကနေ စတာလင်က ပါးပါးနပ်နပ် ကန်သွင်းခဲ့ပြီး ဒုတိယဂိုးကိုတော့ ဟာရီကိန်း အကွက်မြင်မြင် ပေးတာကို ရပ်ရှ်ဖို့ဒ်က အမှားအယွင်းမရှိ သွင်းယူခဲ့တာပါ။ (၁၁)မိနစ်အကြာမှာပဲ အင်္ဂလန် တတိယဂိုးရခဲ့ပြီး ရာမို့စ်ရဲ့ Marking ညံ့ဖျင်းမှုကနေ လွတ်ထွက်သွားတဲ့ ဟာရီကိန်း ဖန်တီးပေးတာကို စတာလင်ကပဲ ကန်သွင်းခဲ့တာဖြစ်ပါတယ်။ စတာလင်ဟာ အင်္ဂလန်အသင်းအတွက် (၃)နှစ်ကြာ ဂိုးပေါက်ပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Sterling-Second-Goal

Sterling-Second-Goal

ပထမပိုင်းကတည်းက ဂိုးပြတ်ရှုံးနေလို့ လူးဝစ်အင်းနရစ် Luis Enrique ဟာ ကစားသမားအပြောင်းအလဲတွေ လုပ်ခဲ့ပြီး ဒုတိယပိုင်းတစ်ပိုင်းလုံး အင်္ဂလန်ကို အသာစီးက ကစားနိုင်ခဲ့တယ်။ အခုနောက်ပိုင်းမှာ ခြေစွမ်းပြနေတဲ့ အယ်လ်ကာဆာ Alcácer က (၅၈)မိနစ်၊ ရာမို့စ်က နာကျင်အချိန်ပိုမှာ ချေပဂိုးတွေ သွင်းခဲ့ပေမယ့် သရေရလဒ်ကို မရှာဖွေနိုင်ခဲ့ဘဲ (၃-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တယ်။ စပိန်အသင်းဟာ ၂၀၀၃ ခုနှစ်နောက်ပိုင်းကတည်းက အိမ်ကွင်းရှုံးပွဲမရှိခဲ့တဲ့ မှတ်တမ်းဟာ (၃၉)ပွဲမြောက်မှာ ရပ်တန့်သွားခဲ့သလို နည်းပြသစ် အင်းနရစ်အတွက် ပထမဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

UEFA Nations League ရလဒ်များ

Iceland 1 – 2 Switzerland
Spain 2 – 3 England
Bosnia and Herzegovina 2 – 0 N.Ireland
Estonia 3 – 3 Hungary
Finland 2 – 0 Greece
Belarus 0 – 0 Moldova
Luxembourg 3 – 0 San Marino

Photo:England Football Team Twitter
Naing Linn(Akhayar)
www.akhayar.com