[Zawgyi]

ရြန္နီ Rooney ရဲ႕ ေနာက္ဆံုးပြဲမွာ အေမရိကန္ ကို ဂိုးျပတ္အႏိုင္ယူခဲ႔တဲ႔ အဂၤလန္

အဂၤလန္အသင္းဟာ ရြန္နီ Rooney ရဲ႕ ေနာက္ဆံုးပြဲမွာေတာ႔ အေမရိကန္အသင္းကို ( ၃ – ၀ )နဲ႔ အႏိုင္ရရိွခဲ႔ပါတယ္။ အဲဒီပြဲစဥ္မွာေတာ႔ ရြန္နီ ဟာ ဒုတိယပိုင္းမွာ ၀င္ေရာက္ကစားခဲ႔ပါတယ္။

Rooney

Rooney

အဂၤလန္ ၃ – ၀ အေမရိကန္

အဂၤလန္အသင္းဟာ ဒီပြဲစဥ္မွာ လူငယ္ေတြကို အဓိကထားပြဲထြက္လာခဲ႔ျပီး အသင္းကို လင္ဂတ္ Lingard ၊ အယ္လီ Alli ၊ ဆန္ခ်ိဳ Sancho တို႔ကဦးေဆာင္လာခဲ႔သလို အသင္းေခါင္းေဆာင္အျဖစ္ ဒဲလ္ Delph ကတာ၀န္ယူခဲ႔ပါတယ္။ အဂၤလန္အသင္းဟာ ပြဲအစထဲက အေမရိကန္အသင္းကို ဖိအားေပးကစားႏိုင္ခဲ႔ျပီး ထိုးေဖာက္ကန္သြင္းမႈေတြျပဳလုပ္ႏိုင္ခဲ႔ပါတယ္။ ပြဲခ်ိန္(၂၅)မိနစ္မွာေတာ႔ အဂၤလန္အသင္းအဖြင္႔ဂိုးရခဲ႔ျပီး လင္ဂတ္ က လွလွပပ ကန္သြင္းယူခဲ႔တာပါ။ အဖြင္႔ဂိုးရျပီး သိပ္မၾကာခင္ ပြဲခ်ိန္(၂၇)မိနစ္မွာ အဂၤလန္အသင္း ဒုတိယဂိုးရရိွခဲ႔ျပီး ရရိွလာတဲ႔ အခြင္႔အေရးကို ညာေတာင္ပံကေန တိုက္စစ္လိုက္ပါလာတဲ႔ အလက္ဇႏၵား အာႏိုးလ္ Alexander-Arnold က အေကာင္းဆံုး ကန္သြင္းအဆံုးသတ္ခဲ႔တာျဖစ္ပါတယ္။

England

England

ပြဲခ်ိန္(၅၈)မိနစ္မွာ လင္ဂတ္အစား ရြန္နီ ၀င္ေရာက္လာခဲ႔ျပီး အသင္းေခါင္းေဆာင္အျဖစ္ တာ၀န္ယူခဲ႔ပါတယ္။ ဂိုးေတြေပးထားရတာေၾကာင္႔ အေမရိကန္အသင္းဟာ ေခ်ပဂိုးေတြရဖို႔ ၾကိဳးစားကစားခဲ႔ေပမယ္႔ ထိေရာက္တဲ႔ ထိုးေဖာက္မႈေတြေတာ႔ မလုပ္ႏိုင္ခဲ႔ပါဘူး။ ပြဲခ်ိန္(၇၇)မိနစ္မွာေတာ႔ အဂၤလန္အသင္း တတိယဂိုးရရိွခဲ႔ျပီး ဘယ္ေတာင္ပံက ဒဲလ္ ရဲ႕ ျဖတ္တင္ေပးပို႔မႈကို တိုက္စစ္မွဴး ၀ီလ္ဆင္ Wilson ကပိတ္သြင္းယူခဲ႔တာပါ။ ၀ီလ္ဆင္ ဟာ အဂၤလန္အသင္းအတြက္ ပြဲဦးထြက္ပြဲမွာပဲ ဂိုးသြင္းႏိုင္ခဲ႔တဲ႔ ကစားသမားလည္းျဖစ္ခဲ႔ပါတယ္။

Rooney-And-Wilson

Rooney-And-Wilson

ရြန္နီ အေနနဲ႔လည္း ဂိုးရဖို႔အတြက္ ကန္သြင္းမႈေတြျပဳလုပ္ႏိုင္ခဲ႔ေပမယ္႔ အေမရိကန္ဂိုးသမား ဂူဇန္ Guzan ကာကြယ္ႏိုင္ခဲ႔ပါတယ္။ ပြဲအျပီးမွာေတာ႔ အဂၤလန္အသင္းဟာ အေမရိကန္ကို ( ၃ – ၀ )နဲ႔ အႏိုင္ရျပီးခဲ႔ျပီး ရြန္နီရဲ႕ အဂၤလန္အသင္းေနာက္ဆံုးႏႈတ္ဆက္ပြဲဟာ လွပစြာျပီးဆံုးခဲ႔ပါတယ္။

Photo: England  Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ရွန်နီ Rooney ရဲ့ နောက်ဆုံးပွဲမှာ အမေရိကန် ကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ အင်္ဂလန်

အင်္ဂလန်အသင်းဟာ ရွန်နီ Rooney ရဲ့ နောက်ဆုံးပွဲမှာတော့ အမေရိကန်အသင်းကို ( ၃ – ၀ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာတော့ ရွန်နီ ဟာ ဒုတိယပိုင်းမှာ ဝင်ရောက်ကစားခဲ့ပါတယ်။

Rooney

Rooney

အင်္ဂလန် ၃ – ၀ အမေရိကန်

အင်္ဂလန်အသင်းဟာ ဒီပွဲစဉ်မှာ လူငယ်တွေကို အဓိကထားပွဲထွက်လာခဲ့ပြီး အသင်းကို လင်ဂတ် Lingard ၊ အယ်လီ Alli ၊ ဆန်ချို Sancho တို့ကဦးဆောင်လာခဲ့သလို အသင်းခေါင်းဆောင်အဖြစ် ဒဲလ် Delph ကတာဝန်ယူခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ပွဲအစထဲက အမေရိကန်အသင်းကို ဖိအားပေးကစားနိုင်ခဲ့ပြီး ထိုးဖောက်ကန်သွင်းမှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။ ပွဲချိန်(၂၅)မိနစ်မှာတော့ အင်္ဂလန်အသင်းအဖွင့်ဂိုးရခဲ့ပြီး လင်ဂတ် က လှလှပပ ကန်သွင်းယူခဲ့တာပါ။ အဖွင့်ဂိုးရပြီး သိပ်မကြာခင် ပွဲချိန်(၂၇)မိနစ်မှာ အင်္ဂလန်အသင်း ဒုတိယဂိုးရရှိခဲ့ပြီး ရရှိလာတဲ့ အခွင့်အရေးကို ညာတောင်ပံကနေ တိုက်စစ်လိုက်ပါလာတဲ့ အလက်ဇန္ဒား အာနိုးလ် Alexander-Arnold က အကောင်းဆုံး ကန်သွင်းအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

England

England

ပွဲချိန်(၅၈)မိနစ်မှာ လင်ဂတ်အစား ရွန်နီ ဝင်ရောက်လာခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပါတယ်။ ဂိုးတွေပေးထားရတာကြောင့် အမေရိကန်အသင်းဟာ ချေပဂိုးတွေရဖို့ ကြိုးစားကစားခဲ့ပေမယ့် ထိရောက်တဲ့ ထိုးဖောက်မှုတွေတော့ မလုပ်နိုင်ခဲ့ပါဘူး။ ပွဲချိန်(၇၇)မိနစ်မှာတော့ အင်္ဂလန်အသင်း တတိယဂိုးရရှိခဲ့ပြီး ဘယ်တောင်ပံက ဒဲလ် ရဲ့ ဖြတ်တင်ပေးပို့မှုကို တိုက်စစ်မှူး ဝီလ်ဆင် Wilson ကပိတ်သွင်းယူခဲ့တာပါ။ ဝီလ်ဆင် ဟာ အင်္ဂလန်အသင်းအတွက် ပွဲဦးထွက်ပွဲမှာပဲ ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမားလည်းဖြစ်ခဲ့ပါတယ်။

Rooney-And-Wilson

Rooney-And-Wilson

ရွန်နီ အနေနဲ့လည်း ဂိုးရဖို့အတွက် ကန်သွင်းမှုတွေပြုလုပ်နိုင်ခဲ့ပေမယ့် အမေရိကန်ဂိုးသမား ဂူဇန် Guzan ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ အင်္ဂလန်အသင်းဟာ အမေရိကန်ကို ( ၃ – ၀ )နဲ့ အနိုင်ရပြီးခဲ့ပြီး ရွန်နီရဲ့ အင်္ဂလန်အသင်းနောက်ဆုံးနှုတ်ဆက်ပွဲဟာ လှပစွာပြီးဆုံးခဲ့ပါတယ်။

Photo: England  Twitter
Ko Kyue(Akhayar)
www.akhayar.com