This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ေရပန္းစားသေလာက္ ေအာင္ျမင္မႈမရတဲ့ အစဥ္အလာကို ခ်ိဳးျဖတ္ရမယ့္ အဂၤလန္

ေဘာလုံးေလာကရဲ႕ ဘုိးေအအသင္းလုိ႔ တင္စားခံထားရတဲ့ အဂၤလန္အသင္းဟာ ႏုိင္ငံတကာၿပိဳင္ပဲြႀကီး ေတြဆုိရင္ ၿပိဳင္ပဲြမတိုင္ခင္ ဗုိလ္စဲြဖုိ႔ ေရပန္းစားေပမယ့္ ေနာက္ဆုံးက်ရင္ေတာ့ ေမွ်ာ္လင့္သေလာက္ ျဖစ္မလာခဲ့ဘူး။ အဲဒီအစဥ္အလာကုိ ဒီတစ္ႀကိမ္ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ခ်ိဳးျဖတ္ႏုိင္မလားဆုိတာ ေစာင့္ၾကည့္ရမယ္။ ကမၻာ႔ဖလားၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ အိမ္ရွင္အျဖစ္ က်င္းပခဲ့တဲ့ ၁၉၆၆ ၿပိဳင္ပဲြမွာ ဗုိလ္စဲြခဲ့တဲ့တစ္ႀကိမ္ က လဲြၿပီး က်န္တဲ့ၿပိဳင္ပဲြေတြမွာ အျမင့္ဆုံးရရွိခဲ့တာက ၁၉၉၀ ကမၻာ႔ဖလားမွာ စတုတၳရခဲ့တာပဲရွိပါတယ္။ ေခတ္အဆက္ဆက္မွာ နာမည္ေက်ာ္ကစားသမားေတြ ေပၚထြက္ခဲ့ဖူးေပမယ့္ နာမည္ႀကီးထမင္းငတ္ျဖစ္ေလ့ရွိတာက အဂၤလန္အသင္းရဲ႕ ထုံးစံလုိျဖစ္ေနပါၿပီ။ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြ ခ်န္ပီယံျဖစ္ဖုိ႔ ေရပန္းစားေန တဲ့စာရင္းမွာ တစ္သင္းအပါအ၀င္ျဖစ္ေနတဲ့ အဂၤလန္တို႔ အခုႏွစ္ၿပိဳင္ပဲြမွာ မထင္မွတ္တာေတြ လုပ္ျပႏုိင္မွာ လား . . .

1966-World-Cup-Champion-England

1966-World-Cup-Champion-England

အဂၤလန္အသင္းရဲ႕ ကမၻာ႔ဖလားသမုိင္းေၾကာင္း

အဂၤလန္အသင္းဟာ ကမၻာ႔ဖလားၿပိဳင္ပဲြစတင္က်င္းပခဲ့တဲ့ ၁၉၃၀ ကေန ၁၉၃၈ ခုႏွစ္အထိ ၀င္ေရာက္ယွဥ္ၿပိဳင္ျခင္းမရွိဘဲ ၁၉၅၀ ကမၻာ႔ဖလားမွာ ပထမဆုံးအႀကိမ္ေျခစစ္ပဲြေအာင္ျမင္ခဲ့တယ္။ အဲဒီေနာက္ပုိင္း ၁၉၅၈၊ ၁၉၆၂၊ ၁၉၆၆၊ ၁၉၇၀ ဆက္တိုက္ ေျခစစ္ပဲြေအာင္ျမင္ခဲ့ၿပီး ၁၉၆၆ မွာေတာ့ ခ်န္ပီယံဆုကုိ ဆြတ္ခူး ႏုိင္ခဲ့ပါတယ္။ ၁၉၇၄၊ ၁၉၇၈ ၿပိဳင္ပဲြေတြမွာေတာ့ ေျခစစ္ပဲြ မေအာင္ျမင္ခဲ့ဘဲ ၁၉၈၂မွာ အုပ္စုဒုတိယအဆင့္၊ ၁၉၈၆ မွာ ကြာတားဖုိင္နယ္၊ ၁၉၉၀ မွာ စတုတၳေနရာေတြရယူႏုိင္ခဲ့တယ္။ ၁၉၉၄ မွာ ေျခစစ္ပဲြမေအာင္ျမင္ခဲ့ေပမယ့္ ၁၉၉၈ ကစၿပီး အခုအခ်ိန္အထိ ကမၻာ႔ဖလားမွာ ေတာက္ေလွ်ာက္ ပါ၀င္ယွဥ္ၿပိဳင္ခြင့္ရခဲ့တယ္။ၿပီးခဲ့တဲ့ကမၻာ႔ဖလား(၅)ႀကိမ္မွာ ကြာတားဖုိင္နယ္(၂)ႀကိမ္ (၂၀၀၂၊ ၂၀၀၆)တက္ေရာက္ႏုိင္ခဲ့တယ္။

Southgate-and-Rashford

Southgate-and-Rashford

၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြျဖတ္သန္းခဲ့မႈ

အဂၤလန္အသင္းဟာလည္း တျခား ဥေရာပထိပ္သီးအသင္းေတြလုိ ေျခစစ္ပဲြ အုပ္စုအဆင့္မွာ အခက္အခဲမရွိဘဲ အုပ္စုပထမနဲ႔တိုက္႐ုိက္ေျခစစ္ပဲြေအာင္ျမင္ခဲ့တယ္။ အုပ္စုတြင္းမွာ ဆလုိဗက္ကီးယား၊ စေကာ့တလန္၊ ဆလုိေဗးနီးယားတို႔လုိ ေျခစြမ္းမာေက်ာတဲ့အသင္းေတြနဲ႔ ဆုံေတြ႕ခဲ့ေပမယ့္ အေကာင္းဆုံးေက်ာ္ျဖတ္ခဲ့ၿပီး (၈)ပဲြႏုိင္ (၂)ပဲြသေရ ႐ႈံးပဲြမရွိခဲ့ပါဘူး။ ေျခစစ္ပဲြအစပုိင္းမွာ နည္းျပအလာဒုိက္စ္ Allardyce ရဲ႕အ ႐ႈပ္ အေထြးေတြေၾကာင့္ ကစားသမားေဟာင္း ေဆာက္ဂိတ္ Southgate ကုိ FA က နည္းျပသစ္ခန္႔အပ္ခဲ့ၿပီး ေဆာက္ဂိတ္လက္ထက္မွာလည္း တည္တည္ၿငိမ္ၿငိမ္နဲ႔ ေရွ႕ဆက္ႏုိင္ခဲ့ပါတယ္။

England-Striker-Harry-Kane-Celebrate

England-Striker-Harry-Kane-Celebrate

ေစာင့္ၾကည့္ရမယ့္ကစားသမားမ်ား

ဒီရာသီမွာ စပါးအသင္းအတြက္ ေျခစြမ္းျပဂုိးေတြ သြင္းယူခဲ့တဲ့ တိုက္စစ္မွဴးဟာရီကိန္း Harry Kane ဟာ အဂၤလန္အသင္းတိုက္စစ္ကုိ အဓိက ဦးေဆာင္သြားမွာျဖစ္ၿပီး ဗာဒီ Vardy၊ ရပ္ရွ္ဖုိ႔ဒ္ Rushford တို႔ရွိေနတဲ့ တိုက္စစ္က ေတာင့္တင္းေနဆဲပါ။ ကြင္းလယ္မွာေတာ့ World Class အဆင့္ကစားသမားမရွိဘဲ အယ္လီ Alli၊ စတာလင္ Sterling၊ လင္ဂတ္ Lingard၊ ဟန္ဒါဆင္ Hendersonတို႔ရဲ႕ စုဖဲြ႕မႈက သာမန္အဆင့္သာရွိပါတယ္။ လီဗာပူးလ္ကြင္းလယ္လူ ခ်ိန္ဘာလိန္ Chamberlain ကေတာ့ ဒဏ္ရာေၾကာင့္ ၿပိဳင္ပဲြနဲ႔ လဲြေခ်ာ္မွာပါ။ အဂၤလန္အသင္းအတြက္ ေနာက္ထပ္အားနည္းတဲ့ေနရာက ခံစစ္နဲ႔ ဂုိးသမားေနရာျဖစ္ၿပီး ထိပ္တန္းအဆင့္ကစားသမားေတြ မရွိပါဘူး။

Photo:Telegraph,Newindianexpress,suttonguardian
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ရေပန်းစားသလောက် အောင်မြင်မှုမရတဲ့ အစဉ်အလာကို ချိုးဖြတ်ရမယ့် အင်္ဂလန်

ဘောလုံးလောကရဲ့ ဘိုးအေအသင်းလို့ တင်စားခံထားရတဲ့ အင်္ဂလန်အသင်းဟာ နိုင်ငံတကာပြိုင်ပွဲကြီး တွေဆိုရင် ပြိုင်ပွဲမတိုင်ခင် ဗိုလ်စွဲဖို့ ရေပန်းစားပေမယ့် နောက်ဆုံးကျရင်တော့ မျှော်လင့်သလောက် ဖြစ်မလာခဲ့ဘူး။ အဲဒီအစဉ်အလာကို ဒီတစ်ကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချိုးဖြတ်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ၁၉၆၆ ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့တစ်ကြိမ် က လွဲပြီး ကျန်တဲ့ပြိုင်ပွဲတွေမှာ အမြင့်ဆုံးရရှိခဲ့တာက ၁၉၉၀ ကမ္ဘာ့ဖလားမှာ စတုတ္ထရခဲ့တာပဲရှိပါတယ်။ ခေတ်အဆက်ဆက်မှာ နာမည်ကျော်ကစားသမားတွေ ပေါ်ထွက်ခဲ့ဖူးပေမယ့် နာမည်ကြီးထမင်းငတ်ဖြစ်လေ့ရှိတာက အင်္ဂလန်အသင်းရဲ့ ထုံးစံလိုဖြစ်နေပါပြီ။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေ တဲ့စာရင်းမှာ တစ်သင်းအပါအဝင်ဖြစ်နေတဲ့ အင်္ဂလန်တို့ အခုနှစ်ပြိုင်ပွဲမှာ မထင်မှတ်တာတွေ လုပ်ပြနိုင်မှာ လား . . .

1966-World-Cup-Champion-England

1966-World-Cup-Champion-England

အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားသမိုင်းကြောင်း

အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ကျင်းပခဲ့တဲ့ ၁၉၃၀ ကနေ ၁၉၃၈ ခုနှစ်အထိ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိဘဲ ၁၉၅၀ ကမ္ဘာ့ဖလားမှာ ပထမဆုံးအကြိမ်ခြေစစ်ပွဲအောင်မြင်ခဲ့တယ်။ အဲဒီနောက်ပိုင်း ၁၉၅၈၊ ၁၉၆၂၊ ၁၉၆၆၊ ၁၉၇၀ ဆက်တိုက် ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ၁၉၆၆ မှာတော့ ချန်ပီယံဆုကို ဆွတ်ခူး နိုင်ခဲ့ပါတယ်။ ၁၉၇၄၊ ၁၉၇၈ ပြိုင်ပွဲတွေမှာတော့ ခြေစစ်ပွဲ မအောင်မြင်ခဲ့ဘဲ ၁၉၈၂မှာ အုပ်စုဒုတိယအဆင့်၊ ၁၉၈၆ မှာ ကွာတားဖိုင်နယ်၊ ၁၉၉၀ မှာ စတုတ္ထနေရာတွေရယူနိုင်ခဲ့တယ်။ ၁၉၉၄ မှာ ခြေစစ်ပွဲမအောင်မြင်ခဲ့ပေမယ့် ၁၉၉၈ ကစပြီး အခုအချိန်အထိ ကမ္ဘာ့ဖလားမှာ တောက်လျှောက် ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့တယ်။ပြီးခဲ့တဲ့ကမ္ဘာ့ဖလား(၅)ကြိမ်မှာ ကွာတားဖိုင်နယ်(၂)ကြိမ် (၂၀၀၂၊ ၂၀၀၆)တက်ရောက်နိုင်ခဲ့တယ်။

Southgate-and-Rashford

Southgate-and-Rashford

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲဖြတ်သန်းခဲ့မှု

အင်္ဂလန်အသင်းဟာလည်း တခြား ဥရောပထိပ်သီးအသင်းတွေလို ခြေစစ်ပွဲ အုပ်စုအဆင့်မှာ အခက်အခဲမရှိဘဲ အုပ်စုပထမနဲ့တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့တယ်။ အုပ်စုတွင်းမှာ ဆလိုဗက်ကီးယား၊ စကော့တလန်၊ ဆလိုဗေးနီးယားတို့လို ခြေစွမ်းမာကျောတဲ့အသင်းတွေနဲ့ ဆုံတွေ့ခဲ့ပေမယ့် အကောင်းဆုံးကျော်ဖြတ်ခဲ့ပြီး (၈)ပွဲနိုင် (၂)ပွဲသရေ ရှုံးပွဲမရှိခဲ့ပါဘူး။ ခြေစစ်ပွဲအစပိုင်းမှာ နည်းပြအလာဒိုက်စ် Allardyce ရဲ့အ ရှုပ် အထွေးတွေကြောင့် ကစားသမားဟောင်း ဆောက်ဂိတ် Southgate ကို FA က နည်းပြသစ်ခန့်အပ်ခဲ့ပြီး ဆောက်ဂိတ်လက်ထက်မှာလည်း တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်နိုင်ခဲ့ပါတယ်။

England-Striker-Harry-Kane-Celebrate

England-Striker-Harry-Kane-Celebrate

စောင့်ကြည့်ရမယ့်ကစားသမားများ

ဒီရာသီမှာ စပါးအသင်းအတွက် ခြေစွမ်းပြဂိုးတွေ သွင်းယူခဲ့တဲ့ တိုက်စစ်မှူးဟာရီကိန်း Harry Kane ဟာ အင်္ဂလန်အသင်းတိုက်စစ်ကို အဓိက ဦးဆောင်သွားမှာဖြစ်ပြီး ဗာဒီ Vardy၊ ရပ်ရှ်ဖို့ဒ် Rushford တို့ရှိနေတဲ့ တိုက်စစ်က တောင့်တင်းနေဆဲပါ။ ကွင်းလယ်မှာတော့ World Class အဆင့်ကစားသမားမရှိဘဲ အယ်လီ Alli၊ စတာလင် Sterling၊ လင်ဂတ် Lingard၊ ဟန်ဒါဆင် Hendersonတို့ရဲ့ စုဖွဲ့မှုက သာမန်အဆင့်သာရှိပါတယ်။ လီဗာပူးလ်ကွင်းလယ်လူ ချိန်ဘာလိန် Chamberlain ကတော့ ဒဏ်ရာကြောင့် ပြိုင်ပွဲနဲ့ လွဲချော်မှာပါ။ အင်္ဂလန်အသင်းအတွက် နောက်ထပ်အားနည်းတဲ့နေရာက ခံစစ်နဲ့ ဂိုးသမားနေရာဖြစ်ပြီး ထိပ်တန်းအဆင့်ကစားသမားတွေ မရှိပါဘူး။

Photo:Telegraph,Newindianexpress,suttonguardian
Naing Linn(Akhayar)
www.akhayar.com