This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

(၅၂)ႏွစ္ၾကာ မက္ခြင့္မရခဲ့တဲ့ ကမၻာ႔ဖလားအိပ္မက္ကုိ အဂၤလန္အသင္း ျပန္အသက္သြင္းႏုိင္မလား

ေဘာလုံးေလာကရဲ႕ ဘုိးေအလုိ႔ တင္စားခံထားရတဲ့ အဂၤလန္အသင္း ေဘာလုံးဇာတ္ခုံေပၚမွာ ေအာင္ပဲြနဲ႔ ေ၀းကြာေနတာ ဆယ္စုႏွစ္တစ္ခုမက ၾကာျမင့္ေနၿပီ။ တိတိက်က်ေျပာရရင္ ၁၉၆၆ ကမၻာ႔ဖလားမွာ ဗုိလ္စဲြၿပီးကတည္းက အဓိက ႏုိင္ငံတကာၿပိဳင္ပဲြႀကီးႏွစ္ရပ္ျဖစ္တဲ့ ကမၻာ႔ဖလား၊ ယူ႐ုိၿပိဳင္ပဲြေတြမွာ အဂၤလန္အသင္းက ပရိသတ္ေတြ ေမွ်ာ္လင့္သေလာက္ ျပန္မေပးႏုိင္ခဲ့ဘူး။ ၿပိဳင္ပဲြမတိုင္ခင္ အၿမဲလုိလုိဗုိလ္စဲြဖုိ႔ေရပန္းစားေပမယ့္ အဖ်ား႐ႈးသြားၿပီး နာမည္ႀကီးထမင္းငတ္အသင္းဆုိတဲ့ ဂုဏ္ပုဒ္ကုိ ႏွစ္ေပါင္းမ်ားစြာ ရင္နာနာနဲ႔ ပုိင္ဆုိင္ခဲ့ရတဲ့ အဂၤလန္အသင္း ဒီတစ္ႀကိမ္ကမၻာ႔ဖလားၿပိဳင္ပဲြမွာေတာ့ သမုိင္းသစ္တစ္ခုေရးထုိးႏုိင္ဖုိ႔ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္သန္းေနၿပီလုိ႔ ဆုိရမယ္။

1966-FIFA-World-Cup-Champion-England

1966-FIFA-World-Cup-Champion-England

ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ဗုိလ္စဲြဖုိ႔ဆုိတာက ေျခစြမ္းက အဓိကက်တယ္ဆုိေပမယ့္လည္း ကံတရား၊ ဗုိလ္လုပဲြသြားရာလမ္းေၾကာင္းေခ်ာင္မႈ စတဲ့အခ်က္ေတြကလည္း အေရးပါတယ္ဆုိတာ ေမ့ထားလုိ႔ မရဘူး။ အခု အဂၤလန္အသင္းရဲ႕ေျခစြမ္းက အေကာင္းဆုံးအေနအထား မဟုတ္ေပမယ့္ အရင့္အရင္အသင္းေတြထက္ Team Work ၊ Performance က တိုးတက္မႈရွိလာတယ္လုိ႔ ဆုိရမယ္။ ဗုိလ္လုပဲြသြားရာလမ္းေၾကာင္းကုိ ၾကည့္ရင္လည္း ကုိယ္နဲ႔ Level တူ အသင္းေတြနဲ႔ ဗုိလ္လုပဲြေရာက္မွ ဆုံေတြ႕ရမယ္ဆုိတဲ့အခ်က္ကလည္း အားသာေနတယ္။ တစ္ခုပဲ။ ကံတရားက အဂၤလန္အသင္းဘက္မွာ ရွိလား၊ မရွိလားဆုိတာ။

England-Players-Celebrate

England-Players-Celebrate

ဒီလုိလမ္းေၾကာင္း ေခ်ာင္ခဲ့တာကလည္း အဂၤလန္အသင္းရဲ႕ ပါးနပ္မႈေၾကာင့္ပါပဲ။ အုပ္စုတြင္း (၂)ပဲြကစားၿပီးခ်ိန္ အဂၤလန္နဲ႔ ဘယ္လ္ဂ်ီယံအသင္းတို႔ အမွတ္၊ ရဂုိးေပးဂုိး အကုန္တူညီေနတာေၾကာင့္ သေရက်မယ္ဆုိရင္ Fair Play Points အရ အဂၤလန္ ေသခ်ာေပါက္ အုပ္စုပထမရမွာ။ ေနာက္ဆုံးပဲြမွာ ဘယ္လ္ဂ်ီယံကုိ ႐ႈံးနိမ့္ခဲ့တာက အဂၤလန္အသင္းအတြက္ ေကာင္းဖုိ႔ျဖစ္သြားခဲ့ၿပီး ဗုိလ္လုပဲြအထိ လမ္းေၾကာင္းေခ်ာင္သြားခဲ့တယ္။ အခု ကြာတားဖုိင္နယ္အျဖစ္ကစားမယ့္ ဆြီဒင္ကုိ ေက်ာ္ျဖတ္ႏုိင္ခဲ့ရင္ ဆီမီးဖုိင္နယ္မွာ ႐ုရွား-ခ႐ုိေအးရွားတို႔က တစ္သင္းနဲ႔ေတြ႕မယ္၊ တကယ္လုိ႔ တျခားလမ္းေၾကာင္းက ျပင္သစ္၊ ဘရာဇီးလ္တို႔သာ ေျခေခ်ာ္လက္ေခ်ာ္ျဖစ္ခဲ့ရင္ ဘယ္လ္ဂ်ီယံ၊ ဥ႐ုေဂြး ဘယ္အသင္းကုိမဆုိ အဂၤလန္အသင္း ေကာင္းေကာင္းရင္ဆုိင္ႏုိင္မယ့္အေနအထားပဲ။ ေသခ်ာတာကေတာ့ အဂၤလန္အသင္း ခ်န္ပီယံျဖစ္ဖုိ႔ဆုိရင္ ကုိယ့္အလုပ္ကုိ ကုိယ္အေကာင္းဆုံးျဖစ္ေအာင္လုပ္ျပႏုိင္ဖုိ႔ရယ္၊ ကံတရားသာ လုိေတာ့တယ္။ (၅၂)ႏွစ္ၾကာ ေပ်ာက္ဆုံးေနခဲ့ရတဲ့ ကမၻာ႔ဖလားခ်န္ပီယံအိပ္မက္တစ္စကုိ အခုကမၻာ႔ဖလားမွာ အဂၤလန္အသင္း ျပန္ရွာေဖြႏုိင္မလား . . .

Photo:Fifa World Cup 2018,Sports Illustrated
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

(၅၂)နှစ်ကြာ မက်ခွင့်မရခဲ့တဲ့ ကမ္ဘာ့ဖလားအိပ်မက်ကို အင်္ဂလန်အသင်း ပြန်အသက်သွင်းနိုင်မလား

ဘောလုံးလောကရဲ့ ဘိုးအေလို့ တင်စားခံထားရတဲ့ အင်္ဂလန်အသင်း ဘောလုံးဇာတ်ခုံပေါ်မှာ အောင်ပွဲနဲ့ ဝေးကွာနေတာ ဆယ်စုနှစ်တစ်ခုမက ကြာမြင့်နေပြီ။ တိတိကျကျပြောရရင် ၁၉၆၆ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲပြီးကတည်းက အဓိက နိုင်ငံတကာပြိုင်ပွဲကြီးနှစ်ရပ်ဖြစ်တဲ့ ကမ္ဘာ့ဖလား၊ ယူရိုပြိုင်ပွဲတွေမှာ အင်္ဂလန်အသင်းက ပရိသတ်တွေ မျှော်လင့်သလောက် ပြန်မပေးနိုင်ခဲ့ဘူး။ ပြိုင်ပွဲမတိုင်ခင် အမြဲလိုလိုဗိုလ်စွဲဖို့ရေပန်းစားပေမယ့် အဖျားရှုးသွားပြီး နာမည်ကြီးထမင်းငတ်အသင်းဆိုတဲ့ ဂုဏ်ပုဒ်ကို နှစ်ပေါင်းများစွာ ရင်နာနာနဲ့ ပိုင်ဆိုင်ခဲ့ရတဲ့ အင်္ဂလန်အသင်း ဒီတစ်ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ သမိုင်းသစ်တစ်ခုရေးထိုးနိုင်ဖို့ မျှော်လင့်ချက်ရောင်ခြည်သန်းနေပြီလို့ ဆိုရမယ်။

1966-FIFA-World-Cup-Champion-England

1966-FIFA-World-Cup-Champion-England

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ဆိုတာက ခြေစွမ်းက အဓိကကျတယ်ဆိုပေမယ့်လည်း ကံတရား၊ ဗိုလ်လုပွဲသွားရာလမ်းကြောင်းချောင်မှု စတဲ့အချက်တွေကလည်း အရေးပါတယ်ဆိုတာ မေ့ထားလို့ မရဘူး။ အခု အင်္ဂလန်အသင်းရဲ့ခြေစွမ်းက အကောင်းဆုံးအနေအထား မဟုတ်ပေမယ့် အရင့်အရင်အသင်းတွေထက် Team Work ၊ Performance က တိုးတက်မှုရှိလာတယ်လို့ ဆိုရမယ်။ ဗိုလ်လုပွဲသွားရာလမ်းကြောင်းကို ကြည့်ရင်လည်း ကိုယ်နဲ့ Level တူ အသင်းတွေနဲ့ ဗိုလ်လုပွဲရောက်မှ ဆုံတွေ့ရမယ်ဆိုတဲ့အချက်ကလည်း အားသာနေတယ်။ တစ်ခုပဲ။ ကံတရားက အင်္ဂလန်အသင်းဘက်မှာ ရှိလား၊ မရှိလားဆိုတာ။

England-Players-Celebrate1

England-Players-Celebrate1

ဒီလိုလမ်းကြောင်း ချောင်ခဲ့တာကလည်း အင်္ဂလန်အသင်းရဲ့ ပါးနပ်မှုကြောင့်ပါပဲ။ အုပ်စုတွင်း (၂)ပွဲကစားပြီးချိန် အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံအသင်းတို့ အမှတ်၊ ရဂိုးပေးဂိုး အကုန်တူညီနေတာကြောင့် သရေကျမယ်ဆိုရင် Fair Play Points အရ အင်္ဂလန် သေချာပေါက် အုပ်စုပထမရမှာ။ နောက်ဆုံးပွဲမှာ ဘယ်လ်ဂျီယံကို ရှုံးနိမ့်ခဲ့တာက အင်္ဂလန်အသင်းအတွက် ကောင်းဖို့ဖြစ်သွားခဲ့ပြီး ဗိုလ်လုပွဲအထိ လမ်းကြောင်းချောင်သွားခဲ့တယ်။ အခု ကွာတားဖိုင်နယ်အဖြစ်ကစားမယ့် ဆွီဒင်ကို ကျော်ဖြတ်နိုင်ခဲ့ရင် ဆီမီးဖိုင်နယ်မှာ ရုရှား-ခရိုအေးရှားတို့က တစ်သင်းနဲ့တွေ့မယ်၊ တကယ်လို့ တခြားလမ်းကြောင်းက ပြင်သစ်၊ ဘရာဇီးလ်တို့သာ ခြေချော်လက်ချော်ဖြစ်ခဲ့ရင် ဘယ်လ်ဂျီယံ၊ ဥရုဂွေး ဘယ်အသင်းကိုမဆို အင်္ဂလန်အသင်း ကောင်းကောင်းရင်ဆိုင်နိုင်မယ့်အနေအထားပဲ။ သေချာတာကတော့ အင်္ဂလန်အသင်း ချန်ပီယံဖြစ်ဖို့ဆိုရင် ကိုယ့်အလုပ်ကို ကိုယ်အကောင်းဆုံးဖြစ်အောင်လုပ်ပြနိုင်ဖို့ရယ်၊ ကံတရားသာ လိုတော့တယ်။ (၅၂)နှစ်ကြာ ပျောက်ဆုံးနေခဲ့ရတဲ့ ကမ္ဘာ့ဖလားချန်ပီယံအိပ်မက်တစ်စကို အခုကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်း ပြန်ရှာဖွေနိုင်မလား . . .

Photo:Fifa World Cup 2018,Sports Illustrated
Naing Linn(Akhayar)
www.akhayar.com