This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အဂၤလန္ေဘာလုံးေလာကမွာ ထာ၀ရွင္သန္ေနမယ့္ ဂႏၳ၀င္ ေဘာ္ဘီမုိး Bobby Moore

အဂၤလန္လက္ေရြးစင္အသင္းသမုိင္းတစ္ေလွ်ာက္ ပထမဆုံး ကမၻာ႔ဖလားခ်န္ပီယံကုိ အသငး္ေခါင္းေဆာင္ အျဖစ္ ကုိင္ေျမႇာက္ခြင့္ရခဲ့သူ၊ အဂၤလန္ေဘာလုံးေလာကအတြက္ ဘယ္ေတာ့မွ ေမ့ေပ်ာက္လုိ႔ မရႏုိင္တဲ့ ဂႏၳ ၀င္ကစားသမား။ သူ႔အမည္ကေတာ့ ေဘာ္ဘီမုိး Bobby Moore။ ေဘာလုံးသမုိင္းတစ္ေလွ်ာက္ ထာ၀ရ အေကာင္းဆုံးေနာက္ခံလူေတြထဲမွာ တစ္ဦးအပါအ၀င္အျဖစ္ သတ္မွတ္ခံထားရတဲ့အျပင္ ဘရာဇီးလ္ဂႏၳ၀င္ ကစားသမား ပီလီကုိယ္တိုင္က သူနဲ႔ရင္ဆုိင္ခဲ့ရတဲ့ ေနာက္ခံလူေတြမွာ အေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ခဲ့တယ္။

Bobby-Moore-and-Pele

Bobby-Moore-and-Pele

ေနာက္ခံလူတစ္ဦးျဖစ္ေပမယ့္ ေဘာလုံးအျမင္ Vision၊ ေဘာလုံးလမ္းေၾကာင္းတြက္ခ်က္မႈ၊ အသင္းကုိ ဦးေဆာင္ႏုိင္မႈ စတဲ့အရည္အေသြးေတြနဲ႔ ျပည့္စုံတဲ့သူျဖစ္ၿပီး သူ႔ရဲ႕ဦးေဆာင္မႈနဲ႔အတူ အဂၤလန္ အသင္းဟာ ၁၉၆၆ ကမၻာ႔ဖလားခ်န္ပီယံဆုကုိ ကုိင္ေျမႇာက္ႏုိင္ခဲ့ပါတယ္။ အဲဒီတုန္းက ေဘာ္ဘီမုိးရဲ႕အသက္ဟာ (၂၂)ႏွစ္သာရွိေသးလုိ႔ အသက္အငယ္ဆုံးအသင္းေခါင္းေဆာင္အျဖစ္ မွတ္တမ္း၀င္ခဲ့တယ္။

The-Queen-presents-the-1966-World-Cup-to-England-Captain-Bobby-Moore

The-Queen-presents-the-1966-World-Cup-to-England-Captain-Bobby-Moore

အဂၤလန္အသင္းအတြက္ (၁၁)ႏွစ္ၾကာ ကစားခဲ့တဲ့ ေဘာ္ဘီမုိးဟာ ကလပ္ကစားသမားဘ၀မွာလည္း ၀က္စ္ဟမ္းအသင္းနဲ႔အတူ (၁၆)ႏွစ္ ၾကာ ကစားခဲ့ၿပီး ေအာင္ျမင္ေတြလည္းရယူခဲ့တယ္။အဂၤလန္ေဘာလုံးေလာကရဲ႕ တစ္ခုတည္းေသာ အဓိက ဆုဖလားျဖစ္တဲ့ ကမၻာ႔ဖလားကုိ ရယူေပးခဲ့သူ ေဘာ္ဘီမုိးဟာ ၁၉၉၃ ခုႏွစ္မွာ ကင္ဆာေရာဂါေၾကာင့္ ကြယ္လြန္ခဲ့ၿပီး ၀က္စ္ဟမ္းအသင္းက သူ႔ကုိ ဂုဏ္ျပဳတဲ့ အေနနဲ႔ ေဘာ္ဘီမုိး ၀တ္ဆင္ကစားခဲ့တဲ့ နံပါတ္(၆)အက်ႌကုိ အနားေပးခဲ့တဲ့အျပင္ အခုအခ်ိန္အထိ သူ ကြယ္လြန္ခဲ့တဲ့ေန႔ေရာက္ရင္ ၀မ္းနည္းျခင္းအထိမ္းအမွတ္ေတြ ျပဳလုပ္ေနဆဲပါ။ ၂၀၀၂ ခုႏွစ္အတြင္း English Football Hall of Fame ထဲမွာ ထည့္သြင္းေဖာ္ျပျခင္းခံခဲ့ရသလုိ BBC ရဲ႕ ၿဗိတိန္အထင္ရွားဆုံး လူပုဂၢိဳလ္ (၁၀၀)စာရင္းထဲမွာလည္း တစ္ဦးအပါအ၀င္ျဖစ္ခဲ့တယ္။ အခုဆုိရင္ ေဘာ္ဘီမုိးကြယ္လြန္တာ ႏွစ္ေပါင္း(၃၀)နီးပါးရွိေနၿပီျဖစ္ေပမယ့္သူ႕ရဲ႕နာမည္ကေတာ့ ကမၻာ႔ေဘာလုံးသမုိင္းတစ္ေလွ်ာက္ ဘယ္ေတာ့မွ မေသဆုံးမယ့္ အမည္နာမတစ္ခုပါပဲ။

ေဘာ္ဘီမုိးရဲ႕ လက္ေရြးစင္ကစားသမား မွတ္တမ္း

အဂၤလန္အသင္းအတြက္ ကစားခဲ့သည့္ ကာလ – ၁၉၆၂ မွ ၁၉၇၃
ပဲြ/ဂုိး – ၁၀၈ ပဲြ / ၂ ဂုိး
ကမၻာ႔ဖလားဆင္ႏႊဲခဲ့သည့္ အႀကိမ္ -၁၉၆၂၊ ၁၉၆၆၊ ၁၉၇၀

ေအာင္ျမင္မႈ

FIFA World Cup (1): 1966

UEFA Euro 1968 (Bronze Medalist)

REF:Wikipedia
Photo:Football Purists,
Naing Linn(Akhayar)
www.akhayar.com

 

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အင်္ဂလန်ဘောလုံးလောကမှာ ထာဝရှင်သန်နေမယ့် ဂန္ထဝင် ဘော်ဘီမိုး Bobby Moore

အင်္ဂလန်လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ကမ္ဘာ့ဖလားချန်ပီယံကို အသင်းခေါင်းဆောင် အဖြစ် ကိုင်မြှောက်ခွင့်ရခဲ့သူ၊ အင်္ဂလန်ဘောလုံးလောကအတွက် ဘယ်တော့မှ မေ့ပျောက်လို့ မရနိုင်တဲ့ ဂန္ထ ဝင်ကစားသမား။ သူ့အမည်ကတော့ ဘော်ဘီမိုး Bobby Moore။ ဘောလုံးသမိုင်းတစ်လျှောက် ထာဝရ အကောင်းဆုံးနောက်ခံလူတွေထဲမှာ တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံထားရတဲ့အပြင် ဘရာဇီးလ်ဂန္ထဝင် ကစားသမား ပီလီကိုယ်တိုင်က သူနဲ့ရင်ဆိုင်ခဲ့ရတဲ့ နောက်ခံလူတွေမှာ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့တယ်။

Bobby-Moore-and-Pele

Bobby-Moore-and-Pele

နောက်ခံလူတစ်ဦးဖြစ်ပေမယ့် ဘောလုံးအမြင် Vision၊ ဘောလုံးလမ်းကြောင်းတွက်ချက်မှု၊ အသင်းကို ဦးဆောင်နိုင်မှု စတဲ့အရည်အသွေးတွေနဲ့ ပြည့်စုံတဲ့သူဖြစ်ပြီး သူ့ရဲ့ဦးဆောင်မှုနဲ့အတူ အင်္ဂလန် အသင်းဟာ ၁၉၆၆ ကမ္ဘာ့ဖလားချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ အဲဒီတုန်းက ဘော်ဘီမိုးရဲ့အသက်ဟာ (၂၂)နှစ်သာရှိသေးလို့ အသက်အငယ်ဆုံးအသင်းခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်ခဲ့တယ်။

The-Queen-presents-the-1966-World-Cup-to-England-Captain-Bobby-Moore

The-Queen-presents-the-1966-World-Cup-to-England-Captain-Bobby-Moore

အင်္ဂလန်အသင်းအတွက် (၁၁)နှစ်ကြာ ကစားခဲ့တဲ့ ဘော်ဘီမိုးဟာ ကလပ်ကစားသမားဘဝမှာလည်း ဝက်စ်ဟမ်းအသင်းနဲ့အတူ (၁၆)နှစ် ကြာ ကစားခဲ့ပြီး အောင်မြင်တွေလည်းရယူခဲ့တယ်။အင်္ဂလန်ဘောလုံးလောကရဲ့ တစ်ခုတည်းသော အဓိက ဆုဖလားဖြစ်တဲ့ ကမ္ဘာ့ဖလားကို ရယူပေးခဲ့သူ ဘော်ဘီမိုးဟာ ၁၉၉၃ ခုနှစ်မှာ ကင်ဆာရောဂါကြောင့် ကွယ်လွန်ခဲ့ပြီး ဝက်စ်ဟမ်းအသင်းက သူ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဘော်ဘီမိုး ဝတ်ဆင်ကစားခဲ့တဲ့ နံပါတ်(၆)အကျႌကို အနားပေးခဲ့တဲ့အပြင် အခုအချိန်အထိ သူ ကွယ်လွန်ခဲ့တဲ့နေ့ရောက်ရင် ဝမ်းနည်းခြင်းအထိမ်းအမှတ်တွေ ပြုလုပ်နေဆဲပါ။ ၂၀၀၂ ခုနှစ်အတွင်း English Football Hall of Fame ထဲမှာ ထည့်သွင်းဖော်ပြခြင်းခံခဲ့ရသလို BBC ရဲ့ ဗြိတိန်အထင်ရှားဆုံး လူပုဂ္ဂိုလ် (၁၀၀)စာရင်းထဲမှာလည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့တယ်။ အခုဆိုရင် ဘေ်ဘီမိုးကွယ်လွန်တာ နှစ်ပေါင်း(၃၀)နီးပါးရှိနေပြီဖြစ်ပေမယ့်သူ့ရဲ့နာမည်ကတော့ ကမ္ဘာ့ဘောလုံးသမိုင်းတစ်လျှောက် ဘယ်တော့မှ မသေဆုံးမယ့် အမည်နာမတစ်ခုပါပဲ။

ဘော်ဘီမိုးရဲ့ လက်ရွေးစင်ကစားသမား မှတ်တမ်း

အင်္ဂလန်အသင်းအတွက် ကစားခဲ့သည့် ကာလ – ၁၉၆၂ မှ ၁၉၇၃
ပွဲ/ဂိုး – ၁၀၈ ပွဲ / ၂ ဂိုး
ကမ္ဘာ့ဖလားဆင်နွှဲခဲ့သည့် အကြိမ် -၁၉၆၂၊ ၁၉၆၆၊ ၁၉၇၀

အောင်မြင်မှု

FIFA World Cup (1): 1966

UEFA Euro 1968 (Bronze Medalist)

REF:Wikipedia
Photo:Football Purists,
Naing Linn(Akhayar)
www.akhayar.com