အင်္ဂလန်ပရိသတ်တွေကတော့ ယူရို-၂၀၂၀ပွဲတွေကို အိမ်မှာ အဆင်ပြေပြေကြည့်နိုင်အောင်လို့ ပေါက်ပေါက်ရှာရှာတွေ ကြံနေကြပါပြီ။ အင်္ဂလန်ပရိသတ်တွေဟာ ကိုယ့်ဇနီး ဒါမှမဟုတ် ကိုယ့်ခင်ပွန်းနဲ့ လာမယ့်ရက်ပိုင်းအတွင်း ချစ်တင်းနှီးနှောပြီး ကိုယ်ဝန်ယူ၊ ယူရိုပြိုင်ပွဲနီးလာရင် အလုပ်ကနေ သတ်မှတ်ထားတဲ့ မီးဖွားခွင့် (၂)ပတ်ယူပြီးတော့ ယူရို-၂၀၂၀ပွဲတွေကို အိမ်မှာ အေးအေးဆေးဆေးကြည့်နိုင်အောင် ဆင်ကြံကြံနေကြတာပါ။ အဲဒီအကြံကို လူမှုကွန်ရက်တွေပေါ်မှာ အင်္ဂလန်ပရိသတ်တွေက အပြိုင်အဆိုင် Share နေကြပြီး ပရိသတ်တစ်ဦးက “မြန်မြန်စကြဟေ့၊ လာမယ့်တစ်ပတ်အတွင်း ကိုယ်ဝန်ယူမယ်ဆိုရင် ယူရို-၂၀၂၀ ပြိုင်ပွဲကစားမယ့် အချိန်ကျရင် မင်းတို့တွေ မီးဖွားခွင့်ယူလို့ရပြီ”လို့ နောက်ပြောင်ရေးသားခဲ့ပါသေးတယ်။

နောက်တစ်ယောက်ကတော့ “ကိုယ်ဝန်ဆောင်မယ့် ကိုယ့်မိန်းမက ဘောပွဲဝါသနာအိုးဖြစ်ဖို့တော့ လိုတယ်နော်”ဆိုပြီး သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီအကြံကို ပရိသတ်တွေ အားလုံးက သဘောကျတာတော့ မဟုတ်ပါဘူး။ ပရိသတ်တစ်ဦးက “ကလေးက ငိုတာနဲ့ အိပ်ရေးပျက်မှာနဲ့တော့ ဘောလုံးပွဲ ကောင်းကောင်းကြည့်ရမှာ မဟုတ်လောက်ပါဘူးကွာ”လို့ ဆိုခဲ့ပြီး တခြားတစ်ယောက်ကလည်း “အင်္ဂလန်အသင်း ဗိုလ်လုပွဲရောက်တော့မှ ကလေးမွေးမယ်ဆိုရင် ကိုယ့်ကလေးမွေးတာကို သိလိုက်မှာမဟုတ်ဘူး”လို့ ရေးခဲ့ပါတယ်။ ယူရို-၂၀၂၀ ပြိုင်ပွဲက လာမယ့်နှစ်၊ ဇွန်လမှာ ကျင်းပမှာဖြစ်ပြီး ဗိုလ်လုပွဲကို ၀င်ဘလေကွင်းမှာ ကစားမှာဖြစ်လို့ အင်္ဂလန်ပရိသတ်တွေ အခုလို ပေါက်ကရကြံနေတာဖြစ်ပါတယ်။ ယူရို-၂၀၂၀ ပြိုင်ပွဲကာလအတွင်း ရုံးတွေမှာ မီးဖွားခွင့်တွေ အပြိုင်အဆိုင်ယူနေကြရင်တော့ ဒုက္ခပါပဲ .. ပရိသတ်ကြီး . .

REF:The Sun
Photo:Twitter,Getty Images
Naing Linn(Akhayar)
www.akhayar.com